( ဆရာနေ၀င်းမောင်ရဲ့ ဆောင်းပါးမှာ ပါဝင်တဲ့ အချက်တစ်ခုနဲ့ပတ်သက်ပြီး အောင်ထက်က ပြန်လည်ဖြေရှင်းထားတာဖြစ်ပါတယ်။ )
The Voice မှာပါတဲ့ နေ၀င်းမောင်ဆောင်းပါးကို ဖတ်ပြီးကထဲက ဒီအကြောင်းကို ပြောချင်နေတာပါ။ အခုတော့ ပိတောက်မြေမှာ အဲဒီနေ၀င်းမောင်ရဲ့ဆောင်းပါးကို တင်လာတဲ့အတွက် ပြောကိုပြောမှဖြစ်တော့မယ်။ နေ၀င်းမောင်က သူ့ဆီကို ရေးလာတဲ့ ပေးစာနှစ်စောင် အပေါ် ပြန်လည် ရေးသားချက်ကို သူ့ဂျာနယ်မှာ ရေးလာတယ်။ ဒါဟာ အယ်ဒီတာ တစ်ယောက်ရဲ့ အလုပ်ဖြစ်လို့ ဝေဖန်စရာမရှိပါ။ ကိုယ်ပိုင်ဂျာနယ်မှာ ....
( ဆရာနေ၀င်းမောင်ရဲ့ ဆောင်းပါးမှာ ပါဝင်တဲ့ အချက်တစ်ခုနဲ့ပတ်သက်ပြီး အောင်ထက်က ပြန်လည်ဖြေရှင်းထားတာဖြစ်ပါတယ်။ )
The Voice မှာပါတဲ့ နေ၀င်းမောင်ဆောင်းပါးကို ဖတ်ပြီးကထဲက ဒီအကြောင်းကို ပြောချင်နေတာပါ။ အခုတော့ ပိတောက်မြေမှာ အဲဒီနေ၀င်းမောင်ရဲ့ဆောင်းပါးကို တင်လာတဲ့အတွက် ပြောကိုပြောမှဖြစ်တော့မယ်။ နေ၀င်းမောင်က သူ့ဆီကို ရေးလာတဲ့ ပေးစာနှစ်စောင် အပေါ် ပြန်လည် ရေးသားချက်ကို သူ့ဂျာနယ်မှာ ရေးလာတယ်။ ဒါဟာ အယ်ဒီတာ တစ်ယောက်ရဲ့ အလုပ်ဖြစ်လို့ ဝေဖန်စရာမရှိပါ။ ကိုယ်ပိုင်ဂျာနယ်မှာ ကိုယ့်ကိုကိုယ် ပြန်ပြီး အင်တာဗျူး။ မင်းဂျာနယ် သိပ်ကောင်းတယ်၊ အောင်မြင်မှာ သေချာတယ်ဆိုပြီး ဖုန်းဆက်ပြောတယ် ဆိုတာ ( တကယ် ပြောတာလား။ ဇာတ်လမ်း ဆင်တာလား ဆိုတာ သူမှသိမှာပဲ) မျိုးကို မျက်နှာပြောင်ပြောင်နဲ့ ထည့်ရဲတဲ့ နေ၀င်းမောင်က သူ့သဘောထားတွေ၊ အမြင် တွေကို ပြန်စာအဖြစ်နဲ့ တင်တာ ဘာမှ ပြောစရာမရှိပါဘူး။ သူ့ လုပ်ပိုင်ခွင့်ပဲ။ ဒါပေမယ့် သူ့ကို မေးထားတဲ့ အောင်ထွဋ် ဆိုတာ နေ၀င်းမောင်လား ဆိုတဲ့ မေးခွန်းကို ဖြေတဲ့အခါ အောင်ထွဋ်ဆိုတာ နေ၀င်းမောင် ပါလို့ ဖြေရင်း အခုလို ထည့်ရေး သွားတယ်။
သို့သော် ပိတောက်မြေအမည်ရှိ Website ပေါ်တွင်ရေးနေသော အောင်ထွဋ်နှင့် ခပ်ဆင်ဆင် ကလောင်အမည် တစ်ခုမှာ ဘယ်သူဘယ်ဝါမှန်း စာရေးသူမသိပါ
ဒါက မဆီမဆိုင် ပိန္နဲပင် ဆွဲထည့်လိုက်တာ ဖြစ်ပါတယ်။ အောင်ထက်လို့မပြောပေမယ့် ပိတောက်မြေမှာ အောင်ထွဋ် နာမည်နဲ့ ဆင်တာဆိုလို့ အောင်ထက်ပဲရှိတယ်။ ဒီတော့ ကျွန်တော့်ကို သူနဲ့ မဆိုင်ဘူးလို့ ပြောတာလို့ပဲ ယုံကြည်တယ်။ နေ၀င်းမောင် ဘာသဘောနဲ့ ပြောတာလဲ။ စာပေလောကမှာ ဖြစ်လေ့ရှိတဲ့ ကလောင်နာမည် တူနေတာ မျိုးဆိုလဲ ထားတော့။ သူ့ကို စာရေးမေးတဲ့ သူက အောင်ထက်ကရော နေ၀င်းမောင်လားလို့ မေးရင်လည်း ထားတော့။ ပြီးတော့ ကျွန်တော်တို့ဟာ သူတို့လို ကိုယ်ပိုင် စာပေစင့်မြင့် ထိုးပြီး နေရာယူနိုင်တဲ့ သူမျိုးမဟုတ်။ ဒါ့ကြောင့် ဘလော့ဂ်တွေကို ရေးပြီး ပို့နေရတဲ့သူ။ ပြောရရင် နေ၀င်းမောင်တို့ထက် အများကြီးနိမ့်ပါတယ်။
နောက်ပြီး အောင်ထက်လို့ စရေးကထဲက အောင်ထက်ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပါခဲ့သူ၊ ဒီချုပ်မှာ လည်း လုပ်ဖူးသူ ဖြစ်ကြောင်း ဒီချုပ်နဲ့ လမ်းခွဲရှင်းတမ်းမှာ ရေးပြီးဖြစ်တယ်။ ဒီတော့ နိုင်ငံရေး မလုပ်ပါဘူး။ လူတွေကို နိုင်ငံရေး လုပ်တတ်အောင် သူ့စကားအတိုင်း ပြောရရင် နိုင်ငံသားအားလုံး မည်သူမဆို မြင့်မြင့်တက်၍ ဝေးဝေးမြင်နိုင် သူများ ဖြစ်အောင် သင်ပေးနေသူ နေ၀င်းမောင်နဲ့ ဘယ်လိုမှ မှားစရာ မရှိဘူး။ ဘယ်သူကမှလည်း မမှားပါဘူး။ ကျွန်တော်တို့ က နိုင်ငံရေး လုပ်ခဲ့တယ်။ အခုလည်း လုပ်တယ်။ ကိုယ့်အယူအဆကို တင်နေတဲ့သူ ဖြစ်တယ်။ နေ၀င်းမောင်က စစ်တပ်၊ ဒီချုပ်၊ နောက်ထပ် နိုင်ငံရေး လုပ်မယ့်သူတွေနဲ့ သာမန်ပြည်သူတွေကို သင်ပေးနေတဲ့သူ။ ဘယ်လိုလုပ် မှားနိုင်မလဲ။
ဒါကို နေ၀င်းမောင်က အရေးတယူနဲ့ ဘာလို့ လာရေးနေရသလဲ။ နေ၀င်းမောင်နဲ့ အောင်ထွဋ်က နာမည် ကြီးလွန်းလို့ အောင်ထက်ဆိုပြီး ဆင်တူရိုးမှား ပေါ်နေတယ်။ သတိပြုလို့ ပြောချင်တာလား။ ဒီသဘောနဲ့ ဆိုရင် နေ၀င်းမောင်က ပြောရမှာမဟုတ်ဘူး။ ပိတောက်မြေက ပြောရလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ Voice မှာပါတဲ့ ဆောင်းပါး တွေကို တင်ပေးတာများလို့ ပိတောက်ကို နေ၀င်းမောင်လို့ ယူဆနေကြတာကိုး။ ဒီတော့ ပိတောက်မြေမှာ ၀င်ရေးတဲ့ ကျွန်တော် တို့ကိုလည်း နေ၀င်းမောင် လက်ခွဲတွေလို့ ထင်နိုင်တာပေါ့။
ကျွန်တော်တို့ကလည်း အဲဒီလို အထင်ခံရမှာ ကြောက်လည်းကြောက်၊ ရှက်လည်းရှက်ပါရဲ့။ ဘာလို့လည်း ဆိုတော့ ပြည်တွင်းစာပေနဲ့ နိုင်ငံရေး အသိုင်းအ၀န်းမှာ နေ၀င်းမောင် ဘာလဲ၊ ဘယ်ကလာသလဲ၊ ဘာလုပ်နေသလဲ ဆိုတာ သိတဲ့သူများက နေ၀င်းမောင်ကို ဝေးဝေးက ရှောင်နေတာ မဟုတ်လား။ အယူဝါဒ မတူလို့ မဟုတ်။ ထုတ်ဝေခွင့်တွေကို ဘယ်လိုရခဲ့သလဲ။ နိုင်ငံခြားသား စကော်လာတွေ၊ INGO တွေရဲ့ထောက်ပံ့မှုနဲ့ ဖွဲ့ထားတဲ့ ဖောင်ဒေးရှင်းကို ကိုယ်ပိုင်လုပ်ပြီး ဘယ်လို လုပ်စားနေသလဲ။ SB နဲ့ ဘယ်လို ဇာတ်လမ်း ရှိနေသလဲဆိုတာ သိနေလို့ ရှောင်နေတာ ဖြစ်တယ်။ အခု နိုင်ငံရေး မလုပ်ဖူးလို့ ပြောနေတာက နိုင်ငံခြား ထောက်ပံ့သူတွေက Capacity Building , State Building အတွက်ပဲ ပေးမယ်။ မင်း နိုင်ငံရေး လုပ်ဖို့အတွက် မပေးဘူးလို့ ပြောထားလို့ အသံကောင်း ဟစ်နေရတယ် ဆိုတာ သိနေကြတာပဲ။ အဲဒီ အဖွဲ့တွေရဲ့ အထောက်အပံ့သာ မရှိရင် ဗိုလ်ချုပ်ခင်ညွန့်ပြုတ်ကထဲက Living Colour နဲ့ Voice ခွက်ခွက်လန်အောင် ရှုံးပြီး မြောင်းထဲ ရောက်နေတာ ကြာပေါ့။ တကယ်တော့ နေ၀င်းမောင်ဟာ ပြည်ပမှာ ဒီမိုကရေစီရေး ဆိုပြီး စီမံချက် တင်စားနေတဲ့ ပုဂ္ဂိုလ်များလိုပဲ ပြည်တွင်းမှာ State Building ခေါင်းစဉ်အောက်ကနေ လုပ်စားနေသူ၊ ဘာခံယူချက်မှ မရှိသူ၊ မြန်မာ့ နိုင်ငံရေးအကြောင်း စာတွေ့ပဲ သိတဲ့ ပညာရှင် ဆိုသူတွေရဲ့ စကားကို ကြက်တူရွေးလို ပြန်အံပြ နေသူထက် ဘာမှ မပိုပါဘူး။
ကိုပိတောက်က ပုဂ္ဂိုလ်ရေးတွေ ရေးတာမကြိုက်ဘူးလို့ဆိုတယ်။ သို့သော် ဒီကိစ္စမှာ လူတွေအကြောင်း ပြောရတာဖြစ်လို့ ပုဂ္ဂိုလ်ရေး နောက်ကြောင်းတွေတော့ ပါမှာပဲ။ နေ၀င်းမောင်က အောင်ထက်ဟာ သူမဟုတ်ဘူးလို့ ပြောရင် အောင်ထက်ဘက် ကလည်း အဲဒီလိုထင်မှာ ကျုပ်တို့က ပိုကြောက်ပါသဗျာ လို့ ပြောရတော့မှာပဲ။
အောင်ထက်
http://padaukmyay.blogspot.com/
Posted by ပိတောက်မြေ at 12:03:00 AM 7 comments