Friday, July 24, 2009

နအဖအတွက် စိတ်ဝမ်းကွဲကျမလား?

နအဖအတွက် စိတ်ဝမ်းကွဲကျမလား?

ဒီမိုသမားတွေ နဲ့ နအဖ ဆောင်းပါးတွေ ဖတ်လိုက်တိုင်း ဘ၀င်မကျတဲ့ အချက်တစ်ခုကို မြင်တွေ့နေရပါတယ်။ လူတွေကတော့ မြင်ရလွန်းတော့ အပြစ်လို့တောင် မြင်ဟန်မတူတော့ပါဘူး။ နအဖနဲ့ ဒီမိုကသမားတွေဟာ သူတို့လုပ်နေတာ ပြည်သူတွေအတွက်ဆိုပဲ ။ ဒါပေမယ့် တကယ်တမ်း အလုပ်တစ်ခုလုပ်ပြီဆိုရင် ပြည်သူတွေရဲ့ အကျိုးစီးပွား လုံးဝမထည့်တွက်ကျပါဘူး။ ဥပမာ အခြေခံဥပဒေ ဆန္ဒခံယူပွဲကိစ္စမှ ဆွေးနွေးပုံကိုကြည့်ပါ။ နအဖ အာဏာဘယ်လောက်ယူမယ်၊ ဒီမိုတွေကအာဏာ ဘယ်မျှရမယ်၊ တပ်မတော်က ဘယ်လောက် လွှတ်တော်မှာ ကြီးဆိုးမယ် စတဲ့ အကြောင်းတွေပဲ ထပ်ခါ ထပ်ခါ ပြောကျတယ်ဗျာ။ နအဖနဲ့ ဒီမို အဏာခွဲဝေရေးပဲ စဉ်းစားကျပါတယ်။ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိမယ်ဆိုတာကိုပါ ထည့်တွက်စဉ်းစား ပြောဆိုသင့်ပါတယ်။ မိမိတို့ဝါဒနဲ့ မိမိတို့ခေါင်းဆောင်တွေပေါ်ပဲ သစ္စာရှိကျပါတယ်။ အရေးကြုံရင် ပြည်သူတွေကို မေ့ထားကျတယ်။ ဒီမိုသမားတွေမှာ အစွန်းရောက်တွေလွှမ်းမိုးနေတယ်လို့ ထင်ပါတယ်။ မျက်ကန်း ယုံကြည်မှုတွေလဲ ဖြစ်နေပါတယ်။ မြန်မာလူမျိုးတိုင်း ဒီမိုကရေစီစံနစ်ကို ငန်းငန်းတက်လိုချင်ဆိုပြီး တရားသေ သတ်မှတ်ထားပါတယ်။ လေ့လာမိသလောက် မြန်မာလူမျိုးတွေ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး။ ကျနော် (ဇော်မျိုး) ရဲ့ ကိုယ်တွေ့အရတော့ မြန်မာတွေ အဓိက စိတ်ဝင်စားတာ သူတို့ စားဝတ်နေရေးပဲဖြစ်ပါတယ်။ ပြည်သူတွေဟာ ပိန်ချုံးနေပြီး အဟာရချို့တဲ့နေတဲ့ ပုံမြင်တွေ့ရပါတယ်။ (ကြည့်၇တာ အင်မတန်ကို စိတ်ပိန်တယ်) နအဖ ညံ့ဖျင်းလို့ လုပ်ရကိုင်ရ အဆင်မပြေတဲ့အထဲ စီးပွားရေးပိတ်ဆို့မှုပါ ထပ်လုပ်တော့ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ပြီး စားဝတ်နေရေးမှာ လုံးချာလည်ပြီး ဒုက္ခပင်လယ်ထဲမှာ အမောဆို့နေကျရှာတယ်။ ဒီတော့ နိုင်ငံရေးဘယ်သူများ စဉ်းစားနိုင်မှာလဲဗျာ။

ဒီမိုသမားတွေ အခြေအနေကို အမှန်အတိုင်း သုံးသပ်ပြီး လုပ်သင့်လုပ်ထိုက်တာကို စဉ်းစားဖို့ တိုက်တွန်းလိုပါတယ်။ အစွန်းရောက်စိတ်ထားကို ပြင်ဆင်ကျပါဗျာ။ ကိုမျိုးဆက် ဘယ်လောက် အစွန်းရောက်နေလဲဆိုရင် 2010 ရွေးကောက်ပွဲ ၀င်ရင် သတ်ပြစ်မယ်ဆိုတဲ့ သဘောမျိုးတောင် ရေးထားပါတယ်။ ကျနော်တို့မိဘများပြောပြတဲ့ တချိန်တုံးက ကွန်မြူနစ်တွေမှာ ဖြစ်တဲ့ စိတ်ထားမျိုး ဒီမိုတွေဖြစ်နေပြီထင်တယ်ဗျ။ ၀ါဒနဲ့ ပတ်သက်ရင် မိဘတောင်သတ်မယ်ဆိုတဲ့ စိတ်ထားမျိုး ဒီမိုတွေမှာ ၀င်နေပြီ။ ၀ါဒမှိုင်းမိနေတယ်ဆိုတဲ့ သဘောမျိုးပြောလို့ရပါတယ်။

ဒီမိုတွေနဲ့ သဘောထား ကွဲပြားတဲ့ မောင်စူးစမ်း ကို ဘယ်လောက်အထိ ပုဂ္ဂိုလ်ရေး တိုက်ခိုက်လဲဆိုတာ လူတိုင်းအသိပဲ။ အကြောင်းအရာပေါ်မှာ လုံးဝ မစဉ်းစားပဲ ပုဂ္ဂိုလ်ရေးအရ သုံးမရအောင် ပြောတာ မှန်ကန်ပါရဲ့လား? နိုင်ငံကြီးသားတွေ လုပ်ရမယ့်အလုပ်မျိုးလား? ဦးဝင်းနိုင် ကိုလဲ သားပုတ်လေလွင့် ဒေါက်တာလွမ်းဆွေ ဆီပုံးမှာ မြင်ခဲ့၇တယ်ဗျာ။ အသက် ၇၀ ကျော်တဲ့သူတစ်ယောက်ကို အဲလို ပြောဆို ရိုင်းပြတာဟာ မလုပ်သင့်ဘူး? ၀ါဒအစွန်းရောက်နေပြီဆိုရင် အင်မတန်ကို ကြောက်ဖို့ကောင်းပါတယ်။ 2010 ကိုလုံးဝ ဆန့်ကျင်လိုတဲ့ ဒီမိုသမားတွေကို စဉ်းစားသင့်တယ်ထင်တာလေးတွေ ပြောပြချင်ပါတယ်။ ဘယ်ဒီမိုဘလော့ကမှ အကြံမပေးတဲ့ ဆန္ဒပြပွဲ နဲ့ နအဖပြုတ်ကျရေးကို အကြံပြုတဲ့ တောသားနှစ်ယောက်ဆိုတာလဲ သတိမမေ့စေချင်ပါဘူး။

စဉ်းစားဖို့အချက်လေးတွေ



အဖွဲ့တွင်း တိုက်ပွဲဖြစ်ချင်း

ဒီမိုအစွန်းရောက်တွေဟာ 2010 မှာဝင်ပြိုင်မယ့် နိုင်ငံရေးသမားတွေကို သစ္စာဖေါက်သတ်မှတ်ပြီး တိုက်ခိုက်မယ့်သဘောမြင်နေရပါတယ်။ ဒါဆိုရင် 2010 လက်ခံသူနဲ့ ဆန့်ကျင်သူကြား သွေးချောင်းစီးပြီး နအဖ အလယ်ကနေ အကျိုးအမြတ်ရမှာ သေခြာပါတယ်။ ဘ၀င်မြင့်နေတဲ့ စစ်ဗိုလ်တွေလဲ ပိုပြီး ဘ၀င်မြင့်လာကျမှာပါ။ ခင်ဗျားတို့ အဲလိုဖြစ်ချင်လား? စဉ်းစားပါ


နအဖ ဥပဒေ

အခြေခံဥပဒေက နအဖ အလိုကျရေးထားတဲ့အတွက် လက်မခံဘူး။ တရားမ၀င်ဘူး စသဖြင့် ပြောနေတာတွေ ရှိပါတယ်။ ပြောချင်တာက (၁) အဲဒီဥပဒေသုံးလိုက်ရင် အနှုတ်လက္ခဏာဖြစ်သွားမှာလား? လက်ရှိဥပဒေထက်ပိုကောင်းတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဘာကြောင့် လက်မခံနိုင်စရာရှိလဲ? (၂) နှစ် ၂၀ လုံးလုံး အချိန်ဖြုံန်းပြီး ဒီမိုကရေစီ 1% တောင် ရအောင် ယူနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒီတော့ဗျာ ကိုယ်တိုင်က တစ်ပြားတစ်ချပ်တောင် ရအောင် မလုပ်နိုင်ဘူးဆိုရင်တော့ နအဖ ပေးတဲ့ တစ်ပိုင်းတစ်စကို လက်ခံရမှာပဲ။ နအဖကို ဆက်တိုက်မယ်ပြောရအောင် နှစ် ၂၀မှာ လုံးဝ မအောင်မြင်ခဲ့သူတွေ နောက်ထပ် နှစ်၂၀ မှာ အောင်မြင်ဖို့ ဖြစ်နိုင်သလား? သန်းခေါင်ထက် ညဥ့်ပိုမနက်နိုင်ပါဘူး.. နအဖ ဥပဒေကို ရဲရဲ လက်ခံလိုက်ပါ။


ရွေးကောက်ပွဲတရားပါ့မလား

ရွေးကောက်ပွဲတရားပါ့မလားဆိုတာ 1990တုံးကလဲ မေးခဲ့မေးခွန်းပါပဲ။ NLD နိုင်တဲ့အချိန်ကျတော့ အားလုံးက တရားမျှတယ်ဆိုပြီး လက်ခံကျပါတယ်။ အဲဒီအချိန်တုံးက ဦးမင်းကိုနိုင်နဲ့ နိုင်ငံရေးသမားတွေ ထောင်ထဲမှာ ရှိနေပါတယ်။ 90 ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခဲ့တာ လူတွေက နအဖကိုပဲ အပြစ်တင်ခဲ့ပါတယ်။ ကျနော်ကတော့ နအဖ ပယ်ဖျက်တာ မှန်တယ်လို့ ယူဆပါတယ်။ ခင်ဗျားတို့ နအဖနေရာကနေပြီး စဉ်းစားပေးပါ။ ရွေးကောက်ပွဲလည်း မျှတအောင် လုပ်ပေးလို့ အနိုင်ရခဲ့တဲ့ NLD က ဘ၀င်မြင့်ပြီး စစ်ခေါင်းဆောင်တွေကို ကြိုးစင်တင်မယ်လုပ်တယ်ဗျ။ ဒီတော့ နအဖ အပြစ်လား NLD အပြစ်လားဆိုတာ စဉ်းစားပါ။ အခုရွေးကောက်ပွဲမှာ နအဖအခေါင်းဆောင်တွေလဲ အသက်အရွယ်ကြီးပြီမို့ သူတို့လဲ အထိုက်အလျောက် ပျော့ပြောင်းလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ နှစ် ၂၀ လုံးလုံး အဆဲခံနေရတဲ့ ဘ၀ကို အနည်းနဲ့ အများဆိုသလို စိတ်ပျက်မိမှာပါ။ သေချာတာ တစ်ခုကတော့ 90မှာဖြစ်ခဲ့သလို လုံးဝ အာဏာမလွှဲပေးဘူးဆိုတဲ့ အဖြစ်မျိုးတော့ မဖြစ်နိုင်ပါဘူး


လိမ္မာဖို့လိုတယ်

2010 ရွေးကောက်ပွဲကြောင့် ဒီမိုကရေစီသမားတွေ လုံးဝကွဲပြဲကုန်မယ့် အခြေအနေမှာ ရှိပါတယ်။ ဒီလိုပါပဲ ဒီမိုသမားတွေဟာ နအဖကို တိုက်ဖို့ ဘယ်လိုနည်းနဲ့မှ မရနိုင်တော့ဘူးဆိုတာကို အသိအမှတ်ပြုရပါတယ်။ မိမိတို့ဖက်ကလူတွေကို ရွေးကောက်ပွဲမ၀င်အောင် မတားနိုင်ဘူးဆိုတာလဲ အသိအမှတ်ပြုရပါမယ်။ စီးပွားရေးလုပ်တဲ့သူတွေဟာ တခါတလေ အမြတ်ရဖို့ထက် အရှုံးနည်းအောင် လုပ်ရတဲ့ နည်းကို အတုယူဖို့လိုပါတယ်။ အစိတ်စိတ်အမွှာအမွှာကွဲသွားရင် နအဖက ပိုပြီးကြိုက်သလိုချယ်လှယ်နိုင်မယ်ဆိုတာ သတိထားပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ တုံးကလို ဒီမိုကရေစီသမားတွေ လုပ်သမျှ မျက်ကန်းထောက်ခံမည့် ပြည်သူတွေ စိတ်ထားမျိုး ရလာမှာလဲ မဟုတ်တော့ပါဘူး။ ဒီတော့ အခုအချိန်မှာ အကောင်းဆုံးကတော့ ရှိသမျှ အင်အား စုစည်းပြီး 2010 ရွေးကောက်ပွဲကို ၀င်ပြိုင်ပါ။ မိမိတို့ အခွင့်အရေးကို အလိမ္မာသုံးပြီး လွှတ်တော်ထဲမှာ တောင်းဆိုပါ။ အစိပ်စိပ်အမွှာမွှာကွဲသွားလို့ ဘာမှ အလုပ်မဖြစ်တာထက် အခုလိုတစ်စုတစ်စည်းတည်းလုပ်တာက ပိုပြီးအလုပ်ဖြစ်နိုင်ပါတယ်။ သေခြာစဉ်းစားကြည့်ပါ။


ချစားဒီမိုခေါင်းဆောင်များ

ဒီမိုဘလော့တွေမှာလိုက်ကြည့်ပါ။ အားလုံးက ဒီမိုသမားတွေ စည်းလုံးကျပါလို့ အော်နေ၊ တောင်းဆိုနေကြတာချည်းပဲဗျ။ ကလေးတစ်ယောက်လို ပါးစပ်က စည်းလုံးပါလို့အော်ရုံနဲ့ ဘယ်တော့မှ စည်းလုံးမှာ မဟုတ်ပါဘူး။ ဘာကြောင့်သွေးကွဲနေလဲဆိုတာကို လေ့လာပြီး ထောက်ပြ ရပါမယ်။ ဘယ်လိုဖြေရှင်းရမလဲဆိုတာလဲ အကြံပြုရပါမယ်။ အဲဒါမှ ပြဿနာတွေကို ရှင်းနိုင်ပြီးစည်းလုံးလာမှာ ဖြစ်ပါတယ်။ တောသားနှစ်ယောက်လည်း အချင်းချင်းစည်းရုံးဖို့ အကြံပြုဖူးပါတယ်။

အခုမှတော့ အရမ်းကို နောက်ကျနေပါပြီ။ ဆေးလဲမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီမိုခေါင်းဆောင်တွေ အားလုံးဟာ ဒီမိုလုပ်စားတွေပဲဖြစ်နေတယ်။ ဒီမိုလုပ်စားတွေဟာ ပုရိုပိုဇယ်တွေ အပြိုင်အဆိုင်တင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဘတ်ဂျက်ရအောင် လုရင်း ကမ္ဘာ့ရန်တွေ ဖြစ်နေပါပြီ။ ခေါင်းဆောင်တွေအားလုံးကို အခုအချိန်မှာ ပြင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ တုံးက ဖြေရှင်းရမယ့် ကိစ္စ အခုမှတော့ အဲဒီချစား ဒီမိုခေါင်းဆောင်တွေကို မပြင်နိုင်တော့ဘူး။ စိတ်လျှော့လိုက်ပါ။


ဒီမိုတွေအနေနဲ့ နအဖပေးတဲ့ တပိုင်းတစ ဒီမိုကရေစီမလိုချင်ဘူးဆိုပြီး အကျိုးစက်ကို မစဉ်းစားပဲ ငြင်းနေပါတယ်။ လောကမှာ အလွယ်ဆုံးအလုပ်က သူများလက်နဲ့ရေးတာကို ခြေနဲ့ဖျက်ရတဲ့ အလုပ်ဖြစ်ပါတယ်။ မောင်စူးစမ်းတင်ပြတုံးကလဲ ပုဂ္ဂိုလ်ရေးရှုထောင့်ကနေ ပယ်ပယ်နယ်နယ် သုံးသပ်ပြီး ပယ်ချခဲ့ပါတယ်။ 2010 ရွေးကောက်ပွဲကို လက်ခံဖို့တင်ပြသမျှ နားမထောင်ပဲ ပယ်ချမယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ ဒါဆိုရင် 2010 ကိစ္စကို လက်မခံဘူးဆိုရင် လက်တွေ့ကျကျ ဘာတွေလုပ်သင့်လဲဆိုတာ ပြောရပါမယ်။ အဲလိုငြင်းလိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုလည်း ပြောပြပါ။ ကျွန်တော်/ ကျွန်မကတော့ ဒီမိုကရေစီ အပြည့်အ၀ရအောင် တိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်ဆိုတဲ့ စကားနဲ့တော့ မရတော့ဘူး. လက်တွေ့ကျကျ မပြနိုင်ရင် ခင်ဗျားတို့ 2010 ပယ်ချမနေနဲ့ ။ ဝေဖန်ရတာ လွယ်လို့ ဝေဖန်တာမျိုးလဲ မလုပ်ကျပါနဲ့။ ကိုယ်တိုင်က ဘာမှ အဖြစ်မရှိပဲ ဟိုဟာပယ်ချ ဒီဟာပယ်ချ လုပ်တယ်ဆိုတာ အလကားလူပဲ။ သေချာစဉ်းစားကျပါ။ နှစ်၂၀လဲ ကုန်ခဲ့ပါပြီ။ ပြည်သူတွေလဲ မြေစာပင်ဘ၀မှာ ဒုက္ခပင်လယ်ဝေနေပြီ။ ဒီမိုသမားတွေလဲ ရွေးချယ်ဖို့ ၂ လမ်းပဲရှိပါတယ်။ အချင်းချင်းစိတ်ဝမ်းကွဲ သတ်ဖြတ်ပြီး နအဖကို အကျိုးဖြစ်အောင် လုပ်မလား? ဒါမှမဟုတ် မိမိတို့အဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ ပြည်တွင်းကို ပြန်ပြီး နအဖကို လွှတ်တော်ထဲမှာ ရင်ဆိုင်မလား? ဘယ်လမ်းကို ရွေးမလဲ? ဖြေပေးပါ.. ဖြေပေးပါ.. ဖြေပေးပါ.. ဖြေပေးပါ.. ဖြေပေးပါ.. ဖြေပေးပါ..

ပြောသင့်တာပြောတဲ့
တောသားနှစ်ယောက်

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Posted by * In Search of Truth * at 3:22 AM 8 comments Links to this post



Friday, August 22, 2008
စိတ်ကူးယဉ် ဒီမိုမှ လက်တွေ့ဒီမိုသို့





နအဖလူ ဒီမိုသမားတွေနဲ့ တတိတယ်အုပ်စုဆိုပြီး တံဆိပ်အမျိုးမျိုးကွာပေမယ့် သူတို့တွေမှာတူညီနေတဲ့အချက် တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဒီမိုကရေစီဆိုတာ အင်မတန် မြင့်မြတ်တဲ့ဝါဒတစ်ခုဖြစ်တယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်နေခြင်းဖြစ်ပါတယ်။ ( ဒီမိုကရေစီဆိုတာ စိတ်ကူးယဉ်ပြီးလှလှပပရေးတဲ့ စံနစ်တစ်ခုပါ။ ကဗျာဆရာတွေနဲ့ ၀ထ္ထူဆရာတွေကတောင် အဲလိုစံနစ်မျိုးကို တီထွင်နိုင်ပါတယ်) အဲဒီအုပ်စု ၃ ခုစလုံးဟာ ဒီမိုကရေစီနိုင်ငံတွေမှာ တိုးတက်တာမှန်သမျှ ဒီမိုကရေစီဝါဒကြောင့်ဖြစ်တယ် ဆိုပြီး ဒီမိုကရေစီကို ၀ါဒကို ချီးမွမ်းကျပါတယ်။ ထူးဆန်းစရာကောင်းတာက ဒီမိုကရေစီအစိုးရ လူသတ်တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေကျတော့ ဒီမိုကရေစီဝါဒကြောင့် အဲလိုဖြစ်တယ်လို့ မယူဆတော့ပြန်ဘူး။ ဒီမိုအစိုးရ လူသတ်တာတွေဟာ ဘယ်လောက်ပဲ အထောက်အထားခိုင်လုံနေပါစေ ၊ ဘယ်လောက်ပဲ ကြီးကြီးမားမားဖြစ်နေပါစေ conspiracy တွေ မိုလို့ မဆွေးနွေးသင့်ဘူးဆိုပြီး ယူဆထားပါတယ်။ အဲဒီအုပ်စု ၃ခုစလုံးဟာ ဒီမိုကရေစီစံနစ်ကို ဝေဖန်မှု ဆန်းစစ်မှုတွေ လုံးဝ မလုပ်ပဲ မျက်ကန်းလက်ခံနေတဲ့ တံဆိပ်ကွာတဲ့ ဒီပုတ်ထဲက ဒီပဲတွေသာဖြစ်ကျပါတယ်။ တောသားနှစ်ယောက်ကတော့ ဒီမိုကရေစီစံနစ်နဲ့ ပတ်သက်ပြီး အမှတ်မှားနေတာလေးတွေကို တင်ပြလိုပါတယ်။


(က)ဆေးမြီးတိုမဟုတ်ပါ







ဒီမိုကရေစီဆိုတာ တိုင်းပြည်တိုးတက်စေတဲ့ စံနစ်ဖြစ်တယ်လို့ မျက်ကန်းယုံကြည်နေကျပါတယ်။ လက်တွေ့မှာတော့ တိုင်းပြည်တိုးတက်တာနဲ့ ဒီမိုကရေစီ လုံးဝ မဆိုင်ပါဘူး။ ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီး ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေအများကြီး ရှိပါတယ်။ ဒီမိုကရေစီမဟုတ်ပါလျက်နဲ့ တိုးတက်နေတဲ့ တရုပ် ၊ ဗီယက်နမ်တို့ကိုကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ စီမှာ မတိုးတက်ဘူးဆိုတာ နအဖညံ့ဖျင်းတာ တစ်ခုတည်းကြောင့် မဟုတ်ပဲ စီးပွားရေးပိတ်ဆို့မှုကြောင့်အများကြီး ပါဝင်နေပါတယ်။ နအဖကို စီးပွားရေးဒဏ်ခတ်တယ်ဆိုတာ စကားအဖြစ်ပြောတာသက်သက်ပါ။ ပြည်သူတွေကို ငတ်ပြတ်အောင်လုပ်တာက အမှန်တကယ် ရည်ရွယ်ချက်ဖြစ်ပါတယ်။ (စီးပွားရေး ဘယ်လောက်ဒဏ်ခတ်ထားပါစေ ဦးသန်းရွှေ ထမင်းငတ်မသွားဘူးဆိုတာ သူငယ်တန်းကလေးကအစ သိပါတယ်) နအဖ လက်ထက်မှာ ပြည်သူတွေ စားဝတ်နေရေးကျပ်တည်းပြီး တိုင်းပြည်အတွင်း မငြိမ်မသက်ဖြစ်စေချင်တာပါ။ အမေရိကန်နဲ့ မသင့်မြတ်ဘူးဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်ပါစေ စီးပွားရေးသပိတ်လည်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။ အာဏာရှင်ဖြစ်ပေမယ့် အမေရိကန်နဲ့ အဆင်ပြေရင် စီးပွားရေး သပိတ်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီရရင် တိုးတက်မယ်ဆိုတဲ့ ဆေးမြီးတိုအတွေးအခေါ်မျိုးဟာ လုံးဝမှားပါတယ်။ စီးပွားရေး သပိတ်မမှောက်အောင် အမေရိကန်နဲ့ သင့်မြတ်အောင် နေထိုင်မယ်ဆိုပြီး လွယ်လွယ်လေးတွေးလို့ မရပါဘူး။ လက်တွေ့မှာ အများကြီး အခက်အခဲတွေရှိပါတယ်။


(ခ) ညှင်းပန်းနှိပ်စက်ချင်း



ဒီမိုကရေစီစံနစ်မှာ ပြည်သူတွေက တင်မြှောက်တဲ့ အစိုးရဖြစ်တဲ့အတွက် လူထုအပေါ် လေးစားမယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့ ဒီမိုရဲများ၊ ဒီမိုစစ်တပ်များ၊ ဒီမိုထောက်လှမ်းရေးဖြစ်တဲ့ CIA, FBI , MI5 တို့ဟာ သူတို့ပြည်သူတွေကို မတရားညှင်းပန်း နှိပ်စက်မှုတွေလုပ်နေကျပါတယ်။ လူအခွင့်အရေးအဖွဲ့များဆိုသည်မှာ ဒီမိုအစိုးရများ၏ ကြိုးဆွဲရုပ်များသာ ဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရများ၏ လူအခွင့်အရေးချိုးဖေါက်မူများကို တတ်နိုင်တရွေ့ ရေငုံနှုတ်ပိတ်နေကျပါသည်။ မဖြစ်လို့ ပြောရရင်တောင် ဟန်ပြလောက်သာ ပြောပါတယ်။ ဘယ်တုံးကမှ အင်တိုက်အားတိုက် လုပ်တာမျိုးမရှိခဲ့ပါ။ ဒီမိုအစိုးရများ နှင့် အာဏာရှင်များကွာဟချက်မှာ အာဏာရှင်များသည် ညှင်းပန်းနှိပ်စက်မှုများကို လုံးဝ ငြင်းဆိုပါသည်။ ဒီမိုအစိုးရများမှာမှု သူတို့ ညှင်းပန်းနေမှုများကို ၀န်ခံပါသည်။ သို့သော် အကြောင်းအမျိုးမျိုးပေးကာ ညှင်းပန်းနှိပ်စက်ခြင်းကို ဆက်လုပ်ပါသည်။ ရလဒ်ကတော့ အတူတူသာဖြစ်ပါသည်။


(ဂ) ဆန္ဒပြခွင့်





တရုပ်အိုလံပစ်မီးရှုးသယ်ဆောင်တာကို ဆန္ဒပြခွင့်ပေးလို့ ဒီမိုအစိုးရတွေဟာ လွတ်လပ်စွာ ဆန္ဒပြခွင့်ပေးတယ်လို့ သတ်မှတ်နေသလား?
မြန်မာသံရုံးတွေရှေ့ ဆန္ဒပြခွင့်ပေးလို့ တကယ်ဆန္ဒပြခွင့်ရှိတယ်ထင်သလား?
မပြောပလောက်တဲ့ လူလေး ၁၀ ယောက်လောက်က ဒီမိုအစိုးရကို ဆန့်ကျင်တာခွင့်ပြုလို့ သဘောထားကြီးတယ် သတ်မှတ်နေကျသလား?
မဖြစ်လောက်တဲ့ သေးသေးမွှားမွှားလေးဆိုရင်တော့ ခွင့်ပြုပါတယ်။ ဒါပေမယ့် ဒီမိုအစိုးရတွေ ဟာ သူတို့ကို ထိခိုက်စေမယ့် ကြီးမားတဲ့ ဆန္ဒပြမှုမျိုးဆိုရင်တော့ အကြောင်းပြချက်ကို ဖန်တီးပါတယ်။ ပြီးရင်တော့ အသေကို သတ်ပါတယ်။ အထူးသဖြင့် globalization ကို ဆန့်ကျင်ရင်လုံးဝ သည်းခံတာမဟုတ်ပါဘူး။ ဘယ်လူ့အခွင့်အရေးအဖွဲ့တွေကမှ မဝေဖန်ရဲပါ။ အမေရိကန် ၊ ကနေဒါ နဲ့ အီတလီဖြစ်ရပ်တွေကို သက်သေအဖြစ်ကြည့်နိုင်ပါတယ်။


(ဃ) လွတ်လပ်တဲ့မီဒီယာ







လွတ်လပ်တဲ့မီဒီယာဆိုတာ ဘယ်ဒီမိုအစိုးရမှာမှ မရှိပါဘူး။ ဒီမှာ တစ်ခုပြောချင်တာကာတော့ တကမ္ဘာလုံးမှာရှိတဲ့ ဒီမိုမီဒီယာတွေဟာ နိုင်ငံကွာပေမယ့် အာဘော်တွေတူနေ ကျပါတယ်။ နောက်ပိုင်းမှာ တဖြေးဖြေးနဲ့ သဘောပေါက်လာမှာက တကမ္ဘာလုံးက ဒီမိုမီဒီယာတွေဟာ အနောက်ဖက်အစိုးရတွေက ချမှတ်ထားတဲ့ ဘောင်အတွင်းကပဲ ရေးသားလုပ်ကိုင်နေရတယ်ဆိုတာပါပဲ။ နည်းနည်းလေးတွေးလို့ရအောင် ပြောချင်ပါတယ်။ တကယ်လို့ ဒီမိုမီဒီယာတွေဟာ ထိမ်းချုပ်မှုလုံးဝ မရှိပဲ လွတ်လပ်စွာတင်ပြခွင့် သာရမယ်ဆိုရင် 9/11 မှာ ခရီးသည်တင်လေယဉ်ပျံကို အမေရိကန် ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ဗီဒီယိုကင်မရာတွေရှေ့မှာ ပါးစပ်ကနေ သူတို့က ပြစ်ချခဲ့တာဖြစ်တဲ့အကြောင်း ထုတ်ဖေါ်ခဲ့ပါတယ်။ ဆောင်းပါး (မျက်မြင်သက်သေတွေကိုယ်တိုင် အမှတ်အသားမပါတဲ့ ဂျက်လေယာဉ်ပျံဟာ ပြစ်ချပြစ်ခဲ့တာမြင်တဲ့အကြောင်း ပြောပြခဲ့တာတွေရှိပါတယ်။ ) အမေရိကန်အစိုး၇က ခရီးသည်တင်လေယာဉ်ပျံကို ပစ်ချတယ်ဆိုတဲ့အကြောင်း ခေါင်းကြီးပိုင်းကနေ ထည့်မယ်ဆိုရင် သတင်းစာလဲ အရောင်းသွက်မှာပေါ့ဗျာ။ အဲဒီသတင်း အမေရိကန် သတင်းစာတွေမှာ မဖေါ်ပြခဲ့ပါဘူး။ တခြားတိုင်းပြည်မှာ အခြေစိုက်တဲ့ uk က BBC တို့ ထိုင်းသတင်းစာတို့မှာလည်း မဖေါ်ပြခဲ့ပါဘူး။ ဒါဆိုရင် ဒီမိုမီဒီယာတွေဟာ တကယ်လွတ်လပ်သလား စဉ်းစားပါ။






(င) တာဝန်ယူမှု




မြွေကိုက်လို့သေသွားတဲ့ ကောင်မလေးအတွက်တော့ စိတ်မကောင်းပါဘူး။ ဆင်းရဲဆုံး ၁၀ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ကြည့်ရင် အဲဒီကောင်မလေးတစ်ယောက်အတွက် သိပ်ပြီးကံဆိုးလှတယ်လို့တော့ ပြောလို့မရပါဘူး။ (နအဖ ညံ့ဖျင်းတာကို ကာကွယ်ခြင်းမဟုတ်ပါ။ နအဖ တော်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ ဦးသန်းရွှေ အသက်အိုမင်းသည်အထိ အာဏာယူခြင်းကိုလည်းဆန့်ကျင်ပါတယ်) ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမေရိကန်နဲ့ ကနေဒါလိုနိုင်ငံ Emergency ဌာနမှာ ဆရာဝန်စောင့်နေရင်း သေသွားတဲ့ အဖြစ်မျိုးနဲ့ နှိုင်းယှဉ်ရင် အများကြီးတော်ပါတယ်။ ဒီမိုနိုင်ငံဆိုတာကတော့ သိတဲ့အတိုင်းပဲ ပြဿနာတွေကို တင်ပြပါတယ်။ အရေမရ အဖတ်မရ ဆွေးနွေးကျပါတယ်။ ဘာမှလဲ ဖြစ်မလာပါဘူး။ ဒီမိုငတုံးတွေကတော့ ဒီမိုကရေစီနိုင်ငံဆိုရင် တာဝန်ယူမယ်ဆိုတဲ့ သဘောမျိုးထင်ထားကျပါတယ်။ ဒီမိုနိုင်ငံတွေမှာ ဘယ်ဝန်ကြီးမှလည်း နှုတ်ထွက်ပေးဖို့ မတောင်းဆိုကျပါဘူး။ တကယ်လက်တွေ့မှာ ဘယ်စံနစ်၊ ဘယ်နိုင်ငံမှ တာဝန် မယူပါဘူး ဆိုတာ သိထားစေချင်ပါတယ်။ ဗီဒီယို (၁) ။ ဗီဒီယို (၂)



(စ) မီဒီယာတွေကို အားကိုးချင်း






မီဒီယာတွေကို Check and Balance နေရာမှာ အားကိုးလို့ရတယ်ဆိုပြီး စာအုပ်ကြီးထဲကဟာတွေ လာရွတ်ပြမနေနဲ့။ လက်တွေ့မှာ ဘယ်မီဒီယာမှ ပြည်သူအကျိုးကြည့်တာ မဟုတ်ဘူး။ ကြည့်လို့လဲမရပါဘူး။ အရင်းရှင် နိုင်ငံမှာ အားလုံးဟာ ချမ်းသာဖို့လုပ်နေတာ ဖြစ်ပါတယ်။ ဂုဏ်တု ဂုဏ်ပြိုင်တွေပဲ လုပ်ကျပါတယ်။ ဘယ်သူမှ ဓနိမိုးအောက်မှာ သတင်းစာ အယ်ဒီတာ မလုပ်နိုင်ပါဘူး။ ဆိုဖာခုံပေါ်မှာပဲ လုပ်ချင်ကျပါတယ်။ အဲလိုမျိုးတွေဖြစ်ဖို့က မှန်မှန်ကန်ကန်လုပ်လို့ မရပါဘူး။ ဒီတော့ သတင်းလိမ်တွေ၊ ကြော်ငြာသတင်းတွေနဲ့ ပိုက်ဆံရမယ့် နိုင်ငံရေး progpaganda တွေကို ရေးပေးလာကျပါတယ်။ ဒီတော့ ဒီမိုမီဒီယာတွေဟာ ဘယ်လိုမှ အားကိုးလို့မရဘူးဆိုတာ သိထားစေချင်ပါတယ်။



(ဆ) ရွေးကောက်ပွဲကို ရင်မခုံပါနဲ့


အာဏာကို ဘယ်သူမဆို လိုချင်ကျပါတယ်။ ခုံနေရာလေးရဖို့အတွက် ဘယ်အမတ်လောင်းကမှ ရိုးသားစွာ ရွေးကောက်ပွဲ မ၀င်ကျပါဘူး။ ရိုးသားရင်လည်း မဲရမှာ မဟုတ်ပါ။ အားလုံးက ကလိမ်ကညစ်နည်းတွေ အသုံးပြုကျပါတယ်။ အများဆုံးသုံးတဲ့ နည်းကတော့ လူတွေကို လိမ်ညာ ကတိက၀တ်တွေပေးခြင်း ဖြစ်ပါတယ်။ မီဒီယာတွေကို ပိုက်ဆံပေးသင့်တာပေး၊ လိုအပ်ရင် ကိုယ်ပိုင်မီဒီယာထောင်သင့်ရင်ထောင် အဲဒီက တဆင့်လူတွေကို ထပ်လိမ်ပါတယ်။ (ကျည်တစ်ချက်မဖေါက်ပဲ မဲပုံးကနေ ကိုလိုနီဖြစ်အောင်လုပ်တာတွေ နောက်မှတင်ပြပါမယ်။ မယုံမရှိပါနဲ့ မဲပုံးကနေ နိုင်ငံကို သိမ်းပိုက်တဲ့နည်းကို ဒီနေ့မှာ ကျင့်သုံးနေပါတယ်။ သက်သေအထောက်အထားတွေ အများကြီးလည်းရှိနေပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အနောက်ဖက်က ဒီမိုကရေစီရအောင် ပိုက်ဆံကုန်ခံပြီး လုပ်ပေးနေတယ်ဆိုတာ ကျွန်ပြုဖို့အတွက်သာဖြစ်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်)။ အမတ်တွေဟာ သူတို့လိုချင်တဲ့ နေရာလဲရတဲ့အချိန်မှာတော့ လုပ်ငန်းရှင်တွေဆီကနေ တရားဝင် လဒ်ငွေတွေကို လက်ခံပြီး လုပ်ငန်းရှင်တွေ လိုချင်တဲ့ ဥပဒေ စည်းကမ်းတွေကို တင်သွင်းတာတွေ၊ ထောက်ခံတာတွေလုပ်ကျပါတယ်။ ပြည်သူ့အကျိုးအတွက်ဘာမှ မလုပ်ပါ။ ဒါကြောင့် ရွေးကောက်ပွဲဆိုတာ ပြောသလောက် အကျိုးမရှိလှပါဘူး။

ကျွန်တော်တို့ တင်ပြချင်တာကတော့ ဒီမိုကရေစီစံနစ်ကို ကျင့်သုံးတာကတော့ ကျင့်သုံးပါ။ ဒါပေမယ့် ဒီမိုကရေစီစံနစ်ရဲ့ ဆိုးကျိုးတွေနဲ့ အားနည်းချက်တွေကို သိထားသင့်ပါတယ်။ ထို့အတူပဲ နီးစပ်ရာသူတွေကိုလဲ သိအောင် ပြောပြထားသင့်ပါတယ်။ အလကားနေရင်း ဒီမိုကရေစီကြီးကို ချီးမွမ်းနေတာထက် လက်တွေ့ကျတဲ့ အမြင်တွေရှိမှ ကျွန်တော်တို့ဟာ အနာဂါတ်မြန်မာနိုင်ငံတော်ကြီးကို အေးချမ်းတဲ့ သာယာတဲ့ နိုင်ငံဖြစ်အောင် လိုသလို ပြုပြင် တည်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တောသားနှစ်ယောက်အနေနဲ့လည်း လက်တွေ့ကျတဲ့ အကြံပေးမှုတချို့ကို လုပ်သွားမှာဖြစ်ပါတယ်။ အဓိပါယ်မရှိတဲ့ လှပတဲ့ ဒီမိုကရေစီအိပ်မက်ကြီးမက်နေတာတွေနဲ့ အရေမရအဖတ်မရ အတင်းပြောတဲ့ အကျင့်ဆိုးတွေဖျောက်သင့်ပြီထင်ပါတယ်။ လက်တွေ့မကျဘူးလားဗျာ?

မြန်မာပြည်ကို သိပ်ချစ်တဲ့

တောသားနှစ်ယောက်



Posted by * In Search of Truth * at 12:50 PM 15 comments Links to this post



Wednesday, August 6, 2008
သတ္တိုရှိသူများအတွက်ဆောင်းပါးတစ်ပုဒ်




အပေါ်က စက်ဝိုင်းတွေကိုကြည့်ပါ။ လည်နေလား? ငြိမ်နေလား? လည်နေတယ်လို့ ထင်တယ် မဟုတ်လား? တကယ်ကတော့ မလည်ပါဘူး။ ငြိမ်နေပါတယ်။ ဒီပုံဟာ ဦးဏှောက်နဲ့ မျက်စိ ရဲ့ အားနည်းချက်ကို လေ့လာပြီး ရုပ်ပုံကို လည်နေတယ်ထင်အောင် ဆေးရောင်တွေကို စံနစ်တကျ ခြယ်ထားတာ ဖြစ်ပါတယ်။ ဒါဟာဘာလဲဆိုရင် ကျွန်တော်တို့ရဲ့ ဦးဏှောက်ဟာ လိမ်ရတာ သိပ်လွယ်တယ်ဆိုတဲ့ သဘောပဲ။ အဲဒီပုံလိုပါပဲ ဒီမိုမီဒီယာတွေဟာ စကားလုံးတွေကို စံနစ်တကျအသုံးပြုပြီး လှည့်ဖျားနေတယ်ဆိုတာ သတိမပြုမိကျတဲ့သူတွေ အများကြီးရှိနေပါတယ်။

အခုဆိုရင်ဗျာ လူတွေက ဒီမိုကရေစီဘယ်လို ရအောင် လုပ်သင့်တယ်။ တချို့ကတော့ အကြမ်းနည်း ၊ အနုနည်း မျိုးစုံသုံးပြီး ရအောင် ယူမယ်ဆိုပဲ။ နအဖ ဘလော့တွေကတောင် ဒီမိုကရေစီ စံနစ်ကို လက်ခံပြီး ဒီမိုကရေစီ ရအောင် လုပ်ပေးမယ်ဆိုတဲ့ အသံထုတ်နေပါတယ်။ ပိတောက်မြေလို အရမ်းအဆင့်မြင့်တဲ့ ဘလော့မှာတောင် ဒီမိုကရေစီနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေမှာ အဓိက အကြောင်းတွေ မပါသလိုမြင်နေရပါတယ်။

မြန်မာတွေက ဒီမိုကရေစီစံနစ်ကို စာအုပ်ထဲမှာ ရေးထားသလို အမှန်တကယ်ကျင့်သုံးလို့ရတယ်လို့ တရားသေ တွက်ထားပြီးပြောဆိုဆွေးနွေးနေကျပါတယ်။ တကယ်တော့ ဒီမိုကရေစီစံနစ်ရဲ့ အနှစ်သာရထက် အဲဒါတွေဟာ လက်တွေ့ ကျင့်သုံးလို့ရရဲ့လားဆိုတာကို အမှန်အတိုင်း ဆွေးနွေးဖို့လိုပါတယ်။ နောက်ပြီး တကယ်ရော ကျင့်သုံးရဲ့လားဆိုတာလဲ တွေးရပါမယ်။ သတ္တိုရှိဖို့တော့ လိုပါတယ်။ ဘာကြောင့်သတ္တိုရှိဖို့လိုတယ်ပြောနေလဲဆိုရင် နှစ်ပေါင်း ၂၀ လုံးလုံး အရိုးထိအောင်ရိုက်သွင်းခံထားရတဲ့ ဒီမိုကရေစီဆိုတကယ်မရှိပါဘူးလို့ မြင်လာတဲ့အခါမှာ ကုန်သွားတဲ့အချိန်တွေကို နှမြောတမ်းတဖြစ်ကျမယ့် အရေးရှိနေပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစံနစ်ရဲ့ အားနည်းချက်တွေ၊ ရွေးကောက်ပွဲတွေရဲ့အားနည်းချက်တွေ ဒါတွေကို ဆွေးနွေးသင့်ပါတယ်။ ဒီမိုကရေစီစံနစ်မှာ ဘာအပြစ်အနာအစာမှ မရှိသယောင် ပြောဆိုနေတာတွေဟာ အင်မတန်ကို ကြောက်ဖို့ကောင်းပါတယ်။ တကယ်ဆိုရင် လက်ရှိဒီမိုကရေစီနိုင်ငံတွေမှာ ဘာတွေဖြစ်ပျက်နေတယ်။ ဘာတွေသင်ခန်းစာယူပြီး အနာဂါတ်မြန်မာနိုင်ငံမှာ အဲဒါမျိုးမဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး စဉ်းစားသင့်ပါတယ်။ အခုရှုပ်မှနောင်ရှင်းဆိုသလို နအဖက ဒီမိုကရေစီပေးသည်ဖြစ်စေ မပေးသည် ဖြစ်စေ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် အပြစ်အနာအဆာတွေနဲ့ ကောင်းကျိုးတွေကို ရေရေရာရာ သိဖို့လိုပါတယ်။ သူများပြောလို့ သရေကျတယ်ဆိုတာ မျိုးတော့ မလုပ်ပါနဲ့။ ဦးဏှောက်မရှိတဲ့ သူတွေရဲ့ အလုပ်ဖြစ်တယ်လေ။


ဒီမိုကရေစီက တကယ်ကောင်းရဲ့လား



ဒီမိုကရေစီရဲ့ အဓိပါယ်က ပြည်သူ့အာဏာလို့ခေါ်တယ်ဆိုပြီး လာပြောမနေနဲ့။ အဲဒီလှလှပပ စကားလုံးတွေနဲ့ မက်လုံးပေးလို့ အရေပျော်သွားတဲ့ထဲမှာ တောသားနှစ်ယောက် မပါဘူး။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားက ဟောကြားဖူးပါတယ်။ စကားလုံးဆိုတဲ့ ရွံ့နွံထဲမှာ နစ်မနေပဲ လက်တွေ့လုပ်ကြည့်ပါတဲ့။ ကျွန်တော်တို့ ဒီမိုကရေစီကိုလက်တွေ့ ယူလို့မရသေးပေမယ့် လက်ရှိ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်ပျက်ပုံတွေကို အနီးကပ်လေ့လာကျရမှာဖြစ်ပါတယ်၊ ပထမဆုံး သတိပေးချင်တာကတော့ brain wash အလုပ်ခံထားရတဲ့ ကိစ္စလေးပြောချင်ပါတယ်။ ခင်ဗျားတို့ စစ်အစိုးရဆိုတဲ့ စကားလုံး၊ အာဏာရှင်ဆိုတဲ့ စကားလုံးကြားရင် ရွံမုံန်းဖြစ်နေတယ် မဟုတ်လား? ဒီမိုကရေစီဆိုတဲ့ စကားလုံးကြားလိုက်တဲ့အချိန်မှာတော့ အေးမြသွားတယ် မဟုတ်လား? နအဖ စစ်အစိုးရက အမှန်တကယ် ရက်ရက်စက်စက် လုပ်လို့ မုန်းနေတယ်လို့ ထင်နေတယ်မဟုတ်လား? အဲဒါမဟုတ်ဘူးဗျ။ ကိုထင် ကုတင်ရွှေနန်းဆိုတဲ့ စကားအတိုင်းပါပဲ။ ခင်ဗျားတို့ကို ဒီမိုမီဒီယာတွေက brain wash လုပ်ထားလို့ အဲလိုဖြစ်နေတာ။


ကျွန်တော်တို့ မြန်မာ့သမိုင်းမှာ တရုပ်စစ်စစ်ဦးရှုမောင် နဲ့ မြန်မာစစ်စစ် ဦးသန်းရွှေ အုပ်ချုပ်တဲ့အချိန်တွေကို လေ့လာကြည့်ပါ။ သူတို့ လက်ထက်မှာ ဘယ်တုံးကမှ အမေရိကန် အစိုးရလို တနေ့တည်း လူတစ်သောင်းလောက် ဗုံးခွဲသတ်ပြစ်တဲ့ 9/11 လိုသတ်ဖြတ်မှုမျိုး မလုပ်ခဲ့ပါဘူး။ ukနိုင်ငံလို ရထားနဲ့ bus ကားတွေကို ဗုံးခွဲပြီး အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ခဲ့တဲ့ 7/7 မျိုးမရှိခဲ့ပါဘူး။ (အဆိပ်ငွေ့တွေ ပက်ဖျန်းပြီး သူတို့ပြည်သူတွေ ရောဂါရအောင် လုပ်တဲ့ အကြောင်း နောက်မှာ ပြောပြပါဦးမယ်) ထို့အတူပဲ မြန်မာနိုင်ငံမြို့ကြီးတွေမှာ ဒီမိုကရေစီနိုင်ငံတွေလို ဘိန်းနဲ့ ဆေးခြောက်တွေကို လူမြင်ကွင်းမှာ ရောင်းတဲ့အဖြစ်မျိုး ဒီနေ့အထိ မရှိခဲ့ဘူး။ နောက်ပြီးတော့ Yakuza , နဲ့ Mafia လို လူဆိုးအဖွဲ့တွေ မရှိခဲ့ပါဘူး။ ဒီမိုကရေစီနိုင်ငံတွေထဲမှာ ငြိမ်းချမ်းတယ်လို့ နာမည်ကောင်းထွက်တဲ့ ကနေဒါနိုင်ငံမှာတောင် လစဉ် လူမြင်ကွမ်းမှာ သေနတ်နဲ့ ပစ်သတ်တာတွေ ရှိပါတယ်။ ဒီမိုသမားတွေက နအဖရဲ့နူကလီးယားလုပ်ငန်းမှာ စစ်သားတချို့ကို ဓါတ်ရောင်ချည်သင့်တာကို စကားကြီးကြီးကျယ်ကျယ်ပြောနေသေးတယ်။ အမေရိကန် နူကီရီးယား စမ်းသပ်ဖေါက်ခွဲတဲ့အချိန်မှာ သူ့စစ်သားတွေကို တိရိစ္ဆာန်တွေနဲ့အတူတူ ဓါတ်ရောင်ခြည်သင့်အောင် လုပ်ပြီးအသေခိုင်းခဲ့တဲ့လုပ်ရပ်ကျတော့ မသိဘူးမဟုတ်လား? ဘယ်သိမလဲ ဒီမိုမီဒီယာတွေက သတင်းအမှောင်ချထားတာကိုး။

အဲဒါတွေကို ကြောက်စရာကောင်းတယ်လို့ မထင်ဘူး မဟုတ်လား? ကျွန်တော်တို့တွေဟာ ဒီမိုမီဒီယာတွေရဲ့ Mind control အောက်မှာ လုံးဝရောက်နေတော့ ဒီမိုအစိုးရလူသတ်မှုတွေကို လေးလေးနက်နက် တွေးဖို့ အင်မတန်ကို ခက်ခဲတယ်ဆိုတာ သတိထားမိရဲ့လား? လူတွေကတော့ စံနစ်တိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကျတယ်လို့ ပီးသလွယ်ပြောကျပါတယ်။ ဒါဆိုရင် ဒီမိုကရေစီ စံနစ်နဲ့ အရင်းရှင်စံနစ် အားနည်းချက်တွေက ဘာလဲလို့ မေးရင် သူတို့ ဘာပြောလို့ ပြောရမှန်း မသိကျပါဘူး။ ဒီလိုဖြစ်ရတာကလဲ ဒီမိုသတင်းစာတွေက အရင်းရှင်ကြီးတွေ အလှူအတန်းလုပ်တာတွေ၊ လူမှုရေးလုပ်တဲ့ သတင်းတွေနဲ့ အလုပ်သမားတွေက အရင်းရှင်တွေကို လုပ်ခတိုးတောင်းတဲ့ သတင်းတွေပဲ ဖတ်ရတယ် မဟုတ်လား။ အခုဆိုရင် ခင်ဗျားတို့က အရင်းရှင်ကြီးတွေကို သူတော်စင်ကြီးတွေလို့တောင် ထင်နေကျတယ် မဟုတ်လား? အဲဒါတွေဟာ ဒီမိုမီဒီယာတွေရဲ့ Mind control အောင်မြင်မှုကို သက်သေပြနေတာ ဖြစ်ပါတယ်။ (Mind control နှင့် Brain wash သည် အတူတူပင်ဖြစ်ပါတယ်)။

တချို့က အမေရိကန်နဲ့ uk အစိုးရ လူသတ်တာနဲ့ မဆိုင်ဘူးဆိုပြီး ဖင်ပိတ်ငြင်းကျတယ်။သတိထားဖို့က အဲဒီနိုင်ငံတွေဟာ ဒီမိုကရေစီ စံနစ်ကျင့်သုံးပြီး ပြည်သူတွေကို သတ်ဖြတ် ဒုက္ခပေးနေကျတာ ဖြစ်ပါတယ်။ ဘယ်လိုကြောင့် အစိုးရဟာ ပြည်သူတွေကို သတ်ချင်တိုင်း သတ်ခွင့်ရှိလဲဆိုတာ စဉ်းစားသင့်တာပေါ့ ။ မဟုတ်ဘူးလား? နောက်ပြီး မြန်မာ ဒီမိုနိုင်ငံရေးသမားတွေ အားလုံးဟာ အမေရိကန်အစိုးရ ပေးတဲ့ ထောက်ပံ့ကြေးငွေကို လစဉ် အလကား ရနေတယ်ထင်သလား? ဘယ်သူမှ ငွေကို အလကားမပေးဘူး။ သူတို့ခိုင်းတာ လုပ်လို့ ၊ သူတို့ရဲ့ သြဇာခံဖြစ်လို့ ဒီမိုသမားတွေကို ပိုက်ဆံပေးနေတာ ဖြစ်ပါတယ်။ အဲဒီလူတွေ ဒီမိုကရေစီရလို့ အစိုးရဖြစ်လာရင် သူတို့ဟာ အမေရိကန်နဲ့ uk အစိုးက လိုသလိုကြိုးဆွဲမယ်ဆိုတာ သတိထားပါ။ ဒါဆိုရင် ဘာကြောင့် ကျွန်တော်တို့ ဒီမိုနိုင်ငံကြီးတွေ သတ်ဖြတ်တာကို မျက်ကွယ်ပြုသင့်တယ် ထင်ပါသလဲ?

ဒါကြောင့် ရှေ့ဘုန်းကြီးတစ်ချက်ခေါက်လို့ ကမူရှုးထိုးလုပ်ရင်း နောက်ဘုန်းကြီးက နှစ်ချက်ခေါက်တဲ့ အဖြစ်မျိုးရောက်ရင် ကျွန်တော်တို့ မျိုးဆက်ဟာ သမိုင်းရဲ့ တရားခံ အစစ်တွေဖြစ်ကုန်ပါမယ်။ ဒီမိုကရေစီ တကယ်မရှိဘူးဆိုရင် မရှိဘူးဆိုတာ ရဲရဲ လက်ခံပြီး ဘာလုပ်သင့်လဲ စဉ်းစားရပါမယ်။ ဒါမှ မဟုတ် အားနည်းချက်တွေကို လေ့လာပြီး စဉ်းစားအဖြေရှာ ရမှာ ဖြစ်ပါတယ်။ လက်တွေ့မကျဘူးလား?

အမှန်ကိုတွေးရဲကျပါစေ
တောသားနှစ်ယောက်

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Posted by * In Search of Truth * at 1:48 AM 10 comments Links to this post