ဆောင်းပါးတွင် နိုင်ငံတကာ ဥပဒေ အခြေခံနှင့် တောင်အာဖရိက နိုင်ငံ အတွေ့ အကြုံတို့ ကို ကိုးကားလျှက် နအဖ. ၂၀၀၈ ခု
နှစ် နာဂစ် ဖွဲ့ စည်းပုံအခြေခံဥပဒေသည် ပျက်ပြယ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် အဘယ်ကြောင့် ဆုံးဖြတ်
ချက် ချမှတ်သင့်သည် ကို အောက်ပါအတိုင်း ရေးသား တင်ပြသည်၊
၂၀၀၉ ခုနှစ် ဇူလိုင်လ သုံးရက်လေးရက်နေ့ များအတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာမြန်မာ နိုင်ငံ အတွင်းကို သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေါင်းဆောင်တဲ့ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့  တွေ့ ဆုံကာ မြန်မာ နိုင် ငံအရေး ကို ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်ဆောင်ရွက်မှု ဒုတိယ အကြိမ်ပြန်လာပါတယ်၊မြန်မာနိုင်ငံအရေးနဲ့ စပ်လျှဉ်းလို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ၀င်ရောက်ဆောင်ရွက်မှု အပေါ် လူ့ အခွင့်အရေး။ ဒီမိုကရေစီရေး။ ဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှု ရရှိရေးတို့ အတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ တွေ အနေနဲ့  အကောင်းမြင်သဘောနဲ့ ချည်းကပ်ပြီး ကြိုဆိုရ မယ့် အရာဖြစ် ပါတယ်၊
ဒါပေမယ့် မစ္စတာ ဘန်ကီမွန်း အနေနဲ့ နိုင်ငံတကာ ဥပဒေ အခြေခံတွေ။ ကုလသ မဂ္ဂ လုံခြုံရေးကောင်စီကနေ ချမှတ်ထားခဲ့
ဘူး တဲ့ ဆုံးဖြတ်ချက်အခြေခံတွေကနေ ဆောင်ရွက်နေတာ ဟုတ်ရဲ့ လား ဆိုတာကို အခြားတဘက်ကနေပြန်ပြီးသုံးသပ်ကြည့် ဘို့  လိုပါလိမ့်မယ်၊ အဲသလို ဆောင်ရွက်တာမဟုတ်ဘူး ဆိုရင်တော့ မြန်မာနိုင်ငံအတွင်းနဲ့ ပြင်ပမှာပါရောက်ရှိနေကြတဲ့ ပြည်သူ တွေ။ လှုပ်ရှားတက်ကြွကြသူတွေ အားလုံးအနေနဲ့  ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင်ကိုပင် လျှင် ၀ိုင်း ၀န်းကန့် ကွက်ထောက်ပြကြရပါလိမ့်မယ်၊ အကြံဥာဏ်များလည်း ပေးဘို့ လိုပါလိမ့်မယ်၊
ဒီ နေရာမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ဖြစ်ရပ်မျိုး တောင်အာဖရိကနိုင်ငံမှာ တွေ့ ကြုံခဲ့ဘူးပြီးကြောင်းတင်ပြလိုပါတယ်၊ တောင်အာဖရိက နိုင်ငံမှာ ထိုစဉ်က အုပ်ချုပ်နေတဲ့ လူဖြူလူမဲခွဲခြားကျင့်သုံးတဲ့ လူဖြူ အစိုးရကို အဖိနှိပ်ခံတောင်အာဖရိက ပြည် သူတွေက ဆန့် ကျင်တိုက်ပွဲဝင်နေခဲ့စဉ်တုံးကဖြစ်ပါတယ်၊ လူဖြူအစိုးရက Apartheid လို့ ခေါ်တဲ့ လူဖြူလူမဲခွဲခြား ကျင့်သုံးအုပ် ချုပ်တဲ့ စနစ်ကို ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ အညီ ကျင့်သုံး အကောင်အထည် ဖေါ်ဘို့ ကြိုးပမ်းခဲ့ပါတယ်၊ အခုလည်းဘဲ မြန်မာနိုင် ငံမှာ စစ်အာဏာရှင်စနစ်ကို ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ အညီ ကျင့်သုံးအကောင်အထည်ဖေါ်ဘို့ နအဖ ကြိုးပမ်းနေတာနဲ့ထပ်တူ ကျ လျှက်ရှိတာကို တွေ့ ရတယ်၊
တောင်အာဖရိကနိုင်ငံမှာ လူဖြူအစိုးရ ကိုယ်စါးလှယ်တွေက ရွေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိုစဉ်တုံးက ကုလသမဂ္ဂကိုယ်တိုင်က ပယ်ချခဲ့တဲ့ ဆုံးဖြတ်ချက် တရပ်ချမှတ်ခဲ့တယ်၊ ကုလသမဂ္ဂဆုံးဖြတ်ချက် အမှတ် ၅၅၄အဖြစ်နဲ့ ၁၉၈၄ သြဂုတ်လ (၁၈) ရက်နေ့ မှာ ချမှတ်ခဲ့တာပါဘဲ၊ တောင်အာဖရိကနိုင်ငံနဲ့ ပတ်သက်တဲ့ အဲဒီ ဆုံးဖြတ်ချက်ရဲ့ အပုဒ် (၁) က သည် လို ဖြစ်ပါတယ်၊
၁၉၈၃ခုနှစ် နိုဝင်ဘာလ(၂) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်လုံးကျွတ်ဆနခြံယူပွဲသည်လည်းကောင်း။ ဖွဲ့ စည်းပုံ အခြေ ခံ ဥပဒေ အသစ်ဟု ဆိုသောအရာသည်လည်းကောင်း။ ကုလသမဂ္ဂပဋိဥာဉ် စါတမ်း. အခြေခံမူများနှင့် ဆန့် ကျင်နေသဖြင့် မည် သို့ သော အကြောင်းအထောက်အထားနဲ့ မျှ တရားဝင်ခိုင်မာမှု မရှိ၊ အဆိုပါ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အသစ်ကို အတည်ပြုကျင့် သုံး မည်ဆိုလျှင် တောင်အာဖရိက လူဖြူလူမဲ ခွဲခြားကျင့်သုံးခြင်းကြောင့် ဖြစ်ပေါ်နေသော ပေါက်ကွဲဆိုးဝါးသည့် အခြေအနေ များကို ပိုဆိုးဝါးလာစေလိမ့်မည်ဟု ကြေငြာလိုက်သည်၊
တောင်အာဖရိကနိုင်ငံမှာ လူဖြူအစိုးရက ကျင်းပခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နဲ့ သူ့ ရဲ့  ဖွဲ့ စည်းပုံအခြေခံ ဥပဒေအသစ် ဆိုတဲ့ အရာတွေအပေါ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ဘူး တယ်ဆို ရင် မြန်မာနိုင်ငံမှာ နအဖကျင်းပခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နဲ့  သူ့ ရဲ့ ဖွဲ့  စည်းပုံ အခြေခံဥပဒေ တွေ အပေါ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဘာကြောင့် အလားတူ ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ထပ်မံ မချမှတ်နိုင်ရမှာလဲ၊ မြန်မာပြည်သူလူထု အနေနဲ့  ကုလသမဂ္ဂကိုရော အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပါမေးခွန်းတွေ ပြင်းပြင်းထန်ထန် ထုတ်ရမယ့် အချိန်ရောက် လာပါပြီ၊
လူဖြူလူမဲ ခွဲခြားကျင့်သုံးတဲ့ လူဖြူအစိုးရရဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ။ သူ့ ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေအသစ် စတာတို့ နဲ့ ပတ် သက် လို့  ကုလသမဂလြုံခြုံရေးကောင်စီက ဘာကြောင့် ကန့်  ကွက်ပယ်ချခဲ့ရတာပါလဲ၊ အကြောင်းပြချက်တွေအဖြစ် လုံခြုံရေး ကောင် စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ အောက်ပါအတိုင်း ထည့်သွင်းဖေါ်ပြထားပါတယ်၊
၁၉၈၃ ခုနှစ် နိုဝင်္ဘာလ (၂)ရက်နေ့ တွင် တောင်အာဖရိကနိုင်ငံ လူဖြူဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ သက်သက်ကသာရေးဆွဲ အ တည် ပြုခဲ့သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ်ဟူ၍အမည်တပ်ထားသော အရာသည် တိုင်းရင်းသားအာဖရိကန်လူများစု. အခြေခံ အခွင့်အရေးများကိုရုပ်သိမ်းထားသည့်အပြင် ၄င်းတို့ . အမျိုးသားနိုင်ငံသား အဆင့်ကို လျော့နည်းကျဆင်းစေပေ လိမ့်မည်၊ လူဖြူ လူမဲခွဲခြားကျင့်သုံးမှုကို ပို၍နက်ရှိုင်းလာစေလိမ့်မည်၊ တောင်အာဖရိကနိုင်ငံအား လူဖြူများသာ ကြီးစိုးသည့် နိုင်ငံတခု အဖြစ်သို့ အသွင်ပြောင်းလဲသွားစေလိမ့်မည်ဟု ယုံကြည်သည်၊
အဆိုပါ ဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ်တွင် အသားအရောင်ရှိသူများနှင့် မူရင်းအာရှသားများ ဟူ၍ ထည့်သွင်းထားခြင်းမှာ တောင်အာဖရိက အဖိနှိပ်ခံ ပြည်သူများအတွင်း စည်းလုံးညီညွတ်မှု ကို ကွဲပြားစေရန် နှင့် အတွင်း ပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည် ဟု သိရှိသည်၊လူမျိုးခွဲခြားမှုကို ကျင့်သုံးသော လူဖြူအစိုးရအနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပ
ဒေ အသစ်ဟူ၍ အမည်တပ်ထားသောအရာကို အသုံးပြုခြင်း ရည်ရွယ်ချက်တရပ်မှာ လွတ်လပ်သော အာဖရိကန်နိုင်ငံများကို ဆန့် ကျင်လျှက် ကြမ်းတမ်း စွာ ပြုမူ ဆောင်ရွက်နိုင်ရေးအတွက် တောင်အာဖရိကနိုင်ငံရှိ အသားအရောင်ရှိသူများနှင့် မူရင်း အာရှ သားများအား လူမျိုးခွဲခြားမှုကို ကျင့်သုံးသော လူဖြူအစိုးရ. တပ်မတော် တပ်ဖွဲ့ များအတွင်းသို့ သွပ်သွင်းရန် ဖြစ်သဖြင့် များစွာ စိုးရိမ်မကင်းဘွယ် ဖြစ်ကြောင်း အမှတ်အသားပြုသည်၊
အသားအရောင်ရှိသူများနှင့် မူရင်းအာရှ သားများအတွက် လက်ရှိသြဂုတ်လအတွင်း ပရီတိုးရီးယား အစိုးရကစည်းရုံးကျင်းပရန် ရှိ သည့် ရွေးကောက်ပွဲဟူသော အရာနှင့် အဆိုပါ ဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ်ကို အကောင်အထည်ဖေါ်ခြင်းသည် အာဖရိက တိုက်တောင်ပိုင်းတခုလုံးနှင့် တောင်အာဖရိကနိုင်ငံအတွင်းတွင် တင်းမာမှုများကို ပိုမို ဆိုးဝါးလာစေလိမ့်မည်သာ ဖြစ်ကြောင်း ခိုင်မာစွာယုံကြည်သည်၊
ယင်းကဲ့သို့ သော ဖွဲ့ စည်းပုံဆိုင်ရာ လှုပ်ရှားမှုကို ဆန့် ကျင်သည့် တောင်အာဖရိက အဖိနှိပ်ခံပြည်သူများ. ထုနှင့်ထည်နှင့် အား ကောင်းစွာ စည်းလုံးညီညွတ်သော ခုခံဆန့် ကျင်မှုကို ကြိုဆိုသည်၊
အစိုးရများ အားလုံးနှင့် အဖွဲ့ အစည်းများ အားလုံးအနေဖြင့်ွှဆုံးဖြတ်ချက်နှင့် အညီ အာဖရိက စည်းလုံးညီညွတ်မှု အဖွဲ့ အစည်း နှင့်လည်းကောင်း။ ကုလသမဂ္ဂနှင့်လည်းကောင်း လက်တွဲလျှက် လူမျိုးမခွဲခြားဘဲ ဒီမိုကရက်တစ် လူ့ အဖွဲ့ အစည်းတည် ဆောက် ရန် ကြိုးပမ်းလှုပ်ရှားရုန်းကန်လျှက်ရှိကြသောအဖိနှိပ်ခံတောင်အာဖရိကပြည်သူများအားကူညီရန် တိုက်တွန်းသည်၊
ကုလသမဂလြုံခြုံရေးကောင်စီ ရဲ့ ဒီ ဆုံးဖြတ်ချက် အမှတ် ၅၅၄ (၁၉၈၄) ဟာ လူဖြူလူမဲခွဲခြား ကျင့်သုံး အုပ်ချုပ်ခဲ့တဲ့အစိုးရ ရေး သားခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေအပေါ် အဓိက အားပြု သုံးသပ်ထားတာ ထင်ရှားလှပါတယ်၊ လက်ရှိကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အနေနဲ့ တော့ နအဖ ရဲ့ ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေအပေါ်မှာ ဘာတခုမှ သုံးသပ် ပြော ဆိုသွားတာ မတွေ့ ရပါဘူး၊ ဒီ အပေါ်မှာ ကုလသမဂ္ဂ စကားလုံး အသုံး အနုန်းနဲ့ ပြောရမယ် ဆိုရင် အထူးစိုးရိမ် မကင်းဘွယ် အခြေအနေ ဖြစ်နေပါတယ်၊ မစ္စတာ ဘန်ကီမွန်းအပါအ၀င် နိုင်ငံတကာအနေနဲ့  နအဖ ရဲ့ ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ အပေါ်မှာ အဓိကထား မသုံးသပ်ဘဲ နအဖ ရဲ့  မဟာဗျူဟာဖြစ်တဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ အပေါ်မှာသာ အာရုံစိုက်ပြီး လွတ် လပ်ဘို့ ။ တရားမျှတဘို့ ။ အားလုံးပါဝင် ပတ်သက်ခွင့်၇စေဘို့ စတဲ့ စကားလုံးတွေကို ရွတ်ဆိုနေကြမယ် ဆိုရင်တော့ နအဖ ဆင်ထားတဲ့ ထောင်ချောက် ထဲကိုကျရောက်သွားပါလိမ့်မယ်၊
မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို သွားရောက်တဲ့ နေ့ ရက်တွေနဲ့  တိုက်ဆိုင်စွာ ဘဲ မစ္စတာ ဘန်ကီမွန်းရဲ့ ဇာတိတိုင်းပြည်ဖြစ် တဲ့ တောင်ကိုရီးယား နိုင်ငံမှာ အဓိက အဖွဲ့ အစည်းကြီး တခုဖြစ်တဲ့တောင်ကိုရီးယား ရှေ့ နေအသင်းကြီး က ဦးစီးပြီး တရုတ်။ ဂျပန်။ အိနြိယ။ သြစတေးလျား။ ဟောင်ကောင်။ ထိုင်ဝမ်။ မလေးရှား။ စင်္ကာပူ။ နီပေါ။ ဖီဂျီအစရှိတဲ့ အာရှိတိုက်မှာ ရှိတဲ့သက် ဆိုင်ရာနိုင်ငံ တွေက ရှေ့ နေအသင်း}ကီးတွေရဲ့  ဦးဆောင်ရှေ့ နေ}ကီးတွေ။ ကမ္ဘာ့ ရှေ့ နေအသင်းချုပ် နဲ့ Lawasia တို့ က ဥက္ကဌ အထွေထွေ အတွင်းရေးမှူးချုပ် စသူတွေ အပါအ၀င် ဥပဒေပညာရှင်ပေါင်း တရာကျော်တက်ရောက်တဲ့ Pola Conference လို့ ခေါ်တဲ့ အစည်း အဝေးကြီးကို တောင်ကိုရီးယားနိုင်ငံဆိုးလ် မြို့ မှာ ကျင်းပနေတဲ့ အချိန်ဖြစ်ပါတယ်၊ မြန်မာ နိုင်ငံကိုယ်စါး မြန်မာနိုင်ငံရှေ့ နေများကောင်စီ ဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူးတို့ လည်းတက်ရောက် ဆွေးနွေးခဲ့ ပါတယ်၊
နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ဥပဒေစိုးမိုးရေး အခြေခံကို အပြီးအပိုင် ငြင်းဆိုထားပြီး။ စစ်အာဏာရှင်စနစ် ကို အသက်သွင်းထားတဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေသာဖြစ်တယ် ဆိုတဲ့ အချက်ကို တိတိကျကျ ထောက်ပြ ဆွေးနွေးနိုင်ခဲ့ပါတယ်၊ အဲဒါ အပြင် တောင်ကိုရီးယား နိုင်ငံသား ဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံ ကို သွားရောက်နေကြောင်း။ သူ့ အနေနဲ့ နအဖ ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကိုအသေအချာ မလေ့လာရသေးဘူး ဟု ယူဆပါကြောင်း။ တောင်ကိုရီးယား ရှေ့ နေအသင်းကြီး အနေနဲ့  မစ္စတာ ဘန်ကီမွန်းသိရှိအောင် အကြံပေးစေလိုကြောင်း မြန်မာ နိုင်ငံရှေ့ နေများကောင်စီက တင်ပြခဲ့ပါတယ်၊
မြန်မာနိုင်ငံရှေ့ နေများကောင်စီနည်းတူ ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ။ တိုင်းရင်းသားခေါင်းဆောင်တွေ။
လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီ အရေး အတွက် လှုပ်ရှားတက်ကြွသူတွေ။ အဖိနှိပ်ခံပြည်သူတွေ အားလုံးဝိုင်းဝန်းတင်ပြကြမယ်။
တခဲနက် စည်းလုံးညီညွတ်စွာ ဆန့် ကျင်တိုက်ပွဲဝင်ကြမယ် ဆိုရင်တော့ တောင်အာဖရိက နိုင်ငံမှာကုလသမဂ္ဂလုံခြုံရေး ကောင် စီ ကဆုံးဖြတ်ချက်ချခဲ့သလိုမျိုး မြန်မာနိုင်ငံအတွက်လည်း ချမှတ်လာနိုင်ဘွယ် ရှိကြောင်းတင်ပြရင်း နိဂုံးချုပ်ပါတယ်၊
ဒီမိုကရက်တစ် မြန်မာ့ အသံက (ဗုဒ္ဒဟူး နေ့ တိုင်း အပတ်စဉ် ထုတ်လွှင့် လျှက်ရှိသော)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လူထု.အခန်း ကဏ္ဍဆောင်းပါးများ အနက် အမှတ် (၈၃) ကို အများပြည်သူ လေ့လာနိုင်ရန် ခွင့်ပြုချက်ဖြင့် ဖြန့် ဝေပါသည်၊ဒီမိုကရက် တစ် မြန်မာ့အသံက ၂၀၀၉ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ တွင် အသံထုတ်လွှင့်ခဲ့ပြီးဖြစ်သည်၊
ပေးပို့သူ Burma Lawyers' Council
သူ့အတွေး သူ့အမြင်
ဦးဝင်းတင်ရဲ့  နိုင်ငံရေးပုံစံသစ်
08 July 2009
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပုံစံသစ် (new
politics) တရပ် ရှာဖွေရတော့မယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ပြောဆိုနေပါတယ်။ ဒီ နိုင်ငံရေးသစ်
အယူအဆနဲ့ နိုင်ငံရေးအသစ်ရဲ့ အဓိပ္ပာယ်ကို ပိုမိုသိရှိနိုင်ဖို့ ဦးကျော်ဇံသာကဦးဝင်းတင်ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်
ပြထားပါတယ်။
“ဒီလိုဗျ၊ New Politics ဆိုတဲ့ အနေအထားက ကျနော် အမှန်ပြောရရင် စကားလုံးကနည်းနည်းတောင် ကြီးကျယ်သွားတယ်ဗျ။
အဓိပ္ပာယ် အမျိုးမျိုး ဖွင့်လို့ရတာ။ အမှန်ကတော့ ကျနော်တို့က ဘာဖြစ်လို့ New Politics လို့ သုံးလည်းဆိုတော့ စကားလုံးမရှိ
လို့ဗျ။ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲနဲ့ ကျနော်တို့ တည်ရှိနေတဲ့ကြားမှာ စစ်အစိုးရကစကားကြမ်းရင်လည်း ခွင့်ပြုပါဗျာ၊
ခွင့်လွှတ်ပါလို့ တောင်းပန်ရမယ်၊ ပရိသတ်ကို။ရှင်းရှင်းပြောရင် သူတို့ကတော့ ရွေးကောက်ပွဲတင်းကုပ်ထဲကို ကျနော်တို့ကို ဆွဲ
ခေါ်တော့မယ်။ မြက်ကျွေးလို့ပဲဖြစ်ဖြစ်၊ နဖားကြိုးဆွဲလို့ပဲဖြစ်ဖြစ် ကျနော်တို့ကိုရွေးကောက်ပွဲတင်းကုပ်ထဲကို ဆွဲသွင်းတော့မယ်။
ရှင်းရှင်းပြောရရင် နိုင်ငံရေးမရှိတော့ဘူး၊ သူတို့ဘက်က ဒီ ရွေးကောက်ပွဲကာလ။
“အဲဒါကြောင့် ဒီ နိုင်ငံရေးမရှိခြင်းကို ကျနော်တို့က နိုင်ငံရေးအစားထိုးမှရမယ်၊သို့မဟုတ်လည်း ပုံစံတမျိုးရှာရမယ်။ အဲဒါကြောင
ကျနော်က စကားလုံးကို နည်းနည်းကြီးကြီးကျယ်ကျယ်ပေါ့ဗျာ၊ နိုင်ငံရေးသစ်တို့ ဘာတို့ဆိုတဲ့ စကားတွေကို ပြောလိုက်ရတာ။
ဆိုလိုတာက ကျနော်တို့ လှုပ်လို့ရှားလို့ရအောင် လုပ်ရတော့မယ်။ ပုံမှန်နည်းမှန်အခုရှိနေတဲ့ အန်န်အယ်လ်ဒီ၊ အန်န်အယ်လ်ဒီမို့
လို့ သီးခြားပေါ့ဗျာ။ ဥပမာ ၈၈ မျိုးဆက်ကျောင်းသားမို့လို့၊ ဘုန်းကြီးတွေ၊ သံဃာတွေ၊ တိုင်းရင်းသားတွေ၊ ဒါတွေဟာကိုယ့်နည်း
ကိုယ့်ဟန်နဲ့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်နေမယ်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ မဖြစ်တော့ဘူး။ အနေအထားသစ်အတိုင်း၊ ပြောင်းလဲလာ
တဲ့ အနေအထားအတိုင်း ကျနော်တို့ ဘာတွေလုပ်နိုင်မလဲ ရှာဖို့လိုတယ်လို့ ကျနော်က ယူဆတယ်။”
ဆရာ အဲဒီ ပုံစံသစ်နဲ့ လှုပ်ရှားလာနိုင်အောင် ဘယ်လိုများ စိတ်ကူးရှိပါသလဲ၊ဘယ်လိုများ လှုပ်ရှားလာနိုင်ပါသလဲ။
“ကျနော်က တပ်ပေါင်းစုတို့ ဘာတို့ ဖွဲ့တဲ့ဟာလည်း သိပ်တော့ မမျှော်မှန်းဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်နိုင်ငံရေးမှာ
လည်း တပ်ပေါင်းစုတို့ဘာတို့ဆိုတာပြောပြီးတော့ ပျက်တာမဟုတ်ဘူးဆိုရင်တောင် အလုပ်မဖြစ်ဘူး။ ကျနော်ပြောချင်တာက
စစ်အစိုးရက ကျနော်တို့အပေါ် ဒီလောက်အထိ တင်းတင်းမာမာနဲ့ သို့မဟုတ်လည်းပြတ်ပြတ်တောင်းတောင်းနဲ့ ဆက်ဆံနေတဲ့၊
လုပ်ကိုင်နေတဲ့ အခါမျိုးမှာ ကျနော်တို့အလုပ်ဖြစ်အောင်တော့ အလုပ်ရှာရမယ်လို့ ကျနော်ပြောချင်တာ။ အဲတော့ ပုံစံတခုက
ဘာလဲဆိုရင် ကျနော်တို့ လက်တွဲကြရမယ်၊ ဒါပဲ။ ကျနော်တို့တွေ လက်တွဲလုပ်မှ။လက်တွဲ မလုပ်လို့ကတော့ မရဘူး၊ ညှိမလုပ်
လို့ မရဘူး။ အဲတော့ ကျနော်ပြောလေ့ရှိတဲ့ စကားလုံးကတော့ အသံညီအောင် လုပ်ကြစို့၊ အသံညီရင် အလုပ်ညီလာလိမ့်မယ်။
အလုပ်ညီရင် အမြင့်ဆုံးကတော့ အဖွဲ့တောင် ညီနိုင်တယ်ပေါ့ဗျာ။ စုဖွဲ့မှုပေါ့ဗျာ၊လက်တွဲမှုက ညီသွားနိုင်တယ်။ New
Politics က အသံညီဖို့လောက်ကို ကျနော်မှန်းပါတယ်။
“ဘာတွေ ကျနော်တို့ လုပ်မလဲဆိုတာကတော့ ကျနော်ပြောချင်တဲ့ပုံစံက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို မူအားဖြင့် ထား
မယ်။ အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်မယ်ဆိုတဲ့ဟာ ဒီနေ့အထိ အန်န်အယ်လ်ဒီရဲ့မူခင်ဗျ။ အလားတူပဲ အခြားအခြား
သောအဖွဲ့အစည်းများမှာလည်း ဒီမူက ရှိပြီးသားပဲ။ အဲလိုဆို ဒီမူကို ကျနော်တို့ အခြေခံကြမယ်။ နောက်တခုက ကျနော်တို့
လက်တွဲကြတဲ့၊ လှုပ်ရှားကြတဲ့၊ လုပ်ကိုင်ကြတဲ့နေရာမှာ ကျနော်တို့ရဲ့ဘောင်ဟာ ညီညွတ်ရေးဘောင် ထားမယ်။ ညီညွတ်ရေး
အတွက်ကျနော်တို့ မူလေးတွေ ချထားမယ်ပေါ့ဗျာ။ အဲဒီလို ကျနော်တို့လုပ်လို့ရှိရင် နိုင်ငံရေးအသစ်ရဲ့ စကားပြောလို့ရလာမယ်၊
ရှာလို့ရလာမယ်၊ ဦးတည်ချက်လေးတွေ၊ မျက်နှာမူရာလေးတွေ တယောက်နဲ့တယောက် ထိန်းမတ်ပြီး သွားလို့ရမယ်လို့ ကျ
နော်ထင်ပါတယ်။ အဲဒီပုံသဏ္ဌာန်က ဒါပဲခင်ဗျ။”
အသံညီရမယ်ဆိုတာ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ အင်အားစုရဲ့အသံကွဲလွဲနေလို့လားဆရာ။တချို့သူတွေကတော့
အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့အပိုင်း၊ သူတို့ကတော့ ထားလိုက်ပါတော့။ အများစုက အသံညီမနေဘူးလား၊အစကတည်း
က။“အသံညီပါတယ်။ မညီဘူးလို့ ကျနော်ပြောတာမဟုတ်ပါဘူး။ အသံညီချင်တယ်ဆိုတာက ရွေးကောက်ပွဲနီးလာတဲ့အခါကြ
တော့ ဖောက်ကြတာတွေက အများကြီးပေါ်လာလိမ့်မယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ၊ အန်န်အယ်လ်ဒီထဲတောင်မှဖောက်တဲ့
အသံတွေ မပေါ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ ကျနော်တို့မှာ ပဲ့တာတွေရှိခဲ့ဘူးပြီ။ မင်္ဂလာဒုံအဖွဲ့တို့ ဘာတို့ဆိုတာတွေ ပဲ့ခဲ့ဘူ
းပြီ။ ဒါမျိုးဆိုတာက ဘယ်တော့ဖြစ်ဖြစ် ဖြစ်တတ်တဲ့လက္ခဏာပါ။ အဲတော့ ကျနော်တို့က ကိုယ့်ရဲဘော်တွေနဲ့ရောအခြားသော
ပါတီအဖွဲ့အစည်းများနဲ့ရော တသွေးတည်း၊ တသံတည်း၊ တစည်းတည်းကိုဖြစ်နေအောင် ကျနော်တို့ စုစည်းဖို့အတွက် အသံ
ညီအောင် လုပ်ဖို့ဆိုတာ ပြောခြင်းဖြစ်ပါတယ်။”
အဖိတ်အစင်လေးတွေ ရှိတတ်တာကတော့ သဘာဝပဲလို့ ဆရာလည်း ပြောပါတယ်။အသံညီဖို့ဆိုတာမှာ အဓိကအားဖြင့် တိုင်
ပေးတဲ့လူကတော့ အသံ အကျယ်လောင်ဆုံးနဲ့ညီအောင်လုပ်ပေးရမယ်လို့ ကျနော်ထင်ပါတယ်။ ဆိုတော့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အနေနဲ့ အဓိကအားဖြင့် အသံတိုင်ပေးရမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။ဘယ်လောက်များ တညီတညွတ်တည်း အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်က သူများကိုလွှမ်းမိုးနိုင်အောင် အသံထွက်နိုင်မလဲခင်ဗျ။
“အဲဒါနဲ့ပတ်သက်လို့တော့ ကျနော်ပြောနေတာက ကျနော့်သဘောထား၊ အယူအဆလို့ပဲ ပြောရမှာကိုး။ အန်န်အယ်လ်ဒီရဲ့
Policy မဟုတ်သေးဘူးခင်ဗျ။ ခုနပြောတဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေးကလည်း အန်န်အယ်လ်ဒီရဲ့ မူအနေနဲ့ပဲ ရှိနေတယ်။
အန်န်အယ်လ်ဒီထဲမှာလည်း ညီညွတ်ရေးဆိုတာ မူအားဖြင့် ရှိနေတယ်။ အန်န်အယ်လ်ဒီဟာ အခြားသောအဖွဲ့အစည်းများနဲ့
တွဲလုပ်ရာမှာ၊ ဥပမာ စီအာပီပီလိုဟာမျိုးမှာတိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တွဲလုပ်နေတယ်။ ဒီဟာ အသံအသစ်မဟုတ်ဘူး
ခင်ဗျ။အန်န်အယ်လ်ဒီမှာ ရှိပြီးသားကိစ္စပဲ။ ရှိပြီးသားကိစ္စ၊ ရှိပြီးသားသဘောထား၊ ရှိပြီးသားလမ်းညွှန်တွေ ဖြစ်တဲ့အတွက် အသံ
က တိုင်ရုံပဲရှိတယ်၊ ကျယ်ကျယ်လောင်လောင်လည်း တိုင်နိုင်ပါတယ်။
“အန်န်အယ်လ်ဒီက ဒီဘက်ကိုလှမ်းဖို့အတွက် ဘာမှ မခဲယဉ်းဘူးလို့ ကျနော်တော့ထင်တယ်။ဒါလည်း ကျနော် အန်န်အယ်လ်ဒီ
ထဲမှာပြန်ပြီး ရှင်းပြရမယ့်၊ တင်ပြရမယ့်ဟာတွေပေါ့။ အခုလည်း အန်န်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပြီးဆောင်
ရွက်ရမယ့်တာဝန်တွေ ကျနော့်မှာ အများကြီးရှိပါတယ်။ ဒါတွေအတွက်ကျနော်လုပ်မယ်။ အခြားအခြားသော အဖွဲ့အစည်းများ
မှာလည်း ဒီသဘောထားရှိမှာပဲ။ဒီသဘောထားရှိမယ်ဆိုရင် ကျနော်က ညှိလို့ရမယ်။ အနည်းဆုံး နိုင်ငံရေးသစ်ပေါ့ဗျာ။”
အန်န်အယ်လ်ဒီကိုတော့ လူအများစုက သုံးသပ်ကြတာက ဒေါ်အောင်ဆန်းစုကြည်မရှိသမျှ ကာလပတ်လုံး၊ ဒေါ်အောင်ဆန်းစု
ကြည်က အန်န်အယ်လ်ဒီကို ကိုယ်ထိလက်ရောက် ခေါင်းဆောင်နိုင်တဲ့ အခြေအနေ မရောက်သမျှ ကာလပတ်လုံး ဘယ်လိုမှမူ
ဝါဒ တစုံတရာ ပြောင်းလဲလိမ့်မယ်မဟုတ်ဘူး၊ အန်န်အယ်လ်ဒီ လက်ရှိခေါင်းဆောင်ပိုင်းဟာ အန်န်အယ်လ်ဒီ မပြိုကွဲအောင်
ထိန်းသိမ်းဖို့ တာဝန်လောက်ကိုပဲ ယူနေတယ်လို့ လူတော်တော်များများ သုံးသပ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆရာ
ပြောတဲ့အန်န်အယ်လ်ဒီက ဦးဆောင်ပြီးတော့ တိုင်ပေးလာမယ့် အဖွဲ့အစည်း ဖြစ်နိုင်မယ့်အလားအလာရော ဘယ်လောက်
ရှိပါသလဲဆရာ။
“ခုနပြောသလို ရှိပါတယ်ဗျာ။ ရှိပါတယ်ဆိုတာ မှန်တယ်၊ ဒီဟာမျိုး မှားတယ်၊ အားနည်းတယ်ဗျာ။ ကျနော်တို့မှာ ခြေကုန်လက်
ပန်းကျနေတဲ့ အခြေအနေအထိ ရှိတယ်။ ကျနော်ဘာလို့ ၀န်မခံနိုင်ရမှာလဲ၊ ၀န်ခံနိုင်ရမှာပေါ့။ ဒါပေမယ့် ကိုယ့်အကြောင်းပြချက
်တော့ရှိမှာပဲ။ ဒီပုဂ္ဂိုလ်များကို အပြစ်တင်ကြမယ်၊ သို့မဟုတ် အန်န်အယ်လ်ဒီကို လက်ညှိုးထိုးကြတာတွေ မရှိဘူးမဟုတ်ဘူး၊
ရှိတယ်။ ဒါတွေအတွက် ဘာမှ ကျနော်တို့ ငြင်းကွယ်နေ၊ ဖုံးကွယ်နေစရာအကြောင်း မရှိဘူး။ ဖြေရှင်းနိုင်ရင်တော့ ကျနော်တို့
ဖြေရှင်းမယ်ပေါ့ဗျာ။ ကျနော်တို့ ပြောနိုင်တာတွေ ပြောမယ်။
“ဒါပေမယ့် သေချာတာတခုကတော့ အန်န်အယ်လ်ဒီဟာ ညီညွတ်ရေးဆိုတဲ့ အခြေခံပေါ်မှာ ရပ်တည်ပြီး တလျှောက်လုံးနေခဲ့
တယ်။ ဒီဟာ နောက်ဆုံးပိတ် ရွှေဂုံတိုင်အစည်းအဝေးမှာ ကျနော့်ရဲ့မိန့်ခွန်းထဲမှာ ညီညွတ်ရေးကိုလုပ်ပါ၊ အခြေခံမူတွေကိုကိုင
်စွဲပါ၊ မူလမူဝါဒတွေကို ကိုင်စွဲပါ၊ ပြီးတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကိုလုပ်ပါလို့ ကျနော် ထည့်ပြောခဲ့တယ်။ ဆိုလိုတာက
ညီညွတ်ရေးကိစ္စ ကျနော်တို့မှာအခိုင်အမာရှိတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ဟာလည်း ကျနော်တို့ရဲ့ပဋိညာဉ်ဗျ၊ မူ
အရ နဂိုမူ။ အဲတော့ ဒီဟာကို အသံတိုင်ပေးဖို့ဟာ ဒီဟာတွေ နဂိုရှိပြီးသားဖြစ်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ အသံတိုင်စရာ
ဘာမှ မခက်ခဲပါဘူး။ကျနော် အဲလိုပဲ ပြောချင်ပါတယ်။ ဒေါ်စုရှိရင်တော့ အကောင်းဆုံးပေါ့ဗျာ။”
နောက်တခုမေးချင်တာ လူထုနဲ့ပတ်သက်ပါတယ်။ စောစောက ဆရာလည်း ပြောပါတယ်။ ဆရာ့ရဲ့ ရွှေဂုံတိုင်မိန့်ခွန်းထဲမှာ
လူထုကို မျက်နှာမူပြီး လုပ်ရမယ်။ တချို့သုံးသပ်တဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုထောက်ခံမှု အများကြီး
ရှိတယ်၊ ဥပမာ အိန္ဒိယမှာ မဟတ္တမဂန္ဒီတို့ ဦးဆောင်ပြီးတော့ လွတ်လပ်ရေးတိုက်ပွဲမှာလုပ်ခဲ့တယ်။ သူတို့က လူထုကို ဦး
ဆောင်ပြီးတော့ ဘာလုပ်ပါ၊ ဥပမာအားဖြင့် နိုင်ငံခြားသား အ၀တ်အစား မ၀တ်နဲ့၊ ဘယ်ကဲ့သို့လုပ်ပါဟဲ့၊ သပိတ်မှောက်ဆူပူ
ဆိုပြီးတော့လူထုကိုဆွဲဆောင်ပြီး လူထုနဲ့တွဲတိုက်တာ ရှိပါတယ်။ ဆိုတော့ ဆရာပြောတဲ့ နိုင်ငံရေးသစ်ဆိုတာမျိုး ဖြစ်လာခဲ့ရင
် လူထုရဲ့အခန်းကဏ္ဍကိုရော လူထုကို မျက်နှာမူတယ်ဆိုတဲ့နေရာမှာ ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ။ လူထုကို တသားတည်းပါ
ဝင်လာအောင်အဲလို ဆွဲခေါ်မယ့်သဘော ရှိပါသလား။
“အဲဒါတွေကို ပြောတဲ့နေရာမှာ ကျနော်တို့က တခါတလေကြတော့ ခုနပြောသလိုကျနော်တို့နိုင်ငံမှာ တွက်တဲ့ဟာတွေ အကုန်
လုံးက ခေါင်းဆောင်ပိုင်းတို့၊ ဌာနချုပ်တို့ဆိုတာတွေထက် ကျနော်မြင်တာကတော့ အန်န်အယ်လ်ဒီဆိုတဲ့ အမည်ခံထားတဲ့လူ
တွေ၊ အန်န်အယ်လ်ဒီ အင်အားစုတွေ ဘာတွေလုပ်နေသလဲ၊ ဒီလူတွေထဲကလုပ်နိုင်တာ လုပ်နေတယ်၊ မပျောက်ဘူး။ ဆိုလို
တာက အန်န်အယ်လ်ဒီကတော့အကြောင်းအခြေအနေ အမျိုးမျိုး တွက်ရတာပေါ့ဗျာ။ ထားပါတော့၊ ဒါတွေကတော့ဌာနချုပ်
အတွင်းကဟာတွေ အကုန်ပြောလို့မရဘူး။
“သို့သော် တချို့ဟာတွေ ကျနော်တို့က လုပ်လို့မရပေမယ့် ကျနော်တို့အဖွဲ့ဝင်တွေလုပ်နေတယ်ဆိုရင်ကို ဒါ အန်န်အယ်လ်ဒီ
လုပ်နေတာပဲဗျ။ ဆိုပါတော့ဗျာ၊ အခုမိတ္ထီလာခရိုင်က လုပ်တဲ့လူတွေ၊ ရဲဘော်တွေ လုပ်နေကြတယ်။ ဒါတွေက ကျနော်တို့
အဖွဲ့ဝင်တွေဗျ၊ ကျနော်တို့အင်အားတွေ။ Head Quarter ဆိုပြီး အမည်ခံခြင်း မခံခြင်းက တပိုင်း။ ကျနော့်ရဲဘော်တွေ၊
အန်န်အယ်လ်ဒီ အလံတော်အောက်မှာရှိနေတဲ့အဖွဲ့အစည်းတွေ။ ဒီအဖွဲ့အစည်းတွေက လူထုကိစ္စနဲ့ပတ်သက်ပြီး လုပ်နေကြ
တယ်။လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးတွေ လုပ်နေကြပြီဗျ။ ဒါတွေကို ကျနော်တို့ကကိုယ့်အဖွဲ့ကလုပ်တာပဲ၊ ကိုယ့်လူတွေလုပ်
တာပဲ၊ ကိုယ်တို့လုပ်တာပဲလို့ ပြောချင်တယ်။
“အလားတူပဲ တွံတေးမှာ ရဲဘော်တွေရှိတယ်။ ငုံ့ခံမနေဘူး။ ဒီဟာတွေကို ကျနော်တို့စဉ်းစားတဲ့အခါမှာ ဒေါ်စုရှိရင်တော့ အ
ကောင်းဆုံးပေါ့ဗျာ။ ဒေါ်စုလမ်းညွှန်တွေကကျနော်တို့ဆီမှာ ရှိပြီးသား ဖြစ်နေပြီ။ ဒေါ်စုရဲ့ခေါင်းဆောင်မှု အရည်အသွေးတွေ၊
စံနမူနာ စံနှုန်းတွေက ကျနော်တို့လက်ထဲမှာ ရှိနေပြီ။ ဒေါ်စုတိုက်တွန်းခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့ ညီညွတ်ရေးအားတွေက ကျနော်
တို့ဆီမှာ ရှိနေပြီ။ စဉ်းစားကြည့်ဗျာ၊ နှစ်ပေါင်း၂၀ လုံးလုံး ဒီပါတီဟာ အစဉ်လေးတွေ၊ အလွင့်လေးတွေတော့ ရှိတာပေါ့ဗျာ၊
မင်္ဂလာဒုံအဖွဲ့လိုဟာမျိုး၊ ဒီလိုလေးတွေတော့ ရှိတာပေါ့။ သို့သော် ကျနော်တို့ ကွဲပြဲတာမရှိဘူးဗျ။ဒီနေ့အထိ ပါတီမကွဲသေး
ဘူးဗျ။ ဗမာပြည် နိုင်ငံရေးရာဇ၀င်မှာ ဒီလိုဟာမျိုး တွေ့မလား၊မတွေ့ဘူး၊ မလွယ်ဘူး။ အဲတော့ ကျနော်ကတော့ စိတ်မပျက်
ဘူး။
“ခုန ခင်ဗျားပြောတဲ့ အန်န်အယ်လ်ဒီဟာ အသံတိုင်နိုင်ပါ့မလားဆိုရင် ကျနော်ကတော့ပြောမှာပဲ၊ တိုင်နိုင်တယ်။ ဘာလို့တိုင်
်နိုင်လဲဆိုရင် အန်န်အယ်လ်ဒီဟာ ဒီအပေါ်မှာ၊မူလအပေါ်မှာပဲ ရှိနေတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ညီညွတ်ရေး
အခြေခံပေါ်မှာပဲ အန်န်အယ်လ်ဒီက တလျှောက်လုံးရှိခဲ့တယ်။ ဆိုတော့ ကျနော်တို့က အသံတိုးတာပဲရှိမယ်၊ တိုးရင် ကျယ်
အောင်လုပ်ရမှာပေါ့ဗျာ။ ဒါပဲလို့ ကျနော်ထင်ပါတယ်။”
ပြီးခဲ့တဲ့အပတ် တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ပြောကြားခဲ့တဲ့ နိုင်ငံရေးသစ်ဆိုတဲ့အယူအဆကို ဦးဝင်းတင်က ရှင်းပြ
သွားတာ ဖြစ်ပါတယ်။
စာဖတ်သူတို့အတွက် စဉ်းစားဆင်ခြင်နိုင်ရန် ဗွီအိုအေ သတင်း စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
၁၀။၇။၀၉
သူ့အတွေး သူ့အမြင်
“အန်အယ်လ်ဒီဌာနချုပ်ဟာ ဆွံ့အနားမကြားကျောင်းတခုလို ဖြစ်နေတယ်”
လို့ ပြောလိုက်တဲ့ လူထုစိန်ဝင်းနဲ့ အင်တာဗျူး
လူထုစိန်ဝင်း
ဟုတ်ကဲ့ ဆရာဦးစိန်ဝင်းခင်ဗျာ၊အခု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကတော့ မြန်မာပြည်က
ပြန်သွားပြီလို့ သိရ ပါတယ်။ သူလာခဲ့တဲ့ ခရီးစဉ်နဲ့ အကျိုးဆက်တွေ ပေါ့၊ ဆရာ ဘယ်လိုမြင်ပါသလဲခင်ဗျာ။
ဒီအကြောင်းကိုတောဗျာ့ ကျနော် အရင်ကလည်းပဲ ဂမ်ဘာရီလာခဲ့တဲ့ အကြိမ်တွေမှာလည်း ကျနော် ခဏခဏ ပြောဖူးပါတယ်။
မ်ဘာရီပဲ လာလာ၊ ဘန်ကီမွန်းပဲ လာလာ ဟုတ်လား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် တွေ တခုလုံးပဲ လာလာ၊ အခြေအနေ
တွေကတော့ ဘာမှထူးခြားမယ်လို့ ကျနော်ကတော့ မယူဆဘူးဗျ။ ဘာ ဖြစ်လို့လဲဆိုတော့ကာ ဒီကုလသမဂ္ဂကလည်းပဲ သူ့မှာက
ဘာမှ တကယ်တမ်း သူက လုပ်ပေးနိုင်တဲ့ အခွင့်အာ ဏာ သူ့မှာ ဘာမှမရှိဘူး။ အရင်တုန်းက ဦးသန့်ပြောခဲ့ဖူးတဲ့ စကားလေးတခွန်း
ရှိတယ်။ ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်နဲ့ ရှိနေစဉ်တုန်းက ဦးသန့်က ပြောခဲ့ဖူးတယ်။ သူ့မှာ ဘာမှ လုပ်ပိုင်ခွင့်
အာဏာတွေ မရှိပါဘူးတဲ့။ သူ့အလုပ်ဟာ တကယ်တော့ ဂုဏ်ထူးဆောင် စာရေးတော်ကြီး အလုပ်ပါ ပဲတဲ့။ ဆိုတော့အခုလည်း ပဲ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ ဘာတို့မှာက ဘာမှလုပ်ပိုင်ခွင့်တွေ၊ အခွင့်အာဏာတွေ မရှိဘူး။ ဒီလိုအခွင့် အာဏာတွေ မရှိတဲ့
အတွက် ဒီအစိုးရကလည်း သူတို့ကို သိပ်ပြီးတော့ လေးစားမှု၊ အထင်ကြီးမှု မရှိဘူးခင်ဗျ။
နောက်ပြီးတော့ ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်အပေါ်မှာလည်း ပုဂ္ဂိုလ်ရေးအရကို ကျနော်က ဂမ်ဘာရီကို မယုံကြည် ဘူးဗျ။ သူဟာ စစ်မှန်
တဲ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်လို့ ကျနော်က မယူဆတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူအရင်တုန်းက (၇) ကြိမ်လောက်လာ
ခဲ့တယ်။ လာခဲ့တဲ့ အကြိမ်တိုင်းမှာလည်း သူက တိုးတက်ပါတယ် ပြော သွားတာပဲရှိတယ်။ တကယ်တမ်းတော့ ဘာမှ တိုးတက်တာ
တွေ ဖြစ်မလာဘူး။ အဲတော့ ကျနော်ကတော့ ဂမ် ဘာရီဟာ သူ့ကို စွဲချက်တောင်မှ (၂) ခုပဲ ကျနော်က တင်ချင်တယ်။ ပထမစွဲချက်
ကတော့ လိမ်လည်မှု။ သူက ဟုတ်လား ဘာမှမတိုးတက်ဘဲနဲ့ အခြေအနေတွေ က ဆိုးနေတာပဲရှိတယ်။ ဆိုးနေတာတွေကို ကောင်း
ပါတယ်၊ ကောင်းပါတယ်၊ တိုးတက်ပါတယ်ဆိုပြီး လိမ်ညာပြီးတော့ လုံခြုံရေးကောင်စီကို အစီရင်ခံနေတယ်။ ဒါတချက် ပေါ့။
နှစ်အချက်ကတော့ ဂမ်ဘာရီဟာ သူ့ကို လုံခြုံရေးကောင်စီက ပေးအပ်ထားတဲ့ အခွင့်အာဏာတွေမရှိဘဲနဲ့ အာ ဏာကို သူအလွဲ
သုံးစာလုပ်တယ်လို့ ကျနော်က ယူဆတယ်။ လုံခြုံရေးကောင်စီက အခွင့်အာဏာ ပေးထားတာ က၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်
ချက်က မြန်မာပြည်နိုင်ငံရေးမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ် လာစေဖို့ အဲဒီအတွက် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး
ရေးဖြစ်ဖို့ ဒါကိုလုံးပမ်းဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထား တာ။ အခု ဂမ်ဘာရီတို့ ဘန်ကီမွန်းတို့က ဂမ်ဘာရီက ဘာတွေလုပ်ခဲ့
လဲဆိုတော့ သူက ဒီဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေကို အသိအမှတ်ပြုပြီးတော့ ဒီရွေး ကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ ရွေး
ကောက်ပွဲမှာ တရားမျှ တမှုဖြစ်ဖို့၊ နိုင်ငံတကာ ကြီးကြပ်သူတွေ လာဖို့တို့ ဒီအကြောင်းတွေကို သူက ပြောပြ တယ်။ ဒါဟာ သူ့
အခွင့်အာ ဏာထဲမှာ မပါဘူးဗျ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်း မထား
ဘူး၊ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်းမထားဘူး။ ဒါကြောင့်မို့ ကျ နော်ကတော့ ဂမ်ဘာရီ
ကို ခုနက လိမ်ညာမှုရယ်၊ အာဏာအလွဲသုံးစားလုပ်မှုရယ်နဲ့ စွဲချက်တင်ပြီးတော့ ဒီနေ ရာကနေပြီးတော့ ဖယ်ရှားပစ်သင့်တယ်လို့
ကျနော်က ယူဆတယ်။
လက်ရှိ အဲတော့ဆရာ မြန်မာ့နိုင်ငံရေးမှာ ဒီကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေက ဘာမှ ထိရောက်မှုမရှိဘူးလို့များ ပြော
နေတာလားခင်ဗျ။
ဟုတ်ကဲ့ ဘာမှထိရောက်မှု မရှိပါဘူးခင်ဗျ။ ဘာမှထိရောက်မှု မရှိပါဘူး။ ကုလသမဂ္ဂက အခုနက ဦးသန့်ပြောခဲ့ တဲ့အတိုင်းပါပဲ။
ဘာအခွင့်အာဏာမှမရှိတဲ့ toothless tiger ပါပဲ။
ဟုတ်ကဲ့ အဲဒါဆို မြန်မာပြည်သူလူထုအကျိုးအတွက်က ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲ ဖြစ်လာနိုင်မလဲ။
မြန်မာပြည်သူလူထု နော် တိုင်းပြည်အတွက်ကတော့ ကျနော်တို့ မြန်မာပြည်သူလူထုကိုယ်တိုင်ပဲ ဘယ်သူ့ကိုမှ အားမကိုးဘဲနဲ့
ကုလသမဂ္ဂကိုလည်း အားမကိုးဘဲနဲ့ အမေရိကန်ကိုလည်း အားမကိုးနဲ့ အီးယူကိုလည်း အားမ ကိုးနဲ့ ကိုယ့်ပြည်သူ့အားကိုပဲ
ကိုယ်အားကိုးပြီးတော့ ကိုယ့်အချင်းချင်းပဲ ညှိနှိုင်းတိုင်ပင်ဆောင်ရွက် လုပ်သင့် တယ်လို့ ကျနော်က ယူဆတယ်။ အန်အယ်လ်ဒီ
အဖွဲ့အစည်းနဲ့ ဒီအစိုးရနဲ့ တိုင်းရင်းသားတွေနဲ့ အတူရှိနေကြတဲ့ သုံးပွင့်ဆိုင်တွေပေါ့ဗျာ။ ဒီလူတွေအချင်းချင်းကိုပဲ ကိုယ့်ဟာကိုယ်
တွေ့ဆုံညှိနှိုင်းပြီးတော့ ဖြေရှင်းသင့်တယ်လို့ ကျနော်က ထင်တယ်။ ဒီကုလသမဂ္ဂတို့ ဘာတို့ကို အားကိုးပြီးတော့ အချိန်တွေက
ကြာနေပြီ။ အနှစ် (၂၀) ရှိပြီ။ တိုင်းပြည်က နာသထက်နာနေပြီ။ လူတွေက ဒုက္ခရောက်သထက်ရောက်နေပြီ။
ဟုတ်ကဲ့ဆရာ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို အခုအချိန်အထိ လုံးဝ လက်မခံသလို လက်ခံမယ့်
အလားအလာလည်း မတွေ့ရဘူးခင်ဗျ။ အဲတော့ ဒီကိစ္စက ဖြစ်နိုင်ခြေရှိ ပါ့မလား။
ဟုတ်ကဲ့ ဖြစ်နိုင်ခြေမရှိတာ၊ အခု အနှစ် (၂၀) လုံး ရေစုန်မျောနေတာက စစ်အစိုးရကလည်းပဲ ဒီ တွေ့ဆုံဆွေး နွေးရေးကို လက
်မခံဘူး ငြင်းပယ်နေတာက ရှင်းရှင်းပြောရရင်တော့ အန်အယ်လ်ဒီကို သူတို့က လေးစားစရာ အဖွဲ့အစည်းလို့ မယူဆတော့လို့ပဲ
ဗျ။ အန်အယ်လ်ဒီကို လေးစားစရာအဖွဲ့ အစည်းတခုလို့ ယူဆရင် သူတို့ဒီလို ငါတကောမကောရဲပါဘူး။ အန်အယ်လ်ဒီကလည်း
လေးစားစရာအဖွဲ့အစည်းလို့ မယူဆတာဟာ သူတို့အစိုးရရဲ့ အမှားလည်း မဟုတ်ဘူးဗျ။ ကျနော့်အမြင်ကလည်း အန်အယ်လ်ဒီ
ကိုယ်နှိုက်က လေးစားစရာ အဖွဲ့အစည်းတ ရပ်လို့ လှုံ့ဆော်မှုပေါ့ဗျာ activities အနှစ် (၂၀) အတွင်းမှာ ဘာမှမရှိဘူးဗျ။ ရှင်းရှင်း
ပြောရရင် အန်အယ်လ်ဒီ ဋ္ဌာနချုပ်ကို သွားပြီးတော့ ကြည့်လိုက်လို့ရှိရင်လည်းပဲ နိုင်ငံရေးပါတီ ဌာန ချုပ်နဲ့ မတူဘူး။ နိုင်ငံရေး
ပါတီအဖွဲ့အ စည်းတခုဆိုတာ သဘောတရားတွေ၊ လမ်းစဉ်တွေ ဆွေးနွေးနေရမယ်၊ ငြင်းခုံနေရမယ်၊ နေ့စဉ်နဲ့အမျှ ငြင်းခုံ ဆွေး
နွေးပွဲတွေနဲ့ ရှုပ်ယှက်ခတ်နေရမယ်။ အခု အန်အယ်လ်ဒီဌာနချုပ်က ငြိမ်သက်ပြီးတော့ ဘာမှ ပြောသံဆို သံလည်း မရှိဘူး ဘာမှ
လှုပ်ရှားမှုလည်း မရှိဘူး။ ဘာနဲ့တူလဲဆိုတော့ နိုင်ငံရေးပါတီဌာနချုပ်နဲ့ မတူဘဲနဲ့ ဆွံ့အ နားမကြားကျောင်းတခုလို ဖြစ်နေတယ်။
ဆရာ မရိုမသေ တခုဖြတ်မေးပါရစေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောက်လျှောက်ဆောင် ရွက် တောင်းဆိုပြောကြား
ချက်တွေကကော ထိရောက်မှုမရှိဘူးလို့ ပြောတာလားခင်ဗျ။
ဟုတ်ပါတယ်ခင်ဗျ။ ထိရောက်မှုမရှိပါဘူး။ ပါးစပ်နဲ့ ပြောနေတာပဲရှိတယ်။ အလုပ် လက်တွေ့မပါဘူးဗျ။ နော် ဟိုနေ့ဒီနေ့ကျရင်
ကြေညာချက်ကလေး တွေ ထုတ်မယ်၊ နော် နအဖဥက္ကဌဆီကို စာပို့မယ်၊ ဒီဟာကလွဲလို့ နိုင်ငံ ရေးမလုပ်တတ်တော့ဘူးလို့ ကျ
နော်က ယူဆတယ်။
ဟုတ်ကဲ့ အဲဒါဆိုလို့ရှိရင် အန်အယ်လ်ဒီအနေနဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ ပေါ်လာအောင် ပထ မဦးဆုံးခြေလှမ်းအနေနဲ့ဆို
ဘယ်လိုဟာမျိုးတွေ ဘယ်လိုလုပ်ငန်းမျိုးတွေ ဆောင်ရွက်သင့်ပါသလဲ ခင်ဗျာ။
အခုအန်အယ်လ်ဒီမှာရှိနေတဲ့ ခေါင်းဆောင်မှုက ခုနကကျနော်ပြောသလိုပဲ ဆွံ့အနားမကြားကျောင်းလို ဖြစ်နေတယ်။နော် ဘာမှ
လှုပ်ရှားမှုမရှိဘူး၊ နောက် အသက်တွေကလည်းပဲ လူတွေက ရှစ်ဆယ်ကျော်တွေ ကိုးဆယ် ကျော်တွေ ဖြစ်ကုန်ပြီဗျ။ သူတို့
ကျန်းမာရေးအခြေအနေအရရော အန်အယ် လ်ဒီကို စွမ်းစွမ်းတမံ ဦးဆောင်နိုင် တဲ့ အခြေအနေ မရှိတော့ပါဘူး။ ဆိုတော့
အန်အယ်ဒီမှာ အင်မတန်တော်တဲ့လူတွေ အောက်ခြေမှာ အများကြီး ရှိပါ တယ်။ ဥပမာ အမျိုးသမီးတွေထဲကတောင်မှ ကျနော်
လူချင်းမတွေ့ဖူးပါဘူး။ နာမည်တွေ ကျနော်မှတ်မိ တယ်။ မန္တလေးက ဒေါ်ဝင်းမြမြတို့၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးတို့၊ ဘားအံ
က ဒေါ်နန်းခင်ထွေးမြင့်တို့၊ ရေနံ ချောင်း မကွေးဘက်က ဒေါ်အုန်းမြတို့၊ ဒေါ်ခင်စောဋ္ဌေးတို့ တကယ့်အမျိုးသမီးတွေဟာ အင်
မတန် တက်တက် ကြွကြွနဲ့ လုပ်နေတယ်။ အင်မတန်လည်း သတ္တိကောင်းကြတဲ့ အမျိုးသမီးတွေပါ။
ဒီလိုအောက်ခြေမှာရှိတဲ့ လူငယ်တွေနဲ့ ခုနက ခေါင်းဆောင်မှုကို ၀ိုင်းရံရမယ်။ လူငယ်တွေကို နေရာပေးရမယ်။ လူငယ်တွေကို
လုပ်ကိုင်ခွင့်တွေ ပေးရမယ်။ အဲလိုဆိုရင် အန်အယ်လ်ဒီဟာ စွမ်းစွမ်းတမံ လုပ်နိုင်လိမ့်မယ်။ လုပ်နိုင်လို့ရှိရင် အစိုးရကလည်း
လေးစားပြီးတော့ လာမှာပါပဲ။ ကျနော်မြင်တာကတော့ အန်အယ်လ်ဒီဟာ ပြည်သူလူထုက မန်းဒိတ်ပေးထားတဲ့ ပါတီအဖွဲ့
အစည်းဖြစ်တယ်။ အဲတော့ကာ ဘာမှမလုပ်ဘဲနေရင် ပြည်သူ လူထုမန်းဒိတ်ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် မထမ်း
ဆောင်နိုင်ရုံတင်မကဘူး ပြည်သူလူထုကို သစ္စာ ဖောက်ရာလည်းရောက်တယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီဟာ တက်တက်
ကြွကြွ စွမ်းစွမ်းတမံ လုပ်ဆောင်နိုင် အောင် လူငယ်တွေကို ပြောခွင့်ပေးပါ၊ လုပ်ခွင့်ပေးပါ၊ လူငယ်တွေနဲ့ ၀န်းရံပါလို့ ကျနော်
ကတော့ နောက်ဆုံး ပြောလိုက်ချင်တယ်။
ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
(အာရ်အက်ဖ်အေ) မှ မေးမြန်း ဖြေကြားချက်ဖြစ်ပါသည်
--------------------
သတင်းစာဆရာကြီး လူထုစိန်ဝင်းပြောဆိုချက် အန်အယ်လ်ဒီ တုံ့ပြန်
မင်းနိုင်သူ / ၂၉ ဇွန် ၂၀၀၉ (ခေတ်ပြိုင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ရပ်တည်လုပ်ဆောင်ချက်များကို ပြင်ပလူများ မသိရှိနိုင်ဟု အန်အယ်လ်ဒီ
ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။
သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ အန်အယ်လ်ဒီအပေါ်ဝေဖန်ပြောဆိုချက်များကို ၎င်းက တုံ့ပြန်ပြောဆိုလိုက် ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စနေနေ့၌ အသံလွှင့်ဌာနတခု၏ မြန်မာပိုင်းအစီအစဉ်တွင် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားစဉ်
ဆရာလူထုစိန်ဝင်းက အန်အယ်လ်ဒီသည် လေးစားဖွယ်ကောင်းသည့် အဖွဲ့အစည်းတရပ်မဟုတ်ဟု နအဖစစ်အစိုးရက ယူဆ
သဖြင့် တွေ့ဆုံဆွေးနွေးရေးကို ကျောခိုင်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ပြောကြားချက်ကို ဦးဉာဏ်ဝင်းက “အန်အယ်လ်ဒီ တကယ်တမ်း ဒီလောက် ဖိနှိပ်တဲ့ကြားထဲက ရပ်တည် လှုပ်ရှားရတဲ့
အခြေအနေကို အပြင်က လူတယောက်အနေနဲ့ မသိနိုင်ဘူး” ဟု ပြောသည်။
ဆရာလူထုစိန်ဝင်းက အန်အယ်လ်ဒီအနေဖြင့် ပါတီသက်တမ်း အနှစ်နှစ်ဆယ်အတွင်း ထိရောက်သော လှုပ်ရှားမှုများ မပြုလုပ်နိုင်
ခဲ့ကြောင်း၊ ကြေညာချက်ထုတ်ရုံ၊ တောင်းဆိုချက်ထုတ်ရုံမျှသာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဝေဖန်ပြောဆိုသည်။
ထိုသို့ပြောဆိုမှုအပေါ် အန်အယ်လ်ဒီပါတီနှင့် လက်တွဲလုပ်ဆောင်နေသော ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီမှ အတွင်း
ရေးမှူး ဦးအေးသာအောင်က အန်အယ်လ်ဒီအနေဖြင့် လုပ်သင့်သည်ကို လုပ်ဆောင်ရန် လိုကြောင်း ပြောကြားသည်။
၎င်းက “တကယ်ပြောရမယ်ဆိုရင်တော့ ခေါင်းဆောင်ပိုင်းမှာ ကိုယ်လုပ်ရမယ့် အလုပ်တွေကို လုပ်ဖို့ထက် နအဖဘက်က ပြောင်း
လဲလာမယ့် အနေအထား၊ အပေးအယူလုပ်လာမယ့် အနေအထားကိုပဲ အားကိုးတကြီး မျှော်လင့်နေတယ်လို့ သုံးသပ်မိပါတယ်”
ဟု ပြောသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ အန်အယ်လ်ဒီအနေဖြင့် တရားဝင်ပါတီတရပ်အဖြစ်မှ လျော့ကျမသွားစေရန် မနည်း
ကျားကန်နေရဟန်ရှိသည်ဟု ပြောဆိုသည်။
“နအဖဘက်က တင်းမာလွန်းအားကြီးတော့ အန်အယ်လ်ဒီမှ၊ ဘယ်အဖွဲ့အစည်းကိုမှ သူက ဂရုစိုက်မှာမဟုတ်ဘူး။ နအဖက သူ့
အင်အားသူ ယုံကြည်ထားတယ်။ အန်အယ်လ်ဒီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မှီထားရတဲ့ သဘောရှိတယ်။ သူတို့
အနေနဲ့က ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မလာမီ လက်ရှိပါတီကို ဖျက်မပစ်အောင် ထိန်းပေးထားတဲ့ သဘောမျိုးနဲ့ လိုက်နေ
ရတာပဲ။ ဒါကလည်း မှန်ကန်တဲ့လုပ်ရပ်လို့မြင်တယ်” ဟု သခင်ချန်ထွန်းက ပြောသည်။
အန်အယ်လ်ဒီပါတီအနေဖြင့် အနှစ်နှစ်ဆယ်အတွင်း လှုပ်ရှားမှုမရှိဆိုသော ဆရာလူထုစိန်ဝင်း၏ ပြောဆိုချက်များကို သခင်
ချန်ထွန်းက လက်မခံပေ။
၎င်းက “အန်အယ်လ်ဒီပါတီဝင်တွေ အနေနဲ့လည်း လုပ်နိုင်သမျှလုပ်ခဲ့ကြတာပဲ။ ဒါကြောင့်မို့လည်း ထောင်ထဲမှာ နေနေရတဲ့
အန်အယ်လ်ဒီပါတီဝင်တွေ အများကြီးပါ။ ခုဟာက အစိုးရက မလှုပ်လိုက်နဲ့၊ လှုပ်လိုက်တာနဲ့ ထောင်ထဲ ထည့်ဆိုတာမျိုးဆို
တော့ ခက်တာပဲ” ဟု ဆိုသည်။
အန်အယ်လ်ဒီပါတီအနေဖြင့် ခေါင်းဆောင်ပိုင်းနေရာများတွင် လူငယ်များနှင့် အစားထိုးကာ လူကြီးများက ၀န်းရံပေးသင့်သည်
ဆိုသော လူထုစိန်ဝင်း၏ အမြင်သဘောထားကိုမူ ဦးအေးသာအောင်နှင့် ဦးချန်ထွန်းတို့ နှစ်ဦးစလုံးက သဘောတူလက်ခံကြသည်။
အန်အယ်လ်ဒီပါတီက ပြီးခဲ့သည့်ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင်ကြေညာချက်တွင် အဖွဲ့ချုပ်ခေါင်းဆောင် များအပါအ၀င
် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်
ညီသည့်အချက်များကို ပြင်ဆင်ပေးရေးနှင့် အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ
၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။
နအဖစစ်အစိုးရဘက်မှမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ မြန်မာနိုင်ငံအား
စီးပွားရေးအဆက်အသွယ် ဖြတ်တောက်ရေးအပါအ၀င် အလုံးစုံပိတ်ဆို့ရေး စသည်တို့ကို စွန့်လွှတ်ကြောင်း ကြေညာရန်နှင့်
ယင်းသို့ကြေညာပါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမည်ဟု တရားဝင်ကြေညာ
ချက် ထုတ်ပြန်ထားသည်။
အန်အယ်လ်ဒီဘက်မှမူ နအဖတင်ပြသည့် ယင်းအချက် (၄) ချက်သည် အန်အယ်လ်ဒီက ဆုပ်ကိုင်ထားသည့် မူဝါဒများ တခုမှ
မဟုတ်ကြောင်း ငြင်းပယ်ခဲ့သည်။
သူ့အတွေး သူ့အမြင်
“ ဆွမ်းဆန်ထဲကကြွက်ချေးများ (၂) ” -- မဟော်သဓာ
ယခင်အပတ်မှ အဆက်---
ဒို့ဗမာအစည်းအရုံးမှ ဦးဆောင်၍ မျိုးချစ်လူငယ်များက အင်္ဂလိပ်အစိုးကိုတော်လှန်ရန်ကြိုး စားခဲ့သည်။ ပြည်ပအကူညီယူ၍ ဂျပန်၌မြန်မာပြည်တွင် လူ့ အခွင့်အရေးချိုးဖောက်ခံနေရသည်ကိုစစ်ဗိုလ်ချုပ်ကြီးတွေကလွဲလျှင်လူတိုင်းသိသည်၊လက်ခံသည်၊ ထို့ ကြောင့်လည်းဒေါ် အောင် ဆန်းစုကြည်ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ နှင့်အတူတိုင်းရင်းသား အားလုံးပူးပေါင်း ပြီး တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်၊သို့ သော်မြန်မာ ပြည်တွင်လူ့ အခွင့်အရေးမရှိ သည်ကိစ္စနှင့် ရခိုင်ပြည်တွင်နေထိုင်နေ ကြ သောဘင်္ဂါလီရေဪ့ ပြောင်းအလုပ်သမားများနှင့် ၄င်းတို့ .ဆွေမျိုးများ ကို(ရိုဟင်ဂျာ)ဟူသောအမည်သစ် တစ်ခုတတ်ပြီး မြန်မာ လူမျိုးစုဝင် စာရင်းထဲတွင်ထည့်သွင်းရန်နှင့် ဘာမှမဆိုင်ပါ၊ စံပန်နဂိုမှ နွားပေါင် ကျိုးသည့်ပြဿနာသည်ညောင်ဦး ကမ်း ပါးပြိုသည်နှင့် တခြားစီသာဖြစ်ပါသည်၊မြန်မာပြည်တွင်ဒီမိုကရေစီစနစ်ထွန်းကားရန် လူ့ အခွင့်အရေးရရှိရန်တိုက်ပွဲဝင် ရမည့် တာဝန်မှာ မြန်မာပြည်တွင်နေထိုင်ရဟန်းရှင်လူပြည်သူအားလုံးတွင်တာဝန်ရှိပါသည်၊မြန်မာပြည်တွင် နေထိုင်သော ထို ဘင်္ဂါလီ် မူဆလင်တို့ တွင်လည်းတာဝန်ရှိပါသည်။
ကျနော်တို့ အတူတိုက်ပွဲဝင်ကြရပါမည်၊သို့ သော်ထိုလူတို့ သည် တောကြောင်တွေတော့မဖြစ်သင့်ကြပါ ၊မြန်မာပြည်တွင် ဒီမိုက ရေစီစနစ် ဆိတ်သုန်းနေ ချိန် ကမြာတစ်ဝှမ်းလုံးကစစ်အစိုးရကိုဖြုတ်ချပြီ ဒီမိုကရေစီအစိုးရတခု ပေါ်ထွန်းသည်ကိုမြင်တွေ့ လို နေချိန်ကို အခွင့်ကောင်းယူပြီး ကမ္ဘာကို စာနာ စိတ်ဝင်အောင်လိမ်ညာနေခြင်းမှာ မရိုးသားသော မလုပ်အပ်သော မလုပ်သင့် သော လူ့ ကျင့်ဝတ်နှင့်မညီသော လုပ်ရပ်သာ ဖြစ်ပါသည်၊ထိုကိစ္စကို မည်သည့်အမှန်တရားကို မြတ်နိုးသူတိုင်း အနာဂတ်မြန်မာ ပြည်ငြိမ်းချမ်းရေး တည်ငြိမ်ရေးကို လိုလားသူတိုင်းလက်မခံသင့် မထောက်ခံသင့်သော အားမပေးသင့် သောကိစ္စဖြစ်ပါသည်၊
ဘင်္ဂါလီရွှေ့ပြောင်းအလုပ်သမားကိစ္စကို ကြုံကြိုက်တုန်းအနည်းငယ်ထပ်ပြောလိုပါသည်၊သူတို့ သည်ရခိုင်ပြည်တွင် မျိုးဆက် နှစ်ဆက်ကနေ သုံးဆက်ထိ နေလာပြီးသူများဖြစ်နေကြပါသည်၊မြန်မာပြည်တွင်တရားဝင်အစိုးရတက်လာသောအခါ သူတို့ ကိုထိုက်သင့်သောနိုင်ငံသားအခွင့် အရေးတွေကို ပေးသင့်ပါသည်၊သို့ သော် သူတို့ အနေဖြင့် မိမိ တို့ နေသော တိုင်းပြည်မှ ပြည် သူလူထု ကစေတနာ ရှိလာအောင်နေတတ်ဖို့ တော့လိုပါ သည်၊လူတစ်ယောက်ကို နိုင်ငံသားပေးသည်ဆိုသည်မှာ လွယ် သည့် ကိစ္စမဟုတ်ပါ၊နိုင်ငံတကာတွင် ရောက်ရှိနေထိုင်ကြသော မြန်မာပြည်သားများ နိုင်ငံရေးကို လေ့လာနေသူများ သိကြပါလိမ့် မည်၊ တစ်ချို့ ဆိုလျှင်နိုင်ငံသားအဖြစ် ပေးပြီးမှ နိုင်ငံတကာအသိုင်းအ၀ိုင်းမှအထောက် အထားနှင့်တကွ အကြမ်းဖက်အုပ်စု ၀င် ဖြစ်ကြောင်းပြလာသေအခါ ပြဿနာအကြီးအကျယ်တွေ့ ရပါသည်၊
နိုင်ငံရပ်ခြားတွင်နေထိုင်နေကြသောမြန်မာပြည်သားများကြားကြသိကြပြီးသားဖြစ်ပါလိမ့်မည်၊၊ အဘယ်ကြောင့်ဆိုသော် မိမိတို့ နိုင်ငသားတစ်ယောက် ကို သူများနိုင်ငံသို့ လွှဲမပေးရဆိုသည့် ဥပဒေကလည်းရှိနေပြီးသားဖြစ်နေ၍ ထားရလည်းအခက်။ နိုင်ငံတကာဥပဒေအတိုင်း အရေးယူနိုင်ရန် လွှဲပြောင်း ပေးရလည်းအခက်ဖြင့် သက်ဆိုင်ရာနိုင်ငံသားတို့ နှင့်အစိုးရတို့ မှာ ထိုအ ကြမ်း ဖက်အုပ်စုဝင်တစ်ယောက် ကြောင့်နိုင်ငံတကာ အသိုင်းတွင်မိမိတို့ အစိုးရ မျက်နှာပျက်ရသည့်အဖြစ်ကိုအနောက်နိုင်ငံ တော်တော်များများကိုယနေ့ ရင်ဆိုင်နေရပါသည်၊ထိုအကြမ်းဖက်အုပ်စုဝင်တို့ ကတခါသက်ဆိုင် ရာ မိမိတို့ နေထိုင်သောအစိုးရ ကို ခြိမ်းခြောက်တာမျိုးပင်ပြန်လုပ်လာသည့်ကိုလည်းကြုံနေရပါသည်၊ ဥပမာ မင်းတို့ ငါ့ ကိုနိုင်ငံတကာ ခုံရုံးကိုလွှဲပေးလိုက်ယင် နိုင်ငံတွင်းဗုန်းခွဲမှုတွေလုပ်ပစ်မယ်ဆို တာမျိုးဖြစ်ပါသည်၊ထို့ ကြောင့်လည်းတစ်ချို့ နိုင်ငံတွေဆိုလျှင် ၅ နှစ်ဆို လျှင်နိုင်ငံသားဖြစ် ခွင့်ရှိ ပါလျှက်နိုင်ငံတော်လုံခြုံရေးအတွက် ၁၀ ကြာသည့်တိုင်အောင် နိုင်ငံသား အခွင့်အရေး လုံးဝ မပေးသေးတာကိုလည်းတွေ့ နေရပါသည်၊သူတို့ .နေထိုင်ပြုမူပုံများပုံစံမပြောင်းမချင်း နိုင်ငံသားအခွင့်အရေးရမည့်အနေအထား မတွေ့ ရတော့ပါ၊
ယနေ့ မြန်မာပြည်အနောက်ဘက်ခြမ်းတွင်နေထိုင်ကြသော ဘင်္ဂါလီမူဆလင်တို့ ကိုလည်းအထူးသတိထားစရာကိစ္စများကို တွေ့ နေရပါသည်၊ ဥပမာ နေထိုင်ခွင့် လုပ်စားခွင့်ပေးထားသောရခိုင်ပြည်သူလူထု ကျေးဇူးကို မထောက်ထားပဲ ရခိုင်သမိုင်းကိုလိမ်ပြီး နိုင်ငံတကာကို လှည့်ပတ်ခြင်း။ယနေ့ ကမ္ဘာ့ လူသားမျိုးနွယ်တစ်ခုလုံး. ဘုံရန်သူဖြစ်သော အယ်လ်ကိုင်းဒါး။တာလီဘန်ကဲ့သို့ သောအကြမ်းဖက်အုပ်စုအဖွဲ့ များနှင့် ဆက်စပ်ပတ်သက်ခြင်း စသည်ဖြင့် ရခိုင်တမျိုးသားလုံးအတွက်။မြန်မာပြည်သူ တရပ်လုံး အတွက်အင်မတန် အန္တရယ်များသော အလုပ်ကို သူတို့ လုပ်နေကြပါသည်၊ထို့ ကြောင့် ထိုလူမျိုးတို့ ကိုနောင်တချိန်အစိုးရသစ် တရပ်။ လွှတ်တော်တရပ်ပေါ်ပေါက်လာလျှင်တောင် နိုင်ငံသားအဖြစ်ပေးမည့် ကိစ္စကို ကျနော်တို့ တော်တော်စဉ်း စားကြရပါ မည်၊
ထိုကဲ့သို့ စဉ်းစားရသည်မှာ လူ့ အခွင့်အရေးကိုမစဉ်းစာှးုမဟုပ်။နိုင်ငံတကာဥပဒေကိုမလေးစား၍မဟုတ်ပါ၊ပြည်သူလူထု တရပ် လုံး .လုံခြုံရေးအတွက်သက်ဆိုင်ရာနိုင်ငံတစ်ခု.အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကိုလုပ်ခြင်းသာဖြစ်ပါသည်၊ နိုင်ငံ တိုင်း နိုင်ငံ တိုင်းတွင် လူမျိုးပေါင်းစုံ ဘာသာ ပေါင်း စုံ အတူနေထိုင်ကြပါသည်၊ကျနော်တို့ မြန်မာပြည်တွင်လည်း လူမျိုးဘာသာ စုံလင်သော ပန်းပေါင်းစုံသည့်ဥယာဉ်ကြီး သဖွယ်အလွန် သာယာ လှပ ကျက်သရေရှိသော တိုင်းပြည်တပြည်ဖြစ်ပါသည်၊ ရခိုင် ပြည်တခုတည်းတွင်ပင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံစုပေါင်းနေထိုင်ကြသော ပြည်ထောင် စုငယ်တစ်ခုကဲ့သို့ ပင်ဖြစ်ပါ သည်၊ ဥပမာ ရခိုင်ပြည်မှ ကမန်လူမျိုးအများစုဆိုလျှင် မူဆလင်ဘာသာကိုကိုးကွယ်ကြပြီး ရခိုင်ဘုရင်များ လက်ထက်ကတည်းကပင် ရခိုင့်ဘုရင့်တော်ဝင်-လေးသည်တော် တပ်တွင် အမှုထမ်းခွင့်ရခဲ့ကြပြီး ရခိုင်ပြည်ကိုအန္တရာယ်အသီးသီးမှကာကွယ်စောင့်ရှောက် ရာတွင် ဗုဒ္ဒဘာသာဝင်ရခိုင်လူမျိုးတို့ နှင့်အတူ အသက်ပေးတိုက်ပွဲ ၀င်လာခဲ့ကြသူများဖြစ်ပါသည်။
သူတို့ သည်အလွန်အင်မတန် သစ္စာရှိသော လူမျိုးများ ဖြစ်ကြပြီးရခိုင်ပြည်ကိုထိလာလျှင်မည်သည့်အခါမျှအသက်ပေးဖို့ ဝန်မ လေး တတ်ကြပါ၊သမိုင်းတွင် အ ထင် အရှား ရှိသည့်ကိစ္စကို မည်သူမျှငြင်း၍မရပါ၊ နအဖက ကမန်မူဆလင်များမရှိဟုဆိုလျှင် လည်း ရခိုင်လူမျိုးများက ရှိသည် ဟု ရဲ ၀ံ့ပြတ် သားစွာ သွေးရင်းညီနောင်ထိုကမန်မူဆလင်ဘာသာဝင်များဘက်က ရပ်တည်ရ ပါမည်၊ သမိုင်းတွင်အထင်အရှားရှိ နေသည့်ကိစ္စကို သမိုင်းက ဖယ်ထုတ် ၍မသင့်သကဲသို့  သမိုင်းတွင်မရှိသည့်ကိစ္စကို လည်း အတင်းထည့ှ်ုမရပါ၊ဆွမ်းဆန်ထဲကြွက်ချေးရောမိလျှင် တန်ဖိုးရှိလှသော ဆွမ်းဆန်များ ဆုံးရှုံးသွား နိုင်ပါသည်၊တန်ဖိုးရှိလှသည့် ကမန်မူဆလင် ဆွမ်းဆန်များဆုံးရမည့်ကိစ္စများကိုကျနော်တို့ မလုပ်သင့်ပါ၊သူတို့ .အသက်သွေးများစွာတို့ သည်ရခိုင်လူမျိုး များ နှင့်အတူ ဂစ္စပနဒီမြစ်ကြောင်းတလျှောက်စီးမျောခဲ့ကြပြီးဖြစ်ပါသည်၊
အချုပ်အားဖြင့်ကျနော်လေ့လာဘူးသောဗဟုသုတတစ်ခုကိုမျှဝေလိုပါသည်၊နော်ဝေနိုင်ငံဟုဆိုလျှင်လူ့ အခွင့်အရေးပြည့်ဝသော။
ချမ်းသာကြွယ်ဝပြီးငြိမ်းချမ်းသောတိုင်ပြည်ဖြစ်သည်ကိုလူတိုင်းချက်ချင်းသဘောပေါက်လက်ခံကြပါသည်၊အမှန်လည်းထိုကဲ့သော
ပင်ဖြစ်ပါသည်၊သို့ သော်ဤမျှ လောက် လူ့ အခွင့်အရေးနှင့်ဒီမိုကရေစီပြည့်ဝပါလျှက်နှင့် ဘာသာပေါင်းစုံလည်းနေထိုင်ကြပါ လျှက်နော်ဝေနိုင်ငံတွင် မူဆလင် ဘာသာဝင်တို့ နေထိုင် လာကြ သည်မှာရာစုနှစ်ပေါင်းများစွာ ကြာနေကြပြီဖြစ်ပါလျှက် နော်ဝေ နိုင်ငံ.ဒုတိယမြို့ တော်ဖြစ်သော ဘာဂင် မြို့ တွင် ယနေ့ ၂၀၀၉ ထိ ဗလီတစ်ခုမျှ မရှိသေး ပါ၊မူဆလင်ဘာသာဝင်တို့ ခမျာ အိမ်ခန်း သာသာအခန်းကျဉ်းလေးတစ်ခုကို သူတို့ . ဗလီအဖြစ်သတ်မှတ်ပြီး ထိုနေရာတွင် ၀တ်ပြုဆုတောင်း နေကြ သည်ကို ဘာဂင်ကို ရောက်တုန်းက မိတ်ဆွေ မူဆလင်တစ်ယောက်လိုက်ပြှုကိုယ်တိုင်မြင်တွေ့  ခဲ့ရဘူးပါသည်၊
ကျနော်တို့ မြန်မာပြည် အနောက် ဘက်ခြမ်းက ကျောက်ဖြူမြို့ ဆိုတာ ဘာဂင်မြို့ ရဲထက်ဝက်လောက်ဘဲရှိပါလိမ့်မယ်၊ဒါပေမယ့်
ဗလီ (ကျနော်သိသ လောက် ဒီထက်ပိုယင်တောင် ပိုအုံးမည်)သုံးခု ရှိပါသည်၊စဉ်းစားကြည့်ကြပါ၊မြန်မာပြည်တွင် ဘာသာရေး
လွပ်လပ်ခွင့်မရှိ ဟုပြောနေကြသူများ။ လူနည်းစု မူဆလင်ဘာသာဝင်များ အနှိမ်ခံနေရသည်ဟုအော်နေကြသူများ အတွက်ဝေ ဖန်ဖို့ နှင့်ဆင်ခြင်ဖို့ ဝေငှလိုက်ခြင်းဖြစ်ပါသည်၊
နောက်နော်ဝေးပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်က တီဗွီအင်တာဗျူးတစ်ခုမှာပြောသွားတာကိုလည်းဒီနေရာမှာအလျည်းသင့်လို့ 
ထည့်ပြောလိုက်ပါရ စေအုံး၊သူ က နော်ဝေနိုင်ငံဟာလူ့ အခွင့်အရေးအပြည့်အ၀ရှိပါတယ်၊လူတိုင်းလွပ်လပ်စွာကိုးကွယ်ခွင့်ရှိပါ
တယ်၊ဒါပေမယ့် ဒါတွေဟာ နော်ဝေဥပဒေ အတိုင်းနော်ဝေလူ့ အဖွဲ့ အစည်းရဲ့ စံအတိုင်းသာဖြစ်ရပါမယ်၊မူဆလင်ဘာသာဝင်တွေ
ဒီထက်ပိုပြီးလိုချင်ယင်တော့ ဆိုဒီအာရေဗျ တို့ ပါကစ္စတန် တို့ ကို သွားနေကြပါ ဆိုတာပါပဲ၊နော်ဝေကိုရောက်နေကြတဲ့တစ်ချို့ 
မူဆလင်ဘာသာဝင်တွေဇနီးမယားတစ်ယောက်ထက်ယူခွင့်တောင်းဆိုကြတာကို ရည်ရွယ်ပြီးပြောတာဖြစ်ပါတယ်၊နော်ဝေမှာ
ဥပဒေအရ ဘယ်သူမှ ဇနီးနှစ်ယောက်ယူခွင့်မရှိပါဘူး၊ ဒီနိုင်ငံတွေမှာက ဥပဒေကခွင့်မပြုဘူးဆိုယင် ဘယ်သူမှ ဘာမှ ဥပဒေ ဘောင်ကကျော်ပြီးလုပ်လို့ မရပါဘူး၊
ကျနော်တို့ ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အပြောင်းအလဲနှင့်ပတ်သက်လို့  ကြိုးစားလုပ်ဆောင်နေကြတဲ့သမိုင်းစာမျက်နှာထဲမှ
လူတွေဖြစ်ကြ ပါတယ်၊ အပြောင်းအလဲဖြစ်ပြီးရော။နအဖ ကိုသူများအပြစ်တင်ပြီးရော မိမိတို့ အာဏာရပြီးရော ဆိုပြီးထင်ရာကို
လျှောက်ပြော။ လျှောက်လုပ်၍မရပါ၊ အဆင်မသင့်လျှင်မြွေပါလည်းဆုံး။သားလည်းဆုံးရမည့်အဖြစ်ကိုကျနော်တို့ ကြုံတွေ့ ရနိုင် ပါတယ်၊
ဒီနေ့ အချိန်အခါဟာ မြန်မာပြည်အတွက်အသက်တမျှအရေးကြီးတဲ့သမိုင်းအလှည့်အပြောင်းတစ်ခုကိုရောက်နေချိန်ဖြစ်လို့ လူမျိုး ရေးသတိ။ စစ်ရေး သတိ။ဘာသာရး သတိ။ နိုင်ငံရေးသတိ တို့ ကိုမလစ်ဟင်း စေပဲ အထူးသတိထားလုပ်ဆောင်သင့်လှပါ ကြောင်းသတိပေးအကြံပြုတင်ပြလိုက်ပါတယ်။
သူ့အတွေး သူ့အမြင်
“ ဆွမ်းဆန်ထဲကကြွက်ချေးများ (၁) ” -- မဟော်သဓာ
တလောက နိုင်ငံတကာသတင်းတွေထဲမှာရော မြန်မာ့ပြည်ပသတင်းမီဒီယာလောကမှာပါ ဟိုးလေးတကျော် ဖြစ်သွားတဲ့ သ တင်း တစ်ခုကိုမြန်မာ့ အရေး စိတ်ဝင်စားစားသူတိုင်း မှတ်မိကြမှာပါ၊ဘင်္ဂါလီလူမျိုးလှေဖြင့်စွန့် စားပြီးအလုပ်သွားရှာကြ သည့် လူမျိုးများကို ဖမ်းမိပြီးထိုင်းစစ်တပ်က ပင်လယ်ထဲပြန် မျောလွှတ်သည့်သတင်းဖြစ်ပါတယ်၊တကယ်တော့ဒီနေ့ ကမ္ဘာပေါ်မှာ ရွှေ့  ပြောင်းအလုပ်သမားကိစ္စတွေဟာသိပ်ထူးခြားတဲ့ သတင်းတော့မဟုတ်ပါဘူး၊ငွေကြေးတန်ဖိုးနည်းတဲ့နိုင်ငံသားတွေဟာ ငွေကြေး တန်ဖိုးများတဲ့တိုင်းပြည်တွေဆီကိုဒီလိုပဲသွားလာလုပ်ကိုင်နေကြပါ။
ဥပမာ ပိုလန် နိုင်ငံသားတွေတော်တော်များများဟာ နော်ဝေးမှာလာပြီးအလုပ်လုပ်ကြပါတယ်၊သူတို့ က လုပ်ခဈေးသက်သာ တော့နော်ဝေးအလုပ်ရှင် တွေက လည်းကြိုက်ကြပါတယ်၊သူတို့ ကအထူးသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလုပ်ကိုင်ကြ တာများပါတယ်၊နော်ဝေးလူမျိုးတွေရဲ့ လုပ်အားခ နှင့်ယှဉ်လိုက်ယင် တစ်ခါတစ်လေ ထက်ဝက်လောက်တောင်လျော့နေ တတ် ကြနေပေမယ့် ရတဲ့လုပ်အားခကို ကိုယ့်နိုင်ငံက ငွေတန်ဖိုးနှင့်ပြန် တွက်ရင် ကိုယ့်နိုင်ငံထက်အများကြီးသာနေတာကိုး၊ တကယ် တော့နော်ဝေးမှာဘယ်သူ့ ကိုမဆို အနိမ့်ဆုံးလစာကိုတန်းတူပေးရမယ်လို့ ဥပဒေရှိနေပေမယ့်ခုလို အလုပ်သမားဈေးကွက် မှာ ဖြစ်ပျက်နေတာကတော့စိတ်ဝင်စားစရာပါ၊အခြားအိမ်နီးချင်းနိုင်ငံတွေတချို့  ဥပမာ ဖင်လန်တို့  ဆွီဒင်တို့ ကလည်း အလုပ် လာ လုပ်ကြတာကိုတွေ့ ရပါတယ်၊အာရှနိုင်ငံတွေနှင့်ကွာတာကသက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံကူး လက်မှတ်တွေနှင့်အတူလွပ်လပ်စွာ သွားလာလို့ ရတာ နှင့်မရတာသာကွာပါတယ်၊
အခုလည်းကျနော်အထက်က ပြောခဲ့တဲ့ လူတစ်စုဟာ အဲဒီလိုပဲ သူတို့ က ကိုယ့်နိုင်ငံမှာ(ဘင်္ဂလာဒေ့ခ်ျ) မှာ စား ၀တ်နေရေး
အဆင်မပြေတော့ အခြား ငွေကြေးတန်ဖိုးမြင့်မားပြီး အလုပ်အဆင်ပြေတဲ့နိုင်ငံတွေကို သွားပြီး အလုပ် ရှာကြတာပါ၊ ဒါပေမယ့် ပြဿနာက ထိုင်းစစ်တပ် ဒီလူတွေကိုဖမ်းမိပြီး ပင် လယ် ထဲကိုပြန်မျှောရာကနေ စတာပါ၊တကယ်တန်းဆိုရင်တော့ထိုင်း စစ် တပ်ကလဲ ဒီလိုလူသားချင်းမစာနာတဲ့ကိစ္စကိုမလုပ်သင့်ဘူးလို့ မြင်ပါ တယ်၊ တရားမ၀င် ၀င်ရောက်လာရင် တရား ဥပဒေအရ လိုအပ်တာကိုလိုအပ်သလိုအရေးယူပြီးရင် သက်ဆိုင်ရာနိုင်ငံ တွေကိုလဲပြောင်းပေး၊ ဒါဟာ အပ်နှင့် ထွင်းရမယ့်ကိစ္စ ပါ၊ဒါပေမယ့် ဒီလောက်နှင့်ပြီးမသွားပါဘူး၊မီဒီယာဂုရုတွေက ဒီရြေ့ ပြောင်းအလုပ်သမားတွေကို သူတို့ ရဲ့ ပညာနှင့်အသုံးချ လိုက်တော့ ဒီဘင်္ဂါ လီ မူဆလင်တွေကလည်း အရှင် လတ်လတ် ဘ၀ပြောင်းပြီးမြန်မာပြည်မှာ တစ်ခါမှ မရှိ မကြားဘူးတဲ့ ရိုဟင်ဂျာဆိုသူ တွေဖြစ် ကုန်ကြပါတယ်၊ ရခိုင်ပြည်နယ်စပ်မြို့ တွေဖြစ်တဲ့ဘူးသီး တောင်နှင့်မောင်တောမြို့ ဆိုတာ ဟိုးအယင်ကတည်းကဘင်္ဂါလီ ရွှေ့  ပြောင်းအလုပ်သမားတွေမြန်မာပြည်ကို အလုပ်လာလုပ်ပြီးမပြန်ပဲ နည်းမျိုးစုံနှင့် ခိုကပ်နေထိုင်ကြတဲ့ မြို့ တွေဖြစ်ပါတယ်၊ ဘာသာစကား။ ယဉ်ကျေးမှုအားလုံးဘင်္ဂါလီတွေသာဖြစ်တယ်၊
အဲဒီနယ်စပ်မြို့ များမှ ဘင်္ဂါလီ လူမျိုးများနှင့် ဘင်္ဂလာဒေ့ခ်ျ မှ ဘင်္ဂါလီတို့ ကအမြဲတမ်း ဥဒဟို သွား လာ နေကြ၊ သို့ သော်နောက်ပိုင်းထို သူတို့ က တစ်ခုစီစဉ်လာကြတာရှိသည်၊ဒါက အခြားမဟုတ် ၊ ဘဂ်ါလာဒေ့ခ်ျ နှင့်ရခိုင်ပြည်နယ်စပ်ကလူတွေ တင်ကြိုတင် သဘောတူထား ကြတာတွေရှိလုပ်ကြ သည်၊လှေဖြင့်စွန်းစား ပြီးခရီးထွက်ကြမည်။
အဖမ်းမခံရလျှင်ဦးတည်ရာ နိုင်ငံတွေမှာကြုံသလို အလုပ်လုပ် ကြ မည်၊အဖမ်းခံရလျှင်မြန်မာပြည် ကဟုပြောကြမည်၊မြန်မာပြည်ဆိုတာက စစ်အုပ်ချုပ်ရေးကြောင့် လူ့ အခွင့်အရေးချိုးဖောက် သည်ဟုကမ္ဘာတွင် နာမည် ဆိုးဖြင့် ကျော် ကြားသောနိုင်ငံ၊ပြီးတော ဗုဒ္ဒဘာသာအများစု နေထိုင်သောနိုင်ငံ၊ထို့ ကြောင့်အဖမ်းခံရသည့်အချိန်တွင် အစိုးရလူ့ အခွင့် အရေးချိုးဖေါက် မှု။ ဘာသာရေးလွတ်လပ်ခွင့်မရှိုထွက်ပြေးလာရသည်ဟုဆိုလျှင်မိမိတို့ အနေဖြင့် နိုင်ငံတကာ. စာနာ ထောက် ထားစိတ်နာခြင်းကိုခံရနိုင်သည်၊
မြန်မာ ပြည်က နာမည်ဆိုးဖြင့်ကျော်ကြားနေသည်ဆိုတော့အခွင့်အခါကောင်းပင်ဖြစ်သည်၊ဆိုတော့မြန်မာပြည် ကမြန်မာစကား
အတော်အတန် ပြောတတ် သော ဘင်္ဂါလီမူဆလင်တို့ က သတင်းထောက်တွေနှင့်လိမ်ညာလှည့်ပတ်လိုက်လျှင် ကျန်သည့် ဘင်္ဂ လာဒေ့ခ်ျ နိုင်ငံသား တို့ ကအသာလေးငြိမ်နေလိုက် ရုံဖြင့်ကံကောင်းလျှင် ယူအင် .စောင့်ရှောက်မှုကိုခံရနိုင်ပြီး ထို့ ထက်ကံ ကောင်းလျှင်အခြား တတိယနိုင်ငံသို့ ပင်ရောက်သွားနိုင်သည်၊
ဒါကသူတို့  အဓိ ကရည်ရွယ်ချက်၊ထိုင်းစစ်တပ်.လုပ်ဆောင်ချက်တွေက သူတို့ အကြံအစီကိုအဓိက ပံ့ပိုးပေးသလိုဖြစ်သွားသည်၊
နိုင်ငံတကာမှ သတင်း သမားတွေဆို တာက မြန်မာ့သမိုင်းကိုက၍မ်းကျင်သည့် သမိုင်းပညာရှင်တွေမဟုတ် ၊မြန်မာ့သမိုင်းကို
လေ့လာနေသူတွေမဟုတ်၊ လူတစ်စုပင်လယ်ထဲ မှာဒုက္ခ ရောက် နေသည်၊ထိုလူစုကိုသတင်းတစ်ယောက်အနေဖြင့်တွေ မည်
မေးမြန်းမည်၊ပြီးနောက်ထိုသတင်းကိုသက်ဆိုင်ရာမိခင်သတင်းဌာနကိုပို့ ပေးလိုက်သည်၊ သတင်းဌာနက ပို့ ပေးသောသတင်း
ကိုလွှင့်ပေးသည်၊သူတို့ ကသမိုင်းပညာရှင်တွေ မြန်မာ့အရေးကျွမ်းကျင်သူတွေမဟုတ်တော့ မြန် မာပြည်မှာ(နာမည်အလိမ်)
ရိုဟင်ဂျာ လူမျိုးရှိမှန်းမရှိမှန်း သိကြသည်မဟုတ်၊လုပ်ရိုးလုပ်စဉ် သာမန်သတင်းတစ်ပုဒ်ကို လွှင့်ပေးရုံသာဖြစ်သည်၊ သို့ သော်
ထိုသတင်းကိုဆက်ပြီးမေဪသူတွေကမြန်မာပြည်ပသတင်းသမားဆိုသူတွေ။နိုင်ငံရေးလှုပ်ရှားသူဆိုသူတွေဖြစ်သည်၊
ယနေ့ မြန်မာပြည်တွင်လူမျိုးပေါင်းစုံနေထိုင်ကြသော်လည်းထိုလူမျိုးတို့ တစ်ဦးနှင့်တစ်ဦးတို့ သမိုင်းအစဉ်အလာတွေကို သိပ
်သိကြသည်မဟုတ်၊သမိုင်း ဆိုလျှင် ဗမာသမိုင်းအလွဲယင်ကျန်သောလူမျိုးများ.သမိုင်းကိုသိသူများ မှာလက်ချိုးရေတွကှ်ုရသည်၊
ထို့ ကြောင့်ယနေ့ ပြည်ပရှိမြန်မာ့မီဒီယာသမား ဆို သူတွေအများစုတို့ တွေ။နိုင်ငံရေးတက် ကြွသူဆိုသူတွေမှာ အခြားလူမျိုးများ.
သမိုင်းကိုမဆိုထားနှင့်မိမိတို့ သမိုင်းကိုပင် မိမိတို့ ဂဃ ဏဏ သိသူ အင်မတန်ရှားသည်၊
ထို့ ကြောင့်လည်းနိုင်ငံခြားသတင်းဌာနအသုံးအနှုန်းအတိုင်း(ရိုဟင်ဂျာ)ဟူသောနာမည်အလိမ်ကိုမြန်မာပြည်ပမီဒီယာသမားတေ
ွကနောက်ကလိုက် ပြီး သုံးနေကြသည်မှာရှက်ဖို့ ကောင်းလှပါသည်၊အမှန်မှာသူတို့ ဒီလိုမလုပ်သင့်ပေ၊ ဒီနာမည်တစ်ခုကိုတော့ နိုင်ငံတကာ သတင်းသမားတွေသုံးနေကြ ပြီ ၊ မြန်မာပြည်မှာကားရှိရဲ့ လား၊မသိသူကမှားယင်တောင်သိသူတွေက ဆက်ပြီးမမှား ရအောင်သတိထားရမည်ဖြစ်ပါသည်၊ ထို့ ကြောင့်မြန်မာသမိုင်း ပညာ ရှင်။ရခိုင်သမိုင်း ပညာရှင်တို့ ထံမေးမြန်းစုံစမ်းပြီး ပညာရှင် တို့ . အတည်ပြုချက်ရမှ ထိုနာမည် ကိုသုံးသင့်ပါသည်၊ဒါက မီဒီယာကျင့်ဝတ်ကို လေး စား လိုက်နာသည့်သတင်းသမားတို့ သာ လုပ်ကိုင်တတ်သည့်ကျင့်ဝတ်ဖြစ်သည်၊သို့ သော်ယနေ့ မြန်မာ့ လွပ်လပ်သည့်သတင်းမီဒီယာ သမားဆိုသူတွေ က ဒီလောက်ထိ မီဒီယာကျင့်ဝတ်တွေ ကိုယ်ကျင့်တရားတွေကိုစဉ်းစားတတ် လောက်အောင် ရင့်ကျက်ကြသေးသည်မဟုပ်၊သတင်းတပုဒ်ကို ဒေါ် လာ ဘယ်လောက်ရမည်။ငါ့မှာ လုပ်ပိုင်ခွင့်လေးရှိတုန်း ငါသိပ်သဘောမကျသည့် ဘယ်သူ ဘယ်ဝါ ဘယ်လူမျိုးကိုတော့ ဆော် လိုက် အုံးမည်၊ စသည်ဖြင့် သ ဘောထားသေးသိမ်သည့် လူများကိုအများအပြားတွေ့ နေရသည်၊ထို့ ကြောင့်လည်း ရခိုင်သမိုင်း။ မြန်မာ့သမိုင်းတွင် ဘယ်တုန်းကမှမရှိခဲ့သော။ နောင် လည်းဘယ်တော့မှရှိလာမည် မဟုတ်သော(ရိုဟင်ညာ)သို့ (ရိုဟင်ဂျာ)ဆို သော အသုံးအနှုံးကိုတွင်တွင်သုံးပြီးမြန်မာ ပြည်ကလူမျိုး တစ်မျိုးဖြစ်လေဟန် ထုတ်လွင့်ရေးသားနေကြသည် ကိုဖတ်နေရ ကြားနေရသည်မှာစိတ်မချမ်းသာပါ၊အဘယ်ကြောင့်နည်း၊
ဘာသာရေး လူမျိုးရေးအရ မနာလိုမုန်းတီှးုမဟုပ်ပါ၊အမှန်တရားကို လက်ခံထားလိုသူတစ်ယောက် အတွက် မမှန်သည့်လုပ်ရပ်။
မမှန်သည့်သတင်းကိုကြားရသည့်အခါဖြစ်တတ်သည့်သဘောသဘာဝကြောင့်ဖြစ်ပါသည်၊တစ်ချို့ က ကိုယ့်နာမည်ကိုကြိုက်သလိုခေါ်ခွင့်မရှိဘူးလားဟုစောဒက တက်ကြ သည်ကို တွေ့ ရပါ သည် ၊ ကြိုက်သလိုပြောင်းပိုင်ခွင့်ရှိပါသည်၊ ယခုကျနော့ကလောင်နာမည် မဟော်သဓာဖြစ်ပါသည်၊ နာမည်ရင်းမဟုတ်ပါ၊
သို့ သော် ကျနော်သည် ပုဂ္ဂလိကတစ်ဦးဆိုင်နမ်ဖြစ်ပါသည်၊ကျန်သည့်လူများနှင့်မဆိုင်ပါ၊လူမျိုးတစ်မျိုးလုံးနှင့်ဆိုင်သည့် ကိစ္စ များကို စဉ်းစားကြသည့် အခါ ကိုယ် ထင်သလို လျှောက်လုပ်၍မရ တော့ပါ၊အများသဘောတူ မတူထည့်တွက်ရပါသည်၊ အများ ဆန္ဒကိုလေးစားဖို့ လိုလာပါသည်၊ရခိုင် ပြည်တွင်နေထိုင်ကြ သော ဘင်္ဂါလီမူဆလင်တို့ ကိစ္စတွင် ပြည်ပတွင်ရှိနေသော ကျေးဇူး ကန်း ဘင်္ဂါလီမူ ဆလင်တစ်ချို့ က စားပေါက်ရှာရန် (အာရပ်ကမ္ဘာ)က အကူ အညီကို ရရန် ရခိုင်သမိုင်း။
မိမိတို့ သမိုင်းကိုလိမ်ပြီးအရှက်မရှိပြောရဲသော်လည်း ပြည်တွင်းတွင်အေးအေးချမ်းချမ်းနေထိုင်လိုသော ကျေးဇူးတရားကို သိ တတ် သော ဘင်္ဂါလီမူဆလင်အများစုတို့ က ထိုကိစ္စမျိုးကိုမလိုလားကြပါ၊
ရခိုင်တို့ နှင့်ပဋိပက္ခဖြစ်မည့်ကိစ္စ မျိုး။ ကျေးစွတ်သည့်ကိစ္စမျိုးကို အထူးရှောင်ရှားလိုပြီးရခိုင်တို့ နှင့် အေးအတူ ပူ အ မျှ နေလိုကြ ပါသည်၊ အဘယ်ကြောင့် ဆိုသော်အကယ်၍ အကြောင်းအမျိုးမျိုးကြောင့်ပြဿနာတစုံတရာတက်ပြီး မိမိတို့ မိခင်နိုင်ငံဘင်္ဂလား ကို ပြန်ပို့ ခံရလျှင် စားစရာမရှိ နေစရာမရှိဖြင့် လောကငရဲ သို့ အရှင်လတ်လတ်ရောက် သွားနိုင်သည်၊သူ တို့ ဤအရာကိုသေ မလောက်ကြောက်ကြသည်၊ဒါကြောင့်လည်းပြဿနာ ကိုအတတ်နိုင် ဆုံးရှောင်ရှားလိုခြင်းဖြစ်သည်၊
သို့ သော်အကယှ်ု လူတစ်ချို့ က ကောင်းပြီ ငါတို့ ရဲ့ မူလနာမည်ဘင်္ဂါလီဆိုတဲ့နာမည်ကို တော့မသုံးလိုတော့ နာမည်အသစ်တစ်ခု
ဆိုပါစို့ (ရိုဟင်ဂျာ) နာ မည်ကိုပြောင်းလိုသည်ဆိုလျှင် တရားဝင်တက်လာသောအစိုးရလက်ထက်တွင်ကျန်ဘင်္ဂါလီမူဆလင်အား
လုံးတို့ သဘောထားကိုပါ ကောက်ခံပြီး တရား ၀င် ပြောင်းရပါမည်၊ဒါမှ တရားဝင်မည်ဖြစ်ပြီး အများဆန္ဒနှင့်လည်း ကိုက်ညီ ပါ မည်၊
လူမျိုးအချင်းချင်းကြားလည်းဘာပြသနာမှပေါ်စရာမရှိပါ၊အခုကဲ့သို့ ထင်ရာလျှောက်ပြော။လျှောက် လုပ်နေကြလျှင် ပြဿနာမှာ
မကြီးသင့်ဘဲ ကြီးထွား လာနေပြီး စစ်အစိုးရ. အကြိုက်ဖြစ်သွားပါမည်၊မြန်မာပြည်အေးချမ်းမှုကို လိုလားသည်ဆိုသော နိုင်ငံရေး
ဂုရုကြီးတွေကလည်းမီးစတဘက်။ဒေါ်လာတဘက် မီးလောင်ရာလေပင့်မလုပ်သင့်ပါ၊
နောက်ပြည်ပအစိုးရအဖွဲ့ .၀န်ကြီးဆိုသူ လွှတ်တော်ကိုယ်စားလှယ် ဆိုသူတွေကပါ မဆင်မခြင် ထိုလုပ်ကြံဖန်တီးထားသော လူ မျိုးနာမည်ကို တကယ်ရှိ လေဟန် သံယောင်လိုက်ပေးနေကြသည်ကိုကြားရသည့်အခါ ပို၍ပင် သံဝေဂရစရာများကိုတွေ့ ရပါ သည်၊ဒါကြောင့်လည်း ဒီလိုဗဟုတအသိအမြင်နည်းကြလို့ လည်း နအဖ ကိုမဖြုတ်ချနိုင်ကြတာကိုးဟုသဘောပေါက်လိုက်မိပါ သည်၊
ကိုယ့်တိုင်းပြည်မှာလူမျိုးဘယ်နှစ်မျိုးရှိမှန်း တောင်မသိဘဲ လွတ်တော် ကိုယ်စားလှယ်ဖြစ်လာကြသည်ကိုလည်းအမှန်တကယ်
အံ့သြမိပါသည်၊တကယ်တော့ နအဖသိပ်တော်လို့ မဟုတ်ပါဘဲ ကိုယ့်လူတွေညံ့လို့ ဆိုတာကို သေ သေချာချာသတိထားလိုက် မိသည်၊
အလှူရှင် အင်ဂျီအို တွေက မျက်နှာညို ငြိုငြင်မည့်ကိစ္စဆိုလျှင် မျက်နှာဖြူဆရာကြီးများအလိုကျမည်ဆိုလျှင် လူမျိုး ပျောက်မည်၊
ဘာသာပျောက်မည်ကို လုံးဝထည့်မစဉ်းစားကြပဲတနပ်စားကြံနေကြသည့် ဒီလူတွေသာမြန်မာပြည်မှာအာဏာပါဝါတွေရသွား ကြလျှင် ကျနော်တို့ နောင် လာနောက်သားတွေရဲ့ ဘာသာ-သနာအရေးကို ကျနော်မတွေးရဲတော့ပါ၊
ဆက်ပါဦးမည်။