Literature - Vol.2 No.43
User Rating: / 0
PoorBest
ဖဆပလအဖွဲ့ဝင် နိုင်ငံများနှင့်တပ်မတော်သားများသည် ကွန်မြူနစ်ဝါဒကို ရွံမုန်းကြသည်။ နိုင်ငံရေးသမားများနှင့် တပ်မတော်သားများက ကွန်မြူနစ်များအပေါ် ထားရှိသော သဘောထား ကွဲပြားခြားနားချက်မှာ၊ နိုင်ငံရေးသမား အချို့သည် ၄င်းတို့၏ လောလောဆယ် ကိုယ်ကျိုးအတွက်ဆိုလျှင် ရေရှည်တွင် မိမိတို့၏ အကျိုးစီးပွားထိပါးမည်ကို သိသော်လည်း ကွန်မြူနစ်များနှင့် ယှဉ်တွဲပူးပေါင်းနိုင်ခြင်းပင် ဖြစ်သည်။ တပ်မတော်သားများ အနေနှင့်မူ မင်းတို့၏ ကမ္ဘာရန်ဖြစ်သော ကွန်မြူနစ်တို့နှင့် ပူးပေါင်းလိုသော ဆန္ဒလုံးဝမရှိကြသည်။
ကွန်မြူနစ်များ အာဏာရရှိ လာပါက ¤င်းတို့သည် ပထမဦးဆုံး ဒုက္ခပေးခံရမည့် ပုဂ္ဂိုလ်များဖြစ်ပြီး တပ်မတော် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားမည်ကို တပ်မတော်သားများက သိနားလည်ထားကြသည်။ ဖဆပလ အကွဲအပြဲပေါ်ပေါက်လာပြီးသည်နှင့် မရှေးမနှောင်းမှာပင် ကွန်မြူနစ်များ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ အခြေအနေကို ဆွေးနွေးရန် တပ်မတော် အရာရှိကြီးများ ရန်ကုန်၌ တွေ့ဆုံခဲ့ကြသည်။ ထိုစဉ်က အခြေ အနေဆိုးရွားနေသော်ငြားလည်း ကွန်မြူနစ်များအာဏာရရှိရလာနိုင်ရန် လမ်းဖွင့် ပေးသော အခြေအနေအထိ မရောက်ရှိသေးဟု ထင်မြင်ယူဆခဲ့ကြသည်။ ထိုအချိန်က ပမညတအဖွဲ့သည် အုပ်စုနှစ်ခုအကြား မည်သည့်ဘက်သို့မျှ ပါဝင်ခြင်းမပြုသေးဘဲ ပွဲကြည့်ပရိသတ် အဖြစ်သာရှိနေသည်။ သို့ရာတွင် မေ(၁ဝ)ရက်၌ အောက်လွှတ်တော်အမတ်(၂၄၇)နေရာအနက် (၄၅)နေရာ ရယူထားသော ပမညတအဖွဲ့က နု-တင်အုပ်စုကို ထောက်ခံမည်ဟု ကြေ ညာခဲ့သည်။ ပမညတက ဆွေ-ငြိမ်းတို့သည် လက်ဝေခံဘူဇွာများဖြစ်ကြပြီး နယ်ချဲ့ အရင်းရှင်များအား အကျိုးပြုနေကြကြောင်း၊ နု-တင်တို့မှာ အမျိုးသားဘူဇွာ များဖြစ်ကြသဖြင့် ဆွေ-ငြိမ်းတို့ထက် အနည်းငယ် သာလွန်ကောင်းမွန်ကြောင်း ဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ ပမညတသည် နု-တင်အုပ်စုကို ထောက်ခံခဲ့ကြခြင်းမှာ ကွန်မြူနစ်ဆန့် ကျင်ရေး သဘောထားပိုမိုတင်းမာသော ဆွေငြိမ်းအုပ်စု အာဏာရရှိလာမည် ကိုတားဆီးပိတ်ပင်လိုသောကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ¤င်းတို့သည် နု-တင်အုပ်စုကိုလည်း အကောင်းမမြင်ပါ။ ပမညတခေါင်းဆောင်တစ်ဦးက ထိုစဉ်က စာရေးသူအား နှစ်ဦးစလုံး သည် မကောင်းဆိုးရွားများ ဖြစ်နေသဖြင့် အချိန်တန်လျှင် ချုပ်ငြိမ်းသွားအောင် ဆောင်ရွက်ရမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောပြခဲ့ဖူးသည်။ တပ်မတော်နှင့်နိုင်ငံရေး အားနည်းသော အစိုးရအဖွဲ့နှင့်တောင့်တင်းခိုင်သော တပ်မတော်ရှိသည့် မည်သည့်နိုင်ငံတွင်မဆို နိုင်ငံရေးသမားများသည် တပ်မတော်ကို အားကိုးရမည့် မိတ်ဆွေသို့တည်းမဟုတ် ကြောက်လန့်ရမည့် ရန်သူအဖြစ် ရှုမြင်ကြလေ့ရှိ သည်။ နိုင်ငံရေးအုပ်စုတစ်ခုသည် မိမိအားတပ်မတော်က ကြည်ဖြူပုံမရလျှင် ထိုတပ်မတော်သည် အခြားအုပ်စုတစ်ခုကို လိုလားထောက်ခံသည်ဟု သင်္ကာ မကင်းဖြစ်တတ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ၏ကံကြမ္မာကိုဖန်တီးရာ၌ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စိတ်နေသဘောထား အမူအကျင့်သည်အရေးပါသောကဏ္ဍမှ ပါဝင်ပါသည်။ ကာလကြာမြင့်စွာ ဝန်ကြီးချုပ်တစ်ဦးတည်းနှင့် ကာကွယ်ရေးဝန်ကြီးတစ်ဦး တည်းကိုသာ ဆက်ဆံလာရပြီးနောက် တပ်မတော်ခေါင်းဆောင်များသည် ဦးနုနှင့် ဦးဗဆွေအပေါ် သံယောဇဉ်အတော်အတန်ရှိလာခဲ့ကြသည်။ မိမိတို့နှင့် ဆက်ဆံမှု နည်းပါးသော ဦးကျော်ငြိမ်းနှင့် အခြားသော ဖဆပလခေါင်းဆောင် များအပေါ်တွင်မူ သံယောဇဉ်များစွာမရှိခဲ့ကြပါ။ ဖဆပလအကွဲအပြဲ မပေါက်ပေါက်မီအချိန်အထိ တပ်မတော်သည် ဦးနုကို သစ္စာစောင့်သိကာ လေစားရိုသေမှုရှိသည်။ ထို့ပြင်ဦးနုသည်ဦးဗဆွေထက်ထင် ရှားလေးစားအပ်သော ပုဂ္ဂိုလ်ဟုလည်း တပ်မတော်ခေါင်းဆောင်များက စွဲစွဲမြဲ မြဲယူဆခဲ့ကြသည်။ သို့ရာတွင် တပ်မတော်ခေါင်းဆောင်များက ဦးနုအား လေးစားရိုသေမှုမှာ အုပ်စုတိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ဦးနု၏အုပ်စုမှ ပုဂ္ဂိုလ်များက ညှဉ်းပန်းနှိပ်စက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးဖောက်ဖျက် မှုနှင့် ကွန်မြူနစ်တို့အား အထူးအလျှော့ပေးလာမှုတို့ကြောင့် တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ တပ်မတော်မှ ထိပ်တန်းအရာရှိအချို့သည် ဆွေ-ငြိမ်းအုပ်စုခေါင်းဆောင် များနှင့် ဆွေမျိုးနီးစပ်တော်စပ်နေကြသည်။ ဤကဲ့သို့ သွေးချင်းပို၍နီးစပ်မှု ရှိသော်လည်း တပ်မတော်သည် ဆွေ-ငြိမ်းလိုလားပြီး နု-တင်ဆန့်ကျင်သူများ မဟုတ်ကြချေ။ တပ်မတော်သားများသည် ကွန်မြူနစ်များ သူပုန်ထ၍ ပုန်ကန်ကြသော အခါ ညီအစ်ကိုအရင်းပင်လျှင် တစ်ဦးကသူပုန် တစ်ဦးကအစိုးရအဖွဲ့ဝင်အနေ ဖြင့် သွေးရင်းသားရင်းကိုပင် တိုက်ခိုက်သော အလေ့အကျင့် ရရှိနေပြီဖြစ်သည်။ ဇွန် ၂၃ ရက်တွင် မင်္ဂလာဒုံ၌ တပ်မှူးများ၏ ညီလာခံကိုနိုင်ငံရေး အကျပ်အတည်းဖြစ်ပွားနေစဉ်အတွင်း ကျင်းပခဲ့ပါသည်။ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်၏ ဒီမိုကရေစီအပေါ်အပြည့်အဝယုံကြည် မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာမှုတို့ဖြင့် ကြားနေသည့်ကိစ္စ ကို အခိုင်အမာ ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းက အမျိုးသားလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ စဉ်က နိုင်ငံရေးသမားများနှင့် တပ်မတော်သားများတစ်စိတ်တစ်ဝမ်း တည်း လက်တွဲဆောင်ရွက်ခဲ့ကြသဖြင့် သံယောဇဉ်နှင့် ခင်မင်ရင်းနှီးမှုများရှိနေစကာမူ တပ်မတော်၏တာဝန်နှင့် ဝတ္တရားများကို ယင်းတို့က ယိမ်းယိုင်သွားစေမည် မဟုတ်ကြောင်းဖြင့် ထုတ်ဖော်ရှင်းလင်းခဲ့သည်။ တပ်မတော်နှင့်အာဏာရ ပါတီ(နု-တင်)အကြား အပြန်အလှန် မယုံသင်္ကာုဖြစ်မှု တစ်စထက်တစ်စကြီးမားလာခြင်းသည် ¤င်းတို့နှစ်ဖက်အကြား ပဋိပက္ခ ဖြစ်ပွားစေခြင်း၏ အဓိကအကြောင်းရင်းဖြစ်လာသည်။ ထို့ကြောင့်လည်း တွက် ကြိုတင်ပြင်ဆင်ချက်များအဖြစ် အကြောင်းပြဆောင်ရွက်နေခြင်းနှင့် အလား တူပင်ဖြစ်နေသည်။ တပ်မတော်၏ နု-တင်အုပ်စုအပေါ်မယုံသင်္ကာမှုများမှာ နု-တင်အုပ်စုအား ပါလီမန်၌ ကွန်မြူနစ်ဝါဒီများဖြစ်ကြသော ပမညတအဖွဲ့က ထောက်ခံလာမှု နှင့်¤င်းအဖွဲ့ကျေနပ်မှု ရရှိစေရန် အစိုးရက အလျှော့ပေး လိုက်လျောလာပြီး နောက် ပိုမိုကြီးထွားလာခဲ့သည်။ ပါလီမန်၌ ကွဲပြဲကြပြီးနောက် ပမညတအဖွဲ့သည်အစိုးရအား ငြိမ်းချမ်း ရေး အလျင်အမြန်ရရှိရေးအတွက် ကွန်မြူနစ်များနှင့် တွေ့ဆုံဆွေးနွေးရေးကို စဉ်ဆက်မပြတ်ဖိအားပေးလာခဲ့သည်။ သခင်သန်းထွန်း ကလည်း ပြည်တွင်းငြိမ်း ချမ်းရေးရရှိရန် မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးရေးအတွက် အကဲစမ်းမှုများကို ပြုလုပ်လာသည်။ ငြိမ်းချမ်းရေးဘယ်လိုပဲရရ ဦးနုသည် ¤င်း၏အစိုးရ မှာ ရှစ်မဲအသာမျှဖြင့်သာ အနိုင်ရရှိခဲ့ခြင်းကြောင့် ပမည တကိုအမြဲမှီခိုနေရမည် ဆိုပါ က အရေးကြီးသော မည် သည့်ကိစ္စကိုမျှ ဆောင်ရွက်နိုင်မည်မဟုတ် ကြောင်း သိမြင်ခဲ့သည်။ ဦးနုသည်သူ့ပါတီအနိုင်ရမည်ဟု ယုံကြည်ထား သဖြင့် ရွေးကောက်ပွဲ အသစ်တစ်ရပ် ကျင်းပရန်လိုလားခဲ့သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းရေးမှာ မရှိမဖြစ်လိုအပ်သည်။ ထို့ပြင် ¤င်း၏ကတိနှင့်အညီ ရွေး ကောက်ပွဲကိုလည်းကျင်းပရန် ဦးနုကလိုလားသည်။ ဦးနုသည် ငြိမ်းချမ်းရေး ဗိသုကာဖြစ်ရန် ဆန္ဒရှိနေခြင်းကြောင့် ငြိမ်းချမ်းရေးကိုဘယ်နည်းနှင့်ရရ ဆောင် ရွက်သွားရန် ဆုံးဖြတ်ပြီး ဖြစ်နေသည်။ ပြည်သူများသည်ငြိမ်းချမ်းရေးကို လိုချင်နေကြသည်။ ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်ပေးသူမည်သူ့ကိုမဆို အမျိုးသားသူရဲကောင်းအဖြစ် ပြည် သူများကအလေးအမြတ်ပြုကြမည်ဖြစ်ခြင်းကြောင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာ၌ နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို စဉ်းစားတွေးတော ခြင်းမရှိခဲ့ပါ။ ဇွန် (၂၄)ရက် တွင် ဦးနုက သူပုန်များ အားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပြုသည့် အက်ဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းရန် ဆုံးဖြတ်ထားကြောင်း၊ ထို့ပြင်အတိုက်အခံနှင့် ကွန် မြူနစ်များ အပါအဝင် နိုင်ငံရေး ပါတီများအားလုံး ပါဝင်သည့် အမျိုးသားညီလာခံတစ်ရပ် ကျင်းပကာ ဒီမိုကရေစီပဋိညာဉ် စာ တမ်းကို လက်မှတ်ရေးထိုးကြရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွန်မြူနစ် များသည် ယင်းအမျိုးသားညီလာခံသို့ ပါဝင်တက်ရောက်နိုင်ရေးအတွက် မိမိတို့ က စောင့်ဆိုင်းမည်ဟု ရှင်းလင်းပြောကြားခဲ့သည်။ ဦးနုက တင်ပြသော ကိစ္စအားလုံးသည် အထင်ကြီးလေးစားဖွယ်ရာဖြစ် ပါသည်။ လုံးဝလွတ်ငြိမ်းချမ်းသာခွင့်၊ အမျိုးသားညီလာခံနှင့် ဒီမိုကရေစီပဋိ ညာဉ် စာ တမ်း တို့မှာ လေးစား လောက် ဖွယ်ဖြစ်သည်။ ပမညတပါတီ ပင် လျှ င် ဦး နု ၏ အစီ အ စဉ်ကို အံ့ သြသွားခဲ့သည်။ ပမညတသည် ¤င်းတို့၏ တော တွင်းမှ ရဲဘော် များကို တရားဥပဒေ ဘောင် အတွင်းသို့ ပြန်လာကြရန် ချက်ချင်း ဖိတ်ခေါ်ခဲ့သည်။ လက်ရှိ ဖြစ်ပွားနေသော အခြေအနေ များအရ လက်နက်ကိုင် တိုက်ပွဲမှ လူထုစည်းရုံးရေး တိုက်ပွဲ အသွင်သို့ ကူးပြောင်းရန် သင့်လေပြီဟု ကွန်မြူ နစ်များအား အကြံပြုခဲ့သည်။ သြဂုတ်လ(၁)ရက်နေ့တွင် နု-တင်အစိုး ရက လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ကို ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းအမိန့်အရ သူပုန်များ တောခိုသည့် အချိန်မှ (၁၉၅၈)ခုနှစ်၊ ဇူလိုင်(၃၁)ရက် ညဥ့်သန်းခေါင်ယံ အထိ ကျူးလွန်ခဲ့သမျှသော ရာဇဝတ်မှုများကို အပြစ်မှ ကင်းလွတ်ခွင့်ပေး ခဲ့သည်။ ထို့ပြင်တရားမဝင်သော နိုင်ငံရေးပါတီများအားလည်း တရားဝင်ပါတီ များ ဖြစ်လာစေရန် ခွင့်ပြုသည့်အမိန့်ကို ကြေညာခဲ့သည်။ သို့ရာတွင် တောတွင်းရှိ ကွန်မြူနစ်များမှာ ပို၍လိမ္မာပါးနပ်ကြသည်။ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်သေချာနေသည်။ အစိုးရသည် အင်အား တောင့်တင်းခြင်းမရှိပါ။ အကယ်၍ ကွန်မြူနစ်များသည် ဥပဒေဘောင်အတွင်း ဝင်ရောက်၍ လအနည်းငယ်တွင် ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရမည်ဆိုလျှင် ပြည်သူလူထုက ¤င်းတို့အား တံတားများကိုချိုး ဖောက်ဖျက်ဆီးသူများနှင့် ကျေးရွာများ၌ ဆက်ကြေးကောက်ခံသူများအဖြစ် သတိရနေဦးမည်ဖြစ်သည်။ သူတို့သည် ငြိမ်းချမ်းရေးသူရဲကောင်းများအဖြစ် ပြန်လည်၍ဝင်ရောက်လို ကြသည်။ ရွေးကောက်ပွဲအတွက် စည်းရုံးနိုင်ရန် အချိန်အနည်းငယ်လည်းရရှိ လိုကြသည်။ သို့ရာတွင် ဦးနုမျှော်မှန်းသလောက် အချိန်စော၍ အလင်းဝင်လာ ရန်ဆန္ဒမရှိကြ။ ကွန်မြူနစ်များသည်အစိုးရနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး ရေးတောင်းဆိုထားချက်ကို နောက်ပိုင်း၌ တစ်ဆင့်လျှော့၍ သခင်ကိုယ်တော် မှိုင်းဦးဆောင်သော ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးရန် တောင်း ဆိုခဲ့ကြသည်။ ယခုအခါတွင် ကွန်မြူနစ်များသည် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို ပြန်လည်တောင်းဆိုလာရုံမျှမက ¤င်းတို့၏ တပ်များအားအစိုးရလက်နက်ကိုင် တပ်ဖွဲ့များအတွင်းထည့်သွင်းဖွဲ့စည်းရေးကိုပင် တောင်းဆိုလာကြသည်။ ကွန်မြူနစ်များက သိက္ခာရှိသော မည်သည့်အစိုးရအဖွဲ့မှ မိမိတို့၏တောင်း ဆိုချက်ကို လိုက်လျောမည်မဟုတ်ကြောင်း အသေအချာသိရှိထားသည်။ ယင်းသို့ တောင်းဆိုခြင်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားလိမ့်မည် ဟုခန့်မှန်းမိကြသည်။ ကွန်မြူနစ်များက ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားစေရန် အကြံဖြင့် အဆိုပါအချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲ၌ မြေ ပေါ်ရှိ မိမိတို့၏သြဇာခံများအား တောတွင်းမှနေ၍ အကူအညီပေးခြင်းမှာ ပိုမိုအကျိုးရှိနိုင်သည်ကို သိမြင်ခဲ့ကြသည်။ နောက်ကျင်းပမည့် ပါလီမန်အစည်း အဝေး၌ အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ မြေပေါ်ကွန်မြူနစ်အုပ်စုသည် အဆုံးအဖြတ်ပေးမည့် အင်အားဖြစ်သည်ကို အသေအချာ သိရှိထားသည်။ ¤င်းတို့၏သြဇာခံများ အာဏာရရှိလာသည့်အခါ အစိုးရကို ကြိုးကိုင်ချယ်လှယ် ခြင်းဖြင့် ကွန်မြူနစ်များဂုဏ်သိက္ခာရှိရှိ အလင်းဝင်လာနိုင်မည်ဖြစ်သည်။ ¤င်းတို့အားလည်း သူရဲကောင်းများအဖြစ် ကြိုဆိုကြလိမ့်မည်ဟုတွက်ဆထား ကြသည်။ တောထဲ၌ ဆယ့်တစ်နှစ်ကျော်ကြာအောင်နေထိုင်ခဲ့ပြီး ဖြစ်သဖြင့် နောက် ထပ်တစ်နှစ် ထပ်မံနေရစေကာမူ ¤င်းတို့အတွက် အရေးထားစရာကိစ္စမဟုတ် တော့ပေ။ ခြေလှမ်းမှားခြင်း သံသယဟူသည်မှာ တစ်ဖက်တည်းတွင်မရှိပါ။ တပ်မတော်ခေါင်းဆောင် များက နု-တင်အုပ်စုအားကွန်မြူနစ်များ အာဏာရရှိလာအောင် အလွန်အမင်း အလျှော့ပေးလာသည်ဟု သင်္ကာမကင်းဖြစ်ခဲ့ကြသည်။ နု-တင် ခေါင်းဆောင် များကလည်း တပ်မတော်ခေါင်းဆောင်များသည် ဆွေ-ငြိမ်းအုပ်စုအား အကူ အညီပေးလိမ့်မည်ဟု ထင်မြင်ယူဆခဲ့ကြသည်။ နယ်များတွင် တပ်မတော်အရာရှိအချို့က ဆွေ-ငြိမ်းအုပ်စု၏ အဖွဲ့ အစည်း များအား အကူအညီပေးခဲ့ဖူးသော သာဓက အတိတ်ကာလရှိခဲ့သည်။ အုပ်စုတိုက်ပွဲများ၌ ဘက်လိုက်ခဲ့ကြသော တပ်မတော်အရာရှိအချို့ကို အရေးယူ ခြင်းဖြင့် ¤င်းတို့အား နိုင်ငံရေးတွင် စွတ်ဖက်မှုမှဖယ်ရှားပစ်ရေးကို ဆောင်ရွက်ရ မည့်အစား နု-တင်အုပ်စုခေါင်းဆောင်များက မလိုလားအပ်သောခြေလှမ်းတစ် ရပ်ကို လှမ်းခဲ့ကြသည်။ ရှေ့အပတ်ဆက်ဖတ်ပါရန်