Sunday, March 8, 2009
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ၏ ရှင်းလင်းချက် ၁-၂-၀၉
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ ရှင်းလင်းချက်
၁-၀၂-၂၀၀၉
အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်အနီး၊ မာလာဟိုက်တွင် ကျင်းပပြီးစီးခဲ့သည် စတုတ္ထ အကြိမ်မြောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) ညီလာခံကြီးသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ကိုယ်စားလှယ်ကြီးများသည် ညီလာခံအတွင်း မိမိတို့ ၏ယုံကြည်သည်များကိုအကြိတ်အနယ် ပါလီမန်တွင်း ဆွေးနွေးပွဲများလို ဆွေးနွေး-ငြင်ခုံခဲ့ကြသော်လည်း၊ တဦးနှင့်တဦး လူကြီး လူကောင်း ဆန်စွာ ပြုမူ-ဆက်ဆံ-ပြော ဆိုခဲ့ကြပါသည်။ အချို့ သော မီဒယာများ၏ ညီလာခံ အတွင်း ခိုက်ရန်ဒေါသဖြစ်မှုများရှိကြောင်း တာဝန်မဲ့ စွပ်စွဲချက်များမှာ လုံးဝမဟုတ်ကြောင်း အခိုင်အမာ ပြောဆိုချင်ပါသည်။
အစီအစဉ်အရ၊ စစ်အစိုးရ၏ ကုလသမဂ္ဂ္ဂနေရာစိန်ခေါ်ရေး (Credentials Challenge) ကိစ္စ လုပ်သင့်-မသင့်ကို မဲခွဲ ဆုံးဖြတ်ပြီးမှသာလျင် ၀န်ကြီးချုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ (Credentials Challenge) ကိစ္စအတွက် မဲခွဲစဉ်သည့်အချိန်တွင် မည်သူသည် ၀န်ကြီးချုပ် ဖြစ်လာမည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ထို့နောက် လျှို့ဝှက်မဲဖြင့် ရွေးခံရသည့်ဝန်ကြီးချုပ်မှ ၀န်ကြီးအဖွဲ့စာရင်းကို လျာထားခဲ့ခြင်း သာဖြစ်ခြင်းကြောင့် (Credentials Challenge) ကိစ္စအတွက် ၀န်ကြီးနေရာပေး၍ မဲဝယ်-မဲဆွယ်မှု ဖြစ်စရာအကြောင်းလုံးဝမရှိပါ။
ဝန်ကြီးချုပ်မှ တင်သွင်းသည့် ၀န်ကြီးများအားလည်း လျှို့ဝှက်မဲဖြင့်သာ လုံးလုံး လျားလျား အများစုဆန္ဒ္ဒမဲ (Absolute majority) ဖြင့် ညီလာခံမှ အတည်ပြုသည်ဖြစ်ခြင်းကြောင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း အပြည့်အ၀ ရွက်ဆောင်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးသည့် ၀န်ကြီးအဖွဲ့သည် အလှည့်ကျသဘာပတိ ဒေါ်စန်းစန်း၏ရှေ့မှောက်တွင်ပင် ကတိသစ္စ္စာ ဆိုခဲ့ကြသည်လည်းဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
ဖြည့်စွက်ချက်။
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒေါက်တာစိန်ဝင်းသည် မဲ (၂၂)မဲ ရရှိပြီး Credentials Challenge လုပ်လိုသည့်ဘက်မှ ဝန်ကြီးချုပ်လောင်း ဦးသိန်းဦးသည် (၁၀)မဲ ရ ရှိခဲ့ရာ၊ ကွာခြားသည်မှာ (၁၂) မဲ ဖြစ်၍ ဝန်ကြီးနေရာပေးပြီး မဲဝယ်သည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝ အခြေအမြစ်ကင်းမဲ့ပါသည်။
Posted by ဇေယျာ at 7:58 AM