Monday, August 17, 2009

အတုံးလိုက် / အတစ် လိုက် / မြန်မာ့ နို င်ငံ ရေး

ခေါင်းစဉ် ကိုက သောက်ညင်ကပ်ချင်စရာပါ ခင်ဗျာ ။ သို့သော် ခေတ္တသည်းခံဖတ် ပေးပါခင်ဗျာ ။ မြန်မာ့နိုင်ငံ ရေးပြဿနာ ဟာ အမှန် တကယ်ကြီးထွားလွန်းပါတယ် ။ သို့သော် တကယ်ဖြေရှင်းရင် လွယ်လွန်းတယ်လို့ တောင်ပြောရမလား ဖြစ်နေပါတယ်။ လင်မယားရန်ဖြစ်လို့ အိမ်ပေါ်က ဆင်းသွားပြီး ရှက်ရမ်းရမ်းပြီး မခေါ်နိုင် မပြောနိုင် ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးလို့တင်စားချင်ပါတယ် ။
"ခွေးဟောင် တာ လူကြားတယ် ဝက်ကုန်းတာ လူမမြင်ဘူး" ဆိုသလိုဖြစ်နေတဲ့  ဘက်နှစ်ဘက်ကြားမှာ ...


"ခါးနာရတဲ့  ငထွား" က ပြည်သူ အများစု ဖြစ်နေပါတယ် ။
ကျွန်တော့် အကြိုက်ကတော့ .... ပြည်သူတွေ ဒုက္ခတွင်းက အမြန်လွတ်ကင်းဖို့နဲ့ ယှဉ်လာရင် တစ်ဘက်ဘက်က တစ်ယောက်ယောက်သေချင်သေ ၊ သို့ မဟုတ် ညားချင်ညားကြပေါ့ဗျာ ။ ကြိုက်တာဖြစ်ကြ ။
မြန်မြန်လေး ကိစ္စပြတ်ဖို့ တော့လိုအပ်နေပါတယ် ။ ကောင်းတာတွေ ပြောရမယ် ဆိုရင်တော့ ပြီးနိုင်မှာ မဟုတ်ပါဘူး ။ ဖြစ်နိုင်မှာတွေ ပြောချင်ပါတယ် ။

၁ ။ နိုင်ငံရေးအကျဉ်းသားဟူသည် နိုင်ငံရေးအကျဉ်းသားဟူသည် နဲ့ ထွက်ရပ်လမ်း ပြည်ပမီဒီယာမှာတော့ မောင်ဘယ်သူက နိုင်ငံရေးအကျဉ်းသား ၊ ဘယ်ထောင်မှာ ဘယ်နှစ်ယောက် က နိုင်ငံရေးအကျဉ်းသားလို့ ပြောသဗျ ။ နိုင်ငံပိုင် သတင်းမီဒီယာတွေ မှာတော့ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိပေါ့ ။ နှစ်ဘက်လုံးကလည်း လွန်လွန်းတယ် ။ အတိုက်အခံလုပ်နေတဲ့  ဘက်ကလည်း ... ဥပမာ- မီးသွေး ( ခ ) အောင်မင်းနိုင် ကြည့်မြင်တိုင် က လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက်အဖွဲ့ ကိုမြင့်အေးရဲ့ တပည့်  ကျွန်တော်နဲ့ ညီငယ်တစ်ယောက်လို ဆက်ဆံမှုရှိသူ ။ မီးသွေးကလေးဟာ ကလေးသာသာဘဲ ဖြစ်တယ် ။ အခြေခံပညာ အားနည်းတယ် ။ ဗဟုသုတနည်းတယ် ။ ဆင်ခြင်တုံတရား အားနည်းတယ် ။ ဥာဏ်ရည်နိမ့် တယ်။ ( ကိုင်း ဘယ်သူ ငြင်းမလဲ )။
အဲသလို လူငယ်တစ်ယောက် ရဲ့ နိုင်ငံချစ်စိတ် ၊ မျိုးချစ်စိတ် ၊ နိုင်ငံဖွံ့ဖြိုးလိုစိတ်ကိုတော့နည်းတယ်လို့
ကျွန်တော် မဆိုလို ပေ ။ သို့သော် တိုင်းပြည်ဖွံ့ဖြိုးအောင်လုပ် နိုင်တဲ့အကြံဥာဏ် တွေ သူထုံမွှမ်းနိုင် ပါ့မလား။ သူ့ကို ဘယ်နေရာ တာဝန်ပေးနိုင်သနည်း ။
နောက်တနည်း သူ့ကို နိုင်ငံ၏ တည်ဆောက်ရေးအတွက် မဟာပလေယာကြီးအဖြစ် မမြင်နိုင်တာ အသာထား ။ ဘဝကို ခက်ခက်ခဲခဲ နဲ့ ရုံးကန် အသက်ရှင်နေတဲ့  လူငယ်တစ်ယောက် အဖြစ် မမြင်သင့်ဘူးလား ။ အဲ ဒီလိုမြင် ကြမယ် ဆိုရင် မီးသွေးဆို တဲ့  လူငယ်လေး နိုင်ငံရေးစကားဝိုင်းနား ကပ်လာရင် ငေါက်လွှတ်တာကမှ စေတနာ
မှန်ပေလိမ့်မည် ။ မရင်းသင့် သော အရင်းအနှီးတွေ ဖြစ်သည် ။
အကယ်၍ မီးသွေးလေး ထောင်ထဲမှာ သေဆုံးခဲ့ လျှင် မီးသွေး နှစ်ပတ်လည်ပွဲလုပ်စရာ ခေါင်းစဉ် တခု
ရပေလိမ့် မည် ။ ၁၉၈၈ ကလည်း မဝင်းမော်ဦး ဆို သူ မိန်းကလေး ( ထိုစဉ် က ၈တန်း ) သေနတ်မှန်၍ သေခဲ့ဖူးသည်။ နှစ်စဉ်နှစ်ပတ်လည်ကျင်းပသည် ။ မဝင်းမော်ဦး နှစ်ပတ်လည်ကို အကြောင်းပြ၍ အနာဂတ်ခေါင်းဆောင်ကြီးများရဲ့  မိမိတို့  ပုံရိပ်ကို ထုဆစ်ခြင်းတွေ လုပ်နေသည် ။ ဘီဘီစီ ကထုတ်လွှင့်သည့် ( ဂျော့အွန်ဝဲလ် ရဲ့  အန်းနီးမန်းဖမ်း ) အသံလွှင့်  ဇာတ်လမ်းက "မြင်းကြီးလက်ရုံး"ဆိုတာကို ပြေးမြင်သည် ။
ရက်စက်မှုတွေ ၊ တော်လှန်ရေးအတွက် အကြောင်းပြ၍ အရင်းအနှီးစိုက်ထုတ် တာတွေရပ် သင့်ပေပြီ ။
လူ့အသက် တွေ ဘဝတွေကို ရင်းရတာ ဖြစ်လေသည် ။ ကာတွန်းဆရာ ဝိဇ္ဇာလား အဝိဇ္ဇာလားတော့မသိ ၊
တော်တော်ကြိုက်တဲ့  မြင်ကွင်းလေးတခု တင်ပြဘူးသည် ။
ကြားညှပ် ပြသွားတာဖြစ်ပါသည် ။ လူ သေတွေ ၊ မီးလောင်ပြင် တွေ ပြာပုံ တွေကြားမှာ စုတ်ပြတ်သတ် သွေးအလိမ်းလိမ်းနဲ့ သေနတ်ကိုင်ထားသူ လူတစ်ယောက် ကြွေးကြော် နေပုံဖြစ်သည် ။ "ဒို့လူမျိုးတွေလွတ်လပ်ပြီကွ" ဟူ သတဲ့ ။ ဖဒိုမန်းရှာ ရဲ့ သမီး မဇိုရာဖန်းကတော့ အိုကေ နေပြီ ။
အဖေကတော့ အသက်စွန့် သွားရှာပြီ ။ ဖဒိုကြီးနဲ့ ဆွေမနီးမျိုးဝေး ကရင်မလေးတွေ ကရင်အဖိုးကြီးတွေ
အဘွားကြီးတွေ တောတောင်ထဲမှာ တောင်ထန်းဖက်တွေ ခုတ်ပြီး တစ်ညအိပ်လောက်ခရီးနှင်မှ မြို့စပ်မှာ
ရောင်းချနိုင်တယ် ။ အသက်ရှင်ဖို့ ထမင်းစားနေတာလား ၊ ထမင်းစားဖို့  အသက် ရှင်နေတာလားလို့  မေးရန်ခက်လှသည် ။ မသေနိုင်သေးသော အသက်တွေရှင်နေဖို့  အတွက် ထမင်းစားဖို့လိုအပ်နေတဲ့  ဘဝတွေ ဖြစ်သည် ။ ဖွံ့ဖြိုးရေး ရေကြည်တစ်ပေါက် က ဇာတိပုည ဂုဏ်မာနတွေ ထက်ပိုလို့  အရေးကြီးနေသော အချိန် ။
ဖင်ယားပြီး ဖွံ့ဖြိုးချင်တာမဟုတ် အတော်မဖွံ့ဖြိုးလို့  ဖင်ယားနေတာသာဖြစ်သည် ။ မြန်မာဆို ရန်ကုန် မဟုတ် ။
အပြောကျယ်လှသော တောတောင် တွေမှာ မှီခိုနေထိုင် သူတွေ ဗွက်တောမှာ ရုံးလို့ ကျွဲရုပ်နဲ့ လူတွေအများကြီးအတွက် ဂုဏ်မာနကား တော်သင့်ပါပြီ ။ ချော်တောငေါ့ ကုန်လေပြီ ။ နိုင်ငံရေးအကျဉ်းသားဆို တာကိုပြန်ကောက်ရလျှင် သူမှားတယ် ငါမှန်တယ်ဆို တဲ့ ပဋိပက္ခရဲ့  အကျဉ်းသားတွေလို့သာ ပြောချင်ပါတော့ တယ် ။ တကယ်က သူများသားမယားကိုပစ်မှားခဲ့ ကြသူ တွေ တော့မဟုတ် ။ အနိုင်အထက် လုယက် စားသောက် ခဲ့  သူတွေတော့ မဟုတ် ။ ကြည့် မြင်ပုံရှုထောင့်မတူရာက စခဲ့ တဲ့ ပြဿနာတွေ ရဲ့  ဓါးစာခံတွေ ဖြစ် သည် ။ ဂုဏ်မာနတွေ ရဲ့  အားပြိုင်မှု မှ မွေးထုတ်လိုက်တဲ့  ပဋိပက္ခသားကောင် တွေ ဖြစ်သည် ။ ကျွန်တော် အမှန် ပြောရလျှင် ပဋိပက္ခ မွေးဖွားရာ ဘက်နှစ်ဘက်လုံးကို မယုံကြည်ပါ ။ အားလုံးကိုမုန်းတီးမိသည် ဟု ပြောလျှင် ရစကောင်းသည် ။ သို့သော် တာဝန်မဲ့ရာ ကျမည် ။ ထို့ ကြောင့်  အဆိုပါနှစ်ဘက်ခြမ်းက
တွေးမြင်ကြပုံတွေကို ခံစားပြချင်ပါသည် ။ ပြည်ပမီဒီယာတွေ က ထောက်ပြနေသော နိုင်ငံရေးအကျဉ်းသားဆိုသူတွေ "မီးသွေးပါ အပါအဝင်" နိုင်ငံပိုင်မီဒီယာရဲ့ လေအတိုင်း ဥပဒေတွေ ကို ချိုးဖောက်ခဲ့  ကြတာကလဲ မှန်ပါသည် ။ ဘယ်နိုင်ငံမှာမှ မပြီးမစီး လူထုသပိတ် တိုက်ပွဲတွေကိုလက်ပိုက်ကြည့် နေနိုင်ကြတာတော့ မဟုတ် ။ ယနေ့မနက်မှာဘဲ သတင်းဌာနတစ်ခုက ထုတ်လွှင့် သွားသည် ခွင့် ပြုချက်မရလို့  အချိန် လျှော့ပြီးဆန္ဒပြရကြောင်းပါသွားသည် မဟုတ်ပါလား ။

၂၀၁၀ ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင် တဲ့ ရွေးကောက်ပွဲဖြစ်ရမယ်ဆိုတဲ့  စကားသံတွေကိုလည်း ဒီလို

စဉ်းစားကြည့်  စေချင်ပါတယ် ။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြလို့ကို အကျဉ်းသားဖြစ်ကြတာမဟုတ်ပါ
လား ။
၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းအတိုင်းဖြောင့်ဖြောင့် တန်းတန်း လိုက်ပါကြမည်ဆိုရင်အကျဉ်းသားဘဝပင်
ရောက်ရမည်မဟုတ် ။ ဒီနေရာမှာ ယုံကြည်မှု တည်ဆောက်ရေး ဆို တာကို နားလည် ဖို့ လို ပါသေးတယ် ။ ယုံကြည်မှု တည်ဆောက်တယ် ဆို တာက အပေါ်အောက် တွေ ရှိပါတယ် ။ အပေါ်စီးရနေသူ က ယုံကြည်မှု တည် ဆောက်ဖို့ လုပ်ချင်မှလုပ်ပါလိမ့်မယ် ။ အောက်ကြေးပေါက်နေသူ ဘက်ကတော့ မလွှဲမသွေ တည်ဆောက်ဖို့  လိုပါတယ် ။ ဘယ်သူက ဘယ်သူ့ ကို ယုံကြည်စေချင်တာလဲ ။ အဲဒါ အဓိကကျပါတယ် ။ တစ်ဘက်ဘက် က ပထမဦးဆုံးတစ်ဘက်သတ် တည်ဆောက်ကြရပါတယ် ။ နိုင်ငံရေးလောကသားတွေ ဘက်က အစဉ်အမြဲ သံသယများစွာ ချဉ်းကပ်ပြောဆို ဝေဖန် နေတာတွေဟာ တည်ဆဲတပ်မတော် အစိုးရအတွက် နိုင်ငံရေးလောကသားတွေ အပေါ်ယုံကြည်မှုမရှိတဲ့ စိတ်ကူးတွေမွေးဖွားလာစေပါတယ် ။ နိုင်ငံရေးလောကသားတွေ ဘက်က တည်ဆဲ အစိုးရကိုရန်သူ သဖွယ်ချဉ်းကပ် ပြောဆိုဆွေးနွေးလိုက်
တည်ဆဲအစိုးရက ရန်သူလို ပြန်လည်ဆက်ဆံ တုံ့ပြန်လိုက်နဲ့ အဆိုးတွေ ထပ်ထပ်ကျော့လာပါတယ် ။
ကျွန်တော့်ဆန္ဒအရဆိုလျှင် ယခုထောင်သွင်းအကျဉ်းကျခံ နေရသူ ပဋိပက္ခ အကျဉ်းသားတွေအားလုံး
လွတ်မြောက်လာပြီး မိမိတို့ ကိုယ်စွမ်းဥဏ်စွမ်းရှိသရွေ့ နိုင်ငံနဲ့လူမျိုးအကျိုး ကမ္ဘာသူ ကမ္ဘာသားအကျိုးကို သယ်ပိုးတာမြင်ချင်သည် ။ သို့သော် ပြန်လည် လွတ်မြောက်လာပြီး သကာလ လူစုမည် ပွဲဆူမည် ၂၀၁၀ ကိုဖျက် ဖို့  ကြံ ကြဦးမည်ဆိုလျှင်တော့ ဒီအတိုင်းက ပိုကောင်းပါသည် လို့  ဘဲပြောရမည် ။ တည်ဆဲ အစိုးရကလည်း တစ် ရှက်ကိုနှစ်ရှက် အဖြစ်ခံမည်မဟုတ် ။ ဒီအတိုင်းထားဖို့  သာများသည် ။ ထို့ ကြောင့်  နိုင်ငံရေးလောကသားတွေ ဘက်က မက်ဆေ့ခ်ျ စတင်ပေးဖို့ လိုသည် လို့  ထင်ပါတယ် ။
၂၀၁၀ ရွေးကောက်ပွဲကို မိမိတို့ ရဲ့ စိတ်ကူးအိပ်မက်များဖြစ်တဲ့ မိမိတို့စိတ်ကြိုက် နိုင်ငံတည်ဆောက်ရေး နည်းလမ်းတွေကို နိုင်ငံရေးတည်ငြိမ်မှုရှိတဲ့ တင်ပြပုံတင်ပြနည်းတွေ နဲ့ ပြည်သူကို ချခင်းပြသပြီး ၂၀၁၀ ကို နည်းလမ်းတစ်ရပ်လို ပေါင်းကူးတည်ဆောက်ဖို့ ရည်ရွယ်ကြောင်း သတင်းစကားပါးနိုင်ရင် နိုင်ငံတည်ဆောက်ရေး အတွက် အမျိုးကောင်းသားတွေ လွတ်မြောက်ကြောင်းပါးနိုင်ရင် နိုင်ငံတည်ဆောက်ရေး အတွက် အမျိုးကောင်းသားတွေ လွတ်မြောက်ကြောင်း လမ်းစပွင့်လာနိုင်ပါတယ်။ ဒီနေရာမှာ ပြည်သူ သန်း ၅၀ ကျော်ရဲ့ မျက်နှာကို ထောက်ထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး "အောက်ကြေး" ကို မိမိတို့  ဘက်က စတင်ဖွင့်လှစ်လိုက်ဖို့  လိုပါပြီ ။ ဒီနေရာမှာ ဒီလိုပြောလို့  ကိုယ်ရွှေ " ရွှေ ဥာဏ်တော်စူးရောက် " များကအောက်ပါအတိုင်းမတွေးမိဖို့ လိုပါတယ် ။ "တည်ဆဲအစိုးရဟာ သူ့ ရွေးကောက်ပွဲကို ပြည်သူတွေနဲ့ နိုင်ငံ တကာ မယုံကြည်တာကြောင့်  ဒို့ ကို ပါဝင်ဖို့လိုလားနေတယ် အထက်ကြေးကွ တောင့်ထား " ဆိုတဲ့  ရွှေဥာဏ်တော် စူးရောက်ခြင်းမျိုးဟာ ဒါပါနဲ့ဆို အကြိမ်ပေါင်း ( ၃၇၈၉၂၆ . ၇ ) ကြိ မ် လောက်ရှိနေပါပြီလို့ သတိပေးလိုက်ပါရစေဦး ။


၂ ။ တစ်ခေတ်မှာ တစ်ခါ သင်ပုန်းချေ ။ အမေရိကန်နိုင်ငံရဲ့  သမိုင်းကိုပြန်ကြည့်ပါ ။ မိမိ တို့ ဇာတိမြေမဟုတ်တဲ့  ၊ မိမိတို့  စိတ်ကြိုက်နာမည်ပေးထားခြင်းခဲ့ရတဲ့  ( ရက်အင်ဒီယန်း ) ဆိုသူတွေရဲ့  မြေယာတွေ ပေါ်မှာ ကျူးကျော် အခြေချ နေထိုင် လာကြတဲ့  လူဖြူတွေ ဟာ ယနေ့ အမေရိကန် သူရဲကောင်းတွေ ပေါ့။ ဂလိုဘယ်သူရဲကောင်းတွေ ပေါ့ ။ အမှန်က ကျူးကျော်သူ တွေပါ ။ ဒေသခံ တိုင်းရင်းသားတွေ ရဲ့ မြေယာတွေ ကို ကျူးကျော်သိမ်းပိုက် ကျွန်ပြုခဲ့ ကြတာပါ ။ အဲသလိုဆို လို့ အမေရိကန် နိုင်ငံသားဖြစ်နေသူတွေထဲ က လူဖြူတွေ ကို မုန်းရတော့ မလား ။ ဒီလိုတော့ မဟုတ်ပါ ။ တစ်ခေတ်မှာ တစ်ခါ သင်ပုန်းချေခဲ့  ကြရတာကို ပြောဆိုချင်တာပါ ။ အမေရိကန်နိုင်ငံ ကိုအမှန်တကယ်တည်ဆောက်ခဲ့  တာကတော့ ၁၇၇၆ ခုနှစ် ကပါ ။ သို့သော် ဒီအရင်ကတော့ အမေရိကန် နိုင်ငံသားတွေ ဟာ ဗြိတိသျှလက်အောက်ခံ ဖြစ်တော့ လူမည်းဒေသခံ တွေကတော့ ကျွန်အောက် သပေါက်ပေါ့ ။ အဲဒီအချိန်က စပြီး လူဖြူတွေ တည်ဆောက်ခဲ့ကြတဲ့ အမေရိကန်နိုင်ငံဟာ လူမည်းတွေကို လူလို့တောင်စာရင်းမသွင်းကြသေးပါဘူး ။ ၁၉၆၈ ခုနှစ် ရောက်မှ ဒေသခံ တွေ လူမည်း ( သူတို့  အခေါ် လူနီရိုင်း ) တွေကို လူလို့သတ်မှတ်ခဲ့ ကြတာပါ ။ ဒီနေရာမှာ လူအဖြစ်သတ်မှတ်တာဘဲ ဖြစ်တယ် ။ ဒေသခံတွေကို နစ်နာစေမှု ပြုခဲ့ တဲ့  မှုပြစ်ဒဏ်ကြွေးတွေ နဲ့သူ တို့ ဒေသခံတွေ ဆီက ထုတ်ယူရရှိထားတဲ့  ပစ္စည်းဥစ္စာကြွယ်ဝမှုတွေ ကိုတော့ သင်ပုန်းချေလိုက်ကြရတာဖြစ်တယ် ။ ပြောချင်တာက ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ် မှာ သတ်တာနဲ့ ချေတာ နှစ်မျိုးတည်းက တစ်မျိုးကိုတော့ရွေးကြရတာပါဘဲ ။ ပြင်သစ်တော်လှန်ရေးကတော့ သတ်လို့  ဝမှ အေးသွားကြတာကလား ။ ကျွန်တော်အနေနဲ့ကတော့အာမခံချက် တိကျသေချာစေတဲ့ စာချုပ်စာတမ်းတွေနဲ့ နှစ်နှစ်ကာကာ ကြေအေးကြတာဟာ လူပီသတာပါဘဲ။ နောက်တစ်ချက်ထူးတာက အမှားနဲ့ အမှန်ဟာ ခွဲခြားရခက်လှ ပါတယ် ။ တစ်ချို့ကိစ္စတွေဟာ ငြင်းစရာတွေ များပြားလွန်းပါတယ် ။

( စိတ်ဝင်စားရင် တော့လူချင်းတွေ့ ပြီးငြင်းပါ )
ဆက်ရန်
အချိန်မရ
ပြီးဆုံးအောင် ရေးရင်နောက်ကျမယ် အဲဒါကြောင့်  ယနေ့ပဲ တင်လိုက်သည် ။
နေမျိုးဝေ
၁၆.၈.၂၀ဝ၉

Posted by naymyowai
Labels: နေမျိုးဝေ၏
http://www.naymyowai.co.cc/