Tuesday, August 11, 2009

ကြောင်ဖြူကြောင်မဲဒီပလိုမေစီ


ကြွက်ဖမ်းနေ သရွေ့ တော့ ကြောင်ဟာ ဖြူ ချင် ဖြူ ။ မဲ ချင် မဲ အရေးမကြီးပါဘူး ဆို ပြီး တခါက တိန့် ရှောင် ဖိန် ကပြောခဲ့ဘူး ပါတယ်။အဲဒီ အချိန်တုန်းကတော့ တရုတ် ဟာ သူ့  ရဲ့ အိမ်နီးချင်းနိုင်ငံတွေ အပေါ် တိန့် ရဲ့ လောဂျစ်ကို အသုံးချခဲ့တာပါ။ ဒီမို က ရက် တစ် ဖြစ်ဖြစ် သက်ဦးဆံပိုင်ဘဲ ဖြစ် ဖြစ် တရုတ်ရဲ့ အကျိုးစီးပွါးအတွက် အသုံးတည့်နေ ဖို့ အရေးကြီးတယ် ဆို တဲ့အယူ အ ဆပါ။


ဒီအကြောင်းပြချက်က ဘဲ စစ်အစိုးရနဲ့ နှစ်ပေါင်းများစွာ လက်တွဲ အလုပ်လာ ပြီးနောက်ပိုင်းအခု မှ ဘဲ နည်းလမ်း ပြောင်းဖို့ စဉ်း စားတယ် ဆို တာကို ရှင်းပြနေပါတယ်။ ဒါက အကျင့်သိက္ခာအရ စစ်အစိုးရဟာ သံသယ ဖြစ်ဖွယ် ရှိတယ် ဆို တဲ့အကြောင်း ပြ ချက်ကြောင့် မဟုတ်ပဲ မြန်မာခေါင်းဆောင်တွေ ဟာ အရည်အချင်းမပြည့်မီ ဘူးဆို တဲ့ စိုးရိမ်မှုကြောင့်ပါ။ ဘယ်လို လွဲချော်ခြင်း မျိုး အတွက်မဆို တရုတ်ပြည်အတွက် ရန်လို တဲ့ အကျိုးဆက် နဲ့ တည်ငြိမ်မှု ကို ပျက်ပြားစေနိုင်လို့ ပါဘဲ။

ခြံစည်းရိုးကပ်နေတဲ့ အိမ်နီးချင်းတယောက်အနေနဲ့  သူရဲ့ ပါဝါနဲ့ လွမ်းမိုးမှု မြင့်မားလာကြောင်းကို သူ့ ပတ်ဝန်းကျင် တ၀ိုက် လုပ် ဆောင်ချင်သလို ပါဘဲ။ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ သီရီလင်္ကာ ပြည်တွင်းစစ် အပါအ၀င် အဆုံး အဖြတ်ပေးတဲ့ ကြားဝင်မှု နဲ့ အ စိုးရကို ထောက်ပံ့မှုတွေ ဟာ ဒီအရာကို သက်သေပြနေတာပါ။

မြောက်ကိုးရီးယားနဲ့ မြန်မာ လိုသီးသန့် ကိစ္စတွေကို ကြိုးချည်ချည်နဲ့ လှန်ထားရတဲ့ကိစ္စတွေကတော့ ပါဝင်စွက်ဖက် ဖို့ ရာ တရုတ် ဟာ အကူအညီမဲ့ သလို ဖြစ်နေပြီး တရုတ်ရဲ့ ပြည်တွင်းရေး မတည် မငြိမ် ဖြစ်မှု ကို စိုးရိမ်မှု ပိုနေပါတယ်။ ရှင်၈ျန်ဒေသကိစ္စကို အလျင်အမြန်တုန့် ပြန်မှု က နယ်စပ် ကိစ္စအငြင်းအခုန်မှသည် ပြည်တွင်းမတည်ငြိမ်ဖြစ်မှု သို့ မဟုတ် ဒေသရဲ့ မတည်ငြိမ်ဖြစ်မှု ထက် အခြားဘယ်အရာကမှ တရုတ်ကို လိပ်ပြာလန့် အောင်မလုပ်နိုင်ပါဘူး။ လူ ၂၀၀ လောက် သတ်ပစ်ခဲ့တဲ့ ရှင်၈ျန် အရေး အ ခင်းမှာ တရုတ်ဟာ မတည်ငြိမ်တဲ့ အိမ်နီးချင်းတွေ ၊ ဒုက္ခသည် များစုပြုံဖြစ် လာခြင်းနဲ့  အခါ တိုင်းနဲ့ မတူ တဲ့အန္တ၇ာယ် တွေ ကို တွေ့ ခဲ့ရပါတယ်။



ဒီတော့ တရုတ်ရဲ့ လုံခြုံရေး မဟာဗျူဟာ ဟာရှေ့ ဆက်လုပ်ဆောင်ပါလိမ့်မယ်။တရုတ်ရဲ့ အိမ်နီးချင်း တွေ ကြား ငြိမ်းချမ်းရေးနဲ့ ကိုယ်ကျိုးစီးပွါး ဟာမလုံခြုံမှုတွေ ရှိနေရင် တရုတ်ရဲ့ ပြည်တွင်းရေးကို နှင့်ညီညွတ်ရေး ကို အရင် တည်ဆောက်ပါလိမ့်မယ်။

တရုတ်ဟာ အာစီယံအဖွဲ့ ဝင်တွေ အပေါ် ဘယ်တော့မှ အားသုံးပြီးဆန့် ကျင်တာမျိုးမလုပ်ပါဘူးဆို တဲ့ ကတိနဲ့ အာစီယံနဲ့  ချစ် ကြည်ရေး နဲ့  ပူးပေါင်းလုပ်ဆောင်ရေး စာချုပ်ကို လဲ လက်မှတ်ရေးထိုး ထားခဲ့ပါတယ်။ ဒီ တည်ဆောက်ပုံကတော့ ခဏခဏ နားပူနားဆာလုပ်ခံနေရတဲ့ မြောက်ကိုးရီးယား နဲ့ မြန်မာပြည်က လွဲရင် တခါက တရုတ်ရဲ့ ဝတ်ရုံပါဘဲ။

ပထမဆုံး အနေနဲ့  မြောက်ကိုးရီးယား အစိုးရရဲ့ ရှင်သန်ရေးက တရုတ်ရဲ့ သော့ချက်ကျတဲ့ နိုင်ငံခြား ရေး ပေါ်လစီပါ။ နိုင်ငံပြို ကွဲမှုကြောင့် နယ်စပ်တလျောက် မလွဲသာမရှောင်သာ လျှံတက် လာမယ့် ဒုက္ခသည်ကိစ္စကို တရုတ်ဟာမလိုလားပါ ဘူး။ နောက် တချက် အနေနဲ့ တရုတ်ဟာ ကိုရီးယား ၂ နိုင်ငံဖြစ်နေတာကို ဘဲ လိုလားပါတယ်။ ဂျပန်ရဲ့ အေ၇းပါမှု တွေ ရှိနေတော့ ကိုးရီးယား နှစ်နိုင်ငံ ပေါင်းစည်းမှု ဟာ တရုတ်အတွက် အိုဗာဝိတ်ကို ဖြစ်စေပါတယ်။ဒါကြောင့် မြောက်ကိုးရီးယား ရဲ့  နယူကလီးယား အစီ အစဉ် အတွက့်တရုတ်ဟာ ၆ နိုင်ငံဆွေးနွေးပွဲမှာ မြောက်ကိုးရီးယား ကို အနောက်ကမ္ဘာရဲ့ စီးပွါးရေး ပိတ်ဆို့ မှုကို စိုးရိမ်ကင်းစွာ ပါဝင်ခဲ့တာပါ။

လတ်တလောအနေနဲ့ ကတော့ သူ့ ရဲ့ လက်တွေ က မြောက်ကိုး၇ီးယားနဲ့ ချည်နှောင်မိသလိုပါဘဲ။ တချိန်ထဲမှာဘဲ သူ့ ရဲ့ အမှု သည် မြန်မာပြည်အပေါ်မှာလည်း တူညီတဲ့သြဇာအချိန်အ၀ါ နဲ့ ကာ ကွယ်လိုနေပါတယ်။မကြာခဏဆိုသလို သူ့ ရဲ့ အစိတ်အ ပိုင်းအဖြစ် ရှုမြင်ခြင်းခံရတဲ့ ပုလဲသွယ် ပေါ်လစီလို့ ခေါ် အိန္ဒိယသမုဒ္ဒရာပတ်ဝန်းကျင်မှာထောက်လှမ်းရေးနဲ့ ရေတပ်တည် ဆောက်ရေး ဟာ သူ့ မဟာဗျူ ဟာအကျိုးအမြတ်တခု ဖြစ်ပါတယ်။ဒီရက်ပိုင်းတွေမှာတော့ စစ်အစိုးရထက် ပိုပြီး ပျော့ပြောင်း ပြီး သွေးဆောင်ရန်လွယ်ကူသော၊ ပိုပြီးယုံကြည်စိတ်ချရသော၊ အကျဉ်းစခန်းထဲမှ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇ဲ့ ဖြစ်နိုင်မှုတွေကို လေ့လာမှု ကို ပြသခဲ့ ပါတယ်။

ဒီနေ့ အခြေအနေ တွေ အရ မြန်မာပြည်ရဲ့  ဥပဒေမဲ့ နယ်စပ် ခွင့်ပြု မှုကနေ အမျိုးမျိုးသော အဆိပ်အတောက် တွေ က ၀င်လာ နေ ပါတယ်။ လက်နက် ကိုင်အင်အားစုတွေ သာမက၊ မူးယစ် ဆေးဝါးနဲ့  ခုခံအားကျရောဂါ လို ကိစ္စမျိုးဟာ တရုတ်ပြည်ထဲကို ၀င်လာနေပါတယ်။

မြန်မာပြည်ဟာ တရုတ်ရဲ့ ယုံကြည်လို့ မရတဲ့ အိမ်နီချင်းပါ။ ယခုတိုင်အောင်ပဲ မအောင်မြင် တဲ့ စစ်အစိုးရဟာ နိုင်ငံတကာ စနစ် တွေ ရဲ့ အက်ကြောင်းတွေ ထဲမှာပဲ ရှင်သန်နေတာပါ။ ဒီပုံစံဟာပဲ မှတ်သားစရာကောင်းလောက်အောင် သူရဲ့ အင်အားကြီးမားတဲ့ အိမ်နီးချင်းနှစ်ခုဖြစ်တဲ့ တရုတ် ၊အိန္ဒိယ နှင် အာစီယံကို ယဉ်ကျေးမှု လက်တွေ နဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် သံသယတွေ ဖြစ်စေပါတယ်။ဘန်ကီမွန်းရဲ့ လတ်တလော မြန်မာပြည်ခရီးစဉ်ဟာ အောင်ဆန်းစုကြည် လွတ်မြောက် ရေးဆိုတဲ့ သူ ရဲ့ အသံ အတိုင်းမဟုတ်ပဲ သံသယတွေကိုကျဉ်းမြောင်းလာစေဖို့  အတွက် ပဲဖြစ်ပါတယ်။

အမှန်တကယ်အားဖြင့် တရုတ်ဟာ မြန်မာအတိုက်အခံတွေ နဲ့ နောက်ကျစွာ တိတ်တဆိတ် ဆက်ဆံခဲ့ပြီးပါပြီ။ မနှစ်က ဗုဒ္ဓ္ဒဘာသာ ဘုန်းတော်ကြီးတွေရဲ့ ဆန္ဒပြနေစဉ် အတွင်းမှာသော်မှ ကုလသမဂ္ဂကိုယ်စားလှယ် ရဲ့ လည်ပတ်မှုကို နှောင့်နှေးကျန့် ကြာအောင် ချုပ်ထိန်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ လ လောက်ကတော့ တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အီးယူ အာစီယံတို့ နဲ့ တွဲပြီးလက် မှတ်ရေးထိုးခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်ဟာ အောင်ဆန်းစုကြည်ရဲ့ နေ အိမ်အကျယ်ချုပ်သက်တမ်းပြီးဆုံးရေးအတွက် မစ္စတာဘဏ် ရဲ့ နောက်မှာ ရပ်နေခဲ့ပါပြီ။ ဒီအကြောင်းအရာတွေ ထဲက ဘယ်ကိစ္စကမှ မြန်မာဗိုလ်ချုပ်တွေ ကိုမတုန်လှုပ်စေပါ ဘူး။ အနည်း ဆုံး အနေနဲ့ ကတော့ မဖြစ်သေးပါဘူး။ဒါပေမယ့် တရုတ်ကတော့ သူတို့ အတွက်အလား အလာ ရှိသော ရွေးချယ်မှု တခုကို ရှာဖွေမယ်လို့ ဆုံးဖြတ်ထားပုံပါဘဲ။ ဒီအရာကိုဘဲ တရုတ်ရဲ့ မင်ဒယ်လား ရွေးချယ်မှု လို့ ခေါ်ဆိုကြပါစို့ ။

ဗြိတိန်နဲ့ အမေရိကန်ဟာ အသားအရောင်ခွဲခြားတဲ့ တောင်အဖရိက က နေပြီးနည်းလမ်းအ၇ နောက်ဆုတ်ခဲ့ပါတယ်။ ဘာလို့ လဲ ဆိုတော့ အာဏာကို အများစု လူမဲ တွေ ကို လွဲ ပြီးနောက် ပိုင့်း  ပရမ်းပတာ ဖြစ်စဉ် ပေါ်ထွက်လာမှာကို စိုးရိမ်လို့ ပါ။ အသားအရောင်ခွဲခြားမှု ကို ဆန့် ကျင်တဲ့ နယ်ဆင် မင်ဒယ်လား ထောင်က ထွက်လာပြီးနောက်ပိုင်းမှာ သူဟာ ဗြိတိန်နဲ့ အမေရိ ကန် ရဲ့ အကျိုးစီးပွါးအတွက် အသားရောင်ခွဲခြားတဲ့အစိုးရထက် ပိုမို ကောင်းမွန်တဲ့ ကာကွယ်မှုတွေ ကို ပုံသွန်း နိုင်ခဲ့ပါတယ်။ တရုတ်အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်ရဲ့ အကျိုးစီးပွါးအတွက် စစ်အစိုးရအနေ နဲ့ မဖော်ဆောင် နိုင်မှု တွေ ကို တူညီတဲ့ကမ်းလှမ်းမှုမျိုးပုံသဏ္ဍာန်တမျိုးနဲ့  စွမ်းဆောင်နိုင်ပြီးတိုင်းပြည်ရဲ့ ရောဂါကို ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်မှာပါ။တိန့် ရှောင်ဖိန် တခါ ကပြောခဲ့သလို အနည်းဆုံးအနေနဲ့ တော့ အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ အနောက်ဖက် ခြံမှာ ရှိသင့် တဲ့ ကြောင်တကောင်ဖြစ်နိုင်ပါတယ်။

ရည်ညွန်း။ ။ BY WEN LIAO : China’s Black Cat, White Cat Diplomacy

၁၉။၇။၀၉

ကျော်မိုး
http://www.hittai.org/main.htm