Saturday, July 25, 2009

မြန်မာ့ နိုင်ငံရေး ဇာတ်စင်ပေါ်မှ သရုပ်ဆောင်များ....

Friday, May 22, 2009
မြန်မာ့ နိုင်ငံရေး ဇာတ်စင်ပေါ်မှ သရုပ်ဆောင်များ....
ကျွန်တော် က နိုင်ငံရေး လုပ်ရှားမူတွေ မှာ ထင်ပေါ်ကျော်ကြားလူသိများတဲ့ လူတစ်ယောက် မဟုတ်ပါဘူး၊ နိုင်ငံရေးသမားတွေ လုပ်နေတာတွေ ကို အပြင်က ထိုင်ပြီး ကြည့်နေတဲ့ သာမန်ပြည်သူတစ်ယောက်ပါ၊ သေချာတာတစ်ခုကိုတော့ ဦးဆုံးပြောထားချင်ပါတယ်၊ ဒီမိုကရေစီကို တန်ဖိုးထားတယ် လူ့အခွင့် အရေးကို လေးစားတယ် အဲ့ဒါထက်ပိုတာတစ်ခုကတော့ အမှန်တရားကို ကိုးကွယ်တယ်ဆိုတာပါပဲ။။

ဒီမိုကရေစီ မှာ တစ်ယောက်ကိုတစ်ယောက် ဝေဖန်ခြင်းဟာ ကောင်းမွန်တဲ့ လမ်းစဉ်တစ်ခု လို့ ကျွန်တော် ယုံကြည်ပါတယ် အတိုက်အခံ နဲ့ လက်ရှိ အာဏာရ ပါတီ တွေ က တစ်ဖွဲ့ အမှား ကို တစ်ဖွဲ့ ထောက်ပြဝေဖန် ပြရပါမယ် ထောက်ပြဝေဖန် ပြခွင့် လည်း ရှိရပါတယ် အင်္ဂလန် ၊ ၊မေရိကန်...ပြင်သစ် စတဲ့ အနောက်နိုင်ငံတွေ သာ မက ပါဘူး...မြန်မာ နဲ့ အိမ်နီးချင်း တွေ ဖြစ်ကြတဲ့..အန္ဒိယ ..ထိုင်း..မလေးရှာ...အပါအ၀င် ဒီမိုကရေစီ လမ်းကြောင်းပေါ်က နိုင်ငံတွေ ကို ကြည့်ရင် သိသာထင်ရှားပါတယ်....

မြန်မာ စစ်အာဏာ ရှင် တစ်စု ကတော့ .”.ငါ့ကို မဝေဖန်နဲ့” ....”ငါပြောတာ ဒီမိုကရေစီ” လို့ ပြောတက်ကြပါတယ်....သူတို့ ဘာကြောင့်ခုလို ပြောခွင့် ရှိနေပါသလဲ......လုပ်ချင်ရာ ကိုဘာကြောင့် လုပ်ခွင့် ရှိနေပါသလဲ.....နည်းနည်း လောက် ကျွန်တော် တို့ သုံးသပ်သင့် တယ်လို့ မြင်ပါတယ်။ လက်နက်ရှိလို့....ငွေရှိလို့....(လက်နက်+ငွေ = အာဏာ) ရှိလို့ ဆိုတဲ့ အဖြေ အကြမ်းတစ်ခု ထွက်လာပါတယ်....အာဏာ ဆိုတာ ပေးမှ ရတယ်လို့ ကျွန်တော် တို့ ထင်နေကြပါတယ်...တခါတခါ ပေးတာတောင် မှ မရတာတွေ လည်း ရှိပါတယ်....ပေးရမယ်ဆိုရင် ဘယ်သူက ဘယ်သူ့ ကို ပေးရမှာလဲ.ဆိုတဲ့ မေးခွန်းတွေ …နည်းနည်း မေးစရာ ရှိလာပါတယ်..။
ကျွန်တော် ယုံကြည်တာက ပြည်သူတွေစီမှာ ပဲ အာဏာရှိတာပါ...ဒါပေမယ့် ခု အချိန်မှာပြောဖို့ ခက်ပါတယ်..ဘာလို့လည်းဆိုတော့ အာဏာ ကို သုံးတက်တဲ့ ခေါင်းဆောင်တွေ မရှိသေးလို့ပါ၊၊။။

မြန်မာပြည်ဒီမိုကရေစီ ခေါင်းဆောင်တွေကိုနည်းနည်းလောက်သုံးသပ်ပြချင်ပါတယ်...

NLD (အတိုက်အခံ ပါတီ) ခေါင်းဆောင်အများစုမှာစစ်တပ်မှထွက်လာတဲ့...(အကြောင်းအမျိုးမျိုးကြောင့်)သူတွေဖြစ်ပါတယ်....သူတို့လည်းစစ်တပ်ထဲမှာနေခဲ့ဖူးပါတယ်...
စစ်တပ်အကြောင်းကောင်းကောင်းသိကြပါတယ်၊ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ...ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထဲကနေ ထွက်လာကြတဲ့ သူတွေဖြစ်ပါတယ်၊၊

တပ်ထဲ မှာ လုပ်ပိုင်ခွင့် မရတော့တဲ့ လူတွေ လို့  ပြောရင် ပိုပြီးတော့ မှန်မယ်ထင်ပါတယ်၊။အဲ့ဒီအချိန်မှာ တိုင်းပြည်မှာ ခေါင်းဆောင် ဖြစ်ဖို့ အတွက် ပါတီထူထောင်ပြီးနိုင်ငံရေးလောကထဲ ကို ၀င်လာပါတယ်၊။

နိုင်ငံရေးထဲမှာ အတွေ့အကြုံ များတဲ့ လူကြီးတွေ ပါလာကြတာအလွန်ကောင်းပါတယ်၊..ဒါပေမယ့် တစ်ခုတော့ ကျွန်တော်တို့ မေးဖို့ လိုလာပါတယ်...နိုင်ငံကောင်းစားဖို့ နိုင်ငံရေးလောကထဲ ၀င်တာလား...ကိုယ့်အတ္တ တွေ အကောင်အထည် ဖော်ဖို့ ၀င်လာတာလားဆိုတာပါ၊။

ဒီနေရာမှာ ပြည်သူ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည် ကို နည်းနည်းလောက် ပုံဖော်ဖို့လိုလာပါတယ်၊ ဒေါ်စု က မြန်မာပြည်ကို ကယ်တင်ဖို့ ကြိုးစားတယ်လို့ လူတိုင်းက အနည်းနဲ့ အများ ယုံကြည်ကြမှာပါ၊ သူမ ကိုယ်တိုင်ကလည်း ကယ်တင်ချင်စိတ် အပြည့်  ရှိတာကို ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်၊ သူမအကြောင်းကို အနည်းငယ် ဖော်ပြမှ ပြည့်စုံပါလိမ့်မယ်၊..သူမ မြန်မာပြည်ကို ရောက်လာတဲ့ အကြောင်းအရင်းက နေမကောင်းဖြစ်နေတဲ့ မိခင်(ဒေါ်ခင်ကြည်) ကို ပြုစုဖို့ ရောက်လာတာပါ၊ ဒါပေမယ့် ဆင်းရဲ မွန်းကျပ်နေတဲ့ မြန်မာပြည်သူ တွေ ကို မြင်လိုက်ရတဲ့ သူမဟာ…ကံမကောင်းလှစွာနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးထဲကိုရောက်ရှိလာခဲ့ရပါတော့တယ်..ဒါကလည်းဆင်းရဲ ကြပ်တည်းနေတဲ့ ပြည်သူလူထု ရဲ့ ဘ၀ကို ကိုယ်ချင်းစာပြီးတော့ လုပ်ခဲ့တယ်ဆိုတာ လက်ခံရနိုင်ပေမယ့် .. စစ်တပ်က ထွက်လာတဲ့ အာဏာ လိုချင်စိတ်မကုန်သေးတဲ့ စစ်ပြန်ဘိုးဘိုး ဆရာကြီးတွေ ရဲ့  အသုံးချမူ လို့ တစ်ဘက်က စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားလို့ ရနေနိုင်ပါသေးတယ်၊။


ကံကောင်းစွာနဲ့ ပဲ ရခဲ့ သလား ကံဆိုးစွာပဲ လက်ခံ ခဲ့ ရသလားမသိတဲ့ ငြိမ်းချမ်းရေး နိုဘယ် ဆုဟာ လည်း သူမရဲ့  ကြီးကျယ်မြင့်မြတ်လှ တဲ့ ဘွဲ့တစ်ခု လို သက်မှတ်နိုင်သလို သူမကို ချည်နှောင်ထားတဲ့ ကြိုးတစ်ချောင်းလည်းဖြစ်နေတယ်လို ကျွန်တော် အနေနဲ့ မြင်မိပါတယ်၊။

နိုင်ငံရေး လုပ်တယ် ဆိုတာ ဥပုသ်စောင့်တာ မဟုတ်ပါဘူး…အကြမ်းဖက်ရမယ်လို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး..ဒါပေမယ့် နိုင်ငံရေးဥာဏ် ခပ်ရိုင်းရိုင်းပြောရ ရင် ကလိမ်ကကျစ်ဥာဏ် ရှိဖို့လိုပါတယ်။ မြန်မာပြည် ဘယ်လို လွတ်လပ်ရေး ရခဲ့ပါသလဲ ၊ အင်္ဂလိပ် ကို လိမ် ၊ ဂျပန်ကို ပတ်၊ ဒါကို ညစ်ပတ်တယ်လို့ ဘယ်မြန်မာ မှ မပြောပေမယ့် ဒါဟာ ကလိမ်ကကျစ် ကျခဲ့တာ ဆိုတာကိုတော့ ကျွန်တော် တို့ ငြင်းမရတာ သေချာနေပြန်ပါတယ်။ အားမတန် လို့ ဥာဏ် ကူတာ လို ယဉ်ကျေးစွားသုံးမယ်ဆို သုံးလို့ ရပါတယ်….သေချာတာကတော့ ဒါဟာ နိုင်ငံရေး ကစားရမယ့် ဥာဏ်တစ်ခု ဖြစ်ပါတယ်။။

ကလိမ်ကကျစ်မှာ မြေခွေးကတောင် အဘိုးခေါ်ရမယ့် ဗိုလ် သန်းရွှေနဲ့ အရာရာ ကို ရိုးသားသန့်စင် စွာ တည်ဆောက်ပြချင်တဲ့ ဒေါ်စု တို့ ပွဲ က လုံးဝ လက်ရည် မမျှတဲ့ လက်ဝှေ့  ပွဲ တစ်ခု ကို ကြည့်နေရသလိုပါပဲ၊၊

ဒေါ်စု က ပညာတက်တစ်ယောက်ပါ၊ ပြီးတော စိတ်ထားဖြူစင်မြင့်မြတ်တယ်၊ ဒါပေမယ့် သူမက သောတာပန် မဟုတ်ပါဘူး သာမန်လူတစ်ယောက်ပါ ။ ဒီတော့ ကျွန်တော် သာမန်လူတစ်ယောက်အနေနဲ့ ကြည့်မိပါတယ်…သူမက မြန်မာပြည်သူလူထု တစ်ခု လုံးရဲ့  မိခင် တစ်ယောက်လို့  ပြောလို့ ရအောင် ပြည်သူတွေ အပေါ် ချစ်ခင်ပါတယ်၊ ၀မ်းနဲ့ လွယ်ထားတဲ့ သားသမီး တွေ မဟုတ်တဲ့ ပြည်သူတွေကိုတောင် ဒီလောက် ချစ်နိုင်တဲ့ မိခင်တစ်ယောက်ဟာ သူ့သားသမီးအရင်းတွေ ကို ဘယ်လောက်ချစ်မလဲ လို့ ခန်းမှန်းရင် သိသာပါတယ်။

ဒါပေမယ့် သူမ မှာ အဲ့ဒီလို သားသမီးအရင်းတွေ ကို ချစ်ပြခွင့် မရရှိပါဘူး၊ နှစ်ပေါင်းများစွာ အနေဆင်းရဲ အစားဆင်းရဲနဲ့ နေနေရတာကို လောကီ လူသားတစ်ယောက်အနေနဲ့ သူမလည်း မုန်းတီးမှာသေချာပါတယ်၊၊ တစ်ချို့သော ပုဂ္ဂိုလ်တွေ က ပြောကြပါတယ် ဒေါ်စု က တိုင်းပြည်ကို သူ့ဘ၀ထက် ပိုချစ်တာတွေ ဘာတွေ ဆိုပြီး ပိုပြီးကြီးကျယ်အောင် ပြောတက်ကြပါတယ်၊ ဘယ်သူမှ ကိုယ့်ဘ၀ထက် ဘာကိုမှ မချစ်ပါဘူး သေချာပါတယ်၊။

“ဒေါ်စု မြန်မာပြည်က ထွက်သွားပြီးတော့ နိုင်ငံခြားမှာ သူ့သားတွေ နဲ့ ချမ်းချမ်းသာသာ အေးအေးဆေးဆေးသွားနေလို့ ရတာပဲ” လို့ ပြောကြပါတယ်၊ အခိုင်အမာ ငြင်းပါတယ် မရပါ ….လုံးဝ မရပါ….ထပ်ပြီးပြောပါမယ်….”လုံးဝ မရပါ”၊၊

“ဘာကြောင့် မရ ရမှာလဲ” …လို့.အမေးရှိနိုင်ပါတယ်…အမေးရှိ လို့ ဖြေရပါမယ်၊ နည်းနည်း ကျယ်ကျယ်ဝန်းဝန်းရှင်းပြမှ ရမယ်ထင်ပါတယ်၊။

နိုဘယ် ဆု အပါအ၀င် တခြားသော ကြီးမြတ်လှတဲ့ ဘွဲ့တွေ ဆုတံစိတ်တွေ ကြောင့်ပါ၊ ဒါတွေ ကို ဂုဏ်ပြု ထားတဲ့ လူတစ်ယောက် မှာ နောက်ဆုတ်ဖို့ မလွယ်တော့ပါဘူး..နိုင်အောင် တိုက်ရပါမယ်၊ မနိုင်ရင် သေရပါမယ်၊ Do or Die ပါ...၊ Fight or Flight နဲ့ မတူပါဘူး၊၊

သူမ မြန်မာ ပြည်က နေ ထွက်ခွာပြီ ဆိုတာနဲ့ ပြန်လာရဖို့ မျှော်လင့်ချက်မရှိတော့ပါဘူး၊ မလာတော့ဘူးဆို ပြန်လို့ ရပါတယ်၊ အင်္ဂလန် က သားတွေ နဲ နေမယ် ဆိုရင် လည်း သူမကြောင့် သားတွေ ပါ ဒုက္ခ ရောက်လာနိုင်ပါတယ်၊ မဆိုင်ဘူးလို့ မပြောပါနဲ့။ သူမ ကို နိုင်ငံတကာ က မြန်မာ့ ဒီမိုကရေစီ သူရဲ ကောင်းအဖြစ် အသိအမှတ်ပြုထားတာပါ၊ သူ့သားတွေ ဆိုရင်လည်း ခု အချိန်မှာ သူနဲ့ ပတ်သက်ပြီး ကောင်းကျိုးမခံ စားရရင်တောင် လူရိုသေ ရှင်ရိုသေ တော့ ဖြစ်နေပါသေးတယ်၊ ဒါပေမယ့် သူမ သာ မြန်မာ့ အရေး မလုပ်တော့ဘူးဆိုရင် သူမ ကို နိုင်ငံတကာ က ဝေဖန်လာကြမှာပါ၊ အဲ့ဒီ ရိုက်ခတ်မူက အသက်ကြီးနေပြီ ဖြစ်တဲ့သူမ အတွက် ထိုးနက်ချက် ကြီးကြီးမားမား မဖြစ်နိုင်ဘူးဆိုရင်တောင် သူ့မ ရဲ့  မျိုးဆက် တွေ အတွက်တော့ သမိုင်းထဲ က အမည်းစက် အဖြစ် ကျန်ခဲ့ မယ်ဆိုတာလည်းသေချာနေပါတယ်၊၊

သူမ မြန်မာအရေး မလုပ်တော့ပဲ အေးအေးဆေးဆေး အင်္ဂလန်မှာ သွားနေပြီဆိုတာနဲ့…Your Mother is Lier လို့ သူတို့ အပြောမခံ ရဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး၊၊

မြန်မာ့ အရေး အကြောင်းပြ ပြီး ကမ္ဘာ က ဆုတွေ လိမ်ယူသွားတယ်လို့ မီဒီယာ လွတ်လပ်ခွင့် ရှိတဲ့ အနောက်နိုင်ငံတွေရဲ့  မီဒီယာ မှာသာ ဒီသတင်းပါသွားမယ်ဆိုရင် သူမ ရဲ့  မျိုးဆက် တွေ အတွက် နလန်မထူ နိုင်မယ့် အမည်းစက် အဖြစ် ကျန်ခဲ့ ပါလိမ့်မယ်၊၊ ဒါကြောင့် သူမ မြန်မာပြည်က ထွက်ပြီး နိုင်ငံခြားမှာ ချမ်းချမ်း သာသာ နေမယ်ဆိုတာ ကို ခဏမေ့ထားလို့ ရပါတယ်၊၊

နောက်တစ်ခု ရှိလာပါတယ်။ နိုင်ငံခြားထွက်ပြီးတော့ မြန်မာအရေးလုပ်မယ်၊ ဒါလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ အဲ့လို လူတွေ ဘာဖြစ်နေကြလဲ ဆိုတာ သူမ ကိုယ်တိုင် မြင်နေသိနေရလို့ပါပဲ၊၊

အချိန်တန်ရင် သူတောင်းစားတွေလို UN က ထောက်ပန့်ကြေး တောင်းမယ်ဆိုတဲ့ ပြည်ပရောက် ဒီမိုကရေစီ လူတ်ရှားသူ လူတစ်စု နဲ့ သူမ ဟာ စိတ်ဓါတ်ခြင်းက မိုးနဲ့ မြေလို ကွာခြားလို့နေပါတယ်၊၊

လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတဲ့ ဆရာကြီးတွေလည်း အမေရိကားရောက်တာနဲ့ ဘ၀ မေ့တာလား ရူးချင်ယောင်ဆောင်တာ လားမသိတော့ပါဘူး၊ ဘလောက်ကလေးတစ်ခုရေး ပြီး ဟိုက သတင်းဖြတ်ညက်ကပ် ဒီက သတင်းဖြတ်ညက်ကပ်နဲ့ နိုင်ငံရေး လုပ်စားတက်လာသလို၊ ပြည်ပရောက် မြန်မာ ၀န်ကြီးတွေ ဆိုတာ ကလည်း အချိန်တန်ရင် UN က ထောက်ပန့်ကြေးကို ဘယ်သူနဲ့ ခွဲယူရမလဲ ဆိုတာတွေ နဲ့ ဘယ်လို အကြောင်းပြ ငွေတောင်းရမလဲ ဆိုတာ လောက်ပဲ တွေးခေါ်ဖို့ တက်လာတာကလည်း ၀မ်းနည်းစရာ နိုင်ငံရေး တိုးတက်မူတစ်ခုပါပဲ၊၊

မကောင်းတဲ့ လူကို မကောင်းဘူးလို့ လက်ညိုးထိုးချင်ရင် ကိုယ် ကိုယ်တိုင် ကောင်းအောင်နေပြဖို့လိုပါတယ်၊ ဘိန်စားချင်းအတူတူ တစ်ယောက်ကို တစ်ယောက် ဘိန်းစားလို့ ခေါ်နေ လို့ကတော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ သန်းရွှေ မကောင်းဘူး ဆိုရင် ဘယ်လိုမကောင်းတာလဲ ဆိုတာ ပြဖို့ လိုပါတယ်။ ခု မကောင်းတာ ကို ပြည်သူတစ်ခုလုံးသိနေပေမယ့် သန်းရွှေ ကို ပယ်ပြီး နောက်ခေါင်းဆောင်တစ်ယောက်ရွေးဖို့ ကျတော့လည်း သန်းရွှေလို လူမျိုးတွေ ကိုပဲ ကျွန်တော်တို့ မြင်နေရပြန်ပါတယ်။

သန်းရွှေ ကို ဝေဖန်ကြပါတယ်၊ ထိုင်နေတဲ့ ခုံ က မဆင်းပေးချင်တော့ဘူးဆိုပြီး၊ သူမဆင်းပေးချင်တာ လည်းမှန်ပါတယ်၊ ဒါပေမယ့် သူဘက်ကပြန်ပြောခွင့် ရှိလာပါတယ် NLD က ခေါင်းဆောင်တွေ ကကော ဆင်းပေးချင်ကြလို့လား…..? ၊၊ ရွာက သူကြီးတောင် သူ့ခုံ ပေါ်က သူမဆင်းပေးချင်ဘူးဆိုရင် … ရာဇာ့ ပုလ္လင် မို့ မဆင်းချင်တာကို မကောင်းဘူးလို့ ပြောဖို့ ခက်သွားပြန်ပါတယ်၊၊

ဝီစကီ နဲ့ ၀ိုင် တွေ က နှစ်ကြာလေ ပိုကောင်းလာလေ ဆိုတာ လက်ခံ လို့ ရပေမယ့် လူဟောင်းတွေနဲ့ အတွေးအခေါ်ဟောင်းတွေ က ပိုကောင်းလာတယ်ဆို တာ ကျွန်တော်တို့ လက်မခံတော့ပါဘူး၊၊

ဒေါ်စု ပါတီထဲ မှာ ရှိတဲ့ အချိန်က ပါတီထဲက လူငယ်တွေ ဟာ ဒေါ်စု အကျယ်ချုပ်ချခံ ခဲ့ရတဲ့ ခြောက်နှစ်မှာ ပါတီတွင်းမှာ ဘယ်လောက် ကျန်ခဲ့ပါသလဲ…ဘယ်လောက် အသစ်ဝင်လာပါသလဲ….သူတို့ ကို ကော ဘယ်လောက်ထိ လုပ်ပိုင်ခွင့် ပေးခဲ့ပါသလဲ…ဆိုတဲ့ မေးခွန်းကိုဖြေဖို့ NLD ခေါင်းဆောင်ကြီးတွေ ခေါင်းချင်းရိုက်ရပါလိမ့်ဦးမယ်၊ .အသက် ၆၀ ပြည့်ရင် ပင်စင်ယူကြပါတယ်၊ ၀ါသနာပါလို့ နိုင်ငံရေး လုပ်အုံးမယ်ဆိုရင်လည်း လူငယ်တွေ ကို ဦးဆောင် နိုင်အောင် သင်ပြပေးရုံက လွဲ ပြီး ကိုယ်တိုင် အာဏာ ကို လိုချင်တဲ့ စိတ်တွေ ကို လွတ်ပြစ်ထားလိုက်ဖို့ လိုပါလိမ့်မယ် ၊၊ အဲ့ဒီစိတ်မမွေးနိုင်ပဲနဲ့ ငါ အသက်ကိုးဆယ် မှာ ငါ့ပါတီနိုင်ရင် ငါအမတ်လုပ်မယ်၊ ၀န်ကြီးလုပ်မယ် ဆိုတဲ့ စိတ်တွေ ရှိနေလို့ ကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး၊၊

ဒေါ်အောင်ဆန်းစုကြည် က အဲ့လို လူမျိုးမဟုတ်တဲ့ အတွက် ပြည်သူတွေ ရဲ့  စေတနာ မေတ္တာကို သူရနေတာပါ၊ နောက်ထပ် သူလို ခေါင်းဆောင်တစ်ယောက် ရှိပါသေးတယ်၊ ကျွန်တော်တို့ ရဲ့  ထာဝရ သူရဲကောင်း ကိုမင်းကိုနိုင်……အသက်ကိုစွန့်ထားပြီးသား၊ နာကျည်းချက်ထက်ပိုတဲ့ သူ့ခံစားချက်၊ အမှန်တရားကို ဘုရားလို ကိုးကွယ်တဲ့သူ၊ သူထောင်က ခဏ ထွက်လာတာနဲ့ စက်တင်ဘာ တော်လှန်ရေးကြီးကို ဘ၀ နဲ့ ရင်းပြီး ပေးဆပ်သွားခဲ့ပြန်တယ်၊ ၆၅ နှစ် ဆိုတဲ့ ကြမ်းခင်းဇေးထောင်ဒဏ်နဲ့ ထောင်ထဲရောက်သွားပြန်ပြီပေါ့..၊၊ ဒါပေမယ့် ပြည်သူတွေ အားလုံးရဲ့ ရင်ဘက်ထဲမှာ သူကိုချစ်မြတ်နိုးနေတယ်၊ ဘယ်ပါတီ ခေါင်းဆောင်နဲ့ မှ မတူတဲ့ သူရဲ့ ကိုယ်ကျိုးစွန့် လွတ် အနစ်နာခံ မူ ဟာ ပြည်သူ့ခေါင်းဆောင် ဆိုတဲ့ နေရာကို ရွေးကောက်ပွဲ ၀င်စရာ မလိုပဲ သူရောက်နေခဲ့တာပါ။

ဒီနေရာမှာ ကျွန်တော် တစ်ခု ပြောချင်ပါတယ်..၊၊ ကိုမင်းကိုနှိုင် နဲ့ ခေါင်းဆောင်ကောင်းတွေ က ဘ၀ နဲ့ ပေးဆပ်ပြီး ရင်းခဲ့တဲ့ စက်တင်ဘာ လူတ်ရှားမူကြီးမှာ အကိုတို့ မရှိတဲ့ လမ်းကို ဘယ်သူမှ မဦးဆောင်နိုင်ခဲ့ပါဘူး၊။ ကျောင်းသားတွေ ၊ သံင်္ဃာတွေ ဘ၀နဲ့ ရင်းပြီး အသတ်ပေး လူတ်ရှားနေတဲ့ အချိန်မှာ NLD ခေါင်းဆောင်တွေ အတွက် ပါတီ ရှင်သန်ရေး က ပိုပြီးအရေးကြီးနေခဲ့တယ်။ ပြည်သူနဲ့ တစ်သားတည်း ကျတဲ့ ခေါင်းဆောင်က အိမ်မှာအကျယ်ချူပ်၊…ဒီလိုနဲ့ ပြည်သူတွေ ဘ၀ စုတ်ခဲ့ရပြန်တယ်။။

တကယ်တော့ ဒေါ်စု ဟာ ပြည်သူနဲ့ တစ်သားတည်းကျတယ်ဆိုတာမှန်ပေမယ့် သူ့မမှာ နိုင်ငံရေး ကစားဖို့ လုံလောက်တဲ့ အတွေ့အကြုံ မရှိဘူးလို့လည်း ကျွန်တော် မြင်လာပါတယ်၊၊ ဒါကြောင့် သူဟာ မြန်မာပြည်သူတွေ တင်မြောက်တာတောင်ခေါင်းဆောင် မဖြစ်လာတာလို့ထင်ပါတယ်၊၊

နိုင်ငံရေး ဥာဏ်ဆိုတာကို….ကျွန်တော် အထက် မှာပြောခဲ့ ပြီးပါပြီ….သူမ သာ နိုင်ငံရေး ပရိယာယ် ကြွယ်ဝ ခဲ့မယ်ဆိုရင်…….၁၉၉၀ ရွေးကောင်ပွဲ ပြီးတဲ့ အချိန်မှာ ပြုလုပ်တဲ့ အာဏာခွဲဝေးရေး မှာ သင်ပုန်းချေရေး ဆိုတာကို အရေးမထားခဲ့မူ ၊၂၀၀၃ ခု ဒီပဲရစ် လုပ်ကြံခံရမူနဲ့ ၂၀၀၉ ရေကူးချန်ပီယံ အမူ တွေ ဖြစ်လာမှာ မဟုတ်ပါဘူး၊၊

သင်ပုန်းချေမူ ကို အလေးမထားခဲ့ လို့ နိုင်ငံတော် အာဏာနဲ့ လွဲခဲ့ ရသလို နိုင်ငံရေး ကောက်ကျစ်မူ ကို သဘောမပေါက်လို့ ဒီပဲရစ် အရေးအခင်း မှာ လုပ်ကြံခံလိုက်ရပြန်တယ်၊၊ ခုလည်း ဘာမဟုတ်တဲ့ ရူးကြောင်ကြောင် လူတစ်ယောက်နဲ့ အသုံးချတာကို ခံလိုက်ရပြန်ပြီ။ ကျွန်တော်တို့ က ခေါင်းဆောင်လို့ တင်ထားတဲ့ ခေါင်းဆောင်တစ်ယောက် ဟာ အဲ့ဒီလောက်တော့ နိုင်ငံရေး ကောက်ကျစ်မူ ကို သတိထားသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်၊၊

ကိုယ့်ကို ဒီလောက် မကောင်းကြံနေတာကို ပါရမီ ရှိစွားသည်းခံနေလို့ ရပေမယ့် သတိတော့ ထားဖို့ လိုတယ်ဆိုတာ အားလုံးနားလည်မယ်ထင်ပါတယ်၊၊ တကယ့်တော့ ခု ဖြစ်ပေါ်နေတဲ့ လုပ်ကြံမူ ဇာတ်လမ်းမှာ “ယက်ထော” က ဘယ်လိုလူ ပဲ ဖြစ်နေဖြစ်နေ ကိုယ့်အတွက် ကောင်းသော လာခြင်းကိုသယ်ဆောင်လာသူ တစ်ယောက် မဟုတ်နိုင်ဘူးဆိုတာ ကို ဒေါ်စု နားလည် ခဲ့မယ်ဆိုရင် ဒီလိုဖြစ်လာမှာမဟုတ်ပါဘူး၊၊

အိမ် အကျယ်ချုပ်က လွတ်ရက် နီးလာပြီ ဖြစ်တဲ့ သူမ ကို စစ်အစိုးရ က ဖမ်းချင်လို့ လုပ်တာပဲ ဖြစ်ဖြစ် ၊ ရေကူးချန်ပီယံ ယက်ထော က ရူး လို့ လုပ်တာ ပဲ ဖြစ်ဖြစ် တွေ့ ဆုံ စကားပြောပြီး သုံးရက်ကြာအောင် နေခွင့် ပြု ခဲ့တာ ကိုက အင်မတန် မှားယွင်းတဲ့ အလုပ်တစ်ခု ဖြစ်နေပါတယ်၊ လူသားချင်းစာနာတဲ့ အနေနဲ့ ရေကူးပြီးမပြန်နိုင်တော့ဘူးဆိုရင် အပြင်က လုံခြုံရေးလက် အပ်လိုက်လို့ ရပါတယ်၊၊ ဒီနေရာမှာ ဒီဆင်ခြေ က မလုံလောက်ဘူးလို့ထင်ပါတယ်၊လုံခြုံရေးကို ပြောလို့ မရပါဘူး၊ ဘာလို့လဲ ဆိုတော့ သူတို့ ကိုယ်တိုင် က ၀င်စေချင်လို့ ၀င်ခိုင်းလိုက်တာမို့ပါ၊ ဒါကြောင့် သူမ အတွက် စိုးရိမ်ရပြန်ပါတယ်၊၊ ရှေ့  နေ ဦးကြည်ဝင်းက ပြောပါတယ်၊၊ ရေကူးချန်ပီယံ ဟာ စိတ်မနှံ့ တဲ့လူ လို့ သုံးသပ်ပြန်ပါတယ်။ သူ စိတ်မနှံ့ တာ အရေးမကြီးပါဘူး ကိုယ့် ခေါင်းဆောင် ပါ စိတ်မနှံ့တဲ့ လူနဲ့ ပေါင်းနေသလိုဖြစ်သွားပါတယ်၊၊

ဒီအမူ က စစ်အစိုးရ ရဲ့  အကွက် ချ ကြံစဉ်မူတစ်ခုပါ။ ခု အင်းစိန်မှာ ရုံးထုတ်တာကလည်း ဗွီဒီယို သဘောနဲ့ ပြောရရင် နောက်ကြောင်းပြန်ပြတဲ့ ရိုက်ကွက်တွေပါ၊၊ ဇာတ်သိမ်းပိုင်းကို လူတွေ သိပြီးသားဖြစ်နေပါပြီ။ ထောင်မချဘူး ဆိုရင်တောင် ရွေးကောင်ပွဲ ပြီးတဲ့ အထိတော့ အမူကို ဆွဲသွားမှာပါ၊ အဲ့ဒီ အတောအတွင်းမှာ အင်းစိန်မှာ ခဏ အနားပေးထားပါမယ် ထင်ပါတယ်၊၊

သူတို့ ခု နိုင်ငံတကာ က အာရုံစိုက် မူတွေ ကို တော်တော် ခံရပါတယ်၊ ဒါပေမယ့် ဒါကလည်း မကြာပါဘူး နောက်နှစ်ပတ်လောက်ဆို အီရန် က နယူကလီးစ်ယား စမ်းသပ်ပစ် လွတ်တဲ့ လိုက်တာနဲ့ မီဒီယာနဲ့ နိုင်ငံတကာ အာရုံက အီရန် ဆီ ပြောင်းသွားမယ်ဆိုတာကိုလည်း သူတို့ တွက်ထားပြီးသားပါ၊၊ ဒါကြောင့် ဒီအချိန် ကို ရွေးလိုက်တာပါ၊ ခု နည်းနည်း နားပူခံလိုက်ပြီး ဒေါ်စု ကို ထောင်ထဲ ထည့်ထားလိုက်နိုင်ပြီဆိုရင် နိုင်ငံတကာ က အာရုံစိုက်လာမှာက ရွေးကောက်ပွဲ ထက် ဒေါ်စု လွတ်မြောက်ရေး ဖြစ်လာမယ်ဆိုတာ ကတော့ ဗိုလ်ချူပ်မူုးကြီး ရဲ့  အကွက်တစ်ကွက်ပါ၊၊ အဲ့ဒီတော့ မှ ဒေါ်စု ကို လွတ်ပေးမယ် ရွေးကောက်ပွဲ ကို အသိအမှတ်ပြု ပေး ဆိုပြီး ပွန်းကျွေးပြီး ဘုရင်မ စားမယ့် ဆိုတဲ့ အင်မတန် လှပတဲ့ နိုင်ငံရေး စစ်တုရင် ရွေ့  ကွက် ကလေးတစ်ခု လို့ကျွန်တော် ဆင်ခြင်မိပါသေးတော့တယ်..၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

(နိုင်ငံရေး နဲ့ ပတ်သက်ပြီး လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ ကို တစ်ခု လောက်တော့ ပြောခဲ့ပါမယ်…ပလေတို ရဲ့  MIRROR THEORY က အနုပညာအတွက် တခါတလေ မှားတက်ပါပေမယ့် နိုင်ငံရေး အတွက်တော့ အသုံးတည့်နေဆဲဆိုတာပါပဲ)။။

ဆက်လက်ဖော်ပြပါမည်