Sunday, July 26, 2009

သမိုင်းနှင့်လူ

တစ်ခေတ်တစ်ခါက လက်ဝဲနိုင်ငံများတွင် အလွန် ရေပန်းစားခဲ့သော စကားရပ်တရပ် ရှိသည်၊ သမိုင်းကို လူထုက ဖန်တီး သည်ဆိုသော အယူအဆ။သို့ ရှိ ခဲ့သည် တိုင် အဆိုပါနိုင်ငံများရှိလူထုမှာသမိုင်းကို ဖန်တီးဖို့ နေနေ သာသာ။ ဘာတွေဖြစ် လို့ ဖြစ်မှန်းပင် သိခွင့်ရခဲ့သည်မဟုတ်ပါ၊

ပေါလစ်ဗျူရို တစ်စု (သို့ မဟုတ်)Strong man တစ်ယောက်တည်းကသာ စိတ်ကူးရသလို စိတ်ကြိုက်ခြယ်လှယ် ဆုံးဖြတ်ခဲ့ ကြသည်က များ ပါသည်၊( ဥပမာ စတာလင်)

ဒီမိုကရစ်တစ် နိုင်ငံ ရေး စနစ်တွင်ကား လူထု အခန်းမှာ အတော်လေး ရှေ့ ရောက်လာသည်ဟု ဆိုနိုင်စရာ ရှိပါသည်၊ သမိုင်းကို တိုက်ရိုက်ဖန်တီးခွင့် မရသည့်တိုင် သွယ်ဝိုက်သော နည်းအားဖြင့် ဖန်တီးခွင့် ရလာပေပြီ။ လူထုအတွက် လူထု ခေါင်းဆောင်များကို လူထု ကိုယ်တိုင်က ရွေးချယ်ပိုင်ခွင့်ဖြစ် သည်၊ သို့ နှင့်တိုင် ဤသို့ ရွေးချယ် ပိုင်ခွင့် ရရုံမျှဖြင့် ။ အစစ အရာရာ အဆင်ပြေချောမွေ့ လိမ့်မည်ဟူ၍ကား ယတိပြတ် မှတ်ယူ၍ ရနိုင်ဦးမည် မဟုတ် ပါ၊
လူထု အသည်းကြားမှ မဲပြားများဖြင့် တက်လာသော ခေါင်းဆောင်တစ်ဦး သည် လူထု အကျိုးအတွက် လူထု ကိုယ်စား ဦးဆောင်သွားသည်မျိုးလည်း ရှိနိုင်ပါသည်၊ ( ဥပမာ ဖရန်ကလင် ရုစဗဲ့ )



လူထုကိုယ်တိုင်က ရွေးကောက်တင်မြှောက်လိုက်သူ ဖြစ် သည့်တိုင် လူထု ဆန့်ကျင် ဘက် ရောက်သွားသော elected dictator များလည်း ပေါ် ထွက် တတ် သည့် သမိုင်း သာဓက အချို့ ရှိပါသည်၊ ( ဥပမာ ဟစ်တလာ)

သို့ အတွက် ခေါင်းဆောင် ရွေးချယ်ရာတွင် အကြင်ပု၈္ဂိုလ်တစ်ဦး၏ စကားပြော ကောင်း ခြင်းနှင့် ရွေးကောက်ပွဲ ကတိ က၀တ်များကို ကျော်ကြည့်ပြီး သကာလ သူကိုင်စွဲ သော ကျင့်ဝတ်တန်ဖိုး။ သူ၏ ရိုးသား မှု နှင့် သူ၏ လုပ်ရည် ကိုင်ရည် ကိုပါ ချင့် တွက်နိုင်ဖို့  အထူး အရေး ကြီးလှ ပါသည်။

ဤနေရာ တွင် ဆုံချက် အကျဆုံး အချက်မှာ လူထု၏ အသိပညာ ရေချိန် ဖြစ် ပေလိမ့်မည်။

ရေ ချိန်မြင့်လျှင် တကယ့်  ရွှေအစစ်ကို ရနိုင်သည်၊


---

၂၀၁၀ ရွေးကောက်ပွဲ အတွက် ကြိုတင် ချင့်ချိန် နိုင်ပါရန်
The Wave ၈ျာနယ်မှ-ကူးယူဖော်ပြလိုက်ပါသည်-