Wednesday, July 22, 2009

ပုဂံကိုပျက်စီးကြသူများ


ပုဂံကိုပျက်စီးကြသူများ
ဒေါက်တာသန်းထွန်း ပြုစုတဲ့ ပုဂံကိုပျက်စီးကြတဲ့ လူ/စာရင်း က ၂၅ မတ်လ ၁၂၁၂ ကနေစပြီး ၅ ဇူလိုင် ၁၉၇၉ အထိပါ။ ၁၉၇၉ နောက်ပိုင်း စာရင်းကိုလည်း ပြုစုခဲ့မယ်လို့ ယုံကြည်ပါတယ်။ အကြောင်းကြောင်း ကြောင့်မထုတ်ဖြစ်တာဘဲဖြစ်ပါလိမ့်မယ်။ ၁၉၈၀ နောက်ပိုင်းကနေ ကနေ့အထိ စာရင်းကို လုပ်ဖို့ကျွန်တော်တို့ မျိုးဆက်သစ်တွေ တာဝန်ရှိပါတယ်။ ဒေါက်တာသန်းထွန်းဟာ ပညာရှင် စစ်စစ်ဖြစ်လို့ ဘယ်သူတွေက အဓိကတာဝန်ရှိသူ ရယ်လို့ အဆင့်သတ်မှတ်ချက်(Ranking) မလုပ်ပါဘူး။ ကျွန်တော် (Ranking) လုပ်ထားတာရှိပါတယ်။ မှန်ချင်မှမှန်ပါလိမ့်မယ်။ ပုဂံတင် မဟုတ်ပါဘူး မြန်မာနိုင်ငံအနှံ့အပြားက ဘုရား၊ ပုထိုး သာသနိက အဆောက်ဦး၊ ရှေးဟောင်းအဆောက်ဦးအားလုံးပါပါတယ်။၁။ မင်း (အုပ်ချုပ်သူ)၂။ သဘာဝဘေးဒဏ်၃။ ဘုရား ဂေါပက၄။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူ၅။ သိုက်သမား၆။ ရှေးဟောင်းသုတေသနသမား၇။ အလုပ်လုပ်သူ လုပ်သား၁။ မင်း (အုပ်ချုပ်သူ)ကျန်စစ်သားဟာ မွန်ဒေသမှာရှိတဲ့ ဘုရားပုထိုး တချို့ကို ပြင်ဆင်မွမ်းမံပြီးနောက် ရှေးကထက်ပိုကောင်းတယ် လို့ကျောက်စာရေးထားခဲ့တာရှိပါတယ်။ ပုဂံနောင်းပိုင်းက တရုတ်ပြေးမင်း ဟာ ဘုရားပုထိုးတွေကို ဖျက်ပြီး မြို့ရိုးတည်ဆောက်ပါတယ်။ အဲဒီကစ လာလိုက်တာ ကုန်းဘောင် ခေတ်မှာ ပိုဆိုးပါတယ်။ ပုဂံပြည်မှာရှိသမျှဘုရား၊ ဆင်းတု၊ နံရံဆေးရေး ၊ အလှဆင် ကြွေပြား အပါဝင် ရှိရှိသမျှ အကုန်ပြင်ပါတယ်။ ပြင်ပြီးတိုင်းလည်းဘဲ ရှေးကထက်သာလွန်တယ်လို့ပြောပါတယ်။ဘိုးတော်ဘုရားလက်ထက်မှာ ပုဂံအပါဝင် မြန်မာတပြည်လုံးမှာရှိတဲ့ ကျောက်စာတွေကို အမရပူရ ရွှေ့စေတဲ့အခါ အဆိုးဝါးဆုံး အမှားတခုကို ကျုးလွန်လိုက်တာပါဘဲ။မူရင်းဒေသမသိတဲ့ ကျောက်စာတွေပေါ်လာတယ်၊၊ ဆင့်ထိုး၊ စပ်ထိုးကျောက်စာ တွေရေးစေပြီး သမိုင်းမှတ်တမ်းတွေကို လွန်လွန်ကျုးကျုး ဖျက်စီးတယ်။ထီးတင်၊ ထီးပြင် ရင်း ဘုရားဌာပနာတိုက် ဖောက်တာမျိုးကို ကုန်းဘောင်မင်းဆက်တွေကစပြီး လုပ်လာတာကြာနေပါပြီ။၁၉၈၈ နောက်ပိုင်း ပုဂံအဝင်အပါ မြန်မာနိုင်ငံအနှံ့အပြားက ဘုရား၊ ပုထိုး သာသနိက အဆောက်ဦးတွေကို ထိပါးတဲ့အခါမှာတော့ အပြောဆိုတစ်မျိုးပြောင်းလာပါပြီ။ရှေးမူမပျက်၊ရှေးလက်ရာမပျက်လို့ ပြောပါတယ်။ ဒါပေမယ့် အပြောနှင့် အလုပ်မညီပါ။ ပုဂံက ဘုရားပုထိုးတွေကို မပြင်မနေရ စီမံကိန်းနှင့် ပြင်စေတဲ့အခါမှာ ဘာမှနားမလည်နိုင်အောင်ဖြစ်ရပါတယ်။၂၀၀၈ မှာသတင်းတပုဒ်ဖတ်လိုက်ရပါတယ်။ ကျောက်စာတွေကို နေရာထပ်ပြောင်းမယ်တဲ့။ ရှေးဟောင်းဘုရာတွေကို မပြင်ဘဲပစ်ထားပါလို့ဆိုလိုတာမဟုတ်ပါ။မပျောက်ဆုံးအောင် ထိန်းသိမ်း ( Conservation ) တာရယ်၊ ဆက်ပြီး မပြိုမပျက်အောင် ကာကွယ် ( Preservation )တာရယ်၊ မူရင်းပုံစံမပျက် ပြန်တည်ဆောက် ( Restoration) လုပ်ရမှာပါ။ တချို့ကစေတနာ တကယ်ကောင်းတယ်၊ ကြိုးစားတယ်။ ဒါပေသိ ဘုရား၊ ပုထိုး သာသနိက အဆောက်ဦးတွေကို ပြင်ဆင်တဲ့ အခါ ရှေးဟောင်းသုတေသနသမား စစ်စစ်၊ သမိုင်းပညာရှင်စစ်စစ် တွေရဲ့အကြံပေးမှုတွေကို ယူဖို့လိုပါတယ်။ ဒါတင်မကပါ။ ဗိသုကာ ( Architectural) ၊ ကိုယ်ထယ် ( Structural ) အပါဝင် တကယ်ကျွမ်းကျင်တဲ့ သက်ဆိုင်ရာ အင်ဂျင်နီယာတွေရဲ့ တွက်ချက်စီစစ် ကြီးကျပ်မှုတွေ လိုတယ်။ ဒါတွေမပါဘဲ သာမန် ပန်းရံဆရား ၊ ပန်းချီဆရာတွေ နှင့်သာ ပြင်ပြီး ရှေးလက်ရာမပျက်လို့ ပြောတဲ့အခါ စိတ်မကောင်းယုံက လွဲပြီးဘာမှမတတ်နိုင်ပါ။၂။ သဘာဝဘေးဒဏ် သဘာဝဘေးဒဏ်လို့ ပြောတဲ့အခါမှာ မီး၊ ရေ၊ လေ ၊ငလျင် လို့အဆင့်ခွဲလို့ရတယ်။ မီးကြီးလောင်တာမျိုးကတော့ ကျန်စစ်သားလက်ထက်ကတည်းက။ယနေ့အထိ မီးလောင်ရင်ဘာတွေ လုပ်မလဲ( Fire Safety ) ဘယ်လိုပြင်ဆင်ထားရလဲဆိုတာ လုံးဝမရှိပါ။ခေတ်အဆက်ဆက် ရေတိုက်စားလို့ ပါသွားတဲ့ ဘုရား ပုထိုးတွေ ထောင်ချီနေပါပြီ။ ပုဂံပြည်ရဲ့ သုံးပုံ တစ်ပုံ ရေထဲပါသွားပါပြီ။ ရေတိုက်စားမှုဒဏ်ကာကွယ်ဖို့ ယနေ့အထိဘာမှမလုပ်ထားပါ။ ကမ်းပြိုကျတာကို ကိုယ်တိုင် ကြည့်ဖူးပါတယ်။ခေတ်အဆက်ဆက် ရေတိုက်စားလို့ ဘုရားပြိုတော့မယ်ဆိုရင် ရွာသားတွေက ဌာပနာတိုက်ဖောက်ဖို့သာ အားသန်နေကြပါတယ်။ ဘုရားဘေးနားတင် ကပ်နေတဲ့ ကျောက်စာကိုတော့ သတိမရပါ။ခေတ်အဆက်ဆက် ရေထဲပါသွားတဲ့ ဘုရားဆင်းတု၊ ကျောက်စာ အပါဝင် ပစ္စည်းအတော်များများ ဧရာဝတီ မြစ်ထဲမှာ ရှိနေနိုင်ပါတယ်။ ခေတ်မှီနည်းပညာ၊ စစ်ပစ္စည်းတွေနှင့် မြစ်ကြောင်းတလျှောက်လိုက်ရှာရင် တွေ့ရမှာမလွဲပါ။ လေ ၊ငလျင် ကတော့ အများသိတဲ့အတိုင်း ဘာဆိုဘာမှပြင်ဆင်ထားတာမရှိ။ ၃။ ဘုရား ဂေါပကအလုပ် မလုပ်တာမဟုတ်။ မဟုတ်တာကိုသာလုပ်တယ်။ အလှူခံကောင်းလို့ ရတဲ့ဟာကို ဘုရားပြင်၊ စေတီ နှင့် ရုပ်ပွါးတော်ကို ရွှေချ၊ အာရုံခံတန်ဆောင်းအသစ်ဆောက် ၊ စောင်းတန်းအသစ်သွယ်၊ ရင်ပြင်တော်ကို ကျောက်ပြားခင်း။သူတို့ တစ်ချက် လှူပ်လိုက်တိုင်း လက်ရာဟောင်းတွေပျက်စီးရတယ်။ ရှေးဟောင်းသုတေသီတွေက လက်ရာမပျက်ပြင်ပါလို့ ဆိုပေမယ့် နားမထောင်။ သူတို့အမြင် ခိုင်ခိုင် ခန့်ခန့်ရှိအောင်ဆိုပြီး အလှအပတွေနှင့်အစားထိုးတယ်။ နှစ်စဉ်ဘုရား ပွဲတွေကျင်းပဖြစ်အောင် အားစိုက်တယ်။ ပိုဆိုးတာက ဗုဒ္ဓဘာသာစစ်စစ် နှင့်မဆိုင်တဲ့ တချို့ အရုပ် အသစ်တွေကို အခိုင်အခန့်နေရာပေးဆောက်လုပ်လာတယ်။ဘာအလုပ်မှမရှိတဲ့ အခါ ဘုရားနံရံက ရှေးဟောင်းဆေး ပန်းချီတွေကို နေ့စားအလုပ်သမားခေါ်ပြီး " ထုံး ပွတ်" ခိုင်းပါတယ်။ ကျွန်တော် ပုဂံသွားတဲ့ အခေါက်တိုင်း တွေ့ရပါတယ်။သဗ္ဗညု ဘုရား အတွင်းက နံရံကို " ထုံး ပွတ်" တဲ့ အလုပ်သမားတစ်ယောက်နှင့် လူတွေ့မေးမြန်းခဲ့ပါတယ်။ " ဂေါပက" ရဲ့အနက်က စောင့်ရှောက်သူ။ သူတို့စောင့်ရှောက်တဲ့အထဲမှာ ရှေးပန်းချီ၊ ပန်းပု၊ ရုပ်ပွါးတော်၊ အဆောက်ဦးမပါ " သရီရဓာတု" ဓာတ်တော်သာဖြစ်တယ်။ ၄။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူဒေါက်တာသန်းထွန်း ပြုစုတဲ့ စာတမ်းအရ ခေတ်အဆက်ဆက် ရှေးပန်းချီ၊ ပန်းပု၊ ရုပ်ပွါးတော်၊ အဆောက်ဦးတွေကို မွမ်းမံတယ်ဆိုပြီး ပြင်ဆင်ရင်း ဖျက်မိရက်သား ဖြစ်တဲ့အထဲမှာ ရဟန်တွေအများကြီးပါတာတွေ့ရပါတယ်။ဥပမာပြောရရင် ပုဂံခေတ် ဘုရားဆင်းတုတွေဟာ ခါးသိမ်ပါတယ်။ ဒါကို ကုန်းဘောင်းခေတ်ရဟန်းက အမြင်မသာ၊ အမျိုးသမီး ခါးနှင့်တူတယ် ဆိုပြီး အဲဒိခါး နေရာကို ရွှေချ ဒါမှမဟုတ် မံ ပြီးပြင်ပါတယ်။ ပျက်ရော။ဟိုတချိန် နိုင်ငံခြားသား ရှေးဟောင်းသုတေသန အရာရှိတစ်ယောက်ရဲ့ မှတ်ချက် မှာ " ထိုကိုယ်တော် ဆန္ဒရှိသလောက်ပြင်ပြီးရင် ရှေးလက်ရာ တစ်ကွက်မှ ကျန်တော့မှာ မဟုတ်" တဲ့။ဘုရားပြင်တဲ့ ရဟန်းနှင့် လူ လက်ရာတူပါတယ်။နောက်တစ်ခု လူက ဘာသာသွားလဲဆိုတော့ ရေတိုက်စားလို့ ဘုရားပြိုတော့မယ်ဆိုရင် ဌာပနာတိုက်ဖောက်တယ်။ ရေတိုက်မစားဘဲလည်း ဖောက်တယ်။ ဘုရားဝင်းထဲ၊ ဒါမှမဟုတ် စေတီနားကပ်လျက်ရှိနေတဲ့ အလှူရှင်ရဲ့ ကျောက်စာတွေကို လူတချို့က ဘာရေးထားတယ်ဆိုတာသိတယ်။အလှူစာရင်းထဲက အဖိုးတန် ရွှေ၊ ရတနာတွေနှင့် လုပ်ထားတဲ့ ဆင်းတု၊ ပစ္စည်းစာရင်းကို သိပြီး လောဘဇောနှင့် ဖောက်ယူပါတယ်။ ကျောက်စာအဆုံးမှာ ရေးထားတဲ့ "ကျိန်စာ" ကိုမဖတ်ပါ။ ဖတ်လဲ မကြောက်ပါ။ နောက်တစ်ခု ထပ်ပြောချင်တာက ' ပုဂံ' ဟာ အန်ကောဝတ် ကျောင်းတော်လို နှစ်ရာပေါင်းများစွာ လူမနေ၊ လူမသိ ပျောက်နေပြီး ပြန်ပေါ်လာတာမျိုးမဟုတ်။ သမိုင်း အကြိုကာလ ကတည်းက ယနေ့အထိ လူသားမျိုးဆက်ပေါင်းများစွာ နေလာခဲ့တဲ့နေရာပါ။ အဲဒိလူတွေရဲ့ စားဝတ်နေရေးကြောင့်လည်း ပုဂံဟာ ပျက်ရတယ်။ ၅။ သိုက်သမားအမှတ်မထင် တွေ့ရတာက သိုက်သမားတွေဟာ တချို့ ရှေးဟောင်းသုတေသနသမားတွေထက် ပိုကြိုးစားပြီး အလုပ်လုပ်တယ်။ ရှေးဟောင်း မြို့တော်၊ နေရာ၊ ဘုရားတွေ မှာ ရှေးဟောင်းသုတေသနသမားတွေ တူးတိုင်းထင်သလောက် ဘာမှမတွေ့။ရှေ့က သိုက်သမားတွေမလိုချင်လို့ ပစ်ထားတာတွေကို လိုက်ကောက်ရသလိုပါ။ အဲဒိသိုက်သမားတွေထဲမှာ ပညာတတ်တွေလည်းပါတယ်။ တချို့ လူတွေ...... လူတွေ.....ပါတယ်။ သူတို့ရောင်းလိုက်တဲ့ အတွက်ကြောင့် ရှေးပစ္စည်းတွေ မြန်မာနိုင်ငံတွင်းမှာထက် နိုင်ငံရပ်ခြားမှာ ပိုများလာတယ်။ ၆။ ရှေးဟောင်းသုတေသနသမားပုဂံအနုပညာတန်ဖိုး ထိန်းသိမ်းရန် စာတမ်းမှာ ဒေါက်တာသန်းထွန်းပြောထားတာရှိတယ်။ " တချို့ ရှေးဟောင်းသုတေသနသမား (Archaeologist)ဟာ ရှေးပစ္စည်း (အဆောက်အအုံ) ကိုမူလအတိုင်းရှိအောင် (Preservation) လုပ်ဖို့ သူ့မှာတာဝန်ရှိပေမယ့် ဘာကြောင့်ရယ်လို့ မပြောဘဲ အဲဒီတာဝန်ကို လေးလေးနက်နက် မဆောင်ရွက်ရင် ကျွန်တော်တို့မှာ အံ့ဩတာက လွဲလို့ ဘာမျှမလုပ်နိုင်တော့ပါ" တဲ့။ထိန်းသိမ်းရန် အပါဝင်၊ တူးဖော်ရန်ဆို တာလည်းပါပါသေးတယ်။ တူးပြီးတိုင်းလည်း အများသိအောင် အစီရင်ခံစာထုတ်ဖို့လိုပါတယ်။ဦးအောင်သော်ပြီးနောက် လူသိများထင်ရှားတဲ့ တူးဖော်မှုမျိုး နောက်ထပ်လုပ်ရပါမယ်။ အစီရင်ခံစာတင်တဲ့အခါမှာလည်း အရှိကို အရှိ၊ အမှန်ကို အမှန်အတိုင်း ဖြစ်ဖို့လိုပါတယ်။ တူးဖော်တဲ့အခါမှာ ပါဝင်ကြတဲ့ အလုပ်သမားတွေကိုလည်း မပြတ်ကြီးကြပ်ဖို့လိုပါတယ်။သူတို့ပေါ့ဆမှုကြောင့် တူးဖော်ရင်းဖျက်စီးမိရက်သားဖြစ်တတ်တဲ့ သာတကတွေ အများကြီးရှိပါတယ်။အသုံးပြုတဲ့ ပစ္စည်း၊ ဓာတုဗေဒ ပစ္စည်းတွေရဲ့ အချိန်အဆ၊ အတိုင်းအဆ ကိုသေသေချာချာသိထားဖို့လိုပါတယ်။ ယူနစ်စကို ရဲ့လမ်းညွန်မှုကို ယူရပါမယ်။ ယူနစ်စကိုစာရင်းဝင် ကမ္ဘောဒီးယားတို့ ၊ ထိုင်း အယုန္ဒယ တို့ကိုလေ့လာဖို့လိုပါတယ်။ ဟိုအရင် ကိုလိုနီခေတ်တုန်းကလောက် အလုပ်လုပ်ဖို့လိုပါတယ်။ ၇။ အလုပ်လုပ်သူ လုပ်သားသူတို့ပေါ့ဆမှုကြောင့် တူးဖော်ရင်းဖျက်စီးမိရက်သားဖြစ်တတ်တဲ့ သာတကတွေ အများကြီးရှိပါတယ်။ အခြေခံအသိ ပညာပေးဖို့လိုပါတယ်။ ဒီပိုစ်မှာ ရေးထားတဲ့အကြောင်းရာတွေ ပြည့်စုံမှုမရှိသေးပါ။ အမှား၊မှန်ကို တာဝန်ယူပါတယ်။
Posted by shae myanmar at 6/07/2009 1 comments Links to this post
Labels:

ပုဂံလက်သစ် နှင့် ပုဂံလက်သစ်
ဒေါက်တာသန်းထွန်းရေး စာတမ်း ၂ စောင်ရှိပါတယ်။ ပုဂံလက်သစ် နှင့် ပုဂံတန်ဖိုး။အဲဒိစာ တမ်း၂စောင်လုံးဖတ်ပြီးတဲ့နောက် ပုဂံ ဘာကြောင့် ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ နေရာ တစ်နေရာအဖြစ် စာရင်းမဝင်လဲဆိုတာ နားလည်လာတယ်။ တခြားအကြောင်းရာတွေ ရှိချင်ရှိနိုင်ပါသေးတယ်။ပုဂံလက်သစ်၊ဒေါက်တာသန်းထွန်း စာတမ်းမှာ ၂၅ မတ်လ ၁၂၁၂ ကနေစပြီး ၅ ဇူလိုင် ၁၉၇၉ အထိ မွမ်းမံ၊ ခိုးယူခြင်း၊ စစ်ဒဏ်၊ ရေဒဏ်၊ မီးဒဏ်၊ ငလျင်ဒဏ် ခံရလို့ပျက်စီးသွားတဲ့ ပုဂံခေတ် အနုပညာလက်ရာတွေရဲ့ စာရင်းပြုစုထားတာရှိပါတယ်။ပုဂံလက်သစ် စာတမ်းထဲက စာတချို့ကို အောက်မှာဖတ်ကြည့်ပါ။အခု အခါမှာ " ဘုရား ဂေါပက" ဆိုသူတွေဟာ အလှူခံကောင်းတယ်။ အလှူများများရရင် ဘုရားကို အသစ်ဖြစ်အောင် " မွမ်းမံ " မယ်။ မူလလက်ရာမပျက် လုပ်ရကောင်းတယ်လို့ နည်းနည်းမှ ဂရုမစိုက်ပါ။ သူတို့အဖို့ လက်ရာမပျက်လုပ်ဖို့ မလိုပါဘူး။ ရှေးက ခုလောက်ကောင်းအောင် လုပ်တတ်တာမှမဟုတ်ဘဲလို့ ပြောမှာ သေချာတယ်။(ဘုရားတွေကို) ပြင်ဆင်လိုက်တော့ သာသနာ အနှစ်ငါးထောင်တိုင်အောင် ရွှေရောင်တဝင်းဝင်းနဲ့ ကြည်ညိုဖွယ်ရှိလိမ့်မယ်လို့ မင်စာရေးခဲ့ပေမယ့် သိကြတဲ့အတိုင်း ကြာလှအဆုံး လူတစ်သက် အနှစ်နှစ်ဆယ်အစိတ်ပဲခံမှာဖြစ်ပါတယ်။မသိလို့ဖြစ်ဖြစ် သိရဲ့သားနဲ့ဖြစ်ဖြစ် ပုဂံကျောင်းဘုရား ဆင်းတု နံရံဆေးရေးပန်းချီတွေ ကိုဖျက်ဆီးခဲ့ကြသူ ရာထောင်မက ရှိခဲ့ပြီးပါပြီ။ သူတို့ဖျက်လို့ပျက်ရတဲ့ ပစ္စည်းဟာ ဘယ်လောက်အဖိုးတန်တယ်လို့ သူတို့ ဂရုမစိုက်ပါ။ အများစုက အဟောင်းကိုဖယ်ပြီး အသစ်နဲ့လဲတာဟာ ဘုရား ကြည်ညိုသပ္ပာယ်စရာပိုဖြစ်ထည်းလို့ ယုံကြည်ပြီး ဒီလိုလုပ်တာကို " ရဟန်းရှင်လူအများ သိပ်ပြီးဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဓနာ ပြုကြပါတယ်။ သူတို့အဖို့ သာသနာ ငါးထောင်အဓွန့်ရှည်အောင်ပါဝင်ကူညီဆောင်ရွက်ခွင့်ရလို့ ကုသိုလ်အများကြီးဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။မည်သူ့ကိုမျှ အပြစ်တင်ရန်မရှိပါ။ ကျွန်တော်တို့တာဝန်မှာ အလုပ်ကြိုးစားကာ မပျောက်ဆုံးအောင် ထိန်းသိမ်း( Conservation ) တာရယ်၊ ဆက်ပြီး မပြိုမပျက်အောင် ကာကွယ် ( Preservation )တာရယ်၊ မူရင်းပုံစံမပျက် ပြန်တည်ဆောက် ( Restoration) တာရယ် ရှေးပုဂံအတွက် ဒီသုံးခုကို ဖြစ်အောင် ဆောင်ရွက်ကြဖို့ပဲ ရှိပါတယ်။Ref: ဒေါက်တာသန်ထွန်း စုစည်းတည်းဖြတ်၊ လူထုဒေါ်အမာ ၈၀ ပြည့် မွေးနေ့၊ လူထုစာအုပ်တိုက် ၁၉၉၆၊ နိုဝင်ဘာ။
Posted by shae myanmar at 6/07/2009 1 comments Links to this post
Labels:
5/23/09

ယူနစ်စကို နှင့် ပုဂံ
ယူနစ်စကို ကြီးမှူးပြီး ပြုစုတဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေနှစ် စာရင်းမှာ မြန်မာနိုင်ငံက ပုဂံ ပါသင့်သလားလို့ မြန်မာ တစ်ယောက်ကို ခေါ်ပြီးမေးကြည့် ရင် ဘယ်သူမဆို ဖြေမည့်အဖြေကို လူတိုင်း သိနေပါတယ် ။ဒါပေမယ့် စာရင်းမှာပါမလာဘူး။ http://whc.unesco.org/en/list မှာ သွားကြည့်လို့ရတယ်။ခုထိတော့ မြန်မာ ဒါမှမဟုတ် ဘားမား က တစ်ခုမှစာရင်း မဝင်သေးပါ။ ဟိုတလောကတော့ ဘိတ်ကျွန်းစု ကိုပမာဏစာရင်း တင်တယ်လို့သိရတယ်။ ဒါပေမယ့်ယဉ်ကျေးမှု အတွက်မဟုတ်ဘဲ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စာရင်းအဖြစ်ပါ။ ကမ္ဘာ့ ရှေးဟောင်းအမွေနှစ် စာရင်းဝင် ဗုဒ္ဓဘာသာ ဆိုင်ရာ သာသနိက အဆောက်ဦး၊ အဆောက်အုံ တွေရှိတဲ့ နိုင်ငံတွေဟာ အခုတော့ ဗုဒ္ဓဘာသာဝင်တွေ မရှိသလောက်ဖြစ်နေပါပြီ။ ယူနစ်စကို ကြီးမှူးပြီး ပြုစုတဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေနှစ် စာရင်းထဲမှာ ပါတဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ သာသနိက အဆောက်ဦး၊ အဆောက်အုံ တွေကို တစ်ခုချင်းဆီ ဖော်ပြသွားပါမယ်။ ပထမ ဆုံးအနေနှင့် ဘင်္ဂလားဒေ့စ် နိုင်ငံ က မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်ကြီး " ဆွန်မပူရ မဟာဝိဟာယ" ၇ ရာစုနှစ် ဆိုရင် မြန်မာ အများစု သိလိမ့်မယ်လို့မထင်ပါ။ ဒီကျောင်းတော်ကြီးဟာ မြန်မာတွေရဲ့ " ပုဂံ " ထက် စောပါတယ်။ ကမ္ဘောဒီးယား " ခမာ " တွေရဲ့ " အန်ကောဝတ် " ကျောင်းတော်ကြီးထက်လည်း စောပါတယ်။ဆွန်မပူရ မဟာဝိဟာယ ကျောင်းတော်ကြီးရဲ့ အရှိန်ဝါ ဂုဏ်သီတင်း ကျော်စောမှုဟာ ၁၂ ရာစုအထိ ရှည်ကြာခဲ့ပါတယ်။ တည်ဆောက်မှုလက်ရာ ၊ အနုစိတ် အတွင်း၊ အပြင် အလှဆင်ထားတဲ့ လက်မှုပညာလက်ရာ ၊ ဗိသုကာ လက်ရာတွေဟာ သိပ်အဆင့်တန်းမြင့်ပါတယ်။ " ဆွန်မပူရ မဟာဝိဟာရ" ကျောင်းတော်ကြီးဟာ အေဒီ ( ၇၈၁-၈၂၁ ) မှာ အုပ်စိုးခဲ့တဲ့ ဒုတိယမြောက် " ပါလ " မင်းဆက် " ဓမ္မပါလမင်း "ကောင်းမှုပါ။ ဓမ္မပါလမင်းကြီးလို့ဆိုရင် မြန်မာတွေ ကြားဖူးကြပါလိမ့်မယ်။ဖခင်ဖြစ်သူ ပါလမင်းဆက်ကို စတင်တည်ထောင်ခဲ့တဲ့ " ဂိုးလ်ပါလ" ကိုဆက်ခံသူ ဖြစ်တယ်။ ဓမ္မပါလမင်း ရဲ့ အရိုက်ရာကိုတော့ သာဖြစ်သူ " ဒေဝပါလ" မင်းကဆက်ခံခဲ့ပါတယ်။ပါလမင်းဆက်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး သာသနာကို သိပ်ချီးမြောက်ပါတယ်။ တိုက်ခိုက် အောင်မြင်ရာနေရာ ၊ အားဏာစက် ရောက်ရာဒေသတွေမှာ စေတီ ဘုရား ဆောက်လုပ်လှူဒါန်းလေ့ရှိပါတယ်။ " သီရိ ဆွန်မပူရ သီရိ ဓမ္မပါလဒေဝ မဟာဝိဟာရိယာရ ဘိတ်ခူ သင်္ခါယ " ဘွဲ့အမည် ရေးထိုးထားတဲ့ ရွံ့စေးမြေ အမှတ် တံဆိပ် တူးဖော်ရရှိထားလို့ ဓမ္မပါလမင်း ကောင်းမှုလို့ဆိုပါတယ်။ " ဆွန်မပူရ မဟာဝိဟာရ " ဟာ သက္ကတ ဘာသာစကားဖြစ်ပြီး မြန်မာလိုပြန်ရင် " အတုမရှိ မဟာကျောင်းတော်ကြီး "ဖြစ်တယ်။ ဒီ " ဆွန်မပူရ မဟာဝိဟာရ "အကြောင်းကို နောက်ပိုင်းမှာ အကျယ် ရေးချင်ပါတယ်။အခွင့်ကြုံတုန်း ပြောချင်တာက.......မြန်မာ သမိုင်းလေ့လာသူတွေဟာ ပုဂံ ၊ အနိရုဒ္ဓ ( အနော်ရထာ ) မတိုင်ခင် မြန်မာ့သမိုင်း ကို လေ့လာတဲ့အခါမှာ ဖန်တရာတေ ဖြစ်နေတဲ့ " တရုတ်" ကျမ်း၊ မန်ချူး ကျမ်းတွေ ကိုသာခေတ်ပြိုင် မှတ်တမ်းအဖြစ် အားကိုးတကြီး လေ့လာလေ့ရှိပါတယ်။ တကယ်တော့ အဲဒီ တရုတ် ကျမ်းတွေဟာ စကားလုံး အဓိပ္ပါယ် အယူအဆ ၊ အစစ်အပေါက် အကျ များမှာ သေခြာပါတယ်။ ရှေးဟောင်း တရုတ်စာပေ အရေးအသားဟာ သမိုင်းတင် ခေတ်မှာ ရေးတဲ့အရေးသားနှင့် မတူပါ။ နောက်ပြီး ဘာသာပြန်သူ ၊ တည်းဖြတ်သူသိပ်များတယ်။ မြန်မာ နိုင်ငံက ဘိုးတော်ဘုရား ( ၁၇၈၁-၁၈၁၉ ) လက်ထက် မှာ ရေးထိုးခဲ့တဲ့ ဆင့်ထိုး ၊ စပ်ထိုး ကျောက်စာတွေလိုဘဲ မမှန်တာတွေပါတတ်တယ်ဆိုတာ သတိထားသင့်ပါတယ်။ အိန္ဒိယ ၊ ဘင်္ဂလား ၊ နိပေါ ၊ ရခိုင် ဘက်က နာဂရီ ၊ သက္ကတ ၊ ဂုပ္ပတ နှင့် ပါဠိဘာသာ ရေးထိုးထားတဲ့ ခေတ်ပြိုင် ကျောက်စာတွေ ဟာပိုပြီးတိကျ ခိုင်မာမှုရှိလို့ လေ့လာရန်သင့်ပါကြောင်း။။။။။။ဒီဓာတ်ပုံကို မန်ချက်စတာ ( Manchester )မြို့အနီး ရိုရ်ဒေး(Rochdale) မှာနေထိုင်တဲ့ ဓာတ်ပုံ ပညာရှင် တစ်ဦးမှကျေးဇူးပြုသည်။မူရင်း နေရာ http://www.flickr.com/photos/longsidepies/2299715949/
Posted by shae myanmar at 5/23/2009 2 comments Links to this post
Labels:
5/21/09

ဈေးကွက်ဝင် သမိုင်း
မြန်မာ့လက်မှု အနုပညာ လက်ရာ ပစ္စည်းနှင့် သမိုင်းသုတေသနဆိုင်ရာ ရှေးဟောင်း ပစ္စည်းတွေ အကြောင်းကို မြန်မာလိုရေးရတဲ့ အကြောင်းကတော့ မြန်မာတွေ တန်ဖိုးထားနားလည်စေချင်လို့ပါ။ဘိုလို ရေးပြီးစာအုပ်ထုတ်ရင် မြန်မြန်နာမည်ကြီးနိုင်ပါတယ်။ လူသိပိုများနိုင်တယ်။ဒါပေမယ့် ကျွန်တော့ ရည်ရွယ်ချက်ကမြန်မာတွေ အတွက်ပိုရည်ရွယ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာတွေဟာ သမိုင်းသုတေသနဆိုင်ရာ ရှေးဟောင်း ပစ္စည်းတွေကို တန်ဖိုးထားရမှန်း မသိတာကများတယ်။နောက်ပြီး ဒီလို သမိုင်းသုတေသနဆိုင်ရာ ရှေးဟောင်း ပစ္စည်းတွေရဲ့ တန်ဖိုးကို သေသေချာချာသိတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ မြန်မာအရေတွက်ထက် ပိုများမလားဘဲ။ခုခေတ် မြန်မာလူငယ် တော်တော်များဟာ သမိုင်း ကိုစိတ်ဝင်စားတာ နည်းပါတယ်။သမိုင်း ဟာ ပျင်းရိငြီးငွေ့ဖွယ်ရာ ဘာသာရပ်အဖြစ် ယူဆထားကြပါတယ်။ခုခေတ် ကလေးငယ်တွေဟာ ကျန်စစ်သား ( ထီးလှိုင်မင်း ) အကြောင်းကို မသိပေမယ့် ကျန်ကျောင်း ကိုတော့သိတယ်လို့ ဘလော့တစ်ခုမှာ ဖတ်ဖူးပါတယ်။ ဘာကြောင့်ပါလဲ။ကလေးမှာ အပြစ်မရှိပါ။ အဲဒိကလေးရဲ့ ပတ်ဝန်းကျင် က မိဘ၊ ညီအစ်ကို မောင်နှမတွေကရော ကျန်စစ်သားကို သိသလားဆိုရင် သိတော့သိတယ်။ ပုဂံ မင်းတစ်ပါးပေါ့။ဒါပေမယ့် အသေခြာရှင်းပြပါဆိုရင် ပုံပြင်လိုလို ဘာလိုလို တွေ့ကရာ လျှောက်ပြောမယ်။ဒါဟာ မြန်မာ မိသားစု၊ မြန်မာအသိုင်းဝိုင်းက သိထားတဲ့ မြန်မာ့သမိုင်းပါ။ဒါဖြင့် စာရေးဆရာ တွေကရော။သမိုင်း ဆိုတဲ့ စကားလုံးကို သုံးပြီး ပုံပြင်ဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန် ရေးမယ်။ပုံကောင်းကောင်း စာရွက်ကောင်းကောင်းသုံးမယ်။စာအုပ်ထဲမှာ ရေးထားတာကိုဖတ်ကြည့်ပါတယ်။ ပုဂံ ၈-၉ ရာစု လောက်က တကယ်ရှိမရှိ မသေချာတဲ့ မင်းတစ်ပါး ဟာ ၁၃ ရာစုမှာမှ ဆောက်လုပ်ပြီးစီးတဲ့ မြို့တံခါးဝမှာ နောင်တော်ဖြစ်သူ ဘုရင်ကို ယှဉ်ပြိုင်ထိုးသတ်ဖို့ စိန်ခေါ်တယ်။ နိုင်တယ်။ အုပ်ချုပ်မင်းလုပ်တယ်။ တိုင်းပြည်သာယာတယ်။ဒါမျိုးရေးထားရင် စာဖတ်သူတွေက သိပ်သဘောကျပါတယ်။ သမိုင်းစာအုပ် ဆိုပြီး ခုတုံးလုပ်တယ်။ သမိုင်းတန်ဖိုးကျတော့ မရှိပါ။ ဒီလိုစာအုပ်မျိုးကို မြန်မာနိုင်ငံကျော် စာရေးဆရာမကြီး တစ်ဦးကလည်းရေးပါတယ်။အဲဒီစာအုပ်ဟာလည်းသိပ်ရောင်းကောင်းပါတယ်။
ကျွန်တော်မှတ်ချက်တစ်ခုပေးမိပါတယ်။ဪ မြန်မာတွေဟာ သမိုင်းစစ်စစ် ဆိုတာထက် စိတ်ကူးယဉ်ဆန်ဆန်ပုံပြင်ဆန်ဆန် တွေကိုသိပ်သဘောကျ နှစ်ခြိုက်ပါလားလို့။သမိုင်းကို ပုံပြင်လုပ်မယ်။ ပုံပြင်ကို သမိုင်းလုပ်မယ်။
Posted by shae myanmar at 5/21/2009 4 comments Links to this post
Labels:

သမိုင်းစကား၊ ပန်းစကား
မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ( ၁၈၆၅ နိုဝင်ဘာ ) ဒင်္ဂါးစက်ပြီး။မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ပြည့်ကျော် ၉ ရက်( ၁၈၆၅ နိုဝင်ဘာ ၁၁ ရက်နေ့ ) ဒေါင်းဒင်္ဂါး စသွင်းလုပ်။( ဒေါက်တာသန်းထွန်း၊ နယ်လှည့်ရာဇဝင် ဒုတိယ အတွဲ ၊ မန္တလေး ရက်စဉ်သမိုင်း ၊ စာမျက်နှာ ၂၁၂ )သမိုင်းဆရာ တော်တော်များများကဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက် မှာဘဲသွင်းလုပ်တယ် လို့ဆိုပါတယ်။ဘိုးတော်မင်း လက်ထက် ကစပြီး ပုဂံမင်း အထိ ဒင်္ဂါး သွင်းလုပ် အသုံးပြုခဲ့ပါသေးတယ်။ အမှတ်တံဆိပ်ပါ မပါကို ဘယ်သမိုင်းဆရာက မှ ထုတ်ဖော် ထောက်ပြတာ မတွေ့ရပါ။ဒီ ဒင်္ဂါးကို ကြည့်ပါ ၁၂၁၄ ခုနှစ်ရက် စွဲပါ ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) လို့တွေ့ရပါမယ်။
သမိုင်းဆရာ တော်တော်များများကပြောပြောနေတတ်တဲ့ ဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက်မှာဘဲ သွင်းလုပ်တယ် ဆိုတဲ့ အရေးသားတွေ သတိထားသင့်ပါပြီ။ကုန်းဘောင်ခေတ်သုံး မြန်မာ ဒင်္ဂါး တွေကို ထိုင်းနိုင်းငံ ဘန်ကောက်ပြတိုက်မှာ ပြထားပါတယ်။ ကိုယ်တိုင်မရောက်ဖူးသေးလို့ မမြင်ဖူးသေးပါ။========================================================================== သမိုင်းစကား၊ ပန်းစကား ခေါင်းစဉ်ဟာ ဆရာကြီး မြသန်းတင့် ရဲ့ ဆောင်းပါးခေါင်းစဉ်ပါ။ ကြိုက်လွန်းလို့ ယူသုံးပါတယ်။ဆရာကြီး မြသန်းတင့် ရဲ့ သမိုင်းစကား၊ ပန်းစကား ဟာ ဖတ်လို့သိပ်ကောင်းသလို သမိုင်းအပေါ် တစ်ဘက်သတ်အမြင်တွေ ဖယ်ရှားဖို့ရာ ရှူထောင့်မျိုးစုံက ထောက်ပြဝေဖန်ပေးထားတယ်။" တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ " မှာ စုဖုရာလတ်ဟာ ထင်သလောက်မဆိုးပါ။ဆယ်ကျော်သက် အရွယ် မိန်းကလေးတစ်ယောက်မှာ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ စိတ်သဘောထားလို့သာ ထောက်ပြပါတယ်။သူ့ကြောင့် မြန်မာဘုရင့်ထီးနန်း ပျက်သယောင် ရေးတတ်တဲ့ ပြည်တွင်း၊ ပြည်ပ သမိုင်းဆရာတွေ ရဲ့အမြင်၊ စာဖတ်သူတွေရဲ့အမြင် တွေကို စဉ်းစားမှုပေးစေနိုင်ခဲ့ပါတယ်။ဘယ်သူ့ကြောင့်မှ မဟုတ်ပါ ကိုလိုနီ စနစ်ကြောင့်သာ အင်္ဂလိပ် လက်အောက်ရောက် ရတာပါ။ဆရာကြီး မြသန်းတင့် ရဲ့ " သမိုင်းစကား၊ ပန်းစကား" ဟာဖတ်လို့ သိပ်ကောင်းပေမယ့်၊ ကျွန်တော့် သမိုင်းစကား၊ ပန်းစကား ဟာ ဖတ်မကောင်းနိုင်ပါ။- ဒင်္ဂါးစက်ရုံ ဓာတ်ပုံကို မြန်မာတိုင်း(မ်) အတွဲ ၂၁ ၊ အမှတ် ၄၁၄ ( ၁၅-၁၂၊ ၅၊ ၂၀၀၉ ) မှကူယူဖော်ပြသည်။- ဒေါင်းဒင်္ဂါး ပုံကို ရှေးပစ္စည်း စုဆောင်းသူတစ်ဦးမှ ကျေးဇူးပြုသည်။
Posted by shae myanmar at 5/21/2009 4 comments Links to this post
Labels:
5/17/09

မန္တလေး အနှစ် ၁၅၀
ရွှေမန်းဆီသို့ တစ်ခါ တစ်ခေါက်ဖြင့် ရောက်စေချင်သည် ............
ဒီသီချင်းကို ကျွန်တော့ အမေ အိမ်မှာနေရင်း အမြဲလို ဆိုညည်းတတ်နေတတ်လေ့ရှိလို့ မန္ထလေးကို ကျွန်တော်ငယ်ငယ် ကတည်းက ပုံဖော်ကြည့်ဖူးပါတယ်။ တကယ်တော့ကျွန်တော့အမေ ဟာ သူဆိုဆိုနေတတ်တဲ့ အဲဒိသီချင်းထဲက မန္ထလေးကို နောင် နှစ်အတော်ကြာမှ ရောက်ဖူးခဲ့တာပါ။ အမေပြန်ပြောပြတဲ့ မန္ထလေး ဟာ သီချင်းထဲက မန္ထလေးနှင့် တူနေခဲ့ပါတယ်။နောင် နှစ်အတော်ကြာမှ ကျွန်တော်လဲ မန္ထလေး ကို ရောက်ဖူးခဲ့တာပါ။ အဲဒီအချိန်မှာတော့ အမေ့သီချင်း ၊ အမေအားပါးတရ ပြောပြခဲ့တဲ့ မန္ထလေး နှင့် မတူတော့ပါ။
မန္ထလေး ရောက်တိုင်း ဂေါဝိန်ဆိပ်၊ တောင်သမန်အင်း နှင့် မင်းကွန်းဘက်ကို အရောက်သွားလေ့ရှိပါတယ်။ မေရော ကျွန်တော်ပါ မန္ထလေးဇာတိ မဟုတ်ပါဘဲ မန္ထလေးကို ချစ်တဲ့သူတွေဖြစ်နေခဲ့တာပါ။
ဒီလိုနှင့် မန္ထလေး နှစ် ၁၅၀ ပြည့်ရောက်လာ တဲ့ မန္ထလေး အကြောင်း စာရေးဆရာတွေ ရေးတာကို ပြန် ဖော်ပြချင်ပါတယ်။
မန္ထလေး သမိုင်းကို ရသဆန်ဆန်ဖတ်ချင်တယ်ဆိုရင်ဖြင့် ဆရာ မြသန်းတင့်ရေး
" တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ " ဆောင်းပါပေါင်းချူပ်ကို ဖတ်စေချင်ပါတယ်။ သမိုင်းဆန်ဆန် ၊ စာတမ်းဆန်ဆန် ဖတ်ချင်ရင်တော့ ဆရာ ဒေါက်တာသန်းထွန်းရေး
" နယ်လှည့်ရာဇဝင်" ပေါင်းချူပ်ကို သာဖတ်ပေတော့။ ဆရာမြသန်းတင့်ရဲ့ " တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ " စာအုပ်အဖွင့်မှာ ရေးထားတာက
" မန္ထလေး ဟာ ဂရိ ဒဏ္ဍာရီထဲမှာပါတဲ့ ဖီးနစ် ငှက်နဲ့တူတယ်။ ဖီးနစ်ငှက်ဟာ ပြာပုံထဲက ပြန်လည်လန်းဆန်းနုပျိုလာသလို မန္ထလေးဟာလည်း ပြာပုံထဲက ရုန်းထပြီး နုပျိုလန်းဆန်းလာတာချည်းပဲ "
ကျွန်တော်သည် မန္တလေးတွင် မွေး၍ မန္တလေးတွင် ကြီးပြင်းလာသူတစ်ယောက် မဟုတ်သည့်တိုင် မန္တလေးကို သဘောကျပါသည်။အရှေ့ဘက်တွင် မှိုင်းပြာနေသော ရှမ်းရိုးမ တောင်တန်ကြီး ၊ အနောက်ဘက်တွင် ဝိုက်ခွေစီးဆင်းနေသည့် ဧရာဝတီမြစ်ကြီးနှင့် တကွ စေတီပုထိုး တို့ ဖွေးဖွေးဖြူလျက်ရှိသော စစ်ကိုင်းတောင်ရိုး၊ မြောက်ဘက်တွင် မန္တလေးတောင် နှင့် ရန်ကင်းတောင် စသည် ဆွတ်ပျံ့ဖွယ် ပတ်ဝန်းကျင် ကြောင့်လည်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။မြို့ရိုး ၊ ကျုံးမြောင်း ၊ ပြသာဒ် စသည့် အတိတ်က ခမ်းနားမှုကို လွမ်းဆွတ်နေသောကြောင့် ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့ ဆက်လက်ရှင်သန်ဆဲ ရှိရာ မြန်မာ့ဇာတိသဘောကြောင့် ဖြစ်ချင်လည်းဖြစ်ပါလိမ့်မည်။ မန္တလေး၏ ကိုယ်ပိုင်မူဖြစ်သော ဖော်ရွေပျူငှါမှုကြောင့် လည်းဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ဒီလို ဆရာ မြသန်းတင့် ရေးထားတာ ကျွန်တော့ စိတ်သဘောထားနှင့် တစ်ထပ်တည်းကျပါတယ်။ ===
မြန်မာတေးသီချင်း ကဗျာလောကမှာ မန္တလေးမြို့ဘွဲ့ သီချင်းကိုတော့ဖြင့် ဘယ်မြို့ဘွဲ့သီချင်းကမှလိုက်မမှီနိုင်လောက်အောင် များပါတယ်။ နန်းတော်ရှေ့ဆရာတင် ရေးဖွဲ့ခဲ့သလို ၊ IC အငဲ ကလည်း ရေးခဲ့ပါတယ်။မြို့မငြိမ်း ကရေးဖွဲ့သလို စိုင်းဆိုင်မောလ် လည်းရေးခဲ့တယ်။ တခြား တေးရေး၊ တေးဆိုတွေ လည်းအများကြီး ရှိပါသေးတယ်။ ဒါဟာ မြန်မာတေးသီချင်း ကဗျာလောကမှာ မန္တလေးမြို့ရဲ့ လွှမ်းမှိုးမှုပါဘဲ။ ဒါဖြင့် နိုင်ငံ ခြားသားတွေဟာရော......မြန်မာပြည်ကို လာပြီးကာမှ မန္တလေးမြို့ ကို မရောက်ဘူးဆိုရင် လာရကျိုးမနပ်ဘူးလို့ ပြောစမှတ်ရှိလေရဲ့။ တင်နီဆင် ဂျက်ဆီ ရဲ့ သိပ်နာမည်ကြီးခဲ့တဲ့ ဝတ္ထူ " ယွန်း ခင်ခင် " ရုဒ်ယာ့ဒ်ကစ်ပလင်းက " မန္တလေးသို့ သွားရာလမ်း "ဂျွန်မာစတားက " မန္တလေးကိုဖြတ်သွား ရာလမ်း "အမည်မသိ အင်္ဂလိပ် သီချင်းရေးဆရာ " မန္တလေးမြို့၏ နှင်းဆီဝါ "ဒါကြောင့် မန္တလေးမြို့ဟာ သမိုင်း ၊ စာ ၊ ကဗျာ ၊ ဝတ္ထူ ၊ ဂီတ တွေရဲ့ မြစ်ဖျားခံရာဆိုရင် မလွန်ဘူးထင်ပါရဲ့ဗျာ။
တင်နီဆင် ဂျက်ဆီ ရဲ့ " ယွန်း ခင်ခင် " ဟာ သူ့သူငယ်ချင်း ကို မန္တလေးတောင် ခေါ်သွားပြီး မန္တလေးမြို့ရဲ့ အလှကို ပြရင်း ဒီလို ပြောခဲ့ပါတယ်.......
" ကြည့်စမ်းပါဦး ဖဲင်နီရယ် ၊ ဘယ်လောက်လှသလဲ။ မိစ္ဆာနတ်ဆိုးက အဘဘုရားသခင် ကို တောင်ထိပ်ခေါ်သွား လောကတစ်ခွင်မှာရှိတဲ့ ဘုံဗိမာန်တွေကို ပြတယ်ဆိုတာ ဒီလိုနေမှာ ပဲနော် "