Monday, August 17, 2009

ဦးဝင်းနိုင်၏ အိပ်ဖွင့်ပေးစာ

ဦးဝင်းနိုင်၏ အိပ်ဖွင့်ပေးစာ
naymyowai@gmail.com
နေ့စွဲ သြဂုတ်လ ၁၂ ၂၀ဝ၉

အမျိုးသားရေးဦးဝင်းနိုင်
၁၃၁ အေ-၁ သံလွင်လမ်း၊
ကမာရွတ်မြို့နယ်။ရန်ကုန်။
တယ်လီဖုံး ၅၂၄၄၀၉(လွန်ခဲ့သည့် ၂နှစ်ကစပြီးဖြတ်တောက်ထားခြင်းခံနေရ)။



ဘက်မလိုက်နိုင်ငံရေးအုပ်စု၊ (ဝါ) တတိယအင်အားစုတစ်ခု ထူထောင်ရန် စိတ်ဝင်စားသူ တူမောင်များထံသို့
အိပ်ဖွင့်ပေးစာ။

သြဂုတ်လ ၁၀ ရက်၊ တနင်္လာနေ့က၊ တူမောင်တို့ငါးယောက် အဘအိမ်ကိုလာကြပြီး လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ တူမောင်တို့ရဲ့ ရည်ရွယ်ချက်တွေ ဆန္ဒတွေကို တင်ပြဆွေးနွေးသွားကြတဲ့အတွက် ဝမ်းသာလှပါတယ်။


မောင်ရင်တို့က လက်ရှိအခြေအနေတွေကို သုံးသပ်ပြပြီး နိုင်ငံအကျိုးပြုပါတီတစ်ခုကိုထူထောင်လိုတယ်၊ တတိယအင်အားစု ပုံသဏ္ဍာန်မျိုးဖြစ်တယ်လို့ ပြောကြတယ်။ ဒါကိုကြားတော့ အဘသိပ်ဝမ်းသာသွားတယ်၊ ဘာကြောင့်လဲ ဆိုတော့ တတိတယအင်အားစုဆိုတာကို လွန်ခဲ့တဲ့ ဆယ်နှစ်ကတဲက လိုအပ်တယ်လို့ အဘယုံကြည်ခဲ့တဲ့ အတွက် ထူထောင်ဘို့ကျိုးစားခဲ့တာကို နိုင်ငံရေးလောကမှာ လူတော်တော်များများ သိခဲ့ကြပါတယ်။ အဲဒီတုံးက တတိယအင်အားစုကို ဘယ်လိုရည်ရွယ်ချက်တွေ ဘယ်လို ပုံစံမျိုးနဲ့ ထူထောင်သင့်တယ်ဆိုတာကို ဘော်ပြထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ အခုထက်တိုင် အဘ လက်ထဲမှာ ရှိပါသေးတယ်။
အဲဒီတုံးက အဘရဲ့ ဆန္ဒဟာ စောသွားတယ်။ နိုင်ငံရေးသမားတွေကရော လူထုကပါ တတိယအင်အားစု ဆိုတာ ဘာလဲ၊ ဘယ်လိုရည်ရွယ်ချက်လဲ ဆိုတာ၊ နားလည်နိုင်တဲ့ အချိန် မဟုတ်သေးဘူး၊ အများက သိပ်နားမလည်ခဲ့ကြဘူး။ နားမလည်နိုင်ကြရုံသာ၊ မကသေးဘူး၊ ဖျက်လိုဖျက်စီး၊ လုပ်တယ်လို့တောင် စွပ်စွဲကြတဲ့ သူတွေရှိခဲ့ပါတယ်။ အခု ဆယ်နှစ်ကြာလာခဲ့ပြီ၊ မောင်ရင်တို့အုပ်စုလေး ပေါ်လာတယ်။ အချိန်ကောင်းပါဘဲ၊ လုပ်သင့်တဲ့အချိန်ပါဘဲ။ ဒါပေမဲ့ အဘတုံးကလို အထင်လွဲမခံရအောင် လုပ်ဘို့တော့ အတော်အရေးကြီးပါတယ်၊ ဒါကြောင့် ဒီစာကို ရေးလိုက်ရတာပါ။

ဒီမိုကရေစီစနစ် ပါတီစုံစနစ်ကို ထူထောင်ခြင်တယ်ဆိုရင် အခုကတဲက ပါတီစုံစနစ်ကို ကျင့်သုံးဘို့ ကျိုးစားရလိမ့်မယ်၊ မြန်မာနိုင်ငံမှာ အင်အားကြီးပါတီကြီးတစ်ဖွဲ့တည်းကို အားပေးနေကြရင် အန္တရယ်ကြီးတယ်၊ အနည်းဆုံး စဉ်ပြိုင် ဒီမိုကရေစီအင်အားစု၊ တစ်ခုလိုတယ်၊ ဒီအဖွဲ့နှစ်ဖွဲ့ဟာ တစ်ဖွဲ့နဲ့ တဖွ၊ဲ့ ချဘို၊့ ဖြုတ်ဘို၊့ မဟုတ်ဘူး၊ ညီအကို ပါတီမျိုးဖြစ်ရမယ်၊ တစ်ဦးကို တစ်ဦး ထိမ်းကျောင်းပြီး လမ်းမှား၊ မသွားရအောင်၊ လက်တွဲဆောင်ရွက်သွားရမဲ့ အဖွဲ့မျိုးဖြစ်တယ်။ အမေရိကန်မှာလို ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီ နှစ်ဖွဲ့စလုံးဟာ ဒီမိုကရေစီ ပါတီတွေကြီးဘဲ၊ နှစ်ဖွဲ့ ဘာလု၊ိ့ ထူထောင်ထားသလဲ။ ခုနက အဘပြောသလို တစ်ဦးကို တစ်ဦး ထိမ်းကျောင်းသွားကြဘို့အတွက်ဘဲ၊ ဆော်ဘို့ နှက်ဘို့ ဂျောက်တွန်းဘို့မဟုတ်ဘူး။ ဒါကို မြန်မာနိုင်ငံမှာ နိုင်ငံရေး မရင့်ကျက်သေးတဲ့ လူတွေက နားမလည်နိုင်ကြဘဲ၊ (တချို့ကလဲ နားလည်ရက်နဲ့ ဂျောက်တွန်းခြင်လို့) ဝိုင်းဆော်ကြတာကို အဘကိုယ်တိုင် အတော်ခံခဲ့ရတဲ့အကြောင်း ပြောခဲ့ပြီးပြီ၊
အခု တူမောင်များက ဒုတိယဒီမိုကရေစီပါတီတစ်ခု ထူထောင်ခြင်တယ်လို့ လာပြောလို့ အဘ၊ ခံခဲ့ရတာကို ပြောပြပြီး မောင်ရင်တို့ အလှဲ့မှာ မခံရအောင် ဘယ်လို လုပ်သင့်တယ်ဆိုတာကို ပြောပြခြင်လို့ ပြန်ပြောပြရတာပါ။
ကြိုက်မှ လုပ်ဘို့ပါ။
တူမောင်များအနေနဲ့ ပြည်သူ့အကျိုးပြုပါတီတစ်ခု၊ ဖွဲ့စည်းထူထောင်ခြင်တယ်ဆိုရင်၊ ဒီမိုကရေစီစနစ်ကို အားပေးတဲ့ ပါတီမျိုးဘဲဖြစ်ရမယ်။ ဟိုယောင်ယောင် ဒီယောင်ယောက်ပါတီမျိုး လုပ်လို့တော့မဖြစ်ဘူး၊ အထူးသဖြင့် ဘက်မလိုက်တဲ့ ပါတီ၊ အစွန်းမထွက်တဲ့ပါတီ၊ လူထုမျက်နှာတစ်ခုထဲကို ထောက်တဲ့ပါတီမျိုး၊ ဖြစ်ဘို့လိုတယ်။
ဒီမိုကရေစီအရေခြုံပြီး ဟိုဘက်ဒီဘက်ကို ပါးပါးကလေးအားပေး၊ အကျိုးဆောင်မဲ့ အဖွဲ့အစည်းမျိုး၊ ထူထောင်ခြင်တယ် ဆိုရင်တော့ မောင်ရင်တို့နဲ့ အဘ၊ လက်မတွဲနိုင်ဘူးဆိုတာကို ပြတ်ပြတ်ကလေး အခြေခံ ချပြထားမှ ဖြစ်မယ်။
ဒီထက်ပိုပြီး ရှင်းရှင်းပြောပြမယ်၊ ဒို့ ထူထောင်ခြင်တဲ့ ပါတီသည် အစိုးရဘက်ကို လိုက်တဲ့ပါတီမျိုး၊ မဖြစ်စေခြင်သလို အင်အယ်ဒီဘက်ကိုရော တခြားနိုင်ငံရေးပါတီတွေဘက်ကိုရော တစ်ဘက်သတ်လိုက်တဲ့ ပါတီမျိုးမဖြစ်စေရဘူး။
အစိုးရကို အလကာနေရင်း တိုက်နေတဲ့ ပါတီမျိုးမဟုတ်သလို၊ အလကားနေရင်း ထောက်ခံနေတဲ့ ပါတီမျိုး၊ မဖြစ်စေရဘူး။
အစိုးရကို ထောက်ခံသင့်ရင် ပြစ်ထောက်ခံလိုက်ပါ၊ ကန့်ကွက်သင့်ရင်လဲ ကန့်ကွက်လိုက်ပါ။ အဘမ်းခံရမှာကိုကြောက်ရင်၊ ဘာမှမလုပ်ပါနဲ့ ဘေးထွက်ပြီး ရပ်ကြည့်နေပါ၊ ဘယ်သူကမှ အပြစ်မပြောပါဘူး၊ အဘတော့ အပြစ်မပြောဘူး။
ထိုနည်းအတူ အင်အယ်ဒီကို ထောက်ခံစရာရှိရင် ပြစ်ထောက်ခံလိုက်ပါ၊ အပြစ်ပြောစရာရှိရင်လဲ ပြောပြစ်လိုက်ပါ။
လူကြိုက်များနေတဲ့အဖွဲ့မို့ အင်အယ်ဒီကို ဝေဘန်လို့ ဝိုင်းဆဲကြမယ်ဆိုရင်လဲ ရဲရဲခံလိုက်ပါ။ နောက်မှ လူထု၊ နားလည်အောင် ရှင်းပြဘို့ကျိုးစားပါ။ လူထုနားလည်လာရင် ပြီးတာဘဲ။
အဘတော့ ဒီမူအတိုင်းကျင့်တယ်၊ အစိုးရကို ပြောစရာရှိတာပြောလို့ ထောင်ထဲရောက်သွားတာ မောင်ရင်တို့အသိဘဲ၊ အခုထက်ထိ စေါင့်ကြည့်တာခံနေရသလို တယ်လီဖုံးဖြတ်ထားပြီး အဘကို၊ ကမ္တာနဲ့ အဆက်ဖြတ်ထားတာ နှစ်နှစ်ရှိပြီ။
နောက်အင်အယ်ဒီကို ဝေဘန်လို့ ဦးအောင်ရွှေတို့အုပ်စုက အဘကို ဝိုင်းကျဉ်ထားတာ ကြာပြီ။ နောက်တခါ သူတို့ကတဆင့် အမေရိကန်သံရုံး (ရန်ကုန်)ကပါ ဆက်ပြီး အဘကို အဆက်ဖြတ်ထားကြတာ ကြာပြီ။ သူတို့ပါတီအခမ်းအနားတွေကို မဖိတ်ဘဲထားတာ ကြာပြီ။ ဒေါ်အောင်ဆန်းစုကြည်က၊ အဘအပေါ်မှာနားလည်မှုရှိလို့၊ အဘထောင်ကျနေတုံးက အိမ်ကို ထောက်ပန့်ကြေးတွေပို့ခိုင်းတယ်၊ အဘကို လေးစားကြောင်း ပြောခွင့်ရတိုင်း မကြာခနပြောတယ်၊ လူကြီးအခြင်းခြင်း နားလည်မှုရှိကြလို့ သက်သာတယ်။ ဒါကြောင့် အဘ မြန်မာနိုင်ငံရေးမှာ ရပ်တည်လို့ရတာ။
ခံရတာက၊ ဘာကြောင့်လဲဆိုတော့ အဘဟာ ဘက်မလိုက် နိုင်ငံရေးသမားတစ်ယောက်အဖြစ် ရပ်တည်ဘို့ ကျိုးစားနေတဲ့အတွက်ဘဲ ဖြစ်တယ်၊ ဒါကို တိုတိုနဲ့ ချုံပြီးပြောရမယ်ဆိုရင် ဘက်မလိုက်နိုင်ငံရေးသမားတွေဟာ ဘယ်ဘက်ကမှ မျက်နှာသာ မရဘူးဆိုတာဘဲ၊

တူမောင်တို့ကို အခုပြောနေတာက တူမောင်တို့ အဘလို ဘက်မလိုက် နိုင်ငံရေးသမားမျိုး ဖြစ်ခြင်တယ်ဆိုရင် ဘယ်လို ဘေးဒုက္ခတွေကို ရင်ဆိုင်ကြရလိမ့်ဆိုတာကို သဘောပေါက်စေခြင်လို့ ကိုယ်တွေ့တွေကိုအမှန်အတိုင်း မကြောက်မရွံ့ ပြောပြနေတာဘဲ၊ သေသေချာချာ လေ့လာဝေဘန်သုံးသပ်ကြည့်ကြပေါ့။
ဘက်မလိုက်နိုင်ငံရေးသမားတွေဟာ နှစ်ဘက်စလုံးက မျက်နှာသာ မရဘူးဆိုတာမှန်ပေမဲ့၊ ဒါဟာ ရေတု၊ိ အတွက်ဘဲ ခံရတာပါ၊ ရေရှည်ကျတော့ ကိုယ့်ဘက်ကသာ မှန်နေရင် တဖြည်းဖြည်းနဲ့ နှစ်ဘက်စလုံးက လက်ခံလာကြရတာပါဘဲ။ ကြာမယ်၊ ဒါပေမဲ့ ကိုယ့်ကို လေးစားလာမယ်။ ဒါဟာ မလွဲအေကန် ရမဲ့ ရလဒ်ပါ၊ ဒါကြောင့် တူမောင်တို့ကို စိတ်ရှည်ဘို့ အလွန်လိုအပ်မယ်ဆိုတာကို သတိပေးခြင်တယ်။
ကိုယ့်ကိုလေးစားလာအောင်အတွက် တူမောင်တို့ လုပ်ရမဲ့ လုပ်ငန်းရှိတယ်၊ ဒါက တိုင်းပြည်အတွက် လူထုအတွက် လက်ရှိ နိုင်ငံရေး ဖြစ်ရပ်တွေ ပါတီအဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေကို ဝေဘန်သုံးသပ်တဲ့ နေရာမှာ ပြိုင်တူ ဝေဘန်သုံးသပ်ပြဘို့ဆိုတာဘဲ။
မောင်ရင်တို့ ပါတီသဘောထားတွေ အမြင်တွေအကြောင်းကို၊ ကြေညာချက်တွေ၊ ထုတ်တိုင်း၊ ထုတ်တိုင်း၊ ကျပ်ကျပ် သတိထားရမှာက၊ တစ်ဘက်တည်းကို မထောက်ခံဘို့။ တစ်ဘက်တည်းကို အပြစ်မတင်ဘို့ဘဲ။
စာရွက်တစ်ရွက်ထဲမှာကို နှစ်ဘက်ယှဉ်ပြီး အမြဲတန်း မျှရေးနိုင်အောင်ကျိုးစားပါ။
ဥပမာအားဖြင့် အစိုးရကို ထောက်ခံတဲ့ ကိစ္စတစ်ခုအကြောင်း ရေးတယ်ဆိုကြပါစို့၊ အဲဒီ ရေးသားချက်နဲ့ ယှဉ်ပြီး အင်အယ်ဒီရဲ့ ထောက်ခံသင့်တဲ့ အကြောင်းအရာတစ်ခုကို ချက်ခြင်းဘော်ပြပါ၊ အစိုးရကို အပြစ်တင်တဲ့ အကြောင်းအရာ တစ်ခုကို ဘော်ပြရင် အဲဒီစာမျက်နှာမှာဘဲ အင်အယ်ဒီကို၊ အပြစ်တင်တဲ့၊ အပုဒ်တစ်ခုကို ထည့်ပေးရလိမ့်မယ်။ အဲဒီလို မလုပ်နိုင်ရင် ဘယ်သူ့ကိုမှ မထောက်ခံနဲ့ ဘယ်သူ့ကိုမှ အပြစ်မပြောနဲ့။ တစ်ယောက်ထဲကို အပြစ်တင်။ တစ်ယောက်ထဲကို ထောက်ခံ၊ လုပ်နေရင်၊ ဘတ်ရတဲ့ ပြည်သူလူထုက၊ ကိုယ့်ကို အထင်အမြင် လွဲပြီး ဝိုင်းအပြစ်တင်တာ အသေအချာခံရမယ်။ ဒါက ဘက်မလိုက်နိုင်ငံရေးသမားများရဲ့ ရှိရမဲ့ အနေအထားကို ပြောတာ၊ အစိုးရဘက်ကိုလိုက်တဲ့ ပါတီအဖွဲ့အစည်းထဲမှာ ပါတဲ့သူကတော့ ဒီလိုမျှတာနေစရာမလိုဘူး၊ အစိုးရကောင်းကြောင်း တစ်ဘက်တည်းကို လိုက်ပြီးပြောလို့ရတယ်၊ ထိုနည်းအတူ အင်အယ်ဒီပါတီဝင်တွေအနေနဲ့လဲ အင်အယ်ဒီသာ ကောင်းကြောင်း တစ်ဘက်တည်းကို လိုက်ပြီးပြောလို့ရတယ်၊ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာပါတီရဲ့ ကောင်းကြောင်းကို သက်ဆိုင်ရာပါတီဝင်တွေက ပြောရမှာဟာ တာဝန်တစ်ခုဘဲ။ သဘာဝကျတဲ့ လိုက်နာရမဲ့ ကျင့်စဉ် တစ်ခုပဲ။ ဘက်မလိုက်ပါတီဝင်တွေကလဲ ဘက်မလိုက်ပါတီရဲ့ ကောင်းကြောင်းကိုပဲ ပြောရမယ်လေ။ နောက်တစ်ခုက ဘယ်ဘက်ကိုဘဲ ထောက်ခံသည်ဖြစ်စေ အပြစ်တင်သည်ဖြစ်စေ၊ အချက်အလက်အထောက်အထား ခိုင်မာပါစေ။ မခိုင်မာဘဲ ဘာမှ မပြောပါနဲ့ မရေးပါနဲ့ ။
မိမိတို့သည် ဘက်မလိုက်သူများ၊ မျှမျှတတ သုံးသပ်သူများဖြစ်အောင် ပေါ်လွင်အောင် အမြဲကျိုးစားပြနေရပါလိမ့်မယ်။

နောက်တစ်ခုအင်မတန် အရေးကြီးတဲ့အချက်တစ်ချက်ရှိသေးတယ်။ ဘက်မလိုက်နိုင်ငံရေးသမား တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရအောင် စောစောကထဲက မိမိဟာ ဘယ်အစွန်းကိုမှ လိုက်တဲ့သူမဟုတ်ဘူး၊ ဘယ်ပါတီ ဘယ်နိုင်ငံ ဘယ်အစိုးရရဲ့ ကိုယ်စားလှယ်မဟုတ်ဘူးဆိုတာကို ပေါ်လွင်အောင် နေပြရမယ်၊ ပြောရမယ်၊ ရေးရမယ်။ ဒါသိပ်အရေးကြီးတယ်။ မိမိရဲ့ အပြောမှား အရေးမှားတွေကြောင့် တံဆိပ်အတတ်ခံလိုက်ရပြီဆိုရင် အဲဒီတံဆိပ်ကို ပြန်ခွာလို့မလွယ်တော့ဘူး၊ အင်မတိအင်မတန် ကျိုးစားခွာပြမှ ရမယ်။
ဒါကိုတူမောင်တို့ အလွန်သတိထားပြီး ပြုမူပြောဆိုနေထိုင်ပြကြပါလို့အလေးအနက် တိုက်တွန်းခြင်တယ်။

ဒီနေရာမှာ နိုင်ငံရေးအတွက်ရော မိမိရဲ့ လူမှုရေးအတွက်ရော ဆုံးမစကားလေးတစ်ခု၊ ပြောခွင့်ပေးရင် ပြောပြခြင်တယ်။ အဲဒါကတော့ လူဆိုတာ ဘယ်သူမှ လူကောင်းမဟုတ်သလို၊ လူဆိုးလည်းမဟုတ်ဘူး၊ ကောင်းတာနဲ့ဆိုးတာ ရောနေတယ်။ ကောင်းတဲ့ဘက်ကို နည်းနည်းပိုများတဲ့သူကို လူကောင်းလို့ခေါ်ပြီး ဆိုးတဲ့ဘက်ကို နည်းနည်း သာသွားတဲ့ သူကို လူဆိုးလို့ခေါ်နေကြတာဘဲ။ ရာနှုံးပြည့် ကောင်းတဲ့သူမရှိပါဘူး၊ ရာနှုံးပြည့် ဆိုးတဲ့သူ၊ မရှိပါဘူး၊ ဒါကြောင့် ကိုယ်နဲ့ ရင်ဆိုင်ရတဲ့သူတွေထံမှာ ဘယ်လို အကောင်းတွေရှိနေတယ် အဲဒါတွေကို ဘယ်လိုရအောင် နှိုက်ထုတ်ယူမယ်၊ ဆိုတာကို စဉ်းစားပါ။ ကျိုးစားပါ၊ ရအောင်ယူပါ၊ ပြီးရင် မိမိကိုယ်တိုင်လဲ အကောင်းအဆိုး နှစ်ပိုင်းလုံး ပါနေတယ် ဆိုတာကို သတိကပ်ပြီး၊ ကိုယ်ထံမှာ ရှိနေတဲ့ မကောင်းတဲ့အရာတွေ၊ လူမကြိုက်တဲ့ အရာတွေကို အမြဲသတိထားပြီး ထုတ်ပြစ်ဘို့ပါဘဲ။ အဲဒီလို လုပ်ဘို့ နည်းနည်းတော့ ခက်မယ်၊ ဒါပေမဲ့ လုပ်လို့ရပါတယ်။

ဘက်မလိုက်နိုင်ငံရေးအကြောင်းကို ရေးစရာတွေ တစ်ပုံကြီးပဲ။ လောလောဆည်အတွက် လိုအပ်တာလေးလောက်သာ ရေးပြလိုက်တာပါ။ အခုဆက်ပြီး အထက်မှာ ရေးပြထားတဲ့ သဘောတရားတွေကို အခြေခံပြီး နိုင်ငံရေးပါတီတစ်ခု ထူထောင်ရေးကို ပြောကြရအောင်။
နိုင်ငံရေးပါတီထူထောင်ခွင့် ဥပဒေ ဘယ်တော့မှ ပေါ်လာမယ်ဆိုတာ မသိနိုင်ဘူး။ အစိုးရဘက်က အချိန်ပေးဘို့ ကောင်းပြီ။ အခုအထိ မပေးသေးတော့ လုပ်နိုင်သလောက် လုပ်ထားရမှာပါဘဲ။ ပါတီမထောင်နိုင်သေးဘူး၊ ဒါပေမဲ့ ပါတီထောင်ဘို့ ပြင်ထားရအောင်၊ ဒို့ လူစုထားကြရလိမ့်မယ်။ အထက်ကဘော်ပြထားတဲ့ ဘက်မလိုက်ရေးမူကို အခြေခံပြီး ဖွဲ့မဲ့ လူတွေစုကြရအောင်။
ဥက္ကဌတွေ၊ အတွင်းရေးမှုးတွေ အမည်မတတ်သေးဘဲ၊ အုပ်စုဖွဲ့ကြရအောင်၊
မူတွေ ညှိထားရအောင်၊ သဘောတရားတွေ ဖြန့်ချီထားရအောင်၊
သဘောကျရင်လာကြပါ၊
လက်မောင်းသွေးဖေါက် သစ္စာရေ သောက်ပြီး လုပ်ကြရအောင်၊ နိုင်ငံနဲ့ပြည်သူလူထုအကျိုးတစ်ခုတည်းအတွက်နော်။


အမျိုးသားရေးဦးဝင်းနိုင်။
Posted by naymyowai
Labels: ဦးဝင်းနိုင်၏
http://www.naymyowai.co.cc/