ဒီမိုကရေစီနှင့် ပြည်သူများ ဝေးစေရန် ကန့်ကွက်မဲ ပေးဖို့ တိုက်တွန်းနေကြသူများ- ၂
သာကီနွယ်
၂ - ၅ - ၀၈
မြန်မာ့ဒီမိုကရေစီ ရေးအတွက် ဘက်ပေါင်းစုံ ထောင့် ပေါင်းစုံမှ ဆောင်ရွက်နေကြပါတယ်။အဲဒီ အထဲမှာ တိုင်းပြည် နှင့်လူမျိုးအတွက် အခြေခံကျသော ၊ယထာဘူတ ကျသော ဒီမိုကရေစီ ရရှိဖို့ဆောင်ရွက်နေသူများမှာ အခြားသူများမဟုတ် လက်ရှိ တပ်မတော်အစိုးရ ပင် ဖြစ်ပါတယ်။ဘာကြောင့် ဒီလိုပြောရပါသလဲ ဆိုရင် နိုင်ငံတကာ ဒီမိုကရေစီ စံချိန် စံညွှန်းများကို မိမိရဲ့တိုင်းပြည်၊ ပြည်သူလူထုများနှင့် ကိုက်ညီအောင် ရေးဆွဲပြီး ကိုယ့် အိုး နဲ့ ကိုယ့်ဆန် တန်ရုံး ရေးဆွဲထားလို့ ဘဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ကိုယ့်ပါဝင်ရေးဆွဲခြင်းမရှိလို့ အခု စစ်အစိုးရ ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တရားမျှ တမှုမရှိပါဘူးလို့ ပြောနေတဲ့NLD အပါအ၀င် ပြည်တွင်းမှ ဒီမိုကရေစီ အသံကောင်း ဟစ်နေသူများနှင့် ပြည်ပရောက် ဒီမိုကရေစီ ရေး လုပ်စားသူများ ဖွဲ့စည်းပုါံအခြေခံဥပဒေကို ကန့်ကွက်မဲ ထည့်ဖို့ ပြည်သူလူထုအား တိုက်တွန်းနေပါတယ်။ ဒါဟာလည်း စစ်အစိုးရ အဖွဲ့ဝင်တွေလောက် ဒီ NLD နဲ့ ဒီမိုကရေစီ ရေး လုပ်စားနေသူများ ဟာ အတွေ့အကြုံ နုနယ်ပြီး ကိုယ် ဘက်ကိုယ့် ယက်တက်တဲ့ လိပ်မျိုးများ ဖြစ်ကြောင်း ထင်ရှားနေပါတယ်။ အမှားရှိ ရင် အမှန်ရှိမယ်၊ အကောင်းရှိရင် အဆိုးရှိမယ်၊ မှန်တာလုပ်ရင် ဖျက်တဲ့သူရှိမယ် ဒါဟာလောက နိယာမ တရားပဲ ဖြစ်ပါတယ်။ဘာကြောင့် စစ်အစိုးရ မှန်နေပြီ ဒီမိုကရေစီ ရေးလုပ်စားသူများက မှားယွင်းနေပါသလဲ ဆိုတာ တစ်ချက်လောက်ထောက်ပြချင်ပါတယ်။အဲဒီ အချက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ----
“တိုင်းရင်းသားများ အရေးကို တင်းပြည့် ကျပ်ပြည့် ပေးမထားပါဘူး” တွင်တွင်ငြင်းနေသော သူများထဲမှ တစ်ဦးကို ထောက်ပြချင်ပါတယ်။ ရန်ကုန်တိုင်း ၊ ၇န်ကုန်မြို့ စမ်းချောင်းမြို့ ရှမ်းလမ်းမကြီးပေါ်မှာနေထိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ဟောင်း ဦးရွှေအုန်း ပင် ဖြစ်ပါတယ်။ ဦးရွှေအုန်း ဆက်ပြောနေတာကတော့ “ယခုလက်ရှိ ဖွဲ့စည်းပုံမှာ တိုင်း ၇ တိုင်း ၊ ပြည်နယ် ၇ ပြည်နယ် နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသများ ပါဝင် နေပါတယ်။ ဒီလိုတိုင်း ၇ တိုင်းမှာ ဗမာ ၁ ကနေ ဗမာ ၇ ထိ ဖြစ်နေပြီ ကျန်ပြည်နယ် တွေကို ဗမာတွေ လောက် အခွင့်အရေး မပေးထားကြောင်း ၊ စစ် အစိုးရ က ဗမာ လူမျိုးကြီး ၀ါဒ ကို ဆုပ်ကိုင်ထားပြီ ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ကရင် ၁ ကျပ် ဗမာ ၁ ကျပ် မဖြစ်ကြောင်း ” ပြောဆိုနေပါတယ်။
ဦးရွှေအုန်း စကားများကို ဖြေရှင်းရပါက--------
တိုင်း ၇ တိုင်း သည် ဗမာ လူမျိုးများကို အခြေခံထားပြီး ပြည်နယ် ၇ ပြည်က တော့ တိုင်းရင်းသား မျိုးနွယ်စုများကို အခြေခံထားတာ မှန်ပါတယ်။ ဗမာ ၁ ကနေ ဗမာ ၇ ထိဆိုတာလည်း မှန်ပါတယ်။ဗမာ သည် ဗုဒ္ဒဘာသာ လူမျိုးများ ပီပီ သဘောထား ကြီးမားသူများ ဖြစ်ပါတယ်။မြန်မာနိုင်ငံ အကျယ်အ၀န်း စတုရမ်း မိုင်ပေါင်း ၂၆ ၁၂၂၈ မိုင် ကျယ် ၀န်းသော အမိ မြန်မာ ပြည်ကြီးတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၀၀ ကျော်နေထိုင်ကာ ဗမာတိုင်းရင်းသားများသည် လူဦးရေ အများဆုံးဆိုတာ မှန်ပါသည်။ သို့သော်ဗမာများသည် အထက်တွင် ဆိုခဲ့သည်အတိုင်း ဗုဒ္ဒဘာသာဝင်များပီပီ တိုင်းရင်းသား ညီရင်းအကို မောင်ရင်းနှမ များအား အေး အတူ ပူအမျှ တစ်အိမ်တည်းနေ တစ်ရေ တည်း သောက်ချစ်ခင် လက်တွဲပြီး မိမိ ရဲ့ မိသားစု အိမ်ကြီးကို တိုးတက်ရာ တိုးတက်ကြောင်း ဖေါ်ဆောင်နေပါတယ်။ ဦးရွှေအုန်း ပြောသလို ဗမာလူမျိုးကြီး ၀ါဒကို ဆုပ်ကိုင်ထားပြီး ကျန်တိုင်းရင်းသား ညီရင်းအကိုများကို ပစ်ပယ် မထားပါဘူး ၊ဒီနေ့  စစ်အစိုးရ ဟာ တိုင်းပြည် အ၀ှမ်း တောရော မြို့ပါ မကျန် ဘတ်စုံ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် လမ်းတံတား ၊ ဆည်မြောင်းချောင်းကန် များ ဖေါက်လုပ်ပေးခြင်း ၊ တက္ကသိုလ် အပါအ၀င် စာသင်ကျောင်းများအား ပြည်နယ် အ၀ှမ်းတွင် ဆောက်လုပ်ပေးခြင်းများအပါအ၀င် ၁၉၈၈ ခုနှစ်မှ ယနေ့ ၂၀၀၈ ခုနှစ်ထိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၀န်ကြီးဌာန အသီးသီးက အရှိန် အဟုန် မြှင့် ဆောင်ရွက်လုပ်ကိုင်နေတာ မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ဒါတွေ ဟာ ငြင်းမရ တဲ့ အချက်များ ဖြစ်ပါတယ်။
ဦးရွှေအုန်း ပြောသလို ဗမာ တွေဟာ လူမျိုးကြီး ၀ါဒ ကိုဆုပ်ကိုင်ထားမည် ဆိုရင် ၊ မြန်မာ ပြည် မြေပုံကြီးကို ပြန်ကြည့်စေချင်ပါသည် ။ တိုင်း ၇ တိုင်းလုံးတွင် သဘာဝ မြေပေါ်အောက် ရေပေါ်ရေအောက် သယံဇာတများ ၊ကျွန်း သတ္တု ၊ ရေနံ သဘာဝတွင်းထွက် ကျောက်မျက်ရတနာများ နဲ့ ပင်လယ် ထွက်ကုန်များ ပေါ်ကြွယ် ၀လွန်းပါတယ်။ မြန်မာ တွေ့ရဲ့ အဓိက စားသုံးသီနှံ ဖြစ်သော ဆန်စပါးဟာလည်း တိုင်း ၇ တိုင်း အတွင်း မှ အလျှံပယ်ထွက်ရှိပါတယ်။ဗမာ တွေသာ လက်ဝါးကြီး အုပ်ထားမည် ဆိုပါ က တိုင်း ၇ တိုင်းသာ ဖွံ့ဖြိုး တိုးတက်နေပြီး ကျန် ပြည်နယ် တွေဟာ ဘယ်လို ရပ်တည်မလဲ ဆိုတာ တွေးသင့်ပါတယ်။ စစ် အစိုးရ က တိုင်း နှင့် ပြည်နယ် မခွဲခြား ဘဲ တစ်ပြေညီ ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို အလာကား လုပ်နေခြင်း မဟုတ်ပါ။ ကချင်ပြည်နယ် ၊ ချင်း ပြည်နယ် ၊ ကယားပြည်နယ် ၊ ကရင် ပြည်နယ် စတဲ့ပြည်နယ်တွေကို လစ်လျှု ရှုထားပါက ကျန်တိုင်းရင်းသား ဘယ်လိုရပ်တည်မလဲ ဆိုတာ တွေးကြည့်သင့်ပါတယ်။ တိုင်းရင်းသား ညီအကို အချင်းချင်း လူနေမှု ဘ၀ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနေလို ရပ်တည်နေထိုင် နိုင်နေခြင်း ဖြစ်ပါတယ် ။ဥပမာ အားဖြင့် ဒေသထွက်ကုန်များထဲ ဆန်ကို တိုင်းကျော် ပြည်ကျော်သယ်ဆောင်ခွင့် ပိတ်ပင်လိုက်ပါက ပြည်နယ်အများစု ဘာ နှင့်သွားစားရမလဲ လို့ မေးရမှာ ဖြစ်ပါတယ်။
နောက်ဥပမာ တစ်ခု တင်ပြရပါက ---------
၁၉၉၁ ခုနှစ် ဆိုဗီယက် ပြည်ထောင်စုနိုင်ငံ ကြီး ဘာကြောင့် ပြိုကွဲရသလဲ ဆိုတာ ပြန်လည် တွေးကြည့် ဖို့ကောင်းပါတယ်။ ဆိုဗီယက် ပြည်ထောင်စု သည် တိုင်းပြည် ဧရိယာ ကျယ်ဝန်းလွန်းသည့် အတွက် နိုင်ငံငယ်များအဖြစ်သတ်မှတ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံ နဲ့ ဖွဲ့စည်းတည်ထောင် ထား တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံများအလိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေ က အစ သီးခြားစီ ရပ်တည် နေနိုင်အောင် အကျွမ်းမဲ့ အာဏာများကို ပေးထားပါတယ်။ ဆိုဗီယက် ပြည်ထောင်စုကြီးရဲ့ ခေါင်းဆောင် ဂေါ့ဘာချော့ ဟာ ပယ်ရီစတွိုင်ကာ ပြုပြင်ပြောင်းလဲရေး တွေလုပ်တော့ ပြည်ထောင်စုကြီး ဖရိုဖရဲ ဖြစ်ချိန်မှာ အင်အား အတောင်းအတင်းဆုံး ဖြစ်တဲ့ရှရှား နိုင်ငံမှာ ယလ်ဆင် က ကွန်မြူနစ် ဆန့်ကျင်သူ အဖြစ် ထင်ရှားလာပါတယ်။ ရုရှားနိုင်ငံ ကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ ဆှိုဗီယက် ပြည်ထောင်စု ကြီးမှာ ရှုပဗေဒ သဘောအရ ပြောရရင် ဗဟိုချည်းအား ကောင်းအောင် ကွန်မြူနစ် ပါတီကြီးက နိုင်ငံများကို မလွှမ်းမိုးနိုင်ခြင်းများကြောင့် ဗဟိုခွာအားများသော ရုရှားနိုင်ငံ က စတင်ခွဲထွက်လိုက်တာ ကျန် တိုင်းနိုင်ငံလေးတွေလည်း အလိုလို ပြိုကွဲ ခွဲထွက်ကုန်ကျပါတယ်။ဆိုဗီယက် ပြည်ထောင်စုကြီးမှာ ရုရှား လူမျိုးကြီး ၀ါဒများကြောင့် ဆိုဗီယက် ယူနီယံကြီး ပြိုကွဲခဲ့ရတာ ဖြစ်ပါတယ်။
ဒီတော ကျွန်တော်တို့ မြန်မာနိုင်ငံဖက် ပြန်လှည့်ရပါက ဗမာဆိုတဲ့ လူမျိုးကြီး ၀ါဒ အား လက်ကိုင်ထားရင် မြန်မာနိုင်ငံသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားနိုင်ပါသည်။သို့ သော် ဗုဒ္ဒဘာသာလူမျိုးများပီပီ တိုင်းရင်းသား ညီအကိုများကိုချစ်ကြည်ရင်းနှီးစွာနဲ့ အေးအတူပူအမျှ နေထိုင်ခြင်လို့ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျှော်အမြင်ကြီးမားသော နိုင်ငံ့ခေါင်းဆောင်များက မိမိနေထိုင်ရာ အိမ်ကြီးမပြိုကွဲ ရေးကို စောင့်ရှောက်တဲ့အနေနဲ့ ပြည်နယ်များကို ခွဲထွက်ခွင့် မပြုထားခြင်း ဖြစ်ပါတယ်။
နောက်ထပ်ဥပမာ ပေးရပါက ကျွန်တော်တို့ ငယ်ငယ် တောမှ တက်လာသော ဘိုးဘွားများမှ မြို့စွန် တွင်ခြံဝန်းကျယ်ကျယ်ကြီးအား ၀ယ်ယူထားပြီးနေထိုင်ကြပါတယ်။ ရှေ့ခောတ် ကထုံစံအတိုင်း သားဆက်ခြားပညာပေး မရှိတော့ သားသမီးများ မွေးရင် (၇) ယောက်အနည်းဆုံးမွေးကြပါတယ်။ ဒီသားသမီးများကို ဒီခြံဝန်းကျယ်ကြီးထဲမှာပဲ အသက်အရွယ် ကြီးလာတဲ့အထိ အတူတကွ နေထိုင်စေပြီး အိမ်ထောင်ရက်သား ကျ၍ ချမ်းသာလာပါက ခြံဝန်းကျယ်ကြီးအတွင်း သီးခြား အိမ်ဆောက်လုပ်ခွင့် ပေးကာ နေထိုင်စေပါတယ်။ ဆင်းရဲသော သားသမီးများကို အိမ်ကြီးပေါ်မှာဘဲ နေထိုင်စေပြီး မိဘများက ကြည့်ရှု့စောင့်ရှောက်ထားပါတယ်။ မိဘ ကသားသမီးများကို ဆင်းရဲ ဆင်းရဲ ချမ်းသာ ချမ်းသာ အတူတကွ နေထိုင်စေပြီး ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီး စွာနေထိုင်စေပြီ စည်းကမ်းချက် တစ်ခု ကတော့ ခြံဝန်းကျယ်ကို အစိတ်စိတ်အပိုင်းပိုင်း ခွဲခြမ်းကာ ဘယ်သော်အခါမှ မရောင်းချရန် တားမြစ်ထားခြင်း ဖြစ်ပါတယ်။
ဒီ သဘောတရားများ အတိုင်းပါဘဲ လက်ရှိနိုင်ငံတော် အစိုးရဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ တိုင်းနှင့် ပြည်နယ် ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသည် ပြည်ထောင်စုကြီးမှ ဘယ်သော် အခါမှ ခွဲထွက်ခွင့် မပြုလို့ ထည့်သွင်းရေးဆွဲထား ခြင်း ဖြစ်ပါတယ်။
ဦးရွှေအုန်း ပြောသလို ဗမာတွေက များပြီး တိုင်းရင်းသားအရေးကို လစ်လျှုရှုထားခြင်း မရှိပါ။လက်ရှိ အစိုးရ က ကောက်ကျစ်သည့် စိတ်ဖြင့် တိုင်းရင်း သားအရေး ကို လစ်လျှူရှုပါက တရုတ်ကျွန်၊ ကုလားကျွန် နဲ့ ယိုဒယားကျွန်များသာ ဖြစ်သွားနိုင်ပါတယ်။
အမှန်တော့ ဦးရွှေအုန်း သည် ရန်ကုန်မှာနေပြီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဟောင်းသာ ဆိုသည် နိုင်ငံရေး ဗဟုသုတ အတွေးအခေါ်များသည် Kg အဆင့်သာရှိပါသည်။ဦးရွှေအုန်းနှင့် ဆက်နွယ်ပြီး NLD ပါတီ အပါအ၀င် ဆန့်ကျင်ဖက် ဒီမိုကရေစီ ရေးလုပ်စားသူများသည်လည်း ရေရှည် မျှော်တွေးခြင်း မရှိဘဲ ချည်ချည် တူးတူး မူးမူး ခါးခါး အစိုးရ ဆန့်ကျင်ရရင် ပြီရော အောနေသည်မှာ မကောင်းပါ။
အမှန်တော့ လက်ရှိ နအဖ အစိုးရ နှင့် ထိုင်းနိုင်ငံသည် အလွန်အဆင်ပြေပါသည်။ လက်ရှိ ဆန့်ကျင်ဖက်နိုင်ငံရေးလုပ်စားသူများသည် ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့တွင် အခြေပြုနေသော အဖွဲ့များမှ ဧရာဝတီ ၊ ခောတ်ပြိုင်၊ ဟစ်တိုင် ၊ မေခ ndd အပါအ၀င် အဖွဲ့အစည်းပေါင်း ၅၀ မျှအား နှစ်နိုင်ငံချစ်ကြည်ရေး အရ ရှင်းလင်းပစ်ပါက မဟုတ် တမ်းတရား ရေးသားပြောဆိုနေသော ဒီမိုကရေစီ မျက်ကန်းများသည် ၅၀% လျော့သွားနိုင်ကာ ပြည်တွင်းမှ ဦးရွှေအုန်း အပါအ၀င် ဒီမိုကရေစီ မျက်စိ တစ်ဘတ်လပ်များသည်လည်း ငြိမ်သက်သွားနိုင်ကြောင်း ရေးသားလိုက်ရပါသည်။