Monday, July 20, 2009

မြန်မာနိုင်ငံ၏အနာဂတ် နိုင်ငံရေး (Myanmar’s Political Future )

မြန်မာနိုင်ငံ၏အနာဂတ် နိုင်ငံရေး (Myanmar’s Political Future )
ပါမောက္ခ Robert H. Talylor သည် ၄င်း၏ မြန်မာနိုင်ငံ၏ အနာဂတ်အရေး နှင့် ပက်သက် ပြီး ရေးသားသော ၄င်း၏ စာတမ်း နှင့် အောက်ပါ ခေါင်းစဉ် များကို ဖော်ပြပါမည် ။

(1) Introduction (နိဒါန်းအပိုင်း)

(2) What are Western Interests in Myanmar (အနောက် နိုင်ငံများ၏ မြန်မာ နိုင်ငံနှင့် ပတ်သက် စပ်ဆိုင်သည့် အကျိုးစီးပွားက ဘာတွေလဲ

(3) Human Right in the Debate over Myanmar policy (လူ့အခွင့်ရေး နှင့် မြန်မာ နိုင်ငံ)

(4) What are the effect of sanctions (စီးပွားရေး ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ

(5)What should the United States and its Allies do new (အမေရိကန် နှင့် ၄င်း မဟာမိတ်များ ယနေ့ဘာ လုပ်သင့်ကြပါသနည်း)

မှတ်ချက်။ ပါမောက္ခ Robert H. Talylor သည် မြန်မာ နိုင်ငံရေး ကို စိတ်ဝင်စားသော University of London ပါမောက္ခ တစ်ဦးဖြစ်ပြီး ၁၉၇၅ ခုနှစ်က စပြီး မြန်မာ့ အရေးကို စိတ်ဝင် စားသူဖြစ်ပါသည် ၊ ၂၀၀၃ ခုနှစ်က စပြီး အမေရိကန် သုတေသန အရာရှိအဖြင့် Institution of South East Asian Studies တွင် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။

ယခုဆောင်းပါး တွင် ၄င်းတို့ထဲမှ နိဒါန်း အပိုင်း ကိုဖော်ပြသွားမည် ဖြစ်ပါတယ် ။

အခန်း(၅) ခန်းပါဝင်သော ၄င်းစာတမ်းတွင် ရှေဦးစွာ နိဒါန်း၌ အရေးကြီးသော အချက်များကို မီးမောင်းထိုး ပြထားသည် ။ အထူးသဖြင့် အမေရိကန် နှင့် ၄င်းတို့ မဟာမိတ်များ ၏ လက်တွေ့ မြန်မာ နိုင်ငံအပေါ် တွင် ကျင့်သုံးနေသော နိုင်ငံခြားရေး မူဝါဒများ မအောင်မြင်ကြောင်း ၊ မအောင်မြင် ရသော အကြောင်းရင်းများကို ဖော်ပြရာတွင် “ Myanmar is not south Africa “ မြန်မာ နိုင်ငံသည် တောင်အာဖရိက မဟုတ်သည်ကို အနောက်နိုင်ငံများ က ကောင်းစွာ သဘော မပေါက် ကြကြောင်း၊ တောင်အာဖရိက က နိုင်ငံရေးပဋိပက္ခ သည် မြင်သာထင်သာ ရှိပြီး မြန်မာ နိုင်ငံ၏ အရေးအရာကိစ္စများ သည် နောက် နိုင်ငံများ ထင်သလို ဒီမိုကရေစီ နှင့် Authoritarian ၌ ပဋိပက္ခ သက်သက်ကြီး မဟုတ်ကြောင်း Contradiction မှာ ရှုပ်ထွေးလာကြောင်း၊ အထူးသဖြင့် လူမျိုးရေး ကိစ္စ များ ၊လက်နက် ကိုင် အဖွဲ့စည်း ပြဿနာ များ စသည်တို့ဖြစ်သည် ။

ဒုတိယ အချက်နေ နှင့် မြန်မာ နိုင်ငံတွင် Asian Balance of Power နိုင်ငံရေး ချိန်ခွင်လျှာတွင် အရေးကြီးသော အနေထားတွင် ရှိသည်ကို သိထားဖို့လိုကြောင်း အမေရိကန် က မြန်မာ နိုင်ငံအစိုးရ သည် လူ့အခွင့်ရေးကို ချိုးဖောက်သဖြင့် စီးပွားရေး ပိတ်ဆို့အရေးယူ ရကြောင်း ဤအကြောင်းပြချက် သည် မမှန်ကန်ကြောင်း ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ စီးပွားရေး တံခါးပိတ် ၀ါဒကြောင့် အိမ်နီးချင်း နိုင်ငံများ နှင့် နှိုင်းစာပါက စီးပွားရေး အရရော ၊အတက်ပညာပိုင်း ဆိုင်ရာ ပါ များစွာ နောက်ကျနေကြောင်း ၊ဤ အခြေနေ များဖြင့် ပြည်သူများ မကြေနပ်ဖြစ်ကာ အုံကြွမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ၊လမ်းစဉ်ပါတီမှ မနိုင်မနင်းဖြစ်နေသော အခြေနေများကို ထိန်းသိမ်းရန် တပ်မတော်က ၁၉၈၈ ခုနှစ်က အာဏာရ ယူခဲ့ကြောင်း ၊အာဏာ ရယူပြီးနောက် စီးပွားရေး ပြောင်းလဲမှုများစွာ ပြုလုပ်ပြီး ပြင်ပလောကကို ဆက်နွယ် လာခဲ့ကြောင်း ၊ တိုးတက်ဖွံ့ဖြိုး မှုအတွက် ပြင်ပကမ္ဘာ နှင့် ဆက်သွယ်ပြီး ပြုပြင်ပြောင်းလဲ ရေးများ ဆောင်ရွက်ရန် ကြိုးစာဆောင် ရွက်ခဲ့သည် ။


ဤအနေထားမျိုးတွင် အနောက်နိုင်ငံများက အရပ်သား ဒီမိုကရေစီ အစိုးရမျိုး၊( Civilion Democratic Regime ) တို့ထူထောင်လို ကြကြောင်း ၊ အရပ်သား ဒီမိုကရေစီ အစိုးရမျိုး မပေါ်မချင်း Regime Change ဟူသော တရားသေ ၀ါဒ ကို ဆုတ်ကိုင်ထားကြကြောင်း၊ မြန်မာ နိုင်ငံ၏ အနေထားကို သုံးသပ်ပါက Evolutionary reform rather than revolutionary Change တဖြေးဖြေး နှင့် ပြုပြင်ပြောင်းလဲ ရကြောင်း၊ တဟုန်ထိုး ပြောင်းလဲရန် ၊အုံဖွ မန်းမှုတ် ၍ မရသည်ကို မူ All the actors within Myanmar မြန်မာ နိုင်ငံ၏ အရေးရာတွင် အဓိက ဇတ်ကောင် များအဖြစ် ပါဝင်ကပြသော နိုင်ငံရေးပါတီများသည် လည်းကောင်း၊ တပ်မတော်သည် လည်ကောင်း ၊ တိုင်းရင်းသား များက ကောင်းစွာ သဘောပေါက်ကြရန် လိုပါသည် ။

၂၀၀၃ ခုနှစ် သြဂုတ် (၃၀) က ၀န်ကြီးချူပ်ကြေငြာ သော Road Map သည် အမေရိကန် ပြည်ထောင်စု ကို ချည်းကပ်ပုံ ချည်းကပ်နည်း အသွင်ဖြစ် အခွင့်ရေးပေလိုက် သလိုဖြစ်ကြောင်း ၊ ယခင်အမေရိကန်၏ သဘောထားမှာ ပြုပြင်ရေး သမားများကို ပိုမိုအကြပ်တည်း တွေ့စေပြီး အရပ်သား အစိုးရပေါ်ထွန်းရေး ကို ပိုမိုဝေးသွား နိုင်ကြောင်း ၊အမေရိကန် ပြည်ထောင်စုအနေ ဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသော သဘောထား ကို ပြန်လည်စဉ်းစား ရန်အချိန်တန်ပြီ ဖြစ်ပါကြောင်း ပါမောက္ခ Robert H.Taylor က နိဒါန်း တွင်ရေးသားထားသည် ကို တွေ့ရသည် ။

(ဦးမြသောင်း)


Posted by မွန်သူရဲကောင်း at 6:11 PM
Labels: နိုင်ငံရေးဆောင်းပါး