Monday, July 27, 2009

ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက်၊ လက်ကမ်းလျက်ပါ (2)

ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက်၊ လက်ကမ်းလျက်ပါ (၂)

အလားတူပဲ (၂ဝ၁ဝ)ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ၊ NLD မပါဘဲ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ပြောနေကြ တာတွေကိုလည်း မောင်မှတ် သတိပြုမိပါတယ်။ တကယ်တော့ တစ်နိုင်ငံလုံးရဲ့ အနာဂတ်နဲ့ဆိုင်တဲ့ ရွေးကောက်ပွဲကြီးမှာ လူတစ်ဦးတစ်ယောက်၊ ပါတီတစ်စု တစ်ဖွဲ့ကိစ္စကို ဦးတည်ပြီး ပြောနေတာဟာ အဓိပ္ပာယ်မရှိဘူးလို့ မောင်မှတ်ယုံ ကြည်ပါတယ်။ တစ်ဦးတစ်ယောက်မပါပေမယ့် ကျန်တဲ့အများစုကဆုံးဖြတ်ရင် အတည်ဖြစ်တယ်ဆိုတာ ဒီမိုကရေစီကျင့်စဉ်ရဲ့ အနှစ်သာရပဲမဟုတ်လား။

ဒါကြောင့် အမျိုးသမီးတစ်ယောက် မပါလို့ ဘာဖြစ်မယ်၊ ညာဖြစ်မယ် ပြောနေကြတာတွေဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီပါရဲ့လား၊ ဒီမိုကရေစီကို လိုလားပါတယ်ဆိုတဲ့သူတွေ ပြောရမယ့်စကား ဟုတ်ပါရဲ့လားလို့ စဉ်းစားကြစေချင်ပါတယ်။ အစိုးရရဲ့ တရားဝင်ပြောကြားချက်တွေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရော၊ NLD ပါသတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ရင် ပါဝင်ခွင့်ရမှာ အသေအချာပါပဲ။ မညီညွတ်ရင်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ အားလုံးဟာ ဘယ်သူမပြု မိမိမှုမဟုတ်လား။ ဒါကို အခုကတည်းကကြိုတင်ပြီးသူတို့မှမပါရင် တရားမဝင်ဘူးဆိုတဲ့ သဘောပြော လာတာကတော့ သိပ်ကိုလွန်နေပါပြီ။ လူနားလည်လွယ်အောင် ဥပမာပေးရရင် အသက်(၁၈)နှစ်ကျော်လို့ ဥပဒေနဲ့အညီ လက်ထပ်ထိမ်းမြားတဲ့ မင်္ဂလာဧည့်ခံပွဲ ဆိုပါစို့၊ ဒါကိုမောင်မှတ်က မအားလို့ ဒါမှမဟုတ် တမင်သက်သက်မသွားချင်လို့၊ ဒါမှမဟုတ် သတို့သားကိုကြည့်မရလို့ မသွားခဲ့ဘူးဆိုပါတော့၊ အဲဒီမှာ မောင်မှတ်ကမတက်ရောက်လို့ မချီးမြှင့်လို့ မင်္ဂလာလက်ဖွဲ့မပို့လို့ အဲဒီမင်္ဂလာ ဆောင်ဟာ တရားမဝင်ဘူး၊ အောင်မြင်ပြီးမြောက်တဲ့ မင်္ဂလာအခမ်းအနားမဖြစ် ဘူးလို့ ပြောလို့ရမလား။ မောင်မှတ်ကရော ငါမပါတာနဲ့တရားမဝင်ဘူးလို့ ပြောခွင့်ရှိပါ့မလား၊ တကယ်တော့ မောင်မှတ်အပါ အဝင်ဘယ်သူဘယ်ဝါပါသည်ဖြစ်စေ၊ မပါသည်ဖြစ် စေ၊ အများပရိသတ်ကြ<ွကရောက်ချီးမြှင့်ပြီး သက် သေအရာမြောက်ရင် အဲဒီမင်္ဂလာပွဲဟာ ထမြောက် အောင်မြင်တာပဲ၊ ဒါကိုနားလည်လက်ခံမယ်ဆိုရင် ရွေးကောက်ပွဲတွေလည်းထိုနည်းသဘောပဲဖြစ်တယ် ဆိုတာထင်ရှားပါတယ်။ ဒါကြောင့် မောင်မှတ်တို့ ပြည်သူကတော့ အဲဒီတစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့အပေါ် လုံးဝစိတ်မဝင်စားဘဲ (၂ဝ၁ဝ) ပြည့်နှစ် ရွေးကောက်ပွဲကြီး အောင်မြင်ပြီးမြောက်ရေးအတွက် သာ အားတက် သရောကြိုဆိုမျှော်လင့်လျက် ရှိနေ ကြောင်း အတိအလင်းပြောကြားလိုပါတယ်။ တကယ်တမ်းကျတော့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲဆိုတာ လုပ်ထုံးလုပ်နည်းတွေ လက်တွေ့ဆောင်ရွက်မှုတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘယ်သူဘယ်ဝါပါတယ်၊ မပါဘူးဆိုတာနဲ့ လုံးဝမဆိုင်ပါဘူး။ ဒါကိုနားလည်ဖို့ လိုပါလိမ့်မယ်။ အခုချိန်မှာ သူတို့မပါရင် ယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲ မဟုတ် ဘူးလို့ပြောနေသလို နောင်ရွေးကောက်ပွဲကြီး ကျင်းပတဲ့အခါမှာလည်း သူတို့များ မနိုင်ခဲ့ရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ထပ်ပြီးပြောကြဦးမှာ။ မောင်မှတ်တော့ ကြိုပြီး ကြားယောင်မြင်ယောင်မိပါသေးတယ်။ အဟုတ်ကိုပြောကြဦးမှာ၊ ဒီလိုပြော တာက သူတို့အလုပ်ပဲလေ၊ မောင်မှတ်တို့ကလည်း ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ပြီး လုပ်ကြရမှာမဟုတ်လား။ အခုဆိုရင် အမေရိကန် အောက်လွှတ်တော် အမတ်အချို့က အတွင်းရေး မှူးချုပ်ရဲ့ခရီးစဉ်အောင်မြင်မှုမရတဲ့အတွက် နောက်ထပ်အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုနေကြပါတယ်။ မြန်မာနိုင်ငံအပေါ် အပြစ်ရှာချင်ပေမယ့် လက်ဆုပ် လက်ကိုင်ပြစရာကလည်းမရှိလေတော့ မြန်မာအစိုးရဟာ ညှိနှိုင်းဆွေးနွေးလို့ မရတဲ့အပြင် လူသားမျိုးနွယ်အပေါ်မှာ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေ တယ်ဆိုပြီး မဆီမဆိုင် ရမိရရာ ပုဒ်မတပ်ပြီး လုံခြုံရေးကောင်စီကနေ အရေးယူမှုတွေလုပ်ဖို့ သမ္မတအိုဘားမားကို တောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကလည်း မြန်မာ့အရေးကို လုံခြုံရေးကောင်စီတင်ပြီး Binding ပါတဲ့ Resolution ချမှတ်သင့်တယ်လို့ သူ့ထက်ကဲအောင် တွန်းပို့လောကလုပ် နေပြန်ပါတယ်။ အတွင်းရေးမှူးချုပ်ပြန်သွားပြီး လေလှိုင်းထဲမှာ ပွက်လောညံ အောင် ဝိုင်းဖွနေကြကတည်းက နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်မယ်ဆိုတာ မောင်မှတ်ကြိုတွေးထားပြီးသားပါ။ အခုတလော ဆန့်ကျင်ဘက် မီဒီယာတွေနဲ့ ပတ်သက်ရင် မောင်မှတ်လည်း အကြားအမြင်ရသလိုဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့ဖော်သမျှလမ်းကြောင်းတိုင်းဟာ နောက်ဆုံးဒီဘူတာပဲ ဆိုက်နေတဲ့အတွက် ဘာပြောပြီးရင် ဘာလာတော့မယ်ဆိုတာ မောင်မှတ်ကြိုသိနေပါပြီ။ မောင်မှတ်လိုပဲ ပြည်သူအားလုံးလည်း သိနေကြပါပြီ။ ဒါ့အပြင်ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာကျင်းပတဲ့ ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့အစည်းအဝေးမှာ အတွင်းရေးမှူးချုပ်က (၂ဝ၁ဝ)ပြည့်နှစ်ရွေးကောက်ပွဲကို အများယုံကြည်ကိုးစားထိုက်ပြီးတော့ ဥပဒေနဲ့အညီ ကျင်းပနိုင်ရေးအတွက် စည်းမျဉ်းတွေ လုပ်ထုံးလုပ်နည်းတွေ စနစ်တကျ ချမှတ်ရေးဟာ မြန်မာအစိုးရအပေါ်မှာပဲမူတည်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် မိမိရဲ့ မြန်မာ့အရေးအကြံပေး အဆိုပြုချက်တွေအပေါ် ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို ဆက်ပြီးစောင့်ကြည့်သွားမယ်လို့ဆိုခဲ့ပါတယ်။ ပြောရရင် မြန်မာအစိုးရအနေနဲ့က ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးအပေါ် အစဉ်တစိုက် အလေးထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ တချို့ကိစ္စတွေကျ တော့ ဒီဘက်ကပူးပေါင်းဆောင်ရွက်ပေမယ့် ဒါကိုလစ်လျူရှုပြီး တစ်ဖက်သတ် ပြောတာတွေလည်းရှိနေပါတယ်။ မောင်မှတ်နားလည်သလိုပြောရရင် နိုင်ငံရေး အကျဉ်းသားကိစ္စဆိုပါစို့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူး။ တစ်ဖက်က နိုင်ငံရေးအကျဉ်းသားလို့ ရည်ညွှန်းနေသူတွေဟာ နိုင်ငံရေးပြစ်မှုနဲ့ အရေးယူခံရခြင်းမဟုတ်ဘဲ အခြားအခြားသော ဥပဒေဖောက်ဖျက်ကျူးလွန်မှုများ နိုင်ငံတော်တည်ငြိမ်မှုကို ထိခိုက်အောင်ဆောင်ရွက်မှုများကြောင့် အရေးယူ ခံနေရခြင်းဖြစ်တယ်ဆိုတာ သာမန်ပြည်သူဖြစ်တဲ့ မောင်မှတ်တောင် နားလည်နေပါပြီ၊ ဒါ့အပြင် မည်သည့်နိုင်ငံမဆို မိမိနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံမှုကိုတော့ အလေးထားထိန်းသိမ်းကြစမြဲပါပဲ။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားအောင် ဖန်တီးလုပ်ဆောင်မှုများကို မည်သည့်နိုင်ငံအစိုးရကမျှ လက်ခံခြင်းမပြုကြဘဲ ဥပဒေများနှင့်အညီ ထိန်းသိမ်းတားဆီး အရေးယူကြတာပဲဖြစ်ပါတယ်။ တစ်ခါလူ့အခွင့်အရေးဆိုတဲ့ ပေတံကြီဲးနဲ့တိုင်းပြီး မောင်မှတ်တို့ကို စံချိန်မမီဘူးလို့ ပြောနေတာ အခါတစ်ရာမကတော့ပါဘူး။ မောင်မှတ်တို့ကတော့ အခုအချိန်မှာ တည်ငြိမ်အေးချမ်းမှု အပြည့်ရှိတယ်၊ ဖွံ့ဖြိုးတိုးတက်မှုအခြေခံကောင်းတွေ ပြည့်စုံတယ်၊လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်းရဲ့ စားဝတ်နေရေး ဖူလုံပြည့်စုံပြီး ကိုယ်ပိုင်စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဥပဒေရဲ့အရိပ်အာဝါသအောက်မှာ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်လို့ ရနေတယ်။ ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် ပြောခွင့်၊ ဆိုခွင့်၊ ဆွေးနွေးခွင့်၊ ရေးသားခွင့်တွေ ရနေ တယ်။ မကြာခင် မောင်မှတ်တို့လိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို မျက် မှောက်ပြုနိုင်တော့မယ်။ ဒီတော့ မောင်မှတ်တို့အနေနဲ့ ငါတို့ လူ့အခွင့်အရေး ဆုံးရှုံးနေပါလားလို့ တစ်ခါဖူးတောင်မစဉ်းစားခဲ့မိရိုးအမှန်ပါပဲ။ ဒီတော့ မောင်မှတ်တို့ နိုင်ငံမှာ လူ့အခွင့်အရေးပြဿနာ လုံးဝမရှိပါဘူး။ အလားတူ သူတို့ပြောပြော နေတဲ့ Forced Labour ဆိုတာလည်းမရှိဘူး။ Child Soldier ဆိုတာလည်း မရှိဘူး။ ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း အထောက်အထား အကိုးအကားခိုင်ခိုင်မာမာနဲ့ ရှင်းပြ၊ ပြောပြနေတာပဲ မဟုတ်လား။ အမေရိကန်က အီရတ်ကို တစ်ဖက်သတ်ပြဿနာရှာ၊ အတင်းစစ်ဝင်တိုက်ပြီး ဒီနေ့ဒီအခါမှာ အီရတ်ပြည်သူတွေ အတိဒုက္ခရောက်ပြီး လူ့အခွင့်အရေး အားလုံးဆုံးရှုံးနေတာကျတော့ အဲဒီမီဒီယာတွေက စိုးရိမ်တယ်လို့ တစ်ခွန်းမှမဟခဲ့ကြဘဲ မောင်မှတ်တို့လို ပြည့်ပြည့်စုံစုံ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ်နေရတဲ့ အခြေအနေမျိုးကိုမှ အတင်းအဓမ္မ စိုးရိမ်တယ်လို့ ပြောနေကြတာ သဘာဝကျရဲ့လား၊ စေတနာမှန်ရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံရာမှာ နိုင်ငံတော်အကြီးအကဲက (၂ဝ၁ဝ)ပြည့်နှစ်မှာ တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးသွားမယ်။ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲနေပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်နေပြီ၊ ပြီးတာနဲ့ ပါတီတွေဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကျင်းပရေးအတွက် ဥပဒေတွေ အချိန်မီ ထုတ်ပြန်ပေးသွားမယ်၊ ရွေးကောက်ပွဲပြုလုပ်တဲ့အခါ လူတိုင်းပါဝင်နိုင်အောင် ဆောင်ရွက်ထားပြီး ဥပဒေကိုလည်း မျှမျှတတဖြစ်အောင် ရေးဆွဲနေတယ်၊ ပါတီတွေ ဖွဲ့စည်းရေးနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးရဲ့စကားမှာ သိပ်ပြီးအရေးကြီးတဲ့ ထိရောက်တဲ့ ပြောကြားချက်တစ်ရပ်ကို မောင်မှတ်တို့ ပြည်သူအားလုံးမှတ်သားမိပါတယ်။ မိမိတို့အနေနဲ့ အဓိကနှစ်ချက်ကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ ပထမအချက်က (၂ဝ၁ဝ)ပြည့်နှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်တာတွေကို အလေးထားဆောင်ရွက်နေ ကြောင်း၊ ဒုတိယအချက်အနေနဲ့ အဲဒီရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် နောင်အစိုးရလက်ထက်အတွက် အခြေခံကောင်းများကို တည်ဆောက် ပေးလျက်ရှိကြောင်း၊ အဲဒီအချက်နှစ်ချက်နဲ့ ပတ်သက်တာကလွဲရင် ကျန်ပုဂ္ဂလိက တစ်ဦးချင်းကိစ္စရပ်တွေကို လောလောဆယ်အလေးထား ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘေးထိုင်ဘုပြောပြီး ဝေဖန် လေကန်ဖို့ လွယ်သလောက် တကယ့်လက်တွေ့အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရတာ အင်မတန်ခက်ခဲပါတယ်။ အဲဒီလိုခက်ခဲတဲ့၊ လေးနက်ကျယ်ပြန့်တဲ့ အမျိုးသားရေးတာဝန်ကြီးကို အစိုးရကနိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ ပေါင်းစည်းအားကိုယူပြီး နေ့မအားညမနား အားကြိုး မာန်တက်ကြိုးပမ်းထမ်းဆောင်နေချိန်မှာ တစ်ဖက်ကတော့ ဆန့်ကျင်ရေး အခြေခံရပ်တည်မှုနဲ့ နှောင့်ယှက်ဖျက်ဆီးရေးကိုပဲ သွားနေပါတယ်။ ဒီလို တစ်ဖက်အုပ်စုက အစိုးရကို ဆန့်ကျင်နေတာနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းဖြစ်နေတယ်လို့ သတ်မှတ်လို့မရနိုင်ပါဘူး။ ဒါဟာ ဒီမိုကရေစီ သဘောပဲလို့ ယူဆပါတယ်။ ဒါကြောင့်မောင်မှတ်တို့ ပြည်သူတွေအတွက် ကတော့ နိုင်ငံရေးအကျပ်အတည်းဆိုတာလည်း မရှိပါဘူး။ လမ်ပြမြေပုံ (၇)ရပ်အတိုင်း အားကောင်းမောင်းသန်စီးနေတဲ့ ရေအလျဉ်အတိုင်း အလိုက်သင့် လိုက်ပါသွားရင် မကြာမီမှာ ဒီမိုကရေစီပန်းတိုင်ကို မလွဲမသွေရောက်တော့ မယ်ဆိုတာ အပြည့်အဝယုံကြည်ထားပြီးသားပါ။ ဒါ့အပြင် တွေ့ဆုံဆွေးနွေးအဖြေရှာရေးတို့ အမျိုးသားပြန်လည်သင့်မြတ် ရေးတို့ဆိုတာတွေကိုလည်း ဘာကိစ္စပဲပေါ်ပေါ် မပါပါအောင်ဆွဲပြီး ပြောနေကြပါတယ်။ တကယ်တော့ အစိုးရအနေနဲ့ (၁၉၈၉)ခုနှစ်လောက် ကတည်းက အမျိုးသား ပြန်လည်စည်းလုံညီညွတ်ရေးကို တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုချိန်မှာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ကြီး (၁၇)ဖွဲ့နဲ့ အဖွဲ့ငယ်ပေါင်း (၂ဝ)ကျော် ဥပဒေ ဘောင်အတွင်း ဝင်ရောက်ခဲ့ကြပြီးပါပြီ။ တစ်ဖက်ကလည်း နိုင်ငံရေးအရ အမျိုးသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ် ကြိုးစားညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါတွေကို အားလုံးသိပြီးသားပါ။ အောင်မြင်တယ်။ မအောင်မြင် ဘူးဆိုတာကတော့ အစိုးရဘက်တစ်ဖက်တည်းမှာ ချည်းပဲတာဝန်ရှိတာမဟုတ်ပါဘူး။ အခြားတစ်ဖက်မှာ လည်း တာဝန်ရှိတယ်ဆိုတာကို မျှမျှတတမြင်တတ်ဖို့ လိုပါလိမ့်မယ်။ မည်သို့ပင်ဖြစ်စေ အစိုးရအနေနဲ့က တော့ မောင်မှတ်တို့ပြည်သူတွေ အတည်ြ့ပုပေးထားတဲ့ မူဝါဒလမ်းစဉ်(၇)ရပ် ဘောင်အတွင်းကနေ အမျိုး သားစည်းလုံးညီညွတ်ရေးကိုဆက်လက်ဖော်ဆောင်နေ ဆဲ ဖြစ်တယ်ဆိုတာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပါဘူး။ ကုလသမဂ္ဂကဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင် Economic Forum ထူထောင်ဖို့ကိစ္စကိုတစ်ချိန်ကမောင်မှတ်လည်းနား စွင့် ခဲ့ဖူးပါတယ်။ စေတနာနဲ့ကူညီလိုတာဟာ ကျေးဇူး တင်ဝမ်းမြောက်စရာပါပဲ။ ဒါပေမယ့် အဲဒီ Forum ကိစ္စကဆောင်ရွက်ရမယ့် လုပ်ငန်းအဆင့် အတော် ကလေးများမှာဖြစ်ပြီးအချိန်လည်းတော်တော် ယူရလိမ့် မယ်လို့မောင်မှတ်ထင်ပါတယ်။ ကောင်းပင်ကောင်း သော်လည်းမောင်မှတ်တို့ သဘောကတော့ အချိန်အကြာကြီး မစောင့်ချင်တော့ပါဘူး။ ဒီတော့ အကောင်း ဆုံးအကြုံပြုရရင် မောင်မှတ်တို့ရဲ့ စီးပွားရေး တိုးတက်မှုကို အဓိကအဟန့်အတားဖြစ်နေတာက Sanction ဆိုတဲ့ ပိတ်ဆို့မှုတွေပါပဲ။ ဒါတွေကို ရုပ်သိမ်းနိုင်အောင် ကြိုးစားပေးရမယ်ဆိုရင် မောင်မှတ်တို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် အကောင်းဆုံး အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ တကယ်ပဲ နှစ်လသုံးလအချိန်တိုအတွင်း ထိရောက်အကျိုးရှိမှာ အမှန်ပါပဲ။ မောင်မှတ် နားလည်သလောက် တော့ အစိုးရက အချိန်မဆွဲပါဘူး။ အစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်း စဉ်တွေ နှောင့်နှေးအောင်၊ ရပ်တန့်အောင်၊ ပျက်စီးအောင်၊ တတ်နိုင်သမျှ နှောင့်ယှက်ဖျက်ဆီးပြီး အချိန်ဆွဲနေသူတွေက ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် အုပ်စုတွေသာဖြစ်ပါတယ်။ သူတို့သာ မနှောင့်ယှက်ရင် မောင်မှတ်တို့ ဒီမိုကရေစီပန်းတိုင်ကို ရောက်ပြီးလောက်ပါပြီ။ မောင်မှတ်တို့ပြည်သူများ အတည်ပြုထားတဲ့ အခြေခံဥပဒေနဲ့ မူဝါဒလမ်းစဉ် (၇)ရပ်ဟာ ပကတိအရှိတရားများအပေါ် အခြေခံထင်ဟပ်ထားတဲ့ ဒီမိုကရေစီဖော်ဆောင်ရေး နည်းလမ်းပဲဖြစ်ပါတယ်။ အလားတူဒီမိုကရေစီကို တည်ငြိမ်အေးချမ်းစွာ အကောင်အထည်ဖော်နိုင်မယ့်၊ အန္တရာယ်ကင်းစွာ ဖော်ဆောင်နိုင်မယ့် နည်းလမ်းလည်းဖြစ်တယ်လို့ မောင်မှတ်တို့ယုံကြည်ပါတယ်။ မောင်မှတ်တို့ဘက်တော့ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီဖော် ဆောင်မှု လျင်မြန်စွာ အောင်မြင်ပြီးမြောက်အောင် အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အားလုံးကလည်း မောင်မှတ်တို့ရဲ့ ဒီမိုကရေ စီဖော်ဆောင်မှု လျင်မြန်အောင်၊ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြဖို့ မျှော်လင့်ဖိတ်ခေါ်ပါတယ်။ ချုပ်ပြီးပြောရရင် မောင်မှတ်တို့နိုင်ငံအနေနဲ့ အတွင်းရေးမှူးချုပ်ရဲ့ အကျိုး ဆောင်မှု အခန်းကဏ္ဍကိုရော၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိုပါ အလေးထားပါတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ ဖော်ဆောင်လျက်ရှိသလို နောင်လာမယ့် ပူးပေါင်းဆောင်ရွက်မှုများ အတွက်လည်း လက်ကမ်းကြိုဆိုနေမှာသာဖြစ်ပါတယ်။ ပြည်ပမီဒီယာတွေနဲ့ ပြည်တွင်းပုဆိန်ရိုးတွေက အမျိုးမျိုး နှောင့်ယှက်ဝေဖန်ခလောက်ဆန်နေကြပေမယ့် မောင်မှတ်တို့ကတော့ ကုမလသမဂ္ဂနဲ့ နိုင်ငံတကာက ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးမယ်ဆိုရင် မောင်မှတ်တို့ရဲ့ ဒီမိုကရေစီဖော်ဆောင်မှုများ သွက်လက် မြန်ဆန်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးကျယ်ပြန့်ဖွံ့ဖြိုးမှုများလည်း ပိုမိုလျင်မြန်စွာ ရရှိလာနိုင်မှာဖြစ်ကြောင်း မောင်မှတ်ယုံကြည်သမျှ ဖောက်သည် ချလိုက်ရပါတယ်။ ။