Wednesday, July 29, 2009

လမ်းလျှောက်အယ်ဒီတာမှတ်စု

ကဗျာဆရာကြီး ထီလာစစ်သူထံမှ ကဗျာစာအုပ်လက်ဆောင် လှမ်းပို့ပါသည်။ ကဗျာဆရာကြီးမှ အစ်ကို့ရဲ့ ပထမဆုံးကဗျာစာအုပ် နဝမအကြိမ်ပုံနှိပ်ခြင်း မဲခေါင်မြစ်မှ အိုရွက်ဝါ နှင့် အခြားကဗျာစာအုပ် ဖတ်ဖို့သိမ်းဆည်းထားဖို့ဟု ဆိုပါသည်။ ကဗျာစာအုပ်နှင့်အတူ နိုင်ငံတကာ စာပေပညာရှင်များရဲ့ အမြင်တရား၊ အသံနှင့်ပဲ့တင်သံများ စာအုပ်လည်း ထည့်ပေးလိုက်ပါတယ်။ စာအုပ်ပြင်ဆင်မှုလည်း နိုင်ငံတကာအဆင့်မီအောင် ကြိုးပမ်းထားတာ တွေ့မှာပါ။ စာအုပ်ကုန်သွားပြီ လက်ထဲမှာလက်ကျန်မရှိတော့ပါ။

လမ်းလျှောက်အယ်ဒီတာမှတ်စု

Literature - Vol.2 No.43
User Rating: / 0
PoorBest
ကဗျာဆရာကြီး ထီလာစစ်သူထံမှ ကဗျာစာအုပ်လက်ဆောင် လှမ်းပို့ပါသည်။ ကဗျာဆရာကြီးမှ အစ်ကို့ရဲ့ ပထမဆုံးကဗျာစာအုပ် နဝမအကြိမ်ပုံနှိပ်ခြင်း မဲခေါင်မြစ်မှ အိုရွက်ဝါ နှင့် အခြားကဗျာစာအုပ် ဖတ်ဖို့သိမ်းဆည်းထားဖို့ဟု ဆိုပါသည်။ ကဗျာစာအုပ်နှင့်အတူ နိုင်ငံတကာ စာပေပညာရှင်များရဲ့ အမြင်တရား၊ အသံနှင့်ပဲ့တင်သံများ စာအုပ်လည်း ထည့်ပေးလိုက်ပါတယ်။ စာအုပ်ပြင်ဆင်မှုလည်း နိုင်ငံတကာအဆင့်မီအောင် ကြိုးပမ်းထားတာ တွေ့မှာပါ။ စာအုပ်ကုန်သွားပြီ လက်ထဲမှာလက်ကျန်မရှိတော့ပါ။ အလွန်ရင်းနှီးတဲ့ အပေါင်းအသင်းကိုသာ ပေးနိုင်ပါတယ်ဟုလည်း ဖြော်ပထားပါသည်။ မြန်မာကဗျာတွင် ကဗျာစာအုပ်ကို နဝမအကြိမ်ရိုက်နှိပ်သည် ဆိုခြင်းမှာ ထူးခြားဆန်းကြယ်မှုတစ်ခု ဖြစ်ပါသည်။ ထို့အတူ နိုင်ငံတကာအထိ ပျံ့နှံ့ဖို့ဆိုသည်မှာလည်း လွယ်လင့်တကူ ကိစ္စမဟုတ်ပါ။ သည့်အတွက် ကဗျာဆရာကြီး ထီလာစစ်သူအတွက် ဂုဏ်ယူရပါသည်။ ကဗျာဆရာကြီးထီလာစစ်သူသည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(အငြိမ်းစား)၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(အငြိမ်းစား)ဖြစ်ပါသည်။ ခုချိန်အထိ ကဗျာရေးနေသူ လည်းဖြစ်ပါသည်။ ကဗျာစာအုပ်မှာ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြစ်ပါသည်။ စာအုပ်ထဲတွင် ကဗျာသရုပ်ဖော် ပန်းချီလက်ရာများမှာ ပန်းချီဦးအုန်းလွင်၊ ဗဂျီအောင်စိုး(ပုံနှိပ်မှတ်တမ်းတွင် ပန်းချီအောင်စိုးဟုဖော်ပြထားပါသည်။) ပန်းချီဦးစံတိုးတို့၏ လက်ရာများဖြစ်၍ တန်ဖိုး ကြီးမားလှပါသည်။ ကဗျာဟူသည် လေးလုံးစပ်ဖြစ်ရမည်၊ မော်ဒန်ဖြစ်ရမည်၊ ကာရံမဲ့ ဖြစ်ရမည်၊ တော်လှန်ကဗျာဖြစ်ရမည်၊ လွတ်လပ်ရမည်၊ ပြည်သူ့အတွက်ဖြစ်ရမည် စသည် ဖြင့် ငြင်းခုန်နေမှုများကိုလည်း ကြားယောင်နေမိပါသည်။ ------------- သတင်းကာတွန်းဆရာကြီး ဦးဖေသိန်းကွယ်လွန် သည်မှာ တစ်လပြည့်မြောက်ခဲ့ပါသည်။ ကာတွန်း ဆရာ ကြီးဦးဖေသိန်းကိုကာတွန်းဆရာကြီးအဖြစ်သာ လူသိ များခဲ့သော်လည်း သတင်းကာတွန်းဆရာကြီးအဖြစ် သိမီ သူအတော်ရှားမည်ထင်ပါသည်။ အလားတူ သတင်း ကာတွန်းဆရာကြီး ဦးဖေသိန်းသည် ဘဂျမ်းဂျာနယ် ရုပ်ပြောင်တွင် အယ်ဒီတာလုပ်ခဲ့ဖူးသည်ကိုလည်း သိမှီသူရှားပါလိမ့်မည် ထင်ပါသည်။ အလားတူ ကနေ့တွေ့မြင်နေရသော ကြေးမုံ သတင်း စာ၏ Logo မှာ သတင်းကာတွန်းဆရာကြီး ဦးဖေသိန်း၏လက်ရာ ဖြစ်ကြောင်းလည်း သိမီသူအလွန်နည်းလိမ့်မည်ထင်ပါသည်။ အလားတူ သတင်းကာတွန်း ဆရာကြီး ဦးဖေသိန်းသည် လွတ်လပ်ရေးမော်ကွန်း ဒုတိယအဆင့် ရရှိခဲ့သူဖြစ်ကြောင်းလည်း သိမီသူ အလွန်နည်းမည် ထင်ပါသည်။ သမိုင်းဟူသည် နှောင်းလူတို့က မှတ်တမ်း တင်ကြရစမြဲ ဖြစ်ပေရာ နှောင်းလူတို့က ကိုယ်ရေးထိုးမှတ်တမ်းတင်သင့်သည်များကို ကိုယ့်တာဝန် ကိုယ် ယူ၍ ကမ္ပည်းမော်ကွန်း ရေးမထိုးကြဘူးဆိုလျှင် နောင်လာနောက်သားများအတွက် တာဝန်မကျေပွန်ရာ ရောက်မည်ဟုစဉ်စားနေခဲ့မိပါသည်။ ---------------- မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့မှကြီးမှူး၍ စာနယ်ဇင်းပညာ သင် တန်း(၂/၂ဝဝ၉)ကို ဖွင့်လှစ်လျက်ရှိပါ သည်။ ပြည်တွင်းမှ သတင်းစာဆရာများ အပြင်ပြည်ပမှ သတင်းစာပညာရှင်များ လည်းလာရောက်ပို့ချသည့်အတွက် အဖိုးထိုက်တန်လှသည့် သင်တန်းဟု ဆိုနိုင်ပါသည်။ လာမည့်နိုဝင်ဘာလတွင် နောက်ထပ်သင်တန်းတစ်ခု ထပ်မံဖွင့်လှစ် နိုင်ရန်စီစဉ်နေသည်ဟုလည်းသိရှိရပါသည်။ အဆိုပါစာနယ်ဇင်းပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ အရည်အသွေး မြင့်မားတောက်ပြောင်ထူးချွန်သော မျိုးဆက်သစ် စာနယ်ဇင်းသမားများလက်ထဲသို့ စတုတ္ထမဏ္ဍိုင်ကို အပ်နှံလို၍ဖြစ်ပါသည်။ စတုတ္ထမဏ္ဍိုင်ဟူသောစကားလုံးမှာ တာဝန်ကြီးမားလှပါသည်။ တာဝန်သိသူများတွင် တာဝန် ရှိမည်ဆိုသော စကားရပ်ကိုလည်း အမှတ်ရနေမိပါသည်။ အဆိုပါ စာနယ်ဇင်းပညာ သင်တန်းမှ တာဝန်သိသူ ဘယ်နှစ်ဦး ထွန်းပေါက်လာမည်လဲတော့မပြောတတ်ပါ။ စိုက်ပျိုး ထွန်ယက်ခြင်းသည်သာလျှင် ဥယျာဉ်မှူးများ၏အလုပ်ဖြစ်သည်။ ခူးဆွတ်စားသုံးခြင်းမှာ သူတို့မျှော်လင့်ချက်မဟုတ်သောစကားကိုလည်း သတိရနေမိပါသည်။ -------------- မကြာမြင့်မီမှာ ဟီရိုရှီးမားနှစ်ပတ်လည် လာ ရဦးတော့မည်ဖြစ်သည်။ အနုမြူဗုံးတစ်လုံးတည်းနှင့် စစ်ပွဲကို အဆုံးသတ်စေခဲ့ကာ ဟီရိုရှီးမားဗုံးဒဏ် ကြောင့်အပြစ်မဲ့သည့်ဂျပန် ပြည်သူအမြောက်အမြား လည်း လူညွန့်တုံး အသက်ဆုံးရှုံးရသည့်ဖြစ်ရပ်မှာ ခုတိုင်ထင်ဟပ်နေဆဲဖြစ်ပါသည်။ သို့သော် ထိုစဉ်က ဂျပန်သည် ဖက်ဆစ်စနစ်ကျင့်သုံးခဲ့သည်ဆိုခြင်းကို လည်းကောင်း၊ ထိုစဉ်က ဟီရိုရှီးမားကိုဗုံးကျဲခဲ့သည့် အမေရိကန်သည် ကနေ့နယ်ချဲ့ဖြစ်နေပြီဆိုခြင်းကို လည်းကောင်း၊ မှန်မှန်ကန်ကန်စဉ်းစားကြရန်လိုအပ်မည်ဟုယူဆမိပါသည်။ ဖက်ဆစ် ဖြစ်စေ၊ နယ်ချဲ့ဖြစ်စေ ကြားထဲကဓားစာခံမှာ ပြည်သူတွေသာဖြစ်ကြောင်းလည်း အမှတ်ရ ကြ စေချင်ပါသည်။ လက်ရှိ ပစ္စက္ခအခြေအနေတွင် အင်အားကြီးနိုင်ငံအသီးသီး၌ အနုမြူဗုံးများ မည်မျှပိုင်ဆိုင်ထားကြပြီလဲဟု စိုးရိမ်ပူပန်နေမိပါသည်။ -------------- အာဇာနည်နေ့သည် (၆၂)နှစ်တာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါ သည်။ သို့သော်လည်း အာဇာ နည်နေ့ကို အမှတ်ရနေကြရ ဆဲဖြစ်ပါသည်။ တိုင်းပြည်အ တွက် အသက်ပေးခဲ့ရသည့် အာဇာနည်ပေါင်း သူရဲကောင်း ပေါင်းများစွာရှိသည့်အနက်မှ သည်အာဇာနည် ကိုးဦးကိုပဲ အမှတ်တရဂုဏ်ပြုနေကြရသလားဟု မည်သူကမျှစောဒကတက်လေ့မရှိကြပါ။ အာဇာ နည်နေ့၏ နောက်ကွယ်တွင် နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ဖြစ်သည်ဆိုသည်ကို မမေ့ မလျှော့သတိရှိကြရန်တပ်လှန့်သံလည်း ရောယှက်ပါရှိနေသည်ဆိုခြင်းအား သတိထား ကြရမည်ဖြစ်ပါသည်။ နွားကွဲလျှင်ကျားဆွဲမည် ဆိုသည်ကို အာဇာနည်ခေါင်းဆောင်ကြီး များက အသက်ပေး၍ သတိပေးနေကြသည်ဆိုခြင်းကိုလည်း သတိရှိကြဖို့လိုအပ်မည် ထင်ပါသည်။ တစ်နှစ်တစ်ခါ အလံတစ်ဝက်ထူကြ၊ လွမ်းသူ့ပန်းခွေချကြ၊ အာဇာနည် ခေါင်းဆောင်ကြီးများကို ဆွမ်းသွတ်အမျှဝေရုံသာမကဘဲ နှောင်းလူငယ်မျိုးဆက်သစ်တွေကို အာဇာနည်နေ့ ဘာ့ကြောင့်ဖြစ်လာရသလဲ၊ အာဇာနည်နေ့ ဘာ့ကြောင့် နှစ်စဉ်ကျင်းပရ သလဲ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဘယ်သူတွေက လုပ်ကြံသလဲ ဆိုခြင်းများအား ပညာပေးဟောပြောပို့ချစေခြင်းဖြင့် အမျိုးသားရေးစိတ်များ မွေးမြူပေးကြဖို့ လိုအပ်မည် ဟုလည်း ယူဆရပါသည်။ အကျိုးအကြောင်းနှင့် အကောင်း အဆိုးကို ခွဲခြားနိုင်စေရန် ကလေးသူငယ်များအား ငယ်စဉ်ကတည်းက ပြုစုပျိုးထောင် လေ့ကျင့်ပေးမှသာလျှင် အမျိုးသားစိတ် ရှိလာကြလိမ့်မည်ဟုလည်းတွေးဆနေခဲ့မိပါသည်။