
စက်မှုခေတ်ပြောင်းတော်လှန်ရေးနောက်ပိုင်း ပေါ်ပေါက်လာသော စက်ရုံများ အလုပ်သမားလူတန်းစား -ဘူဇွာ သို့မဟုတ် ဂုတ်
သွေးစုတ်အရင်းရှင်လူတန်းစား စသော ပြဿနာများစွာ အတွင်းမှသည် အလုပ်သမားလူတန်းစားဖက်မှ ဆိုရှယ်လစ်အတွေး အ ခေါ်အလံတော်ကို ကိုင်ဆောင်၍ အောက်ခြေလူတန်းစားကို အခြေခံသော စနစ်တစ်ခုကို ကားမာ့ခ်နှင့် အိန်ဂျယ်တို့ တည်ဆောက် ရေးသားခဲ့ရင်း တိုက်ပွဲတစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့သည်မှာ အားလုံးအသိပင်။ တိုက်ပွဲ၏ ပန်းတိုင်မှာ ဒီမိုကရေစီရေး နှင့် ဆိုရှယ်လစ်ရေးဖြစ်သည်။.......................
အုပ်ချုပ်မှုအာဏာနှင့် ကုန်ထုတ်စွမ်းအားတို့၏ မူလပိုင်ရှင်မှာ အများစုဖြစ်သော အခြေခံ လူတန်းစားပြည်သူတို့ပင်ဖြစ်သည်ဟု အတိအလင်းဖွင့်ဆိုခဲ့သည်သာ။
တိုက်ပွဲ အရှိန်တညီးညီး တောက်လောင်ပေါက်ကွဲပြင်းထန်ခဲ့သည်မှာ ဆယ်စုနှစ်တို့ တစ်ခုပြီးတစ်ခု ကျော်လွန်၍ ရာစုနှစ်တွေ ပင်ဖြတသန်းကျော်လွှားခဲ့လေပြီ။
ရောဘတ်အိုဝင်၊ ကားမာ့ခ်၊ အိန်ဂျယ်တို့ မရှိတော့ပြီ။
တစ်ဆယ့်ရှစ်ရာစုဆီက သူတို့ မြင်တွေ့ ရင်ဆိုင်ခဲ့ကြရသော ဂုတ်သွေးစုတ်အရင်းရှင် ဘူဇွာလူတန်းစားတို့ ကမ္ဘာပေါ်မှ ဒိုင်နို ဆော ကြီးများပျောက်ကွယ်ခဲ့သလို ကွယ်ပျောက်ခဲ့ပြီး နှစ်ဆယ်ရာစု အနှောင်းပိုင်းကမ္ဘာ့ရွာကို ကမ္ဘာသားတို့ စိုးမိုးချုပ်ကိုင်နိုင် မှု အတိုင်း အတာ ပိုမို ကျယ်ပြန့်လာခဲ့ကြသည်။
ဒီမိုကရေစီရေးနှင့် ဆိုရှယ်လစ်ရေးဟူသောမြှားဦးလည်း အက်ကွဲစပြုခဲ့လေသည်။ ဒီမိုကရေစီရေးကို ရှေ့တန်းတင်မျှုနှင့် ဆိုရှယ် လစ်ရေးကိုရှေ့တန်းတင်မှု ပြဿနာဖြစ်သည်။

ဆိုဗီယက်မှ ဆိုရှယ်အမှတ်အသား
အရှေ့ကမ္ဘာကို လီနင်နောက်ပိုင်းစတာလင်၊ လေးဦးဂိုဏ်းတို့ လွှမ်းမိုးခဲ့ပြီး ပဋိပက္ခအမြင်ကို ရှေ့တန်းတင်၍ တိုက်ပွဲ ခေါ်သံ လွှင့်ခဲ့သည်။ ဆိုရှယ်လစ်ရေးကို ရှေ့တန်းတင်မှု ဆိုင်းဘုတ်အောက်တွင် ဒီမိုကရေစီကို ဘောင်ခတ်လိုက်ကြသည်။
ပြည်သူ့ဒီမိုကရေစီဟု အမည်တစ်ခုပေး၍ ကွန်မြွန်း commune) ခေါ် ဂိုဏ်းဂဏ အစုအဖွဲ့တို့ ၏ အတွင်းစေးကပ်မှုက ပြည် သူကို အဆိပ်သင့်စေခဲ့သည်။ ဒီမိုကရေစီ တရွေ့ရွေ့ ဆိတ်သုဉ်းခဲ့ပြီး အော်တိုကရေစီအဆိပ်ပင်ကို ရေလောင်းပေါင်းသင် မြေတောင် မြှောက်ခဲ့ကြသည်။
ဒီမိုကရေစီရေးရှေ့တန်းတင်မှုဖက်တွင် အများစု၏ လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်တို့ နှင့် အတူ ပြည်သူတို့ ၏ အခွင့်အရေးများပိုမို မြင့်တက်လာခဲ့ပြီး ဆိုရှယ်လစ်ရေးတို့ ဖွံ့ဖြိုးစည်ပင်ခဲ့ရသည်။အနောက်၏ အရင်းရှင်ကမ္ဘာကို ဘရောက်ဒါဝါဒမှ အစပြု၍ လေဘာ ပါတီများ ဆိုရှယ်ဒီမိုကရက်များက သိမ်းပိုက်လိုက်ကြသည်။ ဒီမိုကရေစီရေးနှင့် ဆိုရှယ်လစ်ရေးကို သမူဟဖြစ်စေ မှုများက နှစ် ဆယ်ရာစုကို လွှမ်းမိုးလာခဲ့ (ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီပင်လျင် ဘရောက်ဒါဝါဒကိုလက်ခံခဲ့ကြသည်။) ချိန်တွင်ဆန့်ကျင်ဖက် ပဋိပက္ခကို ရှေ့တန်းတင်ရင်း သမိုင်း၏ ကောင်းမွေ တိုးတက်မှုတို့ကို လက်ခံနိုင်စွမ်းမရှိသော၊ ပြည်သူ တို့၏ ဆန္ဒသဘောထားတို့ကို ကြားနာရကောင်းမှန်းမသိသော ရုပ်ကြမ်းဝါဒဇလုတ်တိုက်သမားတို့၏ လုပ်ရပ်များက ပြည်သူ တို့နှင့် ဆန့်ကျင်မျက်နှာမူခဲ့ရသည်။
သူတို့ ၏အာဏာမက်မောမှုမောဟဖုံးလွှမ်းမှု တရားသေကျောက်ချရပ်တံ့နေမှု ဆင်သေတို့ကို မာ့ခ်၏ ဆိတ်သားနှင့် ဖုံးဘို့ ကြိုး ပမ်းခဲ့ကြသည်။

ဂျာမဏီမှ ဆိုရှယ်လစ် အမှတ်အသား
ပြည်သူတို့ခမြာ တန်ခိုးအာဏာအုပ်စိုးသူ အချုပ်အခြာရှိသူတို့၏ ကျားသနားမှ နွားချမ်းသာ အနေအထားသို့ ဆိုက်ရောက်ခဲ့ ရခြင်း ကအနှောင်းပိုင်း နှစ်ဆယ်ရာစု လူမှုတော်လှန်ရေးမုန်တိုင်း တစ်ခုကို မွေးဖွားစေခဲ့သည်။၈၆ ဖိလစ်ပိုင်အရေး၊ ၈၈ မြန်မာနိုင်ငံ အရေးအခင်း၊ ၈၈ တရုတ်ပြည် တိန့်ရန်မင်အရေးအခင်း၊ ၈၉ ရူမေးနီးယားအရေးအခင်း၊ နောက်ပိုင်း ဘာလင် တံတိုင်း၊ ရုရှား၊ အရှေ့ဥရောပရောင်စုံတော်လှန်ရေးများပင်ဖြစ်သည်။ သို့ရာတွင် အစွန်းရောက် တရားသေဝါဒီများကမူ လူ့ယဉ်ကျေးမှု လူ့ဘောင် သမိုင်း၏ လှေခါးတစ်ထစ်ဖြစ်ခဲ့သော ဆိုရှယ်လစ် အမည်နာမကို သူတို့၏ ကျဆုံးမှုနှင့်အတူ ဖက်တွယ်ဆွဲငင်သတ်ဖြတ်ရန် ကြိုး စား ခဲ့ကြပြန်သည်။
နှစ်ဆယ့်တစ်ရာစုက လူမှုအဆင့်တစ်ရပ်ကိုသတ်မှတ်ပြဌာန်းခဲ့ကြပြီ။

အမေရိကန်မှ ဆိုရှယ်လစ်အမှတ်အသား
သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်၏ နောက်ဆုံးသားထွေးဖြစ်သောလက်နက်ကိုင် အုပ်ချုပ်သူ လူတန်းစားကို မြေမြှုပ်သဂြိုလ်ပြီး
သမိုင်း၏ ရုပ်ကြွင်းတစ်ခုအဖြစ် ချွင်းချန်ရစ်ဖို့ ရည်စူးရာထားခဲ့ပေပြီ။ တကယ်တန်းတွင်မူ မာ့ခ်ဝါဒီအမည်ခံ အစွန်းရောက် တရား သေဝါဒီတို့က ကားလ်မာ့ခ်နှင့် ဆိုရှယ်လစ်ဟူသော စကားစုကို သူတို့နှင့် အတူ သမိုင်းတရားခံ အဖြစ်သတ်မှတ်ရန် လုပ်ကြံမှု တရပ်သာဖြစ်ပေတော့သည်။
မှိုင်းသစ် .၂၉။၀၇။၀၉
http://www.hittai.org/main.htm