Monday, August 17, 2009

>နိုင်ငံရေးပရောဒတ် နဲ့ ဒိုင်နစတီ

ဒီကနေ့ မြန်မာ့နိုင်ငံရေးအခြေအနေဟာ 2010 ရွေးကောက်ပွဲ ကို ဖြတ်ကိုဖြတ်ရလိမ့် မယ်လို့ ကျွန်တော်မြင်တယ် ။
ဒါဟာ ကျွန်တော့်အမြင်ဖြစ်ပါတယ် ။ မှန်ချင်လဲမှန်ပေမပေါ့ ။ မှားချင်လဲ မမှန်ဘူးပေါ့ ။
နိုင်ငံရေးဆိုတာကလဲ အခက်သားကလား ။ အီကွေး ရှင်းဖြေရှင်းသလို အိတ်ခ် တန် ဘိုး ပေး ၀ိုင်ကိုရှာ ၊ ၀ိုင်ကိုပေး
အိတ်ခ် ကို ရှာရသလို ။ 2 ဒိုင်မင်းရှင်း မှာ မသိကိန်းတစ်လုံး ရှာရ တာမျိုး မဟုတ်ပေကဘူး ။


4 ဒိုင်မက်ရှင်း ( အချိန်ပါ ပါနေလို့ 4 ဖြစ်ရရှာတာ ) မှာ မှ မသိကိန်း ( 4 ) လုံး ။ တစ်လုံးမှ ပေးမထားဘဲ
( 4 )လုံး ကို တွက်ချက် အဖြေရှာရတာကလား ။ ဒီတော့ အငြင်းပွားလို့က မကောင်းဘူး ။ အဖြေမထွက်မချင်း
ကိုယ့်ဘက်က အမှန်ချည်းဘဲပေါ့ဗျာ ။
အဲဒီတော့ သူမှန်တယ် ငါမှားတယ် အသာထားလိုက်ရပါတော့တယ် ။ စတုတ်ထ ဒိုင်မင်းရှင်း က
အဆုံးအဖြတ်ပေးသွားပေမပေါ့ ။ အဲအဲ ပေကတ်ကတ် လုပ်နေမယ်ဆိုရင်တော့ အ လောင်း အစားလုပ်လို့
ရပါတယ်ခင်ဗျ ။ စီစီအေနဲ့ မယဉ်ပါးတဲ့ ကျုပ်တို့လူ့အဖွဲ့ အစည်းအတွက် နောက်ဆုံး နည်းပါဘဲ ။
ထားပါတော့ ။ ပရောဒတ်ဆိုတဲ့ ထုတ်ကုန်အကြောင်းဘက်လှည့်ကြစို့ ။ ဘယ် အရာမဆို ထုတ်လုပ်မှုဆိုတာရှိကြစမြဲပေါ့ ။
နိုင်ငံရေးမှာလဲ နိုင်ငံရေးထုတ်ကုန် ဆိုတာရှိပါတယ် ။
နိုင်ငံရေးထုတ်ကုန်ဆိုတာ ပြည်သူအတွက် အကျိုးပြုမဲ့မူဝါဒတွေ ချမှတ်ပေးတာ။ ပြည်သူကိုတစ်ခုခုပြောနေတာ။
မက်ဆေ့ခ်ျပေးနေတာ တွေပေါ့ ။ အဲဒီလို တစ်နည်းနည်းနဲ့ နိုင်ငံရေးကုန်ထုတ်လုပ်မှုတွေ လုပ်ကြရတယ် ။
အေးဗျာ အဲဒီလို တစ်နည်းနည်းနဲ့ ပရောဒတ်ထွက်နေတဲ့ နိုင်ငံရေးသမားတွေ မှန်တာ မှားတာ အသာထားပေါ့ ။
ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလုပ်ပြီး ဘာပရောဒတ်မှ မထွက်တဲ့ နိုင်ငံရေး သမားတွေလဲ ရှိနေကြတယ် ။

ဒီနေရာမှာ ဒိုင်နစတီအကြောင်းနဲနဲပြောမယ် ။
ဒိုင်နစတီတွေကို တစ်ချို့က တစ်မျိုးဘဲသိတယ် ။
ကျွန်တော်က ဒီလို အမျိုးအစားတွေ တင်စားချင်တယ် ...............................

(1) ဆွေစဉ်မျိုးဆက် ဒိုင်နစတီ ( ဒါကတော့ လူတိုင်းသိတဲ့အမျိုး )
(2) အေ့ခ်ျ ဒိုင်နစတီ ( ဒါကတော့ ငါတို့ ကဘယ်ခေတ်ကပါလာတာဆိုတဲ့ခေတ် မျိုးရိုး ဇယား )
(3) ဂျင်နရေးရှင်းဒိုင်နစတီ( ဒါကတော့ ဘာမျိုးဆက်ညာမျိုးဆက်ဆိုပြီး ) ဆန့်ဆန့်ကြီး

ဒီနေရာမှာ ဘယ်လိုလူဘဲ ဖြစ်ဖြစ် ။ ဘယ်လို နိုင်ငံရေးသမားဘဲဖြစ်ဖြစ်ပေါ့ဗျာ ။ ဘယ်လိုဒိုင်နစတီဘဲဖြစ်ဖြစ် ။လူသစ်တန်းဘဲဖြစ်ဖြစ် ပေါ့ ။ နိုင်ငံရေးပရောဒါတ် ထွက်မထွက်က ပိုအရေးကြီးတယ်ထင်တယ်ဗျာ ။
အဲဒီတော့ နိုင်ငံရေးသမားတွေကို ကျွန်တော် ( ဖွဲ့စည်းတည် ဆောက်ပုံအရ ) နှစ်ခြမ်း ခွဲမယ်
ပရောဒတ်ထွက်တဲ့ နိုင်ငံရေးသမား နဲ့ ပရောဒတ်မထွက်တဲ့ နိုင်ငံရေးသမား ဆိုပီးတော့ပေါ့ ။
ကိုင်းမိတ်ဆွေတို့(အနက်အဓိတ်ပါယ်အရ ) ပေါ့သည်လေးသည် မှန်သည်မှားသည် အသာထားကြစို့
(ဖွဲ့စည်းတည်ဆောက်ပုံအရ)ပရောဒတ်ထွက် တဲ့သူနဲ့ မထွက်သူ ဘယ်အခြမ်း နေကြမှာလဲ ။

လေးစားစွာဖြင့်__

နေမျိုးဝေ
http://www.naymyowai.co.cc/