Tuesday, July 21, 2009

မွန် မြန်မာ ရှမ်း လူမျိုးများ ၏ ဖိုခနောက်ဆိုင် ယှဉ်ပြိုင် အားထုတ်မှု


မွန် မြန်မာ ရှမ်း လူမျိုးများ ၏ ဖိုခနောက်ဆိုင် ယှဉ်ပြိုင် အားထုတ်မှု
Friday, November 28, 2008 by မသက်ဇင်
စကားချပ်----
တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို ရှမ်းတို့ ၏ နန်ချို နိုင်ငံကြီး အား မောင်းဂွတ် ဧကရာဇ်ဘုရင် ကုဗလေခန် က ဝင် ရောက် တိုက်ခိုက် သိမ်းပိုက် လိုက် သဖြင့် နန်ချို နိုင်ငံကြီး ပျက်စီး ၍ နန်ချို ယိုးဒယားရှမ်း လူမျိုးများ အင်ဒိုချိုင်း နား ကျွန်းဆွယ်သို့ ဝင်ရောက်ကြသော သက္ကရာဇ် ၁၃၅၀ ခုနှစ် တွင် အာယုဒ္ဓိယ မြို့တော်ကို ဗဟိုပြု ၍ မဲနန်မြစ် ဝှမ်း ဒေသ တဝိုက်တွင် ယိုးဒယား နိုင်ငံအား ထူထောင်လိုက်ကြသည့် အခါ မြန်မာ နိုင်ငံ အတွင်းရှိ မွန်နယ်များ အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသတဝိုက်ရှိ မုတ္တမနှင့် မော်လမြိုင် တို့သည် ယိုးဒယားဘုရင် များအား မိမိတို့ ၏ အကြီးအကဲ များ အဖြစ်ဖြင့် နှစ်စဉ် နှစ် တိုင်း လက်ဆောင် ပဏ္ဏာများ ဆက်သွင်းပုံ တနင်္သာရီသည် ယိုးဒယားနိုင်ငံ အတွင်းတွင် ပြည်နယ် တနယ်အဖြစ် ပါဝင်လျက်ရှိကြောင်း ယိုးဒယား ရာဇဝင်ဟောင်းများ တွင် ရေးသားဖေါ်ပြ ချက်နှင့် ပတ်သက်၍ လေးလေးနက်နက် ထည့်သွင်း စဉ်းစားရန်ရှိသည်။ မြန်မာ နှင့် ယိုးဒယား တို့သည် မြန်မာဘုရင်များ နှင့် သမိုင်းတလျှောက် လုံး လိုလို စစ်မက် တိုက်ခိုက် ခဲ့ကြသည်။ အဘယ့်ကြောင့် ဆိုသော် ကမ္ဘောဒီးယားမွန်ခမာ လူမျိုးများ၏ အရိုက်အရာကို ဆက်ခံခြင်းပြုသည်ဟု မိမိတို့ ဘာသာ မိမိတို့ ယူဆဟန် ရှိ သော ယိုးဒယားရှမ်းများက တနင်္သာရီ ကမ်းရိုးတန်း အထူး သဖြင့် မုတ္တမ ၊ မော်လမြိုင် ၊ ရေး၊ မြိတ်၊ ထားဝယ် ဒေသ များ ကို မြန်မာနိုင်ငံမှ ပြန်လည်ဖဲ့ယူရန် ကြိုးပမ်း သော ကြောင့် ဖြစ်သည်။
မွန် ရာဇဝင် ဟောင်းများ တွင် ယိုးဒယား ဘက်ရှိ ယိုးဒယားရှမ်း လူမျိုး အကြီးအကဲ တဦး ဖြစ် သူ ဝါ ရီရူ သည် ပုဂံ မင်း ဆက် ဘုရင်များ တန်ခိုး အာဏာ လျော့ပါး မှေးမှိန်ကာ မြန်မာ နိုင်ငံ တောင် ဘက် တလွှားတွင် ကစင့် ကလျား ဖြစ်နေချိန် လောက် က ပင် မုတ္တမ ကို အချေပြု ၍ တနင်္သာရီ ကမ်းရိုးတန်း ဒေသ တဝိုက် ကို စတင်သိမ်း ပိုက်ခြင်း ပြုကြောင်း ဖြင့် ရေးသား ဖေါ် ပြ ကြသည်။ ဝါ ရီရူသည် မုတ္တမ ကို အချေပြုပြီး နောက် ပဲခူးတွင် သီးခြား မင်း ပြုလျက် ရှိသော မြန် မာ ဘုရင်ခံ တရဖျား ကို တိုက်ခိုက် အောင်နိုင် လိုက်ကြောင်း ရေး သား ဖေါ် ပြ ထား သည်။
ဆက်လက်၍ ယိုးဒယား ရှမ်းနှင့် မွန်သွေး ရောသွားကြသည့် ဝါရီရူမင်း ခြောက်ဆက်မြောက် မျှ မုတ္တမတွင် စိုးစံကြ ပြီးနောက် ဗညားဦး လက်ထက်တွင် ဟံသာဝတီကို ဗဟိုပြုပြီး လျှင် မွန်လူမျိုးများ၏ ဒေသဖြစ်သော မြန်မာ နိုင်ငံ တောင်ဘက် တလွှားကို သိမ်းသွင်း စည်းလုံးလျက် ထင်ရှားကြီး ကျယ်လှသည့် ရာမည တိုင်းကြီးကို ထူ ထောင် ကြောင်းဖြင့် ရာဇဝင် များတွင် တခမ်းတနား ရေးသားဖေါ်ပြကြသည်။ ယင်း ကဲ့သို့ မွန်ရာဇဝင်များ ၏ ရေးသား ဖေါ်ပြ ချက် တို့ကို လေ့လာ သောအခါ ပုဂံ မင်း ဆက် တို့ အင်အားလျော့ ပါး ချိန်တွင် မွန်လူမျိုးများ နှင့် ၄င်းတို့ ၏ အကြီး အကဲများ သည် ယိုးဒယား ဘက် ရှိ သောက္ကတဲ ပြည်နယ် မှ ယိုးဒယားမင်းများ ၏ အကူ အညီ ဖြင့် မြန်မာဘုရင် များ တို့၏ လက်အောက်ခံ ဘဝမှ ရုန်းကန် လွတ် မြောက် ကြ ပြီးလျင် ဝါရီရူ မင်းဆက် ခုနှစ်ဆက် ရာဇဓိရာဇ် ဘုရင် လက် ထက် တွင် ဟံသာဝတီ ကို ဗဟိုပြုလျက် မြန်မာ နိုင်ငံ တောင် ဘက် တခု လုံးကို ရာမည တိုင်း တလိုင်း သုံးရပ် ၃၂ မြို့ စသည်ဖြင့် ဖွဲ့စည်း ထူ ထောင် နိုင် ခဲ့ ကြောင်း တွေ့ရှိရ သည်။
ထို အချိန် လောက်မှ အ စပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှား အထူး သဖြင့်တ နင်္သာရီကမ်း ရိုး တန်း ဒေသ ရှိ မွန်လူမျိုးများ နှင့် အကြီး အကဲများ ပေါ်တွင် ယိုးဒယား ဘက်ရှိ ယိုး ဒယား ပဒေသရာဇ်ဘုရင်များ၏ သြဇာ နှင့် နိုင်ငံရေး လွှမ်းမိုးမှုသည် အစပြိုးခဲ့သည်ဟု ယူ ဆ ရန်ရှိသည်...ဗညားဦး ၁၃၅၄ မှ ၁၃၈၅ ထိ ဟံသာ ၀တီ ကို အ ချက်အခြာပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှားရှိ မွန်ဒေသများကို စတင် စည်းလုံး သိမ်းသွင်းခြင်း ပြုသော အချိန်နှင့် သတိုးမင်းဖျား ၁၃၆၅ မှ ၁၃၆၈ ထိ အင်းဝကို အချက် အခြာပြုပြီးမြန်မာနိုင်ငံ အလယ်ပိုင်း မြန်မာ ဒေ သ များကို စည်းလုံး သိမ်းသွင်းသောအချိန်များသည် တစ်ချိန်တည်း တစ်ခေတ်တည်း ခေတ်ပြိုင် ဖြစ် သည်။
ဗညားဦး သည် ဟံသာဝတီကို သက္ကရာဇ် ၁၃၅၃ ခုနှစ်တွင် တည်ထောင်ပြီး သတိုး မင်း ဖျား သည် သက္ကရာဇ် ၁၃၆၅ ခုနှစ်ခန့် တွင် တည်ထောင်သည်။ ဟံသာဝတီကို တည်ထောင်ပြီး မွန်ဒေသများကို ဗညားဦး စည်းလုံး သိမ်းသွင်းခြင်း မပြုမီ ယိုးဒယားရှမ်းနှင့် မွန် သွေး နှောသည်ဟု ယုံကြည်ရသော ၀ါရီရူမင်း ခြောက် ဆက် မုတ္တမ တွင် နှစ်ပေါင်း ၇၀ သာသာမျှ စိုးစံခဲ့ကြသည့် နည်းတူ အင်းဝ ကို တည်ထောင်ပြီး မြန်မာဒေသများကို သတိုး မင်း ဖျား စည်းလုံးသိမ်းသွင်းခြင်းမပြုမီ ရှမ်းမြန်မာ သွေးနှောသော မင်းဆက်များသည် ပင်းယနှင့် စစ်ကိုင်းတို့ တွင် နှစ်ပေါင်း ၇၀ နီးပါးမျှ ခန့်စိုးစံခဲ့ကြသည်...ဟံသာဝတီကို တည်ထောင်သော ဗညားဦးမှ စပြီး ဆက်လက် စိုးစံကြ သော မင်းဆက်များသည် ယိုးဒယားရှမ်းသွေး ကင်းစင်သည်ဟု မဆိုနိုင်သည့် တိုင်အောင် မွန်ဘွဲ့ မွန်အ မည်နှင့် မွန်အခမ်းအနား အဆောင်အယောင်များ ကို ခံယူကာ မွန်မင်းများဖြစ်လာကြသည်ကို တွေ့ရှိရသည် ...ထို့အတူ အင်းဝကို တည်ထောင်သော သတိုးမင်းဖျား မှစပြီး ဆက်လက် စိုးစံကြသော မင်းဆက်များသည် ရှမ်းသွေး မ ကင်း စင်သည့်တိုင်အောင်မြန်မာဘွဲ့မြန်မာအမည်နှင့် မြန်မာ အဆောင် အယောင် များ ခံယူ ကာမြန်မာမင်းများ ဖြစ်လာကြသည်ကိုလည်းတွေ့ရှိရသည်။
အင်းဝတွင် သတိုးမင်းဖျားမှ အစပြုပြီး မွန် ရှမ်းများ အပါအ၀င် စစ်ကိုင်းစည်သူကျော်ထင် နရ ပတိ အထိ မင်း ၁ရ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါး ခန့်မျှ စိုးစံခဲ့ကြ သကဲ့သို့ ဟံသာဝတီ တွင်လည်း ဗညားဦးမှ အစပြုပြီး သုရှင် ဒ ကာ ရွတ်ပိ အထိမင်းဆက် ၁၁ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါးခန့်မျှ ထီးပြိုင်နန်းပြိုင် စိုးစံခဲ့ကြသည်။ အင်းဝမင်း ဆက်ဘုရင်များသည်မြောက်ဘက်တွင် မုံ ရွာနှင့် ရွှေဘိုခရိုင်များမှ ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက် ပြည်ခရိုင်ထိ စည်းလုံးသိမ်းသွင်းခြင်း ပြု နိုင်ခဲ့ကြသည်...အင်အား ကြီးမားသော မင်းဆက် များ လက်ထက်တွင် မောရှမ်းများ နှင့်ရခိုင် ကမ်းရိုးတန်း ဒေသများ အပေါ်တွင် သြဇာ ညောင်းခဲ့သည်ကို လည်း တွေ့ရှိ ရသည် ထို့ အတူ ဟံသာဝတီ မင်းဆက် ဘုရင် များသည် ပြည်နှင့် တောင်ငူ တောင် ဘက် ဒေသ တစ်လွှားကို စည်းလုံး သိမ်းသွင်း နိုင်ခဲ့ကြ သည်။
အင်အား ကြီးမားသော ရာဇဓိရာဇ် လက်ထက်တွင် ရခိုင် ကမ်းရိုးတန်း ဒေသအပေါ်တွင် သြဇာ ညောင်း ခဲ့သည် ကို လည်း တွေ့ရသည် ၁၄ ရာစု ကျော်ခန့်မှအစပြုပြီး ၁၆ ရာစု ကျော် ခန့်ထိ နှစ်ပေါင်း၂၀၀ နီးပါးခန့်မျှ အင်းဝ နှင့် ဟံသာဝတီမင်း ဆက်ဘုရင်များသည် မြန်မာနိုင်ငံ တွင်ထီးပြိုင် နန်းပြိုင် စိုးစံခဲ့ကြသည်...ယင်းဘုရင်များ အနက် အင်းဝတွင် မင်းကြီးစွာ စော်ကဲ မင်းခေါင် နှင့် သိုဟန်ဘွား တို့သည်၎င်း ဟံသာဝတီတွင် ရာဇဓိရာဇ်၊ ရှင်စောပု နှင့် ဓမ္မစေတီမင်းတို့သည် အထင်ရှားဆုံးသော ဘုရင်များဖြစ်ကြသည်။
မွန် ရာဇ၀င် နှင့် မြန်မာရာဇ၀င်ဟောင်း များတွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲနှင့် မင်းခေါင် တို့ သည် ဟံသာ ၀တီ ရာဇဓိရာဇ်နှင့် နှစ်ပေါင်း ၄၀ ကြာမျှ စစ်မက် တိုက်ခိုက် ခဲ့ကြသည်...အင်းဝ မှ မောရှမ်းသိုဟန်ဘွားမူကား ဗုဒ္ဓသာသနာ နှင့် ပြည်သူတို့ ကို များစွာ ညှင်းပန်း နှိပ်စက်သော မင်းဆိုး မင်းညစ် အဖြစ်ဖြင့်မြန်မာ ရာဇ၀င်များ တွင် ရေးသား ဖော်ပြကြသည်...ရာဇဓိရာဇ် နောက် ဟံသာဝတီတွင် ဆက်လက်စိုးစံကြသော ဘုရင်မကြီး ရှင် စောပုနှင့် ဓမ္မစေတီမင်းတို့ နန်းသက်များအတွင်း ရာမညတိုင်းကြီး တစ်ခုလုံးသည် ငြိမ်းချမ်းသာယာလျှက် နိုင်ငံ ရေး စီးပွားရေး အုပ်ချုပ်ရေးနှင့် ယဉ်ကျေးမှုများ အဖက်ဖက်တို့တွင် များစွာ တိုးတက်လျှက် ရှိကြောင်းဖြင့် မွန် ရာဇ၀င်များတွင် လွမ်းဆွတ်ဖွယ်ရာ ဖွဲ့နွဲ့ ရေးသား ဖော်ပြကြသည်။
ပထမ မြန်မာနိုင်ငံ ၁၀၅၀ မှ ၁၃၀၀ ခန့်အထိ ပျက်စီး သွားခဲ့ပြီး နောက် ဒုတိယ မြန်မာနိုင်ငံ ကိုပြန်လည် ထူ ထောင် ခြင်း မပြုနိုင်မီ ကြားကာလ မြန်မာနိုင်ငံ ၏ သမိုင်း ကို စူးစမ်း လေ့လာသော အခါ ထိုကာလ တွင် မြန်မာ နိုင်ငံတွင် အင်အား ကြီးမားသော ဟံသာဝတီ နှင့် အင်းဝ မင်းဆက် ဘုရင်များ ၏ ပဋိပက္ခ ပေါ် တွင် အခြေခံ ကြောင်း အထင်အရှား တွေ့ရှိရသည်။ ထိုကြား ကာလ အတွင်း မွန်နှင့် ရခိုင် မြန်မာနှင့် ရခိုင် မြန်မာနှင့် ရှမ်း မွန် နှင့် ရှမ်းတို့၏ အကြားတွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့ကြသော ပဋိပက္ခ များသည် အင်းဝ နှင့် ဟံသာဝတီ တို့အ ကြား တွင် ဖြစ်ပွားသည့် ပဋိပက္ခ ဖြစ်ကြောင်း ကို လည်း တွေ့ရှိရ သည်...ဟံသာဝတီ နှင့် အင်းဝဘုရင် မင်းဆက် များ သည် တစ်ဦး ကို တစ်ဦးက လွှမ်းမိုး အောင် နိုင်ရေးအတွက် ထိုအချိန်က တသီး တခြား တည်ရှိ နေခဲ့သည့် ရခိုင် ကမ်းရိုးတန်းဒေ သ နှင့် မြောက်ဘက် မောရှမ်းဒေသများကို နှစ်ဦး နှစ်ဘက်စလုံး က မိမိတို့ ဘက်သို့ ပါဝင် လာ အောင် အနုနည်း အကြမ်းနည်း နှစ်မျိုးစလုံးဖြင့် ၀င်ရောက် စွက်ဖက်ခြင်းများ ပြုခဲ့ကြသည်။ မြန်မာရာဇ၀င် များ တွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲ နှင့် သားတော် မင်းခေါင်တို့ နန်းသက်များ အတွင်း ရခိုင်နှင့် မောရှမ်း ပြည် နယ် များ အရေး တွင်အကြိမ်ကြိမ် ၀င်ရောက် စွက်ဖက်သော အရေးအခင်းနှင့် အဖြစ်အပျက်များကို ရေး သား ဖော်ပြကြသည်...ထို့အတူ ဟံသာဝတီဘုရင် ရာဇဓိရာဇ်၏ နန်းသက်အတွင်း ရခိုင်နှင့် သိန္နီပြည်နယ်များ အရေး အခင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း များကိုလည်းတွေ့ရှိရသည်...သို့ရာတွင် အင်းဝနှင့်ဟံသာဝတီမင်း ဆက် ဘုရင် များသည် ယင်းဒေသများ၏ အရေး တွင် ၀င်ရောက် စွက်ဖက်ခြင်း ပြုနိုင်ရုံမှ တပါး စည်းလုံး သိမ်း သွင်း ခြင်း မပြုနိုင်ခဲ့ကြချေ...ရခိုင်သည်၎င်း မောရှမ်းပြည်နယ်များသည်၎င်း အင်းဝနှင့် ဟံသာဝတီ မင်းဆက် ဘုရင် များ ၏ လွှမ်းမိုးမှု အောက်မှ သီးခြား ကင်းလွတ် လျက်ရှိ နေခဲ့ကြသည်။
အင်းဝနှင့် ဟံသာဝတီတို့သည် တစ်ဦး ကို တစ်ဦး လွှမ်းမိုး အောင်နိုင်ရေးအတွက် ကြိုးပမ်းအား ထုတ်လျက် ရှိကြ စဉ် မြောက် ဘက် တစ် လွှား ရှိ မောရှမ်းများသည် အခါအခွင့်သင့်သော အခါတိုင်း တရုတ်ပြည် ယူနန် နယ် ကို ၄င်း အင်းဝကို ဗဟို ပြု သော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ကို၎င်း မကြာ ခဏ ၀င် ရောက် တိုက်ခိုက်ရန် စမ်းသပ် ကြိုးပမ်းခြင်း များပြုလုပ် ခဲ့ကြသည်... မြန်မာရာဇ၀င်များတွင် အင်းဝ မင်းဆက် ဘုရင် မင်းကြီးစွာ စော် ကဲ နှင့် သားတော်မင်းခေါင် ဘုရင်တို့ နန်း သက် များ အတွင်း မိုးညှင်း ကုန်းဘောင် နှင့် သိန္နီစော်ဘွား တို့သည် ကြိမ် ဖန် များ စွာ ၀င် ရောက် တိုက် ခိုက်ကြ သဖြင့် အင်အားကြီးမားသော ရှမ်းတပ်ကြီးများကို ရမည်း သင်းစား သီလ၀နှင့် ငယ်ရွယ်ရဲ့ရင့်သော မင်းရဲကျော်စွာတို့က ရွပ်ရွပ် ချွန်ချွန်တွန်းလှန်တိုက်ခိုက်ပြီး အောင် နိုင် ကြောင်း ဖြင့် တခမ်းတနား ရေးသားဖော်ပြကြသည်။
အင်းဝမင်း ဆက် ဘုရင်များ ၏ အင်အား လျော့ပါး သည့် သက္ကရာဇ် ၁၅၂၇ ခုနှစ်တွင် မိုးညှင်းစလုံ နှင့် သားတော် သို ဟန် ဘွား တို့ ခေါင်းဆောင်သော မောရှမ်းများသည် အင်းဝကို ၀င်ရောက် တိုက်ခိုက်ခြင်း ပြုသည်။ မြန်မာ ရာဇ ၀င်များတွင် အင်းဝဘုရင်ရွှေနန်းကြော့ရှင် နရပတိသည် ယင်း တိုက်ပွဲတွင် အမြောက်ဆံ ထိပြီး ကျဆုံး ကြောင်း ဖေါ်ပြကြသည်။် မိုးညှင်းစလုံသည် ရွှေနန်းကြော့ရှင်၏ တူတော် မင်းကြီးရန်နောင်၏ အကူအညီဖြင့် ၄င်း၏ သား တော် သိုဟန်ဘွားကို အင်းဝတွင် နန်းတင်ပြီး မိုးညှင်းသို့ပြန် သွား ကြောင်းဖြင့်ရေးသား ဖော်ပြ ကြ သည်။ အင်းဝကို သိမ်းပိုက် စိုး စံ သောမောရှမ်းများသည် ယခင် အင်းဝမင်းဆက် ဘုရင်များကဲ့သို့ မဟုတ်ပဲ ဗုဒ္ဓ ဘာ သာ နှင့် ပြည်သူ လူထုများကို ညှင်းပန်းနှိပ်စက်ခြင်းပြုသဖြင့် သိုဟန်ဘွား၏ ဒဏ်ကို မခံနိုင်သော မြန်မာ လူမျိုး အမြောက်အမြားသည် စစ်တောင်း မြစ်ဝှမ်းဘက်ရှိ တောင်ငူနယ်သို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ ထွက်ပြေး ကြ ကြောင်း ရေးသား ဖော်ပြ ကြသည်။
တောင်ငူနယ်သည် ဟံသာဝတီနှင့် အင်းဝတို့၏ အကြားတွင် မြန်မာလူမျိုးများ၏ ခိုလှုံစုဝေးရာ အခြေခံဒေသ ကြီး ဖြစ်မှန်းမသိဖြစ်လာသည်...အင်းဝနှင့် ဟံသာဝတီ မင်းဆက်များ၏ ပဋိပက္ခ အကြားတွင် နှစ် ပေါင်း ၂၀၀ နီးပါး ခန့်မျှ ကင်းလွတ်ပြီး ငြိမ်းချမ်းနေခဲ့သော တောင်ငူနယ်ရှိ မြန်မာ လူမျိုးများသည် တဖြည်းဖြည်း နှင့်အင်အား ကြီး မားလာကာ ၁၅ ရာစုကုန်ပြီး ၁၆ ရာစု လောက်တွင် တောင်ငူနယ်သည် မောရှမ်းများ စိုးစံလျက်ရှိသော အင်းဝ နှင့် မွန်မင်းဆက်များ စိုးစံလျက်ရှိသော ဟံသာဝတီတို့၏ အကြားတွင် အင်အားကြီးမားကာ သီးခြား ကင်း လွတ် သော မြန်မာဒေသကြီးတစ်ခုဖြစ်လာသည်ကိုတွေ့ရှိရသည်။ တောင်ငူနယ်၏ အကြီးအကဲများသည် အင်းဝ မင်း ဆက်ဘုရင်များ၏ သစ္စာတော်ခံမြို့စား နယ်စားများ သာဖြစ်ခဲ့ကြသော်လည်း တောင်ငူနယ်၏ အကြီး အကဲ ဖြစ် သူ မင်းကြီးညို ၁၄၆၈ မှ ၁၅၃၀ လက် ထက် ကျ ရောက် သော အခါ တွင် တောင်ငူနယ်နှင့် မင်းကြီးညို အား အင်း ၀ဘုရင် ရွှေနန်းကြော့ရှင် ကိုယ်တိုင်က သီးခြား အာဏာပိုင်ပြည်နယ် မင်း အဖြစ်ဖြင့် အသိအမှတ် ပြု ကာ မင်း မြောက် တန်ဆာ ငါးပါး နှင့် တူမတော်မင်းလတ် တို့ကို ပေးအပ်ကြောင်းဖြင့် မြန်မာရာဇ၀င်များ တွင် ရေး သား ဖော်ပြ ကြသည်။
ထို့နောက် ဟံသာဝတီနှင့်တကွ ဇင်းမယ် နှင့်လင်းဇင်းတို့ကပင် အသိ အမှတ်ပြု ခန့်ညား လာရကြောင်းဖြင့် ဆက် လက်ရေးသားဖော်ပြသည် ကိုလည်း တွေ့ရှိရ သည်။ ယင်း သို့ဖြင့် ပထမ မြန်မာနိုင်ငံတော်ကြီး ပျက်စီး သွားခဲ့ ရ ပြီးနောက် ဒုတိယ မြန်မာ နိုင်ငံတော်ကြီးကို ထူထောင်ခြင်း ပြုအံ့ဆဲဆဲ အချိန်တွင် မြန်မာနိုင်ငံ မြောက် ဘက် တစ် လွှားနှင့် ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်းဒေသများတွင် အင်းဝ ကို ဗဟိုပြုပြီး စိုးစံနေကြသော မောရှမ်း ဘုရင် နှင့် အကြီးအကဲများ။ ပြည် နှင့်တောင်ငူ တောင်ဘက် မြန်မာ နိုင်ငံ တလွှား တွင် ဟံသာဝတီကို ဗဟိုပြုပြီး စိုးစံ နေ ကြသော မွန်မင်းဆက် ဘုရင်နှင့် အကြီးအကဲများ။ မြန်မာ နိုင်ငံအလယ်ပိုင်း စစ်တောင်းမြစ်ဝှမ်း ဒေသ တစ် လျောက် တွင် တောင်ငူကို အချက် အခြာ ပြုပြီး အင်အားစုဆောင်း နေကြသော မြန်မာလူမျိုး အကြီး အကဲ များ နှင့် ခေါင်း ဆောင် များ သည် မြန်မာနိုင်ငံတွင် လူမျိုးကြီးသုံးမျိုး အင်အားစုကြီး သုံးစုအဖြစ် ဖိုခနောက်ဆိုင် တည် ရှိ နေ ကြ သည်ကိုတွေ့ရှိရပေသည်။ကျမ်းကိုးရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလမွန်ရာဇဝင်။ မာဂဒူ အရေးတော်ပုံအရေးတော်ပုံ ကျမ်းများ ပြဿနာ။ ရီရီရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူနှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။အရှေ့တောင်အာရှ ရာဇ၀င်၊ ဟော-၁၉၅၅မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)