Wednesday, July 22, 2009

===တတိယ ဖွဲ့စည်းပုံ အခြေခံဥပဒေ===

===တတိယ ဖွဲ့စည်းပုံ အခြေခံဥပဒေ===[[Image:Nyelargan.jpg frame ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း အတွက် အစည်းအဝေးကျင်းပနေစဉ်]]၁၉၉၂ တွင်ဗိုလ်ချုပ်ကြီးစောမောင် အကြောင်းအမျိုးမျိုးကြောင့် ရာထူးမှအနားယူပြီး [[ဗိုလ်ချုပ်မှုးကြီး သန်းရွှေ]]မှ ယနေ့ထိတိုင်းပြည်ကို တင်းကျပ်စွာ ဆက်လက်အုပ်ချုပ် ခဲ့သည်။ ထိုနောက်စစ်တပ်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်မရှိသည့်အတွက် အာဏာလွဲရန် မဖြစ်နိုင်ဟုဆိုကာ တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်မှပါဝင်နိုင်ရန် အတွက် ၄င်းတို့စိတ်တိုင်းကျ ဥပဒေတစ်ရပ်ရေးဆွဲရန်(၁၉၉၃)တွင် [[အမျိုးသား ညီလာခံ]] ကိုစတင်ခေါ်ယူခဲ့သည်။ ထိုဥပဒေရေးဆွဲရေး ညီလာခံမှာ အခက်အခဲ အမျိုးမျိုးကြားမှ ၁၄ နှစ်အကြာ (၂၀၀၈)တွင်ပြီးစီးခဲ့သည်။ [[ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)]] ဟုခေါ်ဆိုသတ်မှတ်သည့် ထိုအခြေခံဥပဒေတွင် [[သမ္မတစနစ်]]ကို အခြေခံသော်လည်း ဒုသမ္မတ အဆင့်သတ်မှတ်သည့် ကာကွယ်ရေးဦးစီးချုပ်၏ ပါဝင်မှုနှင့် သြဇာမှာ ကြီးမားပြီး၊ လွတ်တော်နှစ်ရပ်တွင်လည်း စစ်တပ်မှ တပ်မတော်သား ကိုယ်စားလှယ်များကလည်း ၂၅ % စီပါဝင်ပြန်သည်။ နောက်ဆုံး မြန်မာနိုင်ငံတွင် တစ်ခါမှ မကြုံဖူးသော [[နာဂစ်]] မုန်တိုင်းကျရောက်သည့် ၂၀၀၈ ခုနှစ် မေလ အတွင်းတွင် တစ်နိုင်ငံလုံး ဆန္ဒခံယူပွဲ ပြုလုပ်၍ အတည်ပြုခဲ့သည်။
နိဒါန်း အပါအ၀င် အခန်း ၁၅ ခန်းပါဝင်ပြီး မြန်မာဘာသာဖြင့် စာမျက်နှာ ၁၇၉ မျက်နှာ ပါရှိသည်။http://www.myanmargeneva.org/pressrelease_PMGev/NationalConstitution(Draft)2008.pdf
# နိုင်ငံတော် အခြေခံမူများ# နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ# နိုင်ငံတော် အကြီးအကဲ# ဥပဒေ ပြုရေး# အုပ်ချူပ်ရေး# တရားစီရင်ရေး# တပ်မတော်# နိုင်ငံသား၊ နိုင်ငံသား၏ မူလအခွင့်အရေးနှင့် တာဝန်များ# ရွေးကောက်တင်မြှောက်ခြင်း# အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်# ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ# အထွေထွေ ပြဋ္ဌာန်းချက်များ