Sunday, July 26, 2009

တရုတ်အမေရိကန် ဆက်ဆံရေး ၂၅ နှစ်ခရီး

သုံးထပ်ကွမ်းသစ္စာဖောက်လို့ဆိုပါလား







၁၇.၀၃.၂၀၀၉ နေ့စွဲနဲ့ (၃) ထပ်ကွမ်းသစ္စာဖောက်များသို့ ဗ.က.ပ (ဗဟို) ရဲ့ အိတ်ဖွင့်ပေးစာဆိုတာကို ဒေါက်တာလွဏ်းဆွေရဲ့
ဘလော့မှာ ဖတ်လိုက်ရပါတယ်။စိတ်ဝင်စားလို့တော့ မဟုတ်ပါ။သတင်းတွေ၊ဆောင်းပါးတွေ ဖတ်လေ့ရှိလို့ ဖတ်ရင်းနှင့် တွေ့
လိုက်လို့ပါ။ အိတ်ဖွင့်ပေးစာဆိုတော့လည်း အများဖတ်စေချင်လို့ရေးတာပဲလေ ဆိုပြီးဖတ်မိပါတယ်။
ခက်ထန်ရင့်သီးတဲ့ စကားလုံးတွေကို ရှာဖွေပြီး ကိုယ်နှင့်အယူအဆမတူသူတွေကို တိုက်ခိုက်ပုတ်ခတ်ပြောဆို ရေးသားတဲ့နေရာ မှာဗ.က.ပ သည် စံတင်လောက်ပေသည်လို့ ရှေးလူကြီးပြောစကားများကို ကြားခဲ့ဖူးပါတယ်။ အခုလည်း တွေ့နေရပြန်ပါပြီ “သုံး ထပ်ကွမ်း သစ္စဖောက် တဲ့”သုံးထပ်ကွမ်းသစ္စာဖောက်ကလည်း အသက်ရှစ်ဆယ် ကျော်တွေတဲ့။ ဗ.က.ပ ကို သစ္စာဖောက် မယ်၊ မ.ဆ.လကို သစ္စာဖောက်မယ်၊ နောက် NLD ကို သစ္စဖောက်မယ် ဆိုတော့ ဗ.က.ပဟောင်း အဘိုးကြီးတွေထဲက ဖြစ်မယ် ဆိုပြီး မှန်းတော့မှန်းမိပါတယ်။ သို့သော် ဘယ်သူဘယ်ဝါဆိုတာက အရေးမကြီးပါဘူး။
ဗ.က.ပ(ဗဟို)ဆိုသူရဲ့ အရေးအသားလေးက မယဉ်မကျေးဖြစ်နေတာလေးကို သတိထားမိလို့ပါ။ပထမ သစ္စဖောက်ဖြစ်တဲ့ ဗ.က.ပ
ကို သစ္စာဖောက်ဆိုသူသည် ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်လက်ခံကျင့်သုံးခဲ့သူဖြစ်ပြီး၊တနေ့သောအခါ ဒီဝါဒသည် နိုင်ငံ တော်နှင့် လူထုအတွက် အကျိုးမဖြစ်ထွန်းနိုင်ပဲ အဆိုးသာဖြစ်နိုင်သည်ဟု အမြင်မှန်ရသွားသူများ။ထိုသူများသည် မိမိတို့မှားခဲ့ သမျှ မိုက်ခဲ့သမျှကို နောင်လာနောက်သားတို့ မမှားရလေအောင် ရေးသားပြောဆိုနေကြသူများပင် ဖြစ်ပေလိမ့်မည်။ ကွန်မြူနစ်ဝါဒကို မကြိုက်သော၊ ရွံမုန်းသော ကမ္ဘာသူ၊ ကမ္ဘာသား အပေါင်းတို့ကိုပင်လျှင် သစ္စာဖောက်စာရင်းတွင် ထည့်သွင်း ထားလေမလားဟု စိုးရိမ်စရာပင် ဖြစ်ရပါသည်။
ဒုတိယ သစ္စာဖောက်က မ.ဆ.လ ကို သစ္စာဖောက်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို သက်ဝင်ယုံကြည်ပြီး ပါဝင်ပူးပေါင်း ဆောင်
ရွက်ပြီးခါမှ မ.ဆ.လ ပါတီနှင့် လမ်းစဉ်ကို ကျောခိုင်းသွားကြသူများပင် ဖြစ်ပါလိမ့်မည်။ထိုသူများကတော့ မြန်မာပြည်တွင် ဒုနှင့် ဒေးရှိကြပါသည်။ နိုင်ငံရေးကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ လူထုကြီးကောင်းစားလာမလားလို့ ထင်မြင်ယူ ဆ ပြီး တကယ်တန်းကြတော့ လူထုက မွဲပြီး၊ စစ်ဗိုလ်ချုပ်တွေသာ ကြီးပွားကောင်းစားမှန်း သိကြပြီး မ.ဆ.လ ကို စွန့်ခွာခဲ့ကြသူတွေ ပင် ဖြစ်ပါသည်။ ထိုသူများကို ဗ.က.ပ က သစ္စာဖောက်တွေဟု စွတ်စွဲလိုက စွတ်စွဲနိုင်ပါသည်။ စွတ်စွဲခံရသူများကတော့ မည်သို့မျှ တုန်လှုပ်မည် မဟုတ်ကြပါ။ မှားမှန်းသိလျှင် ပြင်နိုင်သူများအဖြစ် ဂုဏ်ယူစရာပင် ဖြစ်ပါလိမ့်မည်။
ဗ.က.ပ အနေနှင့် အရေးအကြီးဆုံးအဖြစ် ထိတ်လန့်နေဟန်တူသည့် တတိယ သစ္စာဖောက်မှာ NLD ကို သစ္စာဖောက်သူပင် ဖြစ်
ပါ လိမ့်မည်။ သေးသေးမွှားမွှားလူကို ပြောလိုဟန်မရှိပါ။ NLD က ချမှတ်ထားသည့် အခြေခံမူဝါဒနှင့် လမ်းစဉ်များအပေါ် ပြန်လည်
သုံးသပ် နိုင်ပြီး NLD၏ မူများကို ဝေဖန်ထောက်ပြနိုင်သူများ၊ လိုအပ်လျှင် NLD အား ကျောခိုင်းမည့်သူများကို ဆိုလိုနေပါသည်။
NLD က ဘာလုပ်မည်၊ ဘယ်လမ်းကို သွားမည်ဆိုတာကိုသာ ရှင်းရှင်းလင်းလင်းသိရန် လိုအပ်လှပါသည်။ NLD ကို ကျောခိုင်းသူ ကိုသစ္စာဖောက် အဖြစ် စွတ်စွဲနေတဲ့ ဗ.က.ပ က NLD ကို ဘာလုပ်စေချင်နေတာပါလိမ့်။ဘာလုပ်စေချင်တယ်ဆိုတာ ရှင်းရှင်းလင်း လင်းပြောနိုင်ပါသလား။ (ဥပမာ- ရွေးကောက်ပွဲကို ဝင်လိုက်ပါ သို့မဟုတ် မဝင်ပါနဲ့ တောင့်ခံထားပါ စသည်ဖြင့်ပေါ့) သူများကိစ္စ ကို ပြောစရာမလိုဘူးဆိုပြီး ကိုယ့်ကိုယ်ကို မကာကွယ်ပါနဲ့တော့။ ပြည်သူ့အကျိုးရှိမယ်ဆိုရင် ဗ.က.ပ က ဖြစ်စေချင်တာကိုလည်း ပြောလို့ရပါတယ်။


အခုတော့ NLD သည် ဖြစ်တည်မှု အကြပ်အတည်းဆိုက်နေသည်ဟု ပြောတာကိုလည်း ဗ.က.ပ က လက်မခံ။ NLD သည် ဖြစ် တည်မှု အကြပ်အတည်းဆိုက်မနေဘူးဆိုလျှင် ဘာဖြစ်နေပြီလဲဆိုတာ ဗ.က.ပ ဖြေကြည့်ပြီး ရှင်းလင်းပေးပါ။ ဗ.က.ပ ပြောနေ
ကြအတိုင်း ထာဝရတော်လှန်ရေးတို့၊ရေရှည်တော်လှန်ရေးတို့၊အောင်ပွဲသည် လက်တကမ်းအလိုတို့၊ ရန်သူ ချောက်ထဲကျရန် လက်တလုံးအလိုတို့၊ အရှေ့ဆီမှာ ရောင်နီလာနေပြီတို့ ဆိုတဲ့ သမိုင်းပျက်လုံးတွေကို ကိုးကားပြီး NLD သည် ခေတ္တမျှ မုန်တိုင်း ဒဏ်သင့်နေတာပါ။ မုန်တိုင်းစဲလျှင် ပြန်လည်သာယာစိုပြည်လာမှာပါလို့ ပြောချင်နေသလားဆိုတာတော့ မသိပါ။ လက်တွေ့မြင်နေရတာကတော့ NLD သည် ဘုရားစူးရစေ့ ဆိုင်းပုဒ်တင်ရုံလေးတခုတည်း တည်ရှိနေခြင်းပင်ဖြစ်ပါသည်။ တကယ် တော့ ပြည်သူလူထုကြီးသည်သူတို့ရွေးချယ်တင်မြှောက်ထားတဲ့ NLD ကိုပဲ အစိုးရတရပ်အဖြစ် မြင်ချင်ကြပါသည်။ ဒါကိုငြင်းလို့မရပါ။ သို့သော် ၉၀ ရွေးကောက်ပွဲရလဒ်နှင့် အနိုင်ရပါတီ NLD ကို စစ်အာဏာရှင်တစုက မတရားဖျက်သိမ်းနေမှုကို ဘယ်လိုခုခံတော်လှန်ပြီး အောင်ပွဲအရယူနိုင်မည့် နည်းလမ်းကို မည်သည့် အတိုက်အခံဆိုသူများကမှ ရှာဖွေတွေ့ရှိခြင်း မရှိခြင်း သည်သာ အဓိကပြဿနာ ဖြစ်နေပါသည်။
တော်လှန်ရေးသက်တမ်း အရှည်ဆုံးဖြစ်တဲ့ ဗ.က.ပ သည်ပင်လျှင် သက်တမ်းရှည်လာလေ ပို၍ မသိလေ ဖြစ်နေပါသည်။ သို့ သော် ဗ.က.ပ က မြန်မာပြည်ကောင်းစားရေးလမ်းစဉ်ကို သိတာ မသိတာ အပထားပြီး သူဖြစ်စေချင်တာလေးတွေကိုတော့ သူ့သြဇာကိုက်သူများကို စာရွက်စာတမ်းလေးများ ထုတ်ထုတ်ပြီး ပြောပြောနေတာ တွေ့ရပါသည်။
ခက်နေတာက ဗ.က.ပ သည် သူနှင့်အယူအဆမတူလို့ စွန့်ခွာသွားကြသူတွေကို သစ္စာဖောက်လို့ ပြောလို့ပြော။ အဖက်လုပ်ပြီး
အယူအဆပိုင်းကို မဆွေးနွေးဘူးလို့ ဆိုလို့ဆို၊ ဗ.က.ပ ကို ဝေဖန်ထောက်ပြသူတွေကို ဘေးမဲ့ပေးထားလိုက်တယ်ဟု ရေးလို့ရေး နဲ့ သူတို့ကိုယ်သူတို့ မဟာနိုင်ငံရေးဂုရုကြီးတွေလို့ ထင်နေပုံရပါတယ်။ ယဉ်ကျေးတဲ့ကမ္ဘာကြီးမှာ နာဇီ၊ ဖက်ဆစ်နဲ့ ကွန်မြူနစ်ဆို လျှင်လမ်းမှာမရှောင်သာလို့တွေ့ရင်တောင် နှုတ်ဆက်သမှု မပြုကြတော့ဘူးဆိုတာ ဗ.က.ပ များသတိချပ်သင့်နေကြပါပြီ။ မြန်မာနိုင်ငံကိုကွန်မြူနစ်နိုင်ငံတခုဖြစ်လိုဇောနဲ့ ကြိုးပမ်းမှုများအားလုံးသည် မြန်မာပြည်ကို စစ်ကျွန်နိုင်ငံတခုဖြစ်အောင် တွန်းပို့ လိုက်သလိုဖြစ်ခဲ့ပြီး၊ပြည်သူတရပ်လုံးလည်း ဆင်းရဲမွဲပြာ ဘဝကို ရောက်ကြရပါတော့သည်။ဗ.က.ပ လက်ကျန်များသည်လည်း မိမိကိုယ်ကိုယ် ပြန်လည်ဝေဖန်ဆန်းစစ်သင့်နေပါပြီ။ ၁၉၈၁ ခုမှာ တရုတ်က Party to Party, State to State ပေါ်လစီကို ဖျက်သိမ်းပြီး ထောက်ပံ့ကြေးကိုရပ်ဆိုင်းလိုက်ချိန်မှစပြီး ဗ.က.ပ သည် ဘဝပျက်ခဲ့ရသည် မဟုတ်ပါလား။ တော်လှန်ရေးဟူသည် ကိုယ့်ချေထောက်ပေါ်ကိုယ်ရပ်ပြီး လုပ်လို့ရခဲ့ဘူးပါသလား။ လက်နက်ကိုင် မြေပေါ်ပါတီကြီးမှ လက်နက်မဲ့မြေအောက်ပါတီ ကလေးအဖြစ် သူတပါးနိုင်ငံမှာ သိမ်သိမ်ငယ်ငယ်ရပ်တည်နေရတဲ့ အဖြစ်ကိုလည်း သတိသံဝေယူချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်တစုရဲ့ ပြစား ဝါဒဖြန့်ခံနေရတဲ့ ဘဝကိုလည်း နိဂုံးကမ္ပတ်အဆုံးသတ်သင့် ကြပါပြီ။ ဗ.က.ပ ကို ဘုမသိ၊ ဘမသိ အကန်းယုံ ယုံကြည်နေတဲ့ ပြန့်နန့်နေတဲ့ လူသားလေးတွေကိုလည်း ဆက်ပြီးဆရာကြီး မလုပ်ချင်ကြပါနဲ့တော့။ ရပ်တန်းက ရပ် သင့်ပါပြီ။ (ပြည်သူလူထု အပေါ်ထားရှိသည့် နိုင်ငံရေးသမား၏ စေတနာသည် ပြည်သူအတွက် ဝေဒနာဖြစ်နေလျှင် ပြင်ဖို့ဝန် မလေးသင့်ပါ။ ငါ့အယူအဆနှင့် ငါ့ဝါဒသည်သာလျှင် လူထုအတွက် အကောင်းဆုံးဟု တရားသေဆုတ်ကိုင်မထားသင့်ပါ။ လူထုက ကျေနပ်လက်ခံပြီး ဖွံ့ဖြိုးတိုးတက်နေသော ဝါဒ သာလျှင် ၎င်းလူထုအတွက် အသင့်တော်ဆုံးဟု ဆိုနိုင်ပါသည်။ မည်သည့်အယူအဆ၊ မည်သည့်ဝါဒပင် ဖြစ်စေ လူထုနှင့် မကိုက်ညီ၊ လူထုက လက်မခံ၊လူထုက မကျေနပ်။ လူထုကြီးတရပ်လုံး မတိုးတက်လျှင် ထိုဝါဒကိုကျောခိုင်းရမည်၊ တနည်းပြောလျှင် သစ္စာဖောက်ရမည်။ လူထုကောင်းစားမည်ဆိုလျှင်မည်သည့်ဝါဒမျိုး ကိုမဆို သစ္စာစောင့်သိစရာ မလိုပါ။ အဆုံးအထိဆိုရသော် မူ၊ ဝါဒ၊ လမ်းစဉ်၊ စံနစ် တို့သည်အခြေအနေနှင့် အချိန်အခါအရ လူ သားတို့နှင့် လိုက်လျှောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲ နေကြရမည်ဖြစ်သော အနိစ္စသဘောများသာတည်း)။

ဦးဖိုးသာအောင် (နော်ဝေ) 26.03.09







နအဖအုပ်စုအတွင်း ဝေဖန်ခဲ့သလို စိတ်ဝေဒနာရှင် ကျပ်မပြည့်သူတစ်ဦးမဟုတ်ပါ


လေးစားရပါသော နိုင်ငံဝန်ထမ်းများသို့

မိတ်ဆက်ပါရစေ ကျနော်က ငယ်စဉ်ဖတဆိုးဖြစ်ပြီး ဦးလေး အုပ်ချုပ်ရေးမှူးနဲ့အတူ နိုင်ငံတလျား ရွှေ့ပြောင်းတာဝန်ကျ လိုက်ပါ ရင်းကြီးပြင်းခဲ့ရ ပါတယ်။
ယခုရင်ဖွင့်ပြောပြချင်တာကတော့ ကျေးဇူးရှင်ဦးလေးနှင့်တကွ လေးစားရပါသော နိုင်ငံဝန်ထမ်းများနဲ့ပတ်သက်ပြီးလုံးဝမခံစားနိုင် ခဲ့တာက ဒီလိုပါ…
ဟိုတချိန် ကက်ဘိနက်တစ်ခုအပြီး နအဖအုတ်စုအတွင်း ၀ါရင့်ဝန်ကြီးတချို့ တပ်ချုပ်ကြီး၏နား မကြားကြားအောင်ပြည်ထဲ ရေးက မောင်ဦးတယောက် ရူးကြောင်ကြောင်တွေလုပ်နေပြီ ကျပ်မပြည့်တော့ဘူးလို့ဆိုလိုက်တော့--



ဗိုလ်သန်းရွှေခင်ဗျာ

တို့တိုင်းပြည်မှာလည်း ဒီလိုအရူးတစ်ယောက်လောက်တော့ ရှိအုံးမှဘဲလို့ ပြုံးပြုံးကြီး မိန့်သတဲ့ ဒီကနေ့နအဖ အုတ်စုအတွင်း ဝေဖန်ခဲ့ သလို စိတ်ဝေဒနာရှင်ကျပ်မပြည့်သူ မောင်ဦး တစ် ယောက်မဟုတ်တော့ပါ။
မကြာသေးမီကပဲ အကြောင်းမရှိအကြောင်းရှာလို့ မြို့နယ် ခရိုင်နဲ့ တိုင်းအုပ်ချုပ်ရေးမှူးတွေကို ဘောင်းဘီချွတ်သစ္စာခံရုံး အဖွဲ့ မှူးနှင့် ဒုစုံစမ်းရေးညွှန်မှူး ရဲမြင့် တို့ရဲ့ ထောက်ခံအကြံပြုသူ အများအပြားဖြင့် လုပ်သက်ကြီးသက်ကြားရွယ်အိုများကို လဲလှယ် ဖယ်ရှားရေးလုပ်ဆောင်ခဲ့ တာကြောင့် မိသားစုအချို့ရတက်မအေးဝမ်းရေးရောက်ယက်ခတ်သွားခဲ့ပါတယ်။
ပြီးတော့တခါ သားဖြစ်သူမင်္ဂလာပွဲကြီးကလည်း အုပ်ချုပ်ရေးမှူးအဆင့် နှစ်ကျပ်သားကနေ ငါးကျပ်သားအထိ လက်သိပ် ထိုး လို့ရန်ကုန် ဒေသခံများနှင့် လုပ်ငန်းရှင်အကြီးအကဲတချို့ပါမကျန် ၀န်ပိကာ ရွှေပိသာ ဆယ်ချီ လက်ဖွဲ့ရခဲ့တာမို့ ငြင်းစရာမရှိ ပါ ဘူး၊ ဒါ့အပြင် ရုံးချိန်လားနားချိန်လားမကွဲမပြားနဲ့ ရောက်လေရာဂေါက်ကွင်းကို လက်ညှိုးထိုး သဖြင့်တနေကုန်တနေခန်း ၄/၅ ကော်နာဆိုလား ရဲဘက်အကြီးအကဲ ဦးအုန်းမြင့် ကိုယ်တိုင် ဒေါ်လာလောင်းကြေးရရှိရေး၊မကင်း ရာမကင်းကြောင်း ကြေးရ တတ် အပေါင်းနှင့်ဂေါက်ပွဲဆင်ယင်ပေးသော်လည်း စိတ်ဆိုးမာန်ပါအနိုင်ရှာရ်ျမြန်မာငွေကျပ်သိန်းသုံးလေးဆယ် မရမချင်း ညစ်တွန်း တွန်းခဲ့တာ ဂေါက်ဖာများမှာတော့ နားမခံသာ လောက်သည့်လာဘ်မစားဘူးဆိုသောစကားလုံးများနှင့် အကြိမ်ကြိမ် မိုးချုပ်ခဲ့ရပါသည်။


နေအိမ်ဆီက မဟေသီနဲ့လည်းရတက်ပွေခဲ့ရသော ဟိုတယ်မန္တလေးရဲ့တညတာ တတိယအလွှာပြဿနာကမကြားဝံ့မနာသာ သော AK ဆင်တဲ့အကွက်တွင် ယစ်မူးပက်လက်ဖြစ်ခဲ့ပါတယ်။
လက်အောက်ငယ်သားဝန်ထမ်းများအပေါ် နှစ်ပဲခြောက်ပြားတိုင်စာများဖြင့်အရေးတယူပြုလျှက် စာရေးစာချီအဆင့်ကိုပင်ညွှန်မှူး များကိုယ်တိုင်စစ်ဆေးဆောင်ရွက်စေခဲ့ပြီး နင်ပဲကဆ ဆုံးမပြစ်ဒဏ်ပေးသည့်အပြင် နေပြည်တော်ရွှေနန်းရင်ပြင်၌ ညနက်သန်း ခေါင်အစည်းဝေးဟု ခေါ်ယူခဲ့ရာ ၄င်းမှာစက်တော်ခေါ်နေပြီး ကိုးနာရီမှသည် ဆယ့်နှစ်နာရီအထိတိုင်ငုတ်တုတ် ထိုင်၍ စောင့်စား ခစားစေခဲ့သည်မှာလည်း ခေတ်သစ်သက်ဦးဆံပိုင်လို ပြုကျင့်ခဲ့ဟန် တူပါသည်။


ဒီအဖြစ်အပျက်တွေကို နီးစပ်ရာတချို့လည်း သိပြီးသားပါ။ ပြောချင်တာက ခေတ်ပျက်သူဌေးစီးပွားရေးသမားတွေအပြင်ဌာန အတွင်းသက်ကြီးရွယ်အိုပင်မငဲ့ အောက်လက်ငယ်သားပင်မကျန် ဗိုလ်ကျအနိုင်ကျင့်ညှင်းပန်းနှိပ်စက်ဂုဏ်ယူလျှက် ဖြုတ်ထုတ် သတ်ခဲ့မှုများသည် နအဖအုတ်စုအတွင်းဝေဖန်ခဲ့သလို စိတ်ဝေဒနာရှင်ကျပ်မပြည်သူတဦးဟုတ်/မဟုတ်ကိုဘယ်သူကူလို့ စစ် ဆေး အရေးယူနိုင်မလဲ ဆိုတာ မေးစမ်းချင်ပါသည်။

လွင်အောင်/ ၂၉ ဇွန် ၂၀၀၉
စာကြွင်း
ဥပဒေအထက်တွင် မည်သူမျှမရှိစေရတဲ့လား ……