Sunday, July 19, 2009

ကျော်ဝင်း ၏ ၂၁ ရာစု သားရွှေဥ စာအုပ်မှ

၁။ မင်းဘ၀မှာ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေ ဖန်တီးပေးဖူးတဲ့ လူတစ်ယောက်အကြောင်း စဉ်းစားလိုက်ပါ။ သူ့ဆီမှာ မင်းအားကျတဲ့ အရည်အချင်းတွေ ဘာတွေရှိလဲ။

၂။ နောင်လာမယ့် အနှစ် ၂၀ ကို တွေးကြည့်လိုက်။ မင်းဘ၀ရဲ့ အရေးအကြီးဆုံးလူတွေ မင်းပတ်လည်မှာ ၀ိုင်းနေမယ်ဆိုပါတော့။ သူတို့ ဘယ်သူတွေ ဖြစ်မလဲ။ မင်းကော ဘာတွေ လုပ်နေမလဲ. . . ။

၃။ မိုးပျံတိုက်ကြီးနှစ်ခုရဲ့ အမိုးကို ဗြက် ခြောက်လက်မလောက်ကျယ်တဲ့ သံမဏိချောင်းတစ်ခုနဲ့ ကန့်လန့်ဖြတ် တံတား ခင်းထားမယ် ဆိုပါတော့။ ဒီသံမဏိချောင်းပေါ် ဘာကြောင့် မင်းဖြတ်လျှောက်ချင်ရတာလဲ။ ငွေကြေးအတွက် လား၊ သံယောဇဉ်အတွက်လား။ ကျော်ကြားမှုအတွက်လား။ သေချာစဉ်းစားပါ။

၎။ မင်းစိတ်ကို နက်နက်ရှိုင်းရှိုင်း နှိုးဆွ ခံလိုက်ရတဲ့ အချိန်တစ်ချိန်ကို ဖော်ပြပါ။

၅။ မင်းလုပ်ချင်တဲ့ ၀ါသနာဆယ်မျိုးကို ရေးချပါ။ သီချင်းဆိုတာ၊ ကတာ၊ ပန်းချီဆွဲတာ၊ စာဖတ်တာ၊ စိတ်ကူးယဉ်တာ… စတာမျိုးတွေပေါ့။ မင်း တကယ့်ကို စိတ်ပါလက်ပါ လုပ်ချင်တာမျိုးဖြစ်ပါစေ။
ဆက်လက်ဖတ်ရှုရန်

၆။ တကယ်လို့ ကမ္ဘာကျော်စာကြည့်တိုက်ကြီးတစ်ခုက ဒီတစ်ရက်လုံး မင်းဖတ်ချင်တာတွေ ဖတ်ပေတော့ ဆိုပြီး ခွင့်ပြုလိုက်ရင် မင်းဘာကို လေ့လာမလဲ။

၇။ နောင်ငါးနှစ်ကြာတဲ့ အခါ မင်းတို့မြို့က ထုတ်တဲ့ သတင်းစာမှာ မင်းအကြောင်း ပါလာမယ်ဆိုပါတော့။ မင်းမိဘ မင်းညီကို မောင်နှမနဲ့ မင်းသူငယ်ချင်းတွေကို ဗျူးပြီး မင်းအကြောင်းကို ရေးမှာတဲ့။ သူတို့တတွေ မင်းနဲ့ ပတ်သက်လို့ ဘာတွေ ပြောစေချင်လဲ။

၈။ မင်းကို ကိုယ်စားပြုနိုင်မယ့် တစ်စုံတစ်ရာကို စဉ်းစားကြည့်ပါ။ နှင်းဆီတစ်ပွင့် သီချင်းတစ်ပုဒ် တိရစ္ဆာန်တစ်ကောင် .. စသဖြင့်ပေါ့။ ဘာကြောင့် အဲဒီအရာဟာ မင်းကို ကိုယ်စားပြုတာလို့ ဆိုနိုင်တာလဲ။

၉။ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတစ်ယောက်နှင့် တစ်နာရီလောက် အတူနေရမယ်ဆိုပါစို့။ မင်းဘယ်သူနဲ့ တွေ့ချင်လဲ။ ဘာကြောင့်လဲ။ ဘာတွေမေးမှာလဲ။

၁၀။ ဟောဒီမှာ စာရင်းတစ်ခု ပေးထားတယ်။ မင်းကိုမင်းထူးချွန်တယ်လို့ထင်တာတွေကို အမှန်ခြစ်လိုက်ပါ။ စာရင်းထဲမပါရင် ဖြည့်ရေးပါ။
ကွန်ပျူတာ၊
ကိန်းဂဏန်း၊
စကာလုံးအသုံးအနှုန်း၊
တီထွင်ဖန်တီးတဲ့အတွေး၊
အားကစား၊
လိုအပ်ချက်ကို အာရုံနှင့်သိ၊
စက်မှု၊
အနုပညာ၊
စုပေါင်းလုပ်ငန်း၊
တစ်ဦးချင်းစွမ်းဆောင်ရည်၊
မှတ်သားဉာဏ်၊
ဆုံးဖြတ်ချက်၊
တည်ဆောက်ရေး၊
လက်ခံနိုင်စွမ်း၊
အဟောအပြော၊
ကြိုတင်ခန့်မှန်းခြင်း၊