Friday, July 17, 2009

မေ့ရင်ထဲ

လောကကြီးကို အံတုဖက်ပြိုင် မျှော်လင့်ခြင်းများနဲ့
အမေ့ရင်ထဲမှာတော့
ဒီဇင်ဘာရဲ့အအေးဓါတ်ကို မမှုဘဲ
လန်းဆန်းရှင်သန်မယ့် ပန်းကလေးတစ်ပွင့်
ဖူးပွင့်စေခဲ့ပေါ့။
လူမမယ်ကစ လူလားမြောက်ချိန်ထိ
ကျွေးမွေးပြုစုပညာရည်မှန်း
ဘ၀ရဲ့ပန်းတိုင်လျှောက်လှမ်းနိုင်ဘို့
အမေ့ရဲ့ဘက်က
ပျက်ကွက်မှုမရှိ တာဝန်ကျေခဲ့ပေမယ့်
ကျွန်တော့်ဘက်က
လွဲချော်ခဲ့ရပေါ့။