Wednesday, July 29, 2009

ကုလသမဂ္ဂ

အသုံးပြုသည့်ဘာသာ အာရေဗျ၊ ပြင်သစ်၊ အင်္ဂလိပ်၊ ရုရှ၊ စပိန်၊ တရုတ်
တည်ထောင်ခုနှစ် ၂၆ ဇွန် ၁၉၄၅
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံ
ဌာနချုပ် နယူးယောက်၊ အမေရိကန်ပြည်ထောင်စု
ခေါင်းဆောင်များ
အတွင်းရေးမှူးချုပ် - Ban Ki-moon ဘန်ကီမွန်း(တောင်ကိုးရီးယား)
ကွန်ယက် http://www.un.org
ကမ္ဘာ့ ကုလသမဂ္ဂသည် နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ၊ လုံခြုံရေး ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံရှိပြီး အဖွဲ့ဌာနချုပ်ကို အမေရိကန်နိုင်ငံ ၊ နယူးရောက်တွင် ဖွဲ့စည်းထားသည်။
Contents

ကုလသမဂ္ဂ
From Myanmar Online Encyclopedia
Jump to: အညွှန်း​, ရှာဖွေရန်
ကမ္ဘာ့ကုလသမဂ္ဂ
အသုံးပြုသည့်ဘာသာ အာရေဗျ၊ ပြင်သစ်၊ အင်္ဂလိပ်၊ ရုရှ၊ စပိန်၊ တရုတ်
တည်ထောင်ခုနှစ် ၂၆ ဇွန် ၁၉၄၅
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံ
ဌာနချုပ် နယူးယောက်၊ အမေရိကန်ပြည်ထောင်စု
ခေါင်းဆောင်များ

အတွင်းရေးမှူးချုပ် - Ban Ki-moon ဘန်ကီမွန်း(တောင်ကိုးရီးယား)


ကွန်ယက် http://www.un.org

ကမ္ဘာ့ ကုလသမဂ္ဂသည် နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ၊ လုံခြုံရေး ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံရှိပြီး အဖွဲ့ဌာနချုပ်ကို အမေရိကန်နိုင်ငံ ၊ နယူးရောက်တွင် ဖွဲ့စည်းထားသည်။
Contents
[hide]

* 1 သမိုင်းကြောင်း
* 2 အဖွဲ့ဝင်နိုင်ငံများ
* 3 ပါဝင်သော အဖွဲ့အစည်းများ
* 4 ဘဏ္ဍာရေး
* 5 အထွေထွေ အတွင်းရေးမှူးချုပ်

[ပြင်ဆင်ရန်​] သမိုင်းကြောင်း

ကမ္ဘာ့ ကုလသမဂ္ဂသည် နိုင်ငံပေါင်းချုပ်အသင်းကြီး၏ သမိုင်းအမွေကို ဆက်ခံသော အဖွဲ့ကြီး ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ဟူသော အမည်သည် ၁၉၄၂ ခုနှစ် ၊ ကုလသမဂ္ဂ ကြေညာစာတမ်း (Declaration By United Nations) တွင် ၀င်စတန်ချာချီ နှင့် ရုစဗဲ့တို့က စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ဧပြီ (၂၅) တွင် ကုလသမဂ္ဂ ညီလာခံကို ဆန်ဖရန် စစ်စကိုမြို့တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၅၀) တက်ရောက်ခဲ့ကြကာ ကုလသမဂ္ဂ ကြေညာစာတမ်း (Charter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြသည်။ ၁၉၄၅ အောက်တိုဘာ (၂၄) တွင် ကမ္ဘာ့ကုလသမဂ္ဂ အမည်ဖြင့် တရားဝင် ပေါ်ထွန်းခဲ့ပြီး ပြင်သစ် ၊ တရုတ် ၊ ဆိုဗီယက် ၊ ဗြိတိန် နှင့် အမေရိကန် နိုင်ငံ (၅) နိုင်ငံသည် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်လာကာ အခြား နိုင်ငံ (၄၆) နိုင်ငံလည်း ပါဝင်ခဲ့သည်။ ပထမဆုံး အထွေထွေ ညီလာခံကို ၁၉၄၆ ဇန်န၀ါရီတွင် လန်ဒန်၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ (၅၁) နိုင်ငံ တက်ရောက်ခဲ့ကြသည်။
[ပြင်ဆင်ရန်​] အဖွဲ့ဝင်နိုင်ငံများ

၂၀၀၆ ခုနှစ် ၊ ဇွန်လ (၂၈) ရက်နေ့တွင် မွန်တီနီဂရိုး နိုင်ငံ နောက်ဆုံးအဖွဲ့ဝင် ဖြစ်လာသည့်အတွက် လက်ရှိအနေဖြင့် ကမ္ဘာ့ ကုလသမဂ္ဂတွင် အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံ ရှိသည်။

Image: UN_Members.gif
[ပြင်ဆင်ရန်​] ပါဝင်သော အဖွဲ့အစည်းများ
အထွေထွေ ညီလာခံ

အထွေထွေ ညီလာခံ

အထွေထွေ ညီလာခံသည် ကုလသမဂ္ဂ၏ အဓိက အစည်းအဝေးဖြစ်သည်။ နှစ်စဉ် ကျင်းပ၍ အဖွဲ့ဝင် နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


လုံခြုံရေးကောင်စီ
လုံခြုံရေး ကောင်စီ

လုံခြုံရေး ကောင်စီသည် အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံ ပါဝင်ပြီး အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့် ယာယီအဖွဲ့ဝင် (၁၀) နိုင်ငံတို့ ပါဝင်ကြသည်။ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများမှာ တရုတ် ၊ ပြင်သစ် ၊ ရုရှ ၊ ဗြိတိန် နှင့် အမေရိကန်တို့ ဖြစ်ကြပြီး ၄င်းတို့သည် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် ရှိကြသည်။


အထွေထွေ အတွင်းရေးမှူးချုပ်ရုံး
အထွေထွေ အတွင်းရေးမှူးချုပ်ရုံး အဆောက်အဦ

အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် နိုင်ငံတကာမှ ၀န်ထမ်းများဖြင့် ဖွဲ့စည်းထား၍ အထွေထွေ အတွင်းရေးမှူးချုပ် ရုံးထိုင်သည်။ ကုလသမဂ္ဂ၏ အစည်းအဝေးများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုသည်။ လုံခြုံရေး ကောင်စီနှင့် အထွေထွေ ညီလာခံတို့က တိုက်ရိုက် တာဝန်ပေးသည့် လုပ်ငန်းများလည်း ဆောင်ရွက်သည်။

[ပြင်ဆင်ရန်​] ဘဏ္ဍာရေး
အဖွဲ့ဝင် နိုင်ငံများ၏ ရံပုံငွေ အချိုးကျ ထည့်ဝင်မှု
(၂၀၀၆)
နိုင်ငံ ထည့်ဝင်သည့် အချိုး
Image:USA.png အမေရိကန် ၂၂.၀၀၀ %
Image:Japan.png ဂျပန် ၁၆.၆၂၄ %
ဂျာမနီ ၈.၆၆၀ %
Image:UK.png ဗြိတိန် ၆.၁၃၀ %
Image:France.png ပြင်သစ် ၆.၀၃၀ %
Image:Italy.png အီတလီ ၄.၈၉၀ %
Image:Canada.png ကနေဒါ ၂.၈၁၀ %
Image:China.png တရုတ် ၂.၆၆၇ %
Image:Spain.png စပိန် ၂.၅၂၀ %
Image:Mexico.png မက္ကဆီကို ၁.၈၈၀ %
Image:Australia.png‎ ၾသစေၾတးလ် ၁.၅၉၀ %
Image:Brazil.png ဘရာဇီး ၁.၅၂၀ %
အခြား နိုင်ငံများ ၂၂.၆၇၉ %

ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများမှ အချိုးကျ ထည့်ဝင်သော ဘဏ္ဍာငွေများဖြင့် ရပ်တည်သည်။ လက်ရှိ အသုံးပြုလျက်ရှိသည့် ရံပုံငွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ (၄.၁၉) ဘီလီယံ ခန့် ရှိသည်။ အဓိက အသုံးစရိတ်များသည် ကုလသမဂ္ဂ၏ အဓိက လုပ်ငန်းဖြစ်သော လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် အသုံးပြုသည်။ ၂၀၀၅ - ၀၆ ဘဏ္ဍာနှစ်၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၅) ဘီလီယံခန့ှ်ရှိသည်။
[ပြင်ဆင်ရန်​] အထွေထွေ အတွင်းရေးမှူးချုပ်

အထွေထွေ အတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ဦးဆောင် ကျင်းပသူဖြစ်ပြီး ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ခေါင်းဆောင်လည်း ဖြစ်သည်။ အထွေထွေ အတွင်းရေးမှူးချုပ်ကို မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး လုံခြုံရေး ကောင်စီ၏ ထောက်ခံမှုဖြင့် အထွေထွေ ညီလာခံက အတည်ပြုခြင်း ဖြစ်သည်။ မဲပေးရာတွင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတိုင်းက မဲပေးခွင့် ရှိသည်။ တာဝန်ထမ်းဆောင်ခဲ့ကြသော အထွေထွေ အတွင်းရေးမှူးချုပ်များမှာ -
တာဝန်ထမ်းဆောင်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်များ
စဉ် အမည် နိုင်ငံ မှ ထိ မှတ်ချက်
၁ ထရာဂွေးလီး (Trygve Lie ) Image:Norway.png နော်ဝေ ၁၉၄၆ ဖေဖေါ်ဝါရီ ၂ ၁၉၅၂ နိုဝင်ဘာ ၂၀
၂ ဒဂ် ဟားမားရှိုးဒ် (Dag Hammarskjöld ) Image: Sweden.png ဆွီဒင် ၁၉၅၃ ဧပြီ ၁၀ ၁၉၆၁စက်တင်ဘာ ၁၈
၃ ဦးသန့် (U Thant) Image:Myanmar.png မြန်မာ ၁၉၆၁ နိုဝင်ဘာ ၃၀ ၁၉၇၂ ဇန်န၀ါရီ ၁
၎ ကု ၀ဲလ်ဟိမ်း (Kurt Waldheim) Image:Austria.png သြစကြီးယား ၁၉၇၂ ဇန်န၀ါရီ ၁ ၁၉၈၂ ဇန်န၀ါရီ ၁
၅ ဂျာဗီးယား ပေရက်ဇ် ဒီကွေးလျား (Javier Pérez de Cuéllar) Image:Peru.png ပီရူး ၁၉၈၂ ဇန်န၀ါရီ ၁ ၁၉၉၂ ဇန်န၀ါရီ ၁
၆ ဘူးထရို့စ် ဘူးထရို့စ် ဂါလီ (Boutros Boutros-Ghali) Image:Egypt.png အီဂျစ် ၁၉၉၂ ဇန်န၀ါရီ ၁ ၁၉၉၇ ဇန်န၀ါရီ ၁
၇ ကိုဖီ အာနန် (Kofi Annan) Image:Ghana.png ဂါနာ ၁၉၉၇ ဇန်န၀ါရီ ၁ ၂၀၀၇ ဇန်န၀ါရီ ၁
၈ ဘန်ကီမွန်း (Ban Ki-moon) Image:S Korea.png‎ တောင်ကိုရီးယား ၂၀၀၇ ဇန်န၀ါရီ ၁
- လက်ရ
http://www.wikimyanmar.co.cc/wiki/index.php?ှိ