Friday, July 24, 2009

၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စာရေးဆရာကျော်ဝင်း၏အမြင်သဘောထား

၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စာရေးဆရာကျော်ဝင်း၏အမြင်သဘောထား
March 25, 2009 · 1 Comment
မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောအချက်များ
ရေးသားသူ-ကျော်ဝင်း ဘာသာပြန်သူ-ကျော်လင်းဦး

ဤဘာသာပြန်ဆောင်း ပါးမှာ Freedom News Group ၏ မူပိုင်ဖြစ်သော်လည်း Freedom
News Group ၏အာဘော် မဟုတ်ပါ။ ဝေဖန်ပိုင်းခြားနိုင်ရန် နှင့် ဆင်ခြင်သုံးသပ် နိုင်ရန်ဖြစ်
ပါသည်။မူရင်းမှာ အင်္ဂလိပ်ဘာသာ ဖြစ်ပါသည်။.........
.
က။ လက်ရှိအခြေအနေ

လက်ရှိအခြေအနေအောက်မှာ-

၁၊ အဓီက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ နိုင်ငံရေးအရရှေ့မတိုးနိုင်ပဲ သေနေတဲ့ အနေအထားကိုရင်ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ ရေရှည်မှာ တရားဝင်ရပ်တည်ဖို့ဆိုရင် စစ်အစိုးရရဲ့ ရွေးကောက် ပွဲ ကိုဝင်ရုံ မှ တပါးအခြားမရှိပါ။

၂၊ စစ်အုပ်စုလည်း အကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။ အဲဒါက ဘာလဲဆိုယင် ၂၀၁၀ ရွေးကောက်ပွဲရဲ့တရားဝင်မှု ဟာ အတိုက်အခံအုပ်စု၊ အထူးသဖြင့် NLD ပါတီ ရွေးကောက်ပွဲဝင်၊ မ၀င်ဆိုတဲ့အပေါ်မှာ တည်မှီနေလို့ပါ။ ဒါပေမယ့် NLD ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စစ်အုပ်စုကတော့ သူတို့ဆုံးဖြတ်ထားတဲ့အတိုင်း သူတို့ရဲ့ လမ်းပြမြေပုံကို ဆက် ပြီးအကောင်အထည်ဖေါ်သွားမယ့် သဘောရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာဟာ မဟာဗျူဟာဆိုင်ရာပြဿနာမ ဟုတ်ပဲ၊ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာ ပြဿနာသာဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကျင့်ဝတ်သိက္ခာဆိုတာ မဟာဗျူဟာ မြောက်လိုအပ်ချက် ရဲ့ လက်အောက်ခံအဖြစ်သာ တည်ရှိပါတယ်။ သဘောကတော့ မဟာဗျူဟာက ကျင့်ဝတ်သိက္ခာ ထက် ပို အခယာ ကျပါတယ်။

၃၊ အနောက်က ပံ့ပိုးပေးနေတဲ့ မြန်မာ့ဒီမိုကရေစီရေးအပေါ် ထောက်ခံမှုဟာလည်း လျှော့ကြိုးကုန်ချိန်ကို ရောက်နေပါ ပြီ။ အဲဒီအကန့်အသတ်ကိုကျော်ပြီး နောက်ထပ်လုပ်စရာတနည်းသာ ကျန်ပါတော့တယ်။ အဲဒါကတော့ နီယို ကွန်များ ရဲ့ နည်းနာအတိုင်း စစ်ရေးအရ အရေးယူဖို့ပါပဲ။ ဒါပေမယ့် ဒါဟာလည်း အီရတ်မှာ မအောင်မြင်တဲ့ ပေါ်လစီဖြစ်နေပါ တယ်။

အထက်မှာဖေါ်ပြခဲ့လက်ရှိအခြေအနေတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အဲဒါတွေက အမှန်တရားတွေ ပါပဲ။ နိုင်ငံရေးဆိုတာ အမှန်တရားကိုအခြေခံရတဲ့ ကစားနည်းတမျိုးပါ။

ခ။ အနေအထားများ

၁။ စစ်တပ်ရဲ့အခန်းကဏ္ဍ

၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ဟာ နိုင်ငံရေးနယ်ပယ်တစ်ခုလုံးကို သိမ်းပိုက်ထားခဲ့ပါတယ်။ စစ်တပ်ကို နိုင်ငံရေးအင် အားစု အဖြစ်ကနေ စစ်တပ်သက်သက်အင်အားစုအဖြစ်ပြောင်းလဲဖို့ဟာ ဒီမိုရရေစီးရေးလှုပ်ရှားမှုတစ်ခုလုံးရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒါက လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့် ရေတိုမှာ လုပ်လို့ဖြစ်နိုင် တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ဒါဟာ ကာလတစ်ကန့်ထိသွားရမယ့်လုပ်ငန်းစဉ်ဖြစ်သလို သတ္တိရှိဖို့တင်မက၊ စိတ်ရှည် သည်းခံနိုင်ဖို့လည်း လိုပါတယ်။ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက် မပြည့်မြောက်သေးခင်ကာလမှာ ပြုပြင်ပြောင်းလဲ ရေးကြားကာလ တစ်ရပ်ကို ဖြတ်သန်းရဦးမှာပါ။ အဲဒီကလာမှာ ကျနော်တို့ဟာ မလွှဲမရှောင်သာပဲ စစ်တပ်နဲ့ လက်တွဲပြီး လုပ်ဆောင်သွားရမယ့် အနေအထားရှိပါတယ်။

၂။ လူလတ်တန်းစားတို့၏ အခန်ကဏ္ဍ

ခေတ်မီတိုးတက်ရေးအတွက် မြန်မာအပါအ၀င် အရှေ့တိုင်းမှာ သွားတဲ့လမ်းဟာ အနောက်နဲ့ အလွန်ကွာခြားပါတယ်။ အနောက်မှာ ၁၈ ရာစုနဲ့ ၁၉ ရာစုလောက်ကဖြစ်ခဲ့တဲ့ စက်မှုတော်လှန်ရေးလို၊ ဥာဏ်အလင်းသစ်လှုပ် ရှားမှုလို အဖြစ်အပျက်မျိုး မြန်မာပြည်မှာ မပေါ်ပေါက်ခဲ့ဖူးပါဘူး။ မြန်မာပြည်မှာ ခေတ်မီတိုးတက်တဲ့ လူမှုပုံစံဟာ အနောက် တိုင်း ကိုလိုနီဝါဒက နေ တဆင့်ပေါ်ပေါက်လာတာမျိုးပါ။ ဒါကြောင့် မြန်မာပြည်က စီးပွားရေးသမား လူလတ်တန်းစား တွေဟာ အနောက်မှာလို လွတ်လပ်တဲ့ လူမှုအင်အားစုတစ်ရပ်ဖြစ်မလာခဲ့ပါဘူး။ သူတို့ဟာ အုပ်ချုပ်သူ လူတန်းစားကို သာ မှီခိုခဲ့ရပါတယ်။ ၁၉၆၂ နောက်ပိုင်းမှတော့ စစ်တပ်ကို မှီခိုခဲ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီရေး ပြု ပြင်ပြောင်းလဲမှုအတွက် ဒီလူတန်းစားအပေါ် အားထားလို့မရပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအရ အတတ်ကြွဆုံး လူတန်းစားကတော့ ပညာတတ်လူလတ်တန်းစားပဲ ဖြစ်ပါတယ်။

၃။ ဒီမိုကရက်တစ်အင်အားစုများ ၏ ရင့်ကျတ်မှု

ဒါပေမယ့် ပညာတတ်လူတန်းစားအပါအ၀င် ဒီမိုကရက်တစ်အင်အားစုများရဲ့ ရင့်ကျတ်မှုကတော့ သိပ်မကောင်းလှပါ ဘူး။ ၁၉၆၂ ကတည်းက နှစ်ပေါင်း ၅၀ လောက် နိုင်ငံရေးအရမျှော်လင့်ချက်မဲ့နေတဲ့အခြေအနေမှာ နေခဲ့ရတာကြောင့် မြန်မာလူထု ( သာမန်ရိုးရိုးလူထုနဲ့ ပါတီဝင်များအပါအ၀င်) ရဲ့ ဒီမိုကရေစီရေးဆိုင်ရာ ဗဟုသုတတွေဟာ အားနည်းလှ ပါတယ်။ ဒါ့အပြင် မာ့စ်ဝါဒ လို့ အစွန်းရောက်အတွေးအခေါ်များရဲ့ လွှမ်းမိုးမှုဟာ နိုင်ငံရေးနဲ့ စာပေးအသိုင်းအ၀ိုင်းမှာ သိပ်ကြီးမားတာကြောင့် လူထုအုံကြွမှုတိုင်းဟာ အစွန်းရောက်သွားရပြီး အာဏာရှင်တို့က အမြစ်ပြတ်ချေမှုန်းယင် ချေ မှုန်း၊ ဒါမှမဟုတ်ယင် အကြမ်းဖက်တော်လှန်တဲ့အတွက် ပြည်တွင်းစစ်ကိုဦးတည်သွားစေပါတယ်။ ဒီလိုဖြစ်ရပ်တိုင်းဟာ မမျှော်လင့်ပဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးနေပါတယ်။

၎။ အဖွဲ့အစည်းများ၏ အားနည်းချက်များ

၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး အရပ်သားအုပ်ချုပ်ရေးကို ရပ်ဆိုင်းလိုက်ပါတယ်။ စစ်အစိုးရဟာ တစ်ပါ တီစနစ်ကို အသက်သွင်းခြင်းအားဖြင့် စစ်တပ်ရဲ့အာဏာကို စုစည်းလိုက်နိုင်ပါတယ်။ အဲဒီကတည်းက နိုင်ငံရေးစနစ် မှာ ထိန်းညှိ စောင့်ကြပ်ပေးမယ် ဒီမိုကရက်တစ်အဖွဲ့အစည်းတွေ မထွန်းကားတော့ပါဘူး။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုအပြီးမှာ နိုင်ငံရေးပါတီ တော်တော်များများ ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် NLD အပါအ၀င် အားလုံးဟာ အင်အားတောင့်တင်းနဲ့ နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ်စုဖွဲ့လာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာ နိုင်ငံမှာ အစိုးရအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ် အားနည်းနေတဲ့အနေအထားမှာပဲ ရှိနေပါသေးတယ် လို့ပြောရင် ရနိုင်ပါတယ်။

၅။ လူထုအခြေပြုအဖွဲ့အစည်းများ၏ အားနည်းချက်များ

မြန်မာပြည်မှာ ရိုးရာအစဉ်အလာအားဖြင့် လူထုအခြေပြုတဲ့အဖွဲ့အစည်းများ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့အ စည်း အားလုံးဟာ ဘာသာရေးကိုအခြေခံတဲ့အဖွဲ့အစည်းတွေဖြစ်နေပြီး ခေတ်မီ ဒီမိုကရေစီ သဘောတရားတွေနဲ့ မနီးစပ်ခဲ့ပါဘူး။ ၂၀ ရာစုအကုန်ပိုင်းနဲ့ ၂၁ ရာစုအစောပိုင်းလောက်မှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ နဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများဆိုပြီး လူထုအခြေပြုအဖွဲ့အစည်းပုံစံသစ် တစ်မျိုးပေါ်ပေါက်လာခဲ့ပါတယ်။ ဒါ ပေမယ့် အဲဒီအဖွဲ့အစည်းတွေဟာ စနစ်တကျစုစည်းနိုင်တဲ့အင်အားမရှိပဲ သိက္ခာပိုင်းနဲ့ နိုင်ငံရေးပုံသဏ္ဍန် လျှော့နည်း တာကြောင့် စီးပွားရေးအဖွဲ့အစည်း၊ ဒါမှမဟုတ် စီးပွားရေးတပိုင်း အဖွဲ့အစည်းတွေအဖြစ် လျော့ကျသွားပါတော့တယ်။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အဲဒီလို သမိုင်ကြောင်းနောက်ခံအချက်အလက်တွေဟာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်ရည်တစ်ရပ်လိုဖြစ်နေပါပြီ။

ဂ။ နိုင်ငံရေး ပုံသဏ္ဍန်ကားချပ်

ဒီအခြေအနေအောက်မှာ ဘာများလုပ်နိုင်မလဲ? ဒီမေးခွန်းကို ဖြေဖို့ရာ စစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုများ ဘက် ၂ ဖက်လုံးရဲ့ အခန်ကဏ္ဍ နဲ့ရပ်တည်ချက်ကို လေ့လာဖို့လိုပါလိမ့်မယ်။

စစ်တပ်ဖက်

န၀တ၊ နောက်ပိုင်းအခေါ် နအဖ ကအောင်မြင်စွာပြောဆိုနေတာကတော့ သူတို့ဟာ အာဏာသိမ်းပြီးတက်လာတဲ့အစိုး ရ ဖြစ်တယ် ဆိုတာပါပဲ။ ဒါက ၁၉၆၂ တုန်းက ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့တဲ့အနေအထားနဲ့ လက်ရှိ နအဖ တို့ရဲ့ ကွာခြားချက်ပါပဲ။ တကယ်တမ်းသဘာဝအားဖြင့် လက်ရှိ စစ်ဗိုလ်ချုပ်မှာရဲ့အနေအထားဟာ အပြောင်းအလဲ ကြားကာ လ မှာပဲရှိပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ အကယ်၍များတတ်နိုင်ရင် သူတို့အာဏာကို ဆက်လက်မြဲနေဖို့အတွက် ဒီမိုကရေစီအပြောင်းအလဲကို မသွားချင်ပါဘူး။ ဒါပေမယ့် ပြည်တွင်း ပြည်ပ ဖိအားတွေကြောင့် ဒီမိုကရေစီအပြောင်းအ လဲဟာ ရှောင်လွှဲလို့မရဘူးဆိုတာ သူတို့နားလည်ထားပါတယ်။ သူတို့ရဲ့ အချက် ၇ ချက်ပါတဲ့ လမ်းပြမြေပုံဟာ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်ကို ရောင်ပြန်ဟပ်ပါတယ်။ သူတို့ရဲ့ မူလရည်ရွယ်ချက်ဟာ အချိန်ကို တတ်နိုင်သ လောက်စွဲဆန့်ဖို့ဖြစ်ပေမယ့် ဘုန်းကြီးတွေဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းကြောင့် လမ်းမြမြေပုံ ကို တက်သုတ်ရိုက်အကောင်အထည်ဖေါ်နေရပြီး လတ်တလော အခြေအနေကို ရောက်နေတာပါ။

ဒီအမြင်အရဆိုယင် ၂၀၁၀ ရွေးကောက်ပွဲဟာ စက်တင်ဘာ လှုပ်ရှားမှုရဲ့ ရလဒ်တစ်ခုဖြစ်ပြီး ကျနော်တို့ ဒါကို လစ်လျူ ရှု လို့မဖြစ်ပါဘူး။ နအဖ ရဲ့ရည်ရွယ်ချက်ဟာ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို လက်ရှိအခြေခံဥပဒေကို အသုံးချပြီး ကာကွယ်ဖို့ဖြစ်ပေမယ့် ၁၉၈၈ ခုကတည်းကစရင် ပထမဆုံးအကြိမ် ဒီမိုကရေစီအင်အားစုတွေကို ခွင့်ပြုရမှာပါ။ အခွင့် အရေးဟာ ဘယ်လောက်ပဲကျဉ်းမြောင်းသည်ဖြစ်ပစေ၊ ကျနော်တို့ဒါကို ဂရုတစိုက်နဲ့အသုံးချသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ ဒါမှလွဲ၍တခြားရွေးချယ်စရာမရှိတော့လို့ပါ။

နအဖ အလိုကျ အုပ်စုတွေလဲ ဒီရွေးကောက်ပွဲမှာ သေချာပေါက် ပါမှာပါ။

ဒီမိုကရေစီ အင်အားစုများဖက်

သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်ပေါ်မူတည်ပြီး အုပ်စု လေးစု ကွဲသွားနိုင်ပါ တယ်။ သူတို့အားလုံးက ဒီမိုကရေစီဘက်တော့သားတွေဖြစ်ပေမယ့် သူတို့ရဲ့အတွေးအခေါ်ကွားသွားတာနဲ့အမျှ ရလဒ် တွေကလဲ ကွာခြားသွားမှာပါ။

၁၊ ပထမ အုပ်စု

ဒီအုပ်စုဟာ အတိုက်အခံလှုပ်ရှားမှုရဲ့ ခေါင်းမာသမားတွေကို ကိုယ်စားပြုပါတယ်။ သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပါဝင်ယှဉ်ပြိုင်ဖို့ကိုလဲ ငြင်းဆန်ပါလိမ့်မယ်။ အများအားဖြင့် ပြည်ပရောက် အင်အားစုများသာဖြစ်ပါတယ်။ (ကျနော့်အထင် သူတို့မှာ သူတို့ကိုယ်ပိုင်အကျိုးစီးပွားရှိပုံရပါတယ်။) NLD ခေါင်းဆောင်အချို့လည်း ဒီအုပ်စုမှာပါဝင်ပါ တယ်။

၂၊ ဒုတိယ အုပ်စု

သူတို့ဟာလဲ ခေါင်းမာသမားတွေဖြစ်ပေမယ့် လာမယ့်ရွေးကောက်ပွဲ့ကို စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ့် အဆင့်တရပ် အနေနဲ့ သဘောထားပုံရပါတယ်။ သူတို့ရဲ့ အမြင်အရ လာမယ့်ရွေးကောက်ပွဲဟာ ပဋိပက္ခပိုမိုကြီးထွားစေမယ့် နည်းဗျူ ဟာ ဆိုင်ရာ ကစားကွင်းတရပ်သာဖြစ်ပါတယ်။ NLD ခေါင်းဆောင်တချို့နဲ့ ဗကပ တို့ဟာ ဒီအမျိုးအစားထဲမှာရှိပါ တယ်။

ကျနော့်အထင်အရ ဒီအုပ်စုနှစ်စုရဲ့ ရလဒ်ဟာ တစ်မျိုးတည်းဖြစ်ပြီး ပြည်တွင်းစစ်ကို ဦးတည်သွားစေမယ့် အကြမ်းဖက် တော်လှန်ရေးနည်းလမ်းသာ ဖြစ်ပါတယ်။

၃၊ တတိယအုပ်စု

ဒီအုပ်စုမှာတော့ အလယ်အလတ်ကျတဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်ပြီးတော့ တတိယအင်အားစု လို့လူသိများပါ တယ်။ သူတို့ဟာ လာမယ့်ရွေးကောက်ပွဲကို မဟာဗျူဟာအရ ရှုမြင်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကနေတဆင့် လက် ရှိ နိုင်ငံရေးသေနေတဲ့ အနေအထားကို ထိုးဖေါက်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက်လိမ့်မယ်လို့ မျှော်လင့်ကြပါ တယ်။ သူတို့က စစ်တပ်နဲ့ ဘုံရပ်တည်ချက်ရှာလိုသူတွေဖြစ်ပြီး (အဲဒီရပ်တည်ချက်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ် ကောင်းဖြစ်မယ်။) အဲဒီရပ်တည်ချက်ကနေတဆင့် အချင်းချင်း နားလည်ယုံကြည်မှုကို တည်ဆောက်ကာ နိုင်ငံအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးဘက်ကို ဦးတည်သွားမယ်လို့ ယုံကြည်သူတွေပါ။ ကျနော့်အမြင်အရ သူတို့ရဲ့အယူ အဆ ဟာ အနာဂတ်ဒီမိုကရေစီအရေးအတွက် အဖြစ်နိုင်ဆုံးရေစီးကြောင်းတစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ဒီမိုကရေစီ အင်အားစုတွေကြားမှာ အားအနည်းဆုံးအုပ်စုဖြစ်နေပါတယ်။ သူတို့ဟာ အခုအထိ နိုင်ငံရေး အင်အားစု တစ်ရပ်အဖြစ် မဖွဲ့စည်း မရပ်တည်သေးပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မကြာခင်မှာ နိုင်ငံရေးစင် မြင့်တစ်ခုကို တည်ဆောက်လာနိုင်ပါတယ်။

စတုထ္တအုပ်စု

ဒီအုပ်စုမှာတော့ အပစ်အခတ်ရပ်စဲရေး ငြိမ်းအုပ်စုတွေပါ ပါတယ်။ သူတို့အားလုံးနီးပါးဟာ လက်ရှိရွေးကောက်ပွဲနည်း လမ်းကို အသုံးချပြီး သူတို့ရဲ့ တရားဝင်မှုပြဿနာကိုဖြေရှင်းပါလိမ့်မယ်။ သူတို့ဟာ တတိယအုပ်စုအတွက် အရေးပါတဲ့ မဟာမိတ်တွေလဲ ဖြစ်လာပါလိမ့်မယ်။

နိဂုံး

တကယ်တမ်းအားဖြင့် နအဖရဲ့ လမ်းပြမြေပုံဟာ ရှောင်လွှဲလို့မရတဲ့ ကိစ္စပါ။ စစ်တပ်ဟာ သူတို့ရဲ့ လမ်းပြမြေပုံကို ပစ်ချ ပြီး အတိုက်အခံနဲ့ပြေလည်ဖို့ တခြားနည်းလမ်းကို စဉ်းစားမှာမဟုတ်ပါဘူး။ မည်သည့်နိုင်ငံရေးရလဒ်မဆို စစ်တပ်ကဦး ဆောင်တဲ့ အပြောင်းအလဲကြားကလ ဖြစ်စဉ်အတိုင်း သွားမှာပါ။ ဒီဖြစ်စဉ်ကို ဆန့််ကျင်တာဟာ နိုင်ငံရေးအရှိတရားကို ဆန့်ကျင်တာပါပဲ။ စစ်တပ်မပါတဲ့ ဒီမိုကရေစီခရီးလမ်းကို ဆက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးဆိုတာ ဖြစ်နိုင် ချေကို ရှာဖွေရတဲ့ အနုပညာတစ်ရပ်ပါ။ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့အချက်ကတော့ အရှိတရားနဲ့ပေါင်းစပ်ပြီး ဖြစ် နိုင်ချေကို ဓမ္မဓိဌာန်ကျကျ စဉ်းစားရွေးချယ်ဖို့ပါပဲ။

ဤဘာသာပြန်ဆောင်း ပါးမှာ Freedom News Group ၏ မူပိုင်ဖြစ်သော်လည်း Freedom
News Group ၏အာဘော် မဟုတ်ပါ။ ဝေဖန်ပိုင်းခြားနိုင်ရန် နှင့် ဆင်ခြင်သုံးသပ် နိုင်ရန်ဖြစ်
ပါသည်။

မြန်မာနိုင်ငံအတွက် အရေးကြီးသော အချက်များ စာတမ်းကို ရေးသားပြုစုသူမှာ ၂၀၀၀ပြည့် နှစ်က နိုင်ငံ၏
စီးပွားရေး အမည်ရှိ နာမည်ကျော်ပွဲဦးထွက်စာ အုပ်ကို ထုတ်ဝေခဲ့သည့် နိုင်ငံတကာအတွေးအမြင် အယူအဆ များမြန်မာပြည်သူများနှင့် မိတ်ဆက်ပေးနေ သည့် စာရေးဆရာ ကျော်ဝင်း ဖြစ်သည်။

ဘာသာပြန်သူမှာ ဘန်ကောက်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ ရေးလှုပ်ရှားတက်ကြွသူ ဦးကျော်လင်းဦး ဖြစ်သည်။
ဦးကျော်လင်းဦး သည် ၁၉၉၈ ပြည့်သူ့ လွှတ်တော် ခေါ်ယူရေးအတွက် ကျောင်းသားများ၏ အစိုးရ
ဆန့် ကျင်ရေး ဆန္ဒပြပွဲ တွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ လှုပ်ရှားမှုများအတွင်း စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးမှုမှ ထွက်ပြေးတိမ်းရှောင်နေ စဉ် မြန်မာ့ စာနယ်ဇင်းများဉ် စာပေနှင့်
ယဉ်ကျေးမှုဆိုင်ရာဆောင်းပါးများကို ရေးသားခဲ့ပြီး ဦးကျော်ဝင်းစတင်တည်ထောင် သောစံပယ်ဖြု
မဂ္ဂဇင်းဉ်လည်းရေးသားခဲ့သူဖြစ်သည်။

Categories: အတွေူးအမြင်
Tagged: ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စာရေးဆရာကျော်ဝင်း၏အမြင်သဘောထား