Tuesday, February 22, 2011

အတွေးအခေါ်တော်လှန်ရေး (၄) နိဂုံး (A Revolution of The Mind by Jonathan Israel )

ဒေါက်တာခင်အောင်(ခေတ်ပြိုင်)
* ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်မှုအမျိုးမျိုးရှိပေမယ့် တရားမျှတမှု၊ မေတ္တာစေတနာထားမှု၊ သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု စတာတွေမှာ အသွင်တူကြတယ်လို့ ဒီဒါရိုးကဆိုတယ်။ တရားမျှတတဲ့ဥပဒေနဲ့ အဖွဲ့အစည်းတွေကို ရိုသေလေးစားတာဟာ မှန်ကန်တဲ့ကိုယ်ကျင့်တရားပဲလို့ ဒီဒါရိုးကမြင်တယ်။ ကောင်းမွန်တဲ့ဥပဒေရှိရင် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ထွက်ပေါ်လာမှာပါပဲ။ ဒါကြောင့် ဘာသာရေးကင်းတဲ့ တရားဥပဒေကို အတွေးအခေါ်တော်လှန်ရေးသမားတွေက တောင်းဆိုတာ ဖြစ်တယ်။ စပင်နိုဇာ၊ ဒီဒါရိုး၊ အယ်ဗီရှု၊ ဒေါလ်ဘတ်ရှ စတဲ့ပညာရှင်တွေ တင်ပြဆွေးနွေးတဲ့ အယူအဆတွေဟာ ပြင်သစ်မှာတင်မကဘဲ ဗြိတိန်၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေကို ပျံ့နှံ့သွားတယ်။ ဘာသာရေးခံယူချက် ကင်းရှင်းမှသာ လေ့လာစုံစမ်းစစ်ဆေးမှုကို လွတ်လပ်မှန်ကန်စွာ လုပ်နိုင်မယ်လို့ဆိုတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ဒတ်ချ၊ အမေရိကန်၊ အီတလီ၊ ဗြိတိန် စတဲ့နိုင်ငံတွေက အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးဝါဒီနဲ့ ပြုပြင်ရေးဝါဒီဆိုပြီး ဂိုဏ်းကွဲသွားတာဟာ ၁၇၇၅ မှာ ထင်ရှားနေပြီ။ ဒဿနအမြင်၊ သိပ္ပံ၊ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးအမြင်တွေမှာ စေ့စပ်ညှိနှိုင်းလို့မရအောင် ကွဲပြားခြားနားသွားကြတယ်။ ဒီဒါရိုးနဲ့ ဒေါလ်ဘတ်ရှတို့ ချပေးတဲ့ အခြေခံအတိုင်း နောက်လိုက်တွေက ဆက်လက်ကျင့်သုံးကြတယ်။ ဥပမာ တော်လှန်ရေးကာလ ပြင်သစ်အမျိုးသားညီလာခံမှာ ခေါင်းဆောင်တဦးဖြစ်လာတဲ့ ပြင်သစ်လူငယ် ဗိုနေ (Volney) အာရပ်ဒေသမှာ သုံးနှစ်လေ့လာပြီး လွတ်မြောက်ရေးအကြောင်း စဉ်းစားတယ်။ ဘာသာရေးနဲ့နိုင်ငံရေးပူးပေါင်းပြီး ဖိနှိပ်ချုပ်ချယ်ထားတဲ့ ရှေးဟောင်းစနစ်ကို ဘယ်လိုတွန်းလှန်ရင် ကောင်းမလဲလို့ ဗိုနေက စဉ်းစားတယ်။

* အာရေဗျသဲကန္တာရနေ တိုင်းရင်းသားတွေကိုယ်တိုင် လက်နက်ကိုင်တော်လှန်မှ ဖိနှိပ်မှုအောက်က လွတ်မြောက်နိုင်မယ်လို့ ဗိုနေက ယုံကြည်တယ်။ ဒါပေမယ့် ဘာသာရေးအာဏာပိုင်၊ နိုင်ငံရေးအာဏာပိုင်၊ အသိဉာဏ်ကင်းမဲ့မှု၊ အယူသီးမှု၊ စတာတွေကြောင့် ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်လာရတယ်ဆိုတာကို အရင်ဆုံးသိဖို့ လိုတယ်လို့ဆိုတယ်။ အာဏာပိုင်အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေ ကိုယ့်ဘက်ပါအောင် စည်းရုံးသိမ်းသွင်းတာမျိုးကို အတွေးအခေါ်တော်လှန်ရေး သမားတွေက လက်မခံကြဘူး။ ခေတ်ဟောင်းကို တိုက်ဖျက်တဲ့ အတွေးအခေါ်သစ်ကို လျှို့ဝှက်စာစောင်တွေထုတ်ပြီး ဖြန့်ဝေရမယ်လို့ဆိုတယ်။ ပြည်သူတရပ်လုံး အသိဉာဏ်ပွင့်လင်းလာတဲ့အထိ တော်လှန်ရေးစာပေကို လျှို့ဝှက်ထုတ်ဝေရမယ်လို့ ဆိုတယ်။ ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆဟောင်းတွေကို ဖယ်ရှားနိုင်မှသာ အသိဉာဏ်ပွင့်လင်းပြီး လွတ်မြောက်အောင် ကြိုးပမ်းနိုင်လိမ့်မယ်လို့ ဗိုနေက ယုံကြည်တယ်။

* ၁၆၆၀ နဲ့ ၁၇၉၀ အကြားပေါ်ပေါက်ကြီးထွားလာတဲ့ အသိဉာဏ်ပညာပွင့်လင်းရေးလှုပ်ရှားမှုဟာ ပြင်သစ်တော်လှန်ရေးကို လွှမ်းသွားတာသိသာတယ်။ ဒီလှုပ်ရှားမှုကြောင့် လွတ်လပ်ရေး၊ ညီမျှရေးနဲ့ ချစ်ကြည်ရေးသဘောတရားနဲ့ ရှေးဟောင်းအဖွဲ့အစည်းကို အစားထိုးဖို့ ကြိုးပမ်းကြတာပါပဲ။ ဒါပေမယ့် ပြင်သစ်တော်လှန်ရေးမှာ သဘောတရားဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်ဆိုတာကို သမိုင်းဆရာအများစုက လက်မခံနိုင်ကြဘူးလို့ ဂျော်နသန်အစ္စရေးကဆိုတယ်။ အသိဉာဏ်ပွင့်လင်းရေးဆိုတဲ့ တော်လှန်ရေးလှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ လေ့လာကြတဲ့အခါ သမိုင်းအရေးအသား လေ့လာရေးပညာ historiography မှာ ပြဿနာအတော်ကြီးသွားတယ်လို့ဆိုတယ်

* တော်လှန်ရေးရဲ့ နောက်ခံသဘောတရားမပါတဲ့ ပြင်သစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ အရေးအသားတွေမှာ ဟာကွက်ကြီးကို တွေ့နေရတယ်။ ပြင်သစ်တော်လှန်ရေးကို ဖြစ်ပွားစေတဲ့ သဘောတရားတွေကို လေ့လာတာမျိုး မရှိသလောက် ဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။ ပြင်သစ်တော်လှန်ရေးအကြောင်းရေးတဲ့ စာအုပ် စာတမ်းတွေ တောင်ပုံရာပုံရှိပေမယ့် အသိဉာဏ်ပွင့်လင်းရေး လှုပ်ရှားမှုနဲ့ ဆက်စပ်လေ့လာတာမျိုးရှားတယ်။ ဖရန်စွာဖြူးရေ Furet ရေးတဲ့ "တော်လှန်သောပြင်သစ် ၁၇၇၀-၁၈၈၀" ဆိုတဲ့ စာမျက်နှာ (၆၀၀) ကျော် စာအုပ် ၁၉၈၈ က ထွက်လာတယ်။ ဒီစာအုပ်ထဲမှာ ဒီဒါရိုး၊ ဒေါလ်ဘတ်ရှ၊ ဘရိစို၊ ကိုဒိုစေး၊ မီးအားဘူ၊ ဗိုနေ၊ တွမ်ပိန်း စတဲ့နာမည်တွေကို မတွေ့ရဘူးလို့ ဂျောနသန်အစ္စရေးကဆိုတယ်။ ဒါကြောင့် နှစ် (၁၀၀) အတွင်းမှာ ဘာတွေ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကို စာဖတ်သူအနေနဲ့ မသိနိုင်ဘူးတဲ့။
* အခွင့်ထူးခံရာထူးအဆင့်အတန်းကိုဖြိုဖျက်ပြီး ဆင်ခြင်တုံတရားနဲ့အညီ လူ့ဘောင်သစ်ကို တည်ထောင်ဖို့ဆိုတဲ့ သဘောတရား ပြင်သစ်၊ ဂျာမဏီ၊ ဟော်လန်၊ ဗြိတိန်၊ အမေရိကန်နဲ့ အခြားဒေသတွေမှာ ပျံ့နှံ့ခဲ့ပြီးတော့မှ ၁၇၈၉ မှာ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားတာပါ။ အတွေးအခေါ်တော်လှန်ရေးဖြစ်ပွားပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်ပွားတာဟာ မငြင်းနိုင်တဲ့ကိစ္စ ဖြစ်တယ်။ ခေတ်ဟောင်းစနစ်ဟောင်းကို ဖြိုဖျက်နိုင်ခဲ့ပေမယ့် ဒီမိုကရေစီနိုင်ငံတော်ကို မတည်ထောင်နိုင်တဲ့အတွက် အကြမ်းဖက်တဲ့ခေတ်ဆိုး (၁၇၉၃-၉၄) ကြီး ပေါ်ထွက်လာပြီး ဂိုဏ်းဂဏတိုက်ပွဲမှာ ရောဗစ်ပြဲ (Robespierre) ကြီးစိုးတဲ့ဂိုဏ်းက လူပေါင်းလေးသောင်းလောက်ကို သတ်ဖြတ်လိုက်တယ်။ အတွေးအခေါ် တော်လှန်ရေးသမားတွေ ပုန်းအောင်းနေရတဲ့ကာလဖြစ်တယ်။ မသေဘဲ ကျန်ရစ်သူတွေကတော့ ရောဗစ်ပြဲကို သွေးဆာနေတဲ့ အာဏာရှင်အဖြစ် ရှုတ်ချကြတယ်။

* ရောဗစ်ပြဲအသတ်ခံရတော့မှပဲ အတွေးအခေါ်တော်လှန်ရေးသမားတွေ ခေါင်းထောင်လာနိုင်တယ်။ အတွေးအခေါ်တော်လှန်ရေးသမားတွေထဲမှာ (၁၇) ရာစုပညာရှင် ဘာရော့ခ်စပင်နိုဇာ (Baruch Spinoza) ကို သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဂျော်နသန်အစ္စရေးက မှတ်တမ်းတင်ထားတယ်။ စပင်နိုဇာရဲ့ အယူအဆတွေဟာ (၁၈) ရာစုနဲ့ (၁၉) ရာစုအထိ သြဇာလွှမ်းမိုးနိုင်တာတွေ့ရတယ်။ ဒီကနေ့လက်ခံထားကြတဲ့ လစ်ဘရယ်ဒီမိုကရေစီသဘောတရားတွေကို အတွေးအခေါ်တော်လှန်ရေးသမားတွေက အုတ်မြစ်ချခဲ့တာဖြစ်ကြောင်း ဂျော်နသန်အစ္စရေးက မှတ်တမ်းတင်ထားပါတယ်။

* ကျနော်တို့ကျောင်းသားဘ၀မှာ တွမ်ပိန်းကိုသာ ကြားဖူးတယ်။ ပြင်သစ်က အတွေးအခေါ်တော်လှန်ရေးသမားတွေအကြောင်း မကြားဖူးပါ။ ကျနော်တို့ကို စာသင်ကြားပို့ချတဲ့ ဆရာဆရာမတွေလည်း ကြားဖူးဟန်မတူပါ။ ဒါကြောင့် ဂျော်နသန်အစ္စရေးရဲ့ အတွေးအခေါ်တော်လှန်ရေးကို လက်ကမချနိုင်အောင် ဖတ်မိတယ်။ ဒီမိုကရေစီရေးအတွက် အလွန်အဖိုးတန်တဲ့စာအုပ်ဖြစ်လို့ မြန်မာလိုအကျဉ်းချုပ် ပြန်ရေးမိတယ်။ အမေရိကန်တော်လှန်ရေးဟာ နယ်သစ်မှာ ဆင်နွှဲရတာမို့ အဟန့်အတား အနှောင့်အယှက် မရှိသလောက်ပါပဲ။ ပြင်သစ်တော်လှန်ရေးကတော့ ရှေးဟောင်းအစဉ်အလာ အယူသီးမှုတွေနဲ့ ထိပ်တိုက်တွေ့ရတာမို့ ရည်ရွယ်ချက်ကို ချက်ချင်းအကောင်အထည် မပေါ်နိုင်ဘဲဖြစ်သွားရတယ်။ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားပြီး အနှစ် (၈၀) ကျော်ကြာတော့မှ ခေတ်သစ်ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ တတိယသမ္မတနိုင်ငံကို တည်ဆောက်နိုင်တယ်။

* ဒီမိုကရေစီခရီးရှည် ချီတက်နေစဉ်မှာ စစ်အာဏာရှင်စနစ်နဲ့ဘုရင်စနစ် ပြန်လည်ခေါင်းထောင်တဲ့ အချိန်အခါတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ လူတစုကြီးစိုးတဲ့ ဘုရင်စနစ်ပျောက်ကွယ်သွားပြီး အတွေးအခေါ်တော်လှန်ရေးသမားတွေရဲ့ အယူအဆအောင်ပွဲခံသွားတယ်။ ဒီအကြောင်းကို ပြင်သစ်ပြည်မှာ နေထိုင်ပြီး ပြင်သစ်ဘာသာစကားကျွမ်းကျင်တဲ့ မြန်မာလူငယ်တွေက လေ့လာပြီး တဆင့်ဖြန့်ဝေမယ်ဆိုရင် အလွန်အကျိုးရှိမယ်လို့ ယုံကြည်တယ်။ မိမိတိုင်းပြည် တိုးတက်ဖွံ့ဖြိုးလာတာကို မြင်ချင်တဲ့ ပြည်ချစ်ပုဂ္ဂိုလ်ဟာ သူများနိုင်ငံတွေရဲ့သမိုင်းကို နားလည်သဘောပေါက်ဖို့လိုတယ်။

* သမိုင်းကပေးထားတဲ့ သင်ခန်းစာကိုနားလည်ရင် သူများကြုံတွေ့ခဲ့ရတဲ့အမှားကို ရှောင်နိုင်တာမို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာ မကြန့်ကြာဘဲ မနှေးအမြန် လုပ်နိုင်ပါလိမ့်မယ်။ သမိုင်းဖြစ်ရပ်တခုက သင်ခန်းစာထုတ်ယူပြီး အခြားတခုမှာ အသုံးပြုတာဟာ အခုခေတ်မှာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ ဒီလိုဂရုတစိုက် သင်ခန်းစာယူထားတာတောင် သတိလစ်သွားလို့ မျှော့်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့ သာဓကတွေ အများကြီးရှိတယ်။ ဥပမာ ၁၉၁၇ ခုနှစ် ရုရှားပြည်မှာ ကွန်မြူနစ်တော်လှန်ရေး ဖြစ်ပွားတော့ ပြင်သစ်တော်လှန်ရေးကပေးတဲ့ သင်ခန်းစာကို ကောင်းစွာသတိရနေခဲ့ကြတယ်တဲ့။ ပြင်သစ်တော်လှန်ရေးက အာဏာရှင်နပိုလီယံကို မွေးထုတ်လိုက်သလို ရုရှားတော်လှန်ရေးက အာဏာရှင်မွေးထုတ်လိုက်မှာကို အထူးစိုးရိမ်ခဲ့ကြပါတယ်။ ဒီလိုသမိုင်းကပေးတဲ့ သင်ခန်းစာကို သတိထားနေတာတောင် ရုရှားမှာ အာဏာရှင်စတာလင် ပေါ်ထွက်လာခဲ့တယ်။
* သေဆုံးသွားတဲ့ မျိုးဆက်တွေထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာတွေဟာ အသက်ရှင်နေသူတွေရဲ့ စိတ်သဘာဝကို အိပ်မက်ဆိုးကြီးလို ဖိစီးနေတယ်လို့ Karl Marx က The 18th Brumaire of Louis Bonaparte (ဘရူးမဲရား လူးဝီဘိုးနာပတ်) ဆိုတဲ့ စာတမ်းမှာ ရေးထားတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ ပြင်သစ်တော်လှန်ရေးထဲက အာဏာရှင်စနစ်ပေါ်လာပုံကို လေ့လာတာပါပဲ။ ပြင်သစ်တော်လှန်ရေးပြက္ခဒိန်မှာ ၁၇၉၉ နိုဝင်ဘာ (၉) ရက်နေ့ကို ဘရူးမဲရား (၁၈) ရက်နေ့လို့ခေါ်တယ်။ အဲဒီနေ့မှာ နပိုလီယံက စစ်အာဏာသိမ်းတဲ့အတွက် ပြည်သူ့တော်လှန်ရေးဟာ အာဏာရှင်ဘုရင်စနစ်အဖြစ် အသွင်ပြောင်းသွားရတယ်။

* သမိုင်းကပေးတဲ့ သင်ခန်းစာကို နားလည်သဘောပေါက်ပြီး အနာဂတ်ကို ခန့်မှန်းနိုင်မယ်ဆိုရင် သမိုင်းသံသရာလည်စရာ အကြောင်းမရှိပါဘူး။ သမိုင်းကပေးတဲ့ သင်ခန်းစာကို နားမလည်သူဟာ မှားပြီးခဲ့တာကိုပဲ ထပ်ခါတလဲလဲလုပ်နေလို့ သမိုင်းသံသရာက မထွက်နိုင်တာပါပဲ။ ဒါဟာ အမှန်တရားကို မမြင်နိုင်တာနဲ့ အတူတူပါပဲ။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလသုံးပါးဟာ ဆက်နေတယ်။ အတိတ်နဲ့ အနာဂတ်ကို ပစ္စုပ္ပန်က ဆက်ထားတယ်လို့လည်း သမိုင်းဆရာတွေက ပြောလေ့ရှိတယ်။ အတိတ်က ပစ္စုပ္ပန်ကို ဖန်တီးပြီး ပစ္စုပ္ပန်က အနာဂတ်ကို ဖန်တီးတဲ့ဖြစ်စဉ်ပါပဲ။ အသိဉာဏ်ပွင့်လင်းနိုင်ကြပါစေ။ 

တော်လှန်ရေးသမား (ခင်မမျိုး)

အတွေးအခေါ်တော်လှန်ရေး အပိုင်း ( ၄ ) (နိဂုံး) A Revolution of The Mind by Jonathan Israel

ဒေါက်တာ အောင်ခင် ( စာအုပ်ဝေဖန်ရေး)(ခေတ်ပြိုင်) Jul 26, '10 3:00 PM
for everyone

ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်မှုအမျိုးမျိုးရှိပေမယ့် တရားမျှတမှု၊ မေတ္တာစေတနာထားမှု၊ သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု စတာတွေမှာ အသွင်တူကြတယ်လို့ ဒီဒါရိုးကဆိုတယ်။ တရားမျှတတဲ့ဥပဒေနဲ့ အဖွဲ့အစည်းတွေကို ရိုသေလေးစားတာဟာ မှန်ကန်တဲ့ကိုယ်ကျင့်တရားပဲလို့ ဒီဒါရိုးကမြင်တယ်။ ကောင်းမွန်တဲ့ဥပဒေရှိရင် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ထွက်ပေါ်လာမှာပါပဲ။ ဒါကြောင့် ဘာသာရေးကင်းတဲ့ တရားဥပဒေကို အတွေးအခေါ်တော်လှန်ရေးသမားတွေက တောင်းဆိုတာ ဖြစ်တယ်။ စပင်နိုဇာ၊ ဒီဒါရိုး၊ အယ်ဗီရှု၊ ဒေါလ်ဘတ်ရှ စတဲ့ပညာရှင်တွေ တင်ပြဆွေးနွေးတဲ့ အယူအဆတွေဟာ ပြင်သစ်မှာတင်မကဘဲ ဗြိတိန်၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေကို ပျံ့နှံ့သွားတယ်။ ဘာသာရေးခံယူချက် ကင်းရှင်းမှသာ လေ့လာစုံစမ်းစစ်ဆေးမှုကို လွတ်လပ်မှန်ကန်စွာ လုပ်နိုင်မယ်လို့ဆိုတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ဒတ်ချ၊ အမေရိကန်၊ အီတလီ၊ ဗြိတိန် စတဲ့နိုင်ငံတွေက အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးဝါဒီနဲ့ ပြုပြင်ရေးဝါဒီဆိုပြီး ဂိုဏ်းကွဲသွားတာဟာ ၁၇၇၅ မှာ ထင်ရှားနေပြီ။ ဒဿနအမြင်၊ သိပ္ပံ၊ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးအမြင်တွေမှာ စေ့စပ်ညှိနှိုင်းလို့မရအောင် ကွဲပြားခြားနားသွားကြတယ်။ ဒီဒါရိုးနဲ့ ဒေါလ်ဘတ်ရှတို့ ချပေးတဲ့ အခြေခံအတိုင်း နောက်လိုက်တွေက ဆက်လက်ကျင့်သုံးကြတယ်။ ဥပမာ တော်လှန်ရေးကာလ ပြင်သစ်အမျိုးသားညီလာခံမှာ ခေါင်းဆောင်တဦးဖြစ်လာတဲ့ ပြင်သစ်လူငယ် ဗိုနေ (Volney) အာရပ်ဒေသမှာ သုံးနှစ်လေ့လာပြီး လွတ်မြောက်ရေးအကြောင်း စဉ်းစားတယ်။ ဘာသာရေးနဲ့နိုင်ငံရေးပူးပေါင်းပြီး ဖိနှိပ်ချုပ်ချယ်ထားတဲ့ ရှေးဟောင်းစနစ်ကို ဘယ်လိုတွန်းလှန်ရင် ကောင်းမလဲလို့ ဗိုနေက စဉ်းစားတယ်။

အာရေဗျသဲကန္တာရနေ တိုင်းရင်းသားတွေကိုယ်တိုင် လက်နက်ကိုင်တော်လှန်မှ ဖိနှိပ်မှုအောက်က လွတ်မြောက်နိုင်မယ်လို့ ဗိုနေက ယုံကြည်တယ်။ ဒါပေမယ့် ဘာသာရေးအာဏာပိုင်၊ နိုင်ငံရေးအာဏာပိုင်၊ အသိဉာဏ်ကင်းမဲ့မှု၊ အယူသီးမှု၊ စတာတွေကြောင့် ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်လာရတယ်ဆိုတာကို အရင်ဆုံးသိဖို့ လိုတယ်လို့ဆိုတယ်။ အာဏာပိုင်အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေ ကိုယ့်ဘက်ပါအောင် စည်းရုံးသိမ်းသွင်းတာမျိုးကို အတွေးအခေါ်တော်လှန်ရေး သမားတွေက လက်မခံကြဘူး။ ခေတ်ဟောင်းကို တိုက်ဖျက်တဲ့ အတွေးအခေါ်သစ်ကို လျှို့ဝှက်စာစောင်တွေထုတ်ပြီး ဖြန့်ဝေရမယ်လို့ဆိုတယ်။ ပြည်သူတရပ်လုံး အသိဉာဏ်ပွင့်လင်းလာတဲ့အထိ တော်လှန်ရေးစာပေကို လျှို့ဝှက်ထုတ်ဝေရမယ်လို့ ဆိုတယ်။ ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆဟောင်းတွေကို ဖယ်ရှားနိုင်မှသာ အသိဉာဏ်ပွင့်လင်းပြီး လွတ်မြောက်အောင် ကြိုးပမ်းနိုင်လိမ့်မယ်လို့ ဗိုနေက ယုံကြည်တယ်။

အတွေးအခေါ်တော်လှန်ရေး (၃)

အနောက်ဥရောပ အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးသမား radical နဲ့ ပြုပြင်ရေးသမား moderate တွေ ပေါ်ထွက်လာလာပုံကို ဂျော်နသန်အစ္စရေးက ရှင်းပြထားတယ်။ ညီမျှရေး (equality) ဆိုင်ရာသဘောထားမှာ အခြေခံပြီး အယူအဆကွဲပြားသွားကြတာဖြစ်တယ်။ အင်္ဂလိပ်ပညာရှင် ဂျွန်လော့ခ် John Locke (၁၆၃၂-၁၇၀၄) က ပြုပြင်ရေးသမားတွေရဲ့ ရှေ့ပြေးခေါင်းဆောင်ဖြစ်လာပြီး ဒတ်ခ်ျပညာရှင် Spinoza စပင်နိုဇာ (၁၆၃၂-၁၆၇၇) က တော်လှန်ရေးသမားတွေရဲ့ ရှေးဦးဆရာဖြစ်လာတယ်။ ညီမျှရေးဝါဒမှာ အခြေခံတဲ့ လူမှုရေးအမြင်ကနေ ခေတ်သစ်ဒီမိုကရေစီ အယူအဆ ထွက်ပေါ်လာတာပါပဲ။ ဒီမိုကရေစီဟာ အကောင်းဆုံးအစိုးရစနစ်လို့ ပထမဆုံးပြောသူတွေထဲမှာ ‘စပင်နိုဇာ’ ပါဝင်တယ်။

ရာထူးအဆင့်အတန်းနဲ့ မြေယာပိုင်ဆိုင်မှုကို ရှေးရိုးအစဉ်အလာတိုင်း လက်ခံထားတာဟာ လူ့အဖွဲ့အစည်းကို ပျက်စီးစေတယ်လို့ တော်လှန်ရေးဝါဒီတွေက မြင်ကြတယ်။ အဖိနှိပ်ခံ၊ အနှိမ်ခံ သာမန်လူတန်းစားထဲကသာ ပညာထူးချွန်သူတွေ ပေါ်ထွက်လာတာဖြစ်လို့ ပညာတတ်သူကသာ ရာထူးရပိုင်ခွင့်ရှိတယ်လို့ တော်လှန်ရေးဝါဒီတွေက မြင်တယ်။ ဂျွန်လော့နဲ့ စပင်နိုဇာကွယ်လွန်ပြီး အနှစ် (၇၀) လောက်ကြာတော့ အခွင့်ထူးခံလူနည်းစုအုပ်ချုပ်မှု Aristocracy ကို ဆန့်ကျင်မှု အားကောင်းလာတယ်။ လွတ်လပ်မှုဆိုတာ အာဏာပိုင်တွေ ထင်သလိုလုပ်တာကို ဆိုလိုတာဖြစ်ကြောင်း မီးအားဘူ- Mirabeau (၁၇၄၉-၉၁)၊ ဒေါလ်ဘတ်ရှ- d’Holbach၊ ဒီဒါရိုး-Diderot၊ အလ်ဗိရှု-Helvetius (၁၇၁၅-၁၇၇၁) တို့က ယူဆတယ်။ ဒါပေမယ့် လူသားအားလုံး စီးပွားရေးညီမျှရမယ်ဆိုတာကို သူတို့က လက်မခံဘူး။ လူ့အဖွဲ့အစည်းကို အများဆုံးအသုံးပြုသူဟာ အများဆုံးဆုလာဘ်ခံစားခွင့်ရှိရမယ်လို့ သူတို့ ယုံကြည်တယ်။
A Revolution of The Mind by Jonathan Israel
By oothandar
ဒေါက်တာအောင်ခင် / ၂၅ ဇွန် ၂၀၁၀ (ခေတ်ပြိုင်)



လူတိုင်းဟာ အလုပ်ကြိုးစားကြတာမဟုတ်တဲ့အတွက် ကြိုးစားရင် ကြိုးစားသလို အကျိုးခံစားခွင့် ရှိတယ်လို့ဆိုတယ်။ တဦးနဲ့တဦး အရည်အချင်းမတူတာကြောင့် အရည်အချင်းကိုလိုက်ပြီး အကျိုးခံစားခွင့်ပေးရမယ်လို့ တော်လှန်ရေးဝါဒီတွေက ယုံကြည်တယ်။ တိုင်းပြည်ရဲ့ ဓနဥစ္စာခွဲဝေမှု အကြီးအကျယ် ကွာဟနေတာ လက်ခံနိုင်စရာမရှိလို့ နိုင်ငံသားရဲ့ပိုင်ဆိုင်မှုမှာ ချိန်ခွင့်လျှာလို မျှမျှတတ a just equilibrium ဖြစ်အောင် လုပ်ရမယ်လို့ ယူဆကြတယ်။ နိုင်ငံသားအားလုံးကို တတ်နိုင်သမျှ ကြည့်ရှုစောင့်ရှောက်ဖို့ အစိုးရတိုင်းမှာ တာဝန်ရှိတယ်လို့လည်း တော်လှန်ရေးဝါဒီတွေက ယူဆတယ်။ ဘာသာရေးကင်းရှင်းတဲ့ ကိုယ်ကျင့်တရားဟာ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး၊ အသားအရောင်မရွေး အတူတူသာဖြစ်ရမယ်လို့ ဆိုတယ်။ ဒေါလ်ဘတ်ရှ၊ မီးအားဘူ၊ ဘရီစိုနဲ့ တွမ်ပိန်းတို့က အကြမ်းမဖက်ဘဲ နှလုံးရည်တိုက်ပွဲဝင်ကြဖို့ ဆော်သြပေမယ့် ဒီဒါရိုးကတော့ ဖိနှိပ်တဲ့အာဏာပိုင်တွေကို ပုန်ကန်ဖို့ ဆင်းရဲသားတွေကို တိုက်တွန်းတဲ့အထိ ပြင်းထန်လာတယ်။ ပြင်သစ်တပြည်လုံးမှာ လျှို့ဝှက်ထုတ်ဝေတဲ့ တော်လှန်ရေးစာပေပျံ့နှံ့နေတာဟာ အတွေးအခေါ် တော်လှန်ရေးဖြစ်ပွားနေတာပါပဲ။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ပဲရစ်အာဏာပိုင်တွေဟာ တော်လှန်တဲ့အတွေးအခေါ် စာအုပ် (၇) အုပ်ကို ၁၇၇၀ မှာ မီးလျှို့ဖျက်ဆီးပြတယ်။

ဂန္ထ၀င်ဘောဂဗေဒ (classical economics) လို့ ဒီကနေ့ လူသိများတဲ့ စီးပွားရေးပညာဟာ ၁၇၆၅ နဲ့ ၁၇၇၅ အကြားမှာ ပေါ်ထွက်လာတယ်။ တူဂိုး-Turgot (၁၇၂၇-၁၇၈၁) ရဲ့ စီးပွားရေးစာတမ်း (၁၇၆၆) မှာ ထွက်လာပြီး ဘက်ကဲရီယာ-Beccaria (၁၇၃၈-၁၇၉၄) ရဲ့စာတမ်းဟာ (၁၇၇၁) မှာ ထွက်လာတယ်။ အဒမ်စမစ်- Adam Smith ရဲ့စာတမ်းကို (၁၇၇၆) မှာ ထုတ်ဝေတယ်။ ဒီပညာရှင် (၃) ဦးဟာ ထူးခြားတဲ့ပါရမီရှင် မိုးကျရွှေကိုယ်တွေမဟုတ်ဘူး။ သူတို့ခေတ်မှာ ရေပန်းစားတဲ့ ဒဿနအမြင်၊ ကိုယ်ကျင့်တရားနဲ့ လူမှုရေး အယူအဆက မွေးထုတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ဂျော်နသန်အစ္စရေးက ရှင်းပြတယ်။

အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးသမားနဲ့ ပြုပြင်ရေးသမား ပြိုင်ဆိုင်ကြတဲ့ နောက်ခံသမိုင်းကြောင်းကို နားလည်မှ ဂန္ထ၀င်ဘောဂဗေဒပညာရဲ့ အခန်းကဏ္ဍကို နားလည်လိမ့်မယ်လို့ ဂျော်နသန်အစ္စရေးက ဆိုတယ်။ ဈေးကွက်ကို မချုပ်ချယ် မကန့်သတ်ဘဲ လွတ်လပ်ခွင့်ပေးလိုက်ရင် လူ့အဖွဲ့အစည်းဟာ တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်လို့ တူဂိုး၊ ဘက်ကဲရီယာနဲ့ အဒမ်စမစ်တို့က ဆိုတယ်။ ရှေးဓလေ့ထုံးစံ မှားယွင်းတဲ့လမ်းစဉ်၊ အခွင့်ထူးခံယူမှု၊ ချုပ်ချယ်မှု၊ လက်ဝါးကြီးအုပ်မှု၊ မတရားအခွန်စည်းကြပ်မှု စတာတွေဟာ စီးပွားရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေတယ်လို့ သူတို့က ယုံကြည်တယ်။ ဒါပေမယ့် ဒီချွတ်ယွင်းချက်တွေကို ပြုပြင်ပြောင်းလဲရာမှာ တည်ဆဲစနစ်နဲ့ ဘာသာရေးအကြီးအကဲတွေကို မထိခိုက်မနစ်နာစေဘဲ အကောင်အထည်ဖော်နိုင်တယ်လို့ သူတို့ကမြင်တယ်။ ပြည်သူတွေ ဆင်းရဲနွမ်းပါးနေတာကိုတော့ အဓိကမထားကြဘူး။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုတွေ ရုပ်သိမ်းလိုက်ရင် ဆင်းရဲမှုပြဿနာ ကွယ်ပျောက်သွားလိမ့်မယ်လို့သာ ဆိုပါတယ်။ စီးပွားရေးတိုးတက်မှုဆိတ်သုဉ်းနေလို့ တရုတ်ပြည်မှာ ဆင်းရဲသားများနေရတာကို တူဂိုးက ထောက်ပြတယ်။

ဒီစီးပွားရေးပညာရှင်တွေရဲ့ ပြုပြင်ရေးအယူအဆကို ဒီဒါရိုး၊ အလ်ဗီရှု၊ ဒေါလ်ဘတ်ရှနဲ့ ဘရီစိုတို့က ဆန့်ကျင်ကြတယ်။ ခေတ်ဟောင်းကို ပြုပြင်ပြီးတည်ဆောက်တဲ့ စီးပွားရေးစနစ်သစ်ကို သူတို့က အယုံအကြည်မရှိကြဘူး။ မကောင်းတဲ့ စနစ်ဟောင်းကို ပြုပြင်နိုင်ရင် လူ့အဖွဲ့အစည်းတခုလုံး ကောင်းမွန်လာမယ်လို့ ပြောနေပေမယ့် ဆင်းရဲနွမ်းပါးမှု ကျဆင်းမသွားတဲ့အတွက် ပြုပြင်ရေးသမားတွေ သြဇာအရှိန်အ၀ါ ကျဆင်းလာတယ်။ ဒါကြောင့် ၁၇၈၀ နောက်ပိုင်းမှာ အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုကို တော်လှန်ရေးသမားတွေက ဦးဆောင်လာတယ်။ ပြုပြင်ရေးသမားတွေ အရေးနိမ့်သွားတာဟာ ပြင်သစ်တော်လှန်ရေးနဲ့ အတွေးအခေါ်တော်လှန်ရေး အရှိန်အဟုန် ပြင်းထန်လာတဲ့ အကြောင်းအရင်းတခုပါပဲ။

(၁၈) ရာစု မြန်မာပြည်မှာ အိမ်နီးချင်းနိုင်ငံတွေ (အထူးသဖြင့် ယိုးဒယား) နဲ့ မကြာခဏစစ်ဖြစ်သလို ဥရောပမှာလည်း မကြာခဏစစ်ဖြစ်တယ်။ ထူးခြားတာကတော့ အတွေးအခေါ် တော်လှန်ရေးဖြစ်ပွားတဲ့ ဥရောပမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာပါပဲ။ တိုင်းသူပြည်သား သာယာဝပြောရေးကို ဂရုမစိုက်ဘဲ ဘုရင်နဲ့မင်းညီမင်းသားတွေ စစ်ဆင်တာကို ဒေါဘတ်ရှက ရှုတ်ချတယ်။ တရားတဲ့စစ်ပွဲဆိုတာဟာ အဖိနှိပ်ခံပြည်သူလူထုက ဖိနှိပ်သူတွေကို တော်လှန်တဲ့စစ်ပွဲသာဖြစ်တယ်လို့ ဒီဒါရိုးကဆိုတယ်။ ပြည်သူလူထုကို ခိုင်းစားသူတွေဟာ ဘုရင်၊ အထက်တန်းစား၊ ကုန်သည်ပွဲစားနဲ့ ရဟန်းတွေဖြစ်တယ်လို့ဆိုတယ်။ တကယ်တော့ အသိဉာဏ်ပွင့်လင်းရေး လှုပ်ရှားမှုတခုလုံးဟာ (၁၈) ရာစုစစ်ဝါဒနဲ့ စစ်ပွဲတွေကို ဝေဖန်ရှုတ်ချကြတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း တော်လှန်ရေးဝါဒီနဲ့ ပြုပြင်ရေးဝါဒီဆိုပြီး နှစ်ခြမ်းကွဲသွားတယ်။ ဥပမာ ပြုပြင်ရေးသမားအဖြစ် နာမည်ကြီးနေတဲ့ ဘုရင်ဖရက်ဒနစ် Frederick the great ကို အပြောတမျိုး အလုပ်တမျိုးလုပ်တဲ့ ပုဂ္ဂိုလ်အဖြစ် ဝေဖန်ရေးသားကြတယ်။ စစ်ဘုရင် ဖရက်ဒရစ်ကိုယ်တိုင် မခံမရပ်ဖြစ်ပြီး ပြန်လည်ချေပတဲ့အထိ အငြင်းပွားခဲ့ကြတယ်။

ပြုပြင်ရေးဝါဒီတွေဖြစ်တဲ့ ဗော့တယ်-ရူးဆိုး (Rousseau) နဲ့ ကန့် (Immanual Kant) တို့ကတော့ စစ်ဝါဒကို ပြတ်ပြတ်သားသား ရှုတ်ချတာမျိုးမလုပ်ကြဘူး။ သည်းခံနိုင်ဖို့၊ တယူသန်မဖြစ်ဖို့၊ ဘာသာရေးအယူအသီးဖို့ ကြိုးစားရင်း ငြိမ်းချမ်းရနိုင်တယ်ဆိုတာလောက်ပဲ ဗော့တယ်ကရေးတယ်။ ကင်သရင်းဘုရင်မကြီးရဲ့ နယ်ချဲ့စစ်ပွဲကိုလည်း ဗော့တယ်က အပြစ်မမြင်ဘူး။ အမြဲတမ်းငြိမ်းချမ်းဖို့ဆိုတာဟာ မဖြစ်နိုင်တဲ့ အိပ်မက်ပဲလို့ ရူးဆိုးက မြင်တယ်။ ကန့်ကလည်း မင်းညီမင်းသားရဲ့ လုပ်ပိုင်ခွင့်ကိုသာ အဓိကထားနေပြီး ဒီမိုကရေစီသဘောတရားကို တမင်ရှောင်နေတယ်။ စစ်မဖြစ်အောင် လက်ရှိနိုင်ငံရေးစနစ်ကို ဘယ်လိုပြောင်းလဲမှာလည်းဆိုတာကို ပြုပြင်ရေးဝါဒီတွေ အဖြေမပေးနိုင်ဘဲ ဖြစ်နေတယ်။ စစ်ဖြစ်တာဟာ တည်ဆဲနိုင်ငံရေးအဆောက်အအုံရဲ့ အစိတ်အပိုင်းတခုဖြစ်နေတာမို့ တည်ဆဲနိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့ စိတ်မကူးတဲ့ ပြုပြင်ရေးဝါဒီတွေမှာ စစ်ကိုဟန့်တားမယ့် အယူအဆ ကင်းမဲ့နေတယ်။

နှစ်နဲ့ချီပြီးတိုက်ခိုက်ရလို့ လူပေါင်းသိန်းသောင်းချီပြီး သေဆုံးခဲ့ရတဲ့ Austria ထီးနန်းဆက်ခံရေးစစ်ပွဲ (၁၇၄၀-၄၈) (၇) နှစ်စစ်ပွဲ (၁၇၅၆-၇၃) စတဲ့ စစ်ပွဲတွေဟာ တိုင်းသူပြည်သားတွေ၊ စစ်သားတွေနဲ့ လုံးဝမဆိုင်တဲ့ စစ်ပွဲတွေဖြစ်လို့ လက်မခံနိုင်ဘူးလို့ တော်လှန်ရေးဝါဒီတွေက ဆိုတယ်။ ဘုရင်၊ မှူးမတ်၊ အထက်တန်းလွှာနဲ့ ငွေရှင်ကြေးရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဆင်နွှဲတဲ့ စစ်ပွဲတွေဖြစ်လို့ ရှောင်လို့ရတဲ့ စစ်ပွဲတွေပဲလို့ တော်လှန်ရေးသမားတွေက ဆိုတယ်။ (၁၈) ရာစုစစ်ပွဲတွေဟာ အကျိုးမရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေပဲလို့ ဒေါလ်ဘတ်ရှက သုံးသပ်တယ်။

စစ်ဖြစ်တဲ့အခါမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို ကောင်းမွန်စွာဆက်ဆံဖို့နဲ့ မဆိုင်တဲ့အရပ်သားကို အန္တရာယ်မပေးဖို့ အတွေးအခေါ် တော်လှန်ရေးသမားတွေက တောင်းဆိုတယ်။ ဘုန်းတန်ခိုးကြီးချင်တဲ့ မင်းဟာ တိုင်းသူပြည်သားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အန္တရာယ်ပေးတတ်ကြောင်း၊ အမြဲတမ်းစစ်တပ်ထားတာ လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိကြောင်း ရေးသားကြတယ်။ လူ့အဖွဲ့အစည်းတခုလုံး အသိဉာဏ်ပွင့်လင်းလာရင် စစ်ဗိုလ်ကြီးစိုးပြီး အမြဲတမ်းစစ်တပ်ထားတာမျိုး ထင်သလို စစ်တိုက်နေတာမျိုး မလုပ်နိုင်တော့ဘူးလို့ တော်လှန်ရေးဝါဒီတွေက ယုံကြည်ကြတယ်။ ရာထူးအဆင့်အတန်း ရိုသေလေးစားတဲ့ အယူသီးမှု ကွယ်ပျောက်သွားရင် စစ်ဗိုလ်ကြီးစိုးမှုလည်း နိဂုံးချုပ်သွားမယ့် သဘောပါပဲ။

ကိုယ်ကျင့်တရားနဲ့ တရားတဲ့ဥပဒေကို နိုင်ငံတွင်းမှာသုံးနိုင်ရင် ညီမျှမှုကို ရရှိနိုင်သလို နိုင်ငံအချင်းချင်း ဆက်ဆံရာမှာလည်း အသုံးပြုနိုင်ရင် အကောင်းဆုံးပဲလို့ ယူဆကြတယ်။ အသိဉာဏ်ပွင့်လင်းမှုနဲ့ စစ်မှန်တဲ့ ကိုယ်ကျင့်တရားမရှိလို့ တဦးကိုတဦးက ဖိနှိပ်ညှဉ်းပန်းပြီး စစ်တိုက်နေကြတာကို အတွေးအခေါ် တော်လှန်ရေးသမားတွေက မြင်တယ်။ ဖိနှိပ်တဲ့အစိုးရနဲ့ စစ်ဝါဒီတွေ ပေါ်ပေါက်လာတာဟာ အာဏာရှင်ဘုရင်စနစ်ကြောင့်ပဲလို့ တွမ်ပိန်းကဆိုတယ်။ လူသားဟာ အချင်းချင်း ရန်လုပ်တတ်တဲ့ သတ္တ၀ါမဟုတ်တဲ့အတွက် အသိဉာဏ်ပွင့်လင်းလာရင် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ဆိုတယ်။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ အပြောင်းအလဲနှစ်ခုလိုတယ်။ ပထမအပြောင်းအလဲက နိုင်ငံတိုင်းမှာ ဒီမိုကရေစီအစိုးရစနစ် တည်ထောင်ဖို့ဖြစ်ပြီး ဒုတိယအပြောင်းအလဲက အပြည်ပြည်ဆိုင်ရာ အထွေထွေညီလာခံကြီးကျင်းပပြီး နိုင်ငံတကာဆက်ဆံရေး ဥပဒေတွေရေးဖို့နဲ့ အငြင်းပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဖြစ်တယ်။ ဒီလိုအဖြစ်ကို ရောက်ရှိလာဖို့အတွက် အမြဲတမ်းစစ်တပ်ထားရှိပြီး အခွန်တော်ကြီးလေးစွာ ကောက်ယူနေတဲ့ ဘုရင်စနစ်၊ လူတစုအုပ်ချုပ်ရေးစနစ်နဲ့ ဘာသာရေးအာဏာပိုင်ကို အရင်ဆုံးတော်လှန်ရလိမ့်မယ်လို့ တွမ်ပိန်းနဲ့ အခြားအတွေးအခေါ် တော်လှန်ရေးသမားတွေက ဆိုတယ်။ တော်လှန်တဲ့အတွေးအခေါ်ဟာ မှန်ကန်ကြောင်း ကမ္ဘာ့သမိုင်းက သက်သေပြနေတယ်။

(၁၆) ရာစု ဘုရင့်နောင်ရဲ့ စစ်အောင်ပွဲတွေဟာ မြန်မာ့ဇာတိမာန်ကို အမြဲတစေ နိုးဆွပေးနိုင်တဲ့ ဂုဏ်သတ္တိထူးရှိတာကြောင့် လက်ရှိစစ်အစိုးရရဲ့ ၀ါဒဖြန့်လုပ်ငန်းမှာ အရေးပါနေဆဲဖြစ်တယ်။ ဒါပေမယ့် ဘုရင့်နောင်သေပြီး မကြာမီ မြန်မာနိုင်ငံ ပြိုကွဲပျက်စီးရတာကြောင့် စစ်အင်အားအပေါ် အခြေခံတဲ့ နိုင်ငံရဲ့ အားနည်းချက်ကို သိနိုင်တယ်။ နှစ်ပေါင်း (၅၀) ကျော် စစ်တိုက်ခဲ့ပေမယ့် အရာမထင်တာ တွေ့နိုင်တယ်။ စစ်ပွဲကြောင့် လူဦးရေနည်းပါးလာတဲ့ တိုင်းပြည်ကို (၁၇) ရာစုမှာ ပြုပြင်သူဟာ သာလွန်မင်းပဲ။

ပြည်သူ့အကျိုးထမ်းဆောင်သူဟာ သာလွန်မင်းတဦးတည်း ရှိသလိုဖြစ်နေတယ်။ သာလွန်မင်းရဲ့ ပြုပြင်ရေးလုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းတာမျိုး မရှိဘူး။ ၁၆၃၇ က တရုတ်စစ်တပ်တွေ နယ်စပ်မှာ လှုပ်ရှားနေတဲ့အတွက် နယ်ခြားဒေသကို ဗမာစစ်တပ်ချီရာမှာ လိုက်နာရမယ့် စည်းကမ်းကို သာလွန်မင်းက ပြဋ္ဌာန်းတယ်။ စစ်ချီနေတုန်း လမ်းမှာတွေ့တဲ့ ကြက်၊ ၀က်၊ ဆိတ်၊ နွားစတာတွေကို သတ်မစားဖို့၊ ပြည်သူ့သားသမီးကို မစော်ကားဖို့နဲ့ ပြည်သူ့ပစ္စည်းကိုမလုယက်ဖို့ အမိန့်ထုတ်ထားတယ်။ ပြည်သူ့အခွင့်အရေးကို စစ်သားကရိုသေလေးစားပြီး စစ်တပ်ဟာ ပြည်သူပိုင်တဲ့ အဖွဲ့ဖြစ်ကြောင်း ယုံကြည်လာအောင် ပြသရမယ်လို့ သာလွန်မင်းက ယူဆကြောင်း ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ သုတေသနစာတမ်းတွေမှာ ဖော်ပြတယ်။

အပိုင်း (၄) နိဂုံးကို ဆက်လက်ဖော်ပြပါမည်။

Saturday, June 05, 2010

အတွေးအခေါ်တော်လှန်ရေး (၂) A Revolution of The Mind by Jonathan Israel

ဒေါက်တာအောင်ခင် / ၃၁ မေ ၂၀၁၀

ကမ္ဘာ့သမိုင်းမှာထင်ရှားတဲ့ အမေရိကန်နဲ့ ပြင်သစ်တော်လှန်ရေးဟာ အတွေးအခေါ်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရပုံကို ရှင်းပြထားပါတယ်။ အနှစ် (၂၀) အတွင်း ပြောင်းလဲသွားတဲ့ အတွေးအခေါ်ကြောင့် တော်လှန်ရေးဖြစ်ပေါ်လာတာလို့ ဆိုတယ်။

အသိဉာဏ်ပညာ ပွင့်လင်းလာတဲ့အတွက် နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ အနိဋ္ဌာရုံတွေကို ဖြေရှင်းဖို့ နည်းလမ်း တွေ့မြင်လာတာဟာ အတွေးအခေါ်တော်လှန်ရေးပဲလို့ ဆိုပါတယ်။



ဒါပေမယ့် အယူအဆသစ်ဟာ ရှေးဟောင်းအဖွဲ့အစည်းနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ရုံတင်မကသေးဘဲ အများလက်ခံထားတဲ့ အစဉ်အလာ အယူအဆဟောင်းတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ လူ့အဖွဲ့အစည်းကို ရှေးဟောင်းဓလေ့ထုံးစံ ကိုးကွယ်မှုနဲ့ ယုံကြည်မှုက ဖန်တီးတာဖြစ်လို့ ဆင်ခြင်တုံတရားနဲ့ မဆိုင်ဘူးဆိုတဲ့ အစဉ်အလာအယူအဆနဲ့လည်း ထိပ်တိုက်တွေ့ရတယ်။

ညီမျှရေးနဲ့ ပုဂ္ဂလိကလွတ်လပ်ရေးကို တန်ဖိုးထားလာချိန်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ ဖန်တီးချိန်ဖြစ်တယ်လို့ဆိုတယ်။ ဒီအချိန်ဟာ အမေရိကန်တော်လှန်ရေးမပေါ်မီ (၁၀) နှစ်အလို ၁၇၇၀ တ၀ိုက်က စခဲ့တာလို့ဆိုတယ်။ ပြင်သစ်တော်လှန်ရေး ၁၇၈၉ မတိုင်မီဖြစ်ပွားတဲ့ အမေရိကန်တော်လှန်ရေး ၁၇၇၆-၁၇၈၃ နဲ့ ဒတ်ခ်ျတော်လှန်ရေး ၁၇၈၀-၁၇၈၇ ဟာ သီးခြားဖြစ်ပွားတဲ့ ဒေသဆိုင်ရာ ဖြစ်ရပ်တွေမဟုတ်ဘဲ ဥရောပနဲ့အမေရိကန်မှာ အတွေးအခေါ်ပြောင်းလဲလို့ ဖြစ်ပေါ်လာရတဲ့ ပြောင်းလဲမှုပါပဲ။ ဘုရင်စနစ်နဲ့ အစဉ်အလာ အစိုးရစနစ်အောက်မှာ ဆင်းရဲနွမ်းပါးနေတာကိုကြည့်ပြီး ဒီစနစ်တွေ ဆိုးဝါးပုံကို သိမြင်တဲ့အတွက် အစိုးရစနစ်သစ်ကို တည်ဆောက်ဖို့ အထွေထွေတော်လှန်ရေးလုပ်ဖို့ လိုအပ်တယ်လို့ တွမ်ပိန်း ၁၇၃၇-၁၈၀၉ Thomas Paine က ထုတ်ဖော်တယ်။

ပြင်သစ်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ပြောဆိုချက်ဟာ အမေရိကန်နဲ့ ဒတ်ခ်ျတော်လှန်ရေးသမားတွေရဲ့ အယူအဆနဲ့ ကွဲပြားခြားနားတာ မဟုတ်ပါဘူး။ ဒါကြောင့် ပြင်သစ်တော်လှန်ရေးဟာ အများနဲ့ဆိုင်တဲ့ အထွေထွေတော်လှန်ရေးကြီး ဖြစ်တယ်လို့ တွမ်ပိန်းနဲ့ အမေရိကန်တော်လှန်ရေးသမား Joel Barlow တို့က သတ်မှတ်တာဖြစ်တယ်။ ဟုတ်ပါတယ်။ ပြင်သစ်တော်လှန်ရေး ၁၇၈၉-၁၇၉၂ ကို လွှမ်းမိုးတဲ့ အယူအဆ သဘောတရားတွေထဲမှာ ပြင်သစ်ပိုင်ဆိုတာ မရှိသလောက်ပါပဲ။ အမေရိကန်တော်လှန်ရေးဟာ ဥရောပတော်လှန်ရေးသမားတွေရဲ့ အားဆေးလိုဖြစ်နေပါတယ်။

ဒါပေမယ့် ဥရောပကိုလိုနီကို နိုင်ငံသစ်အဖြစ်အသွင်ပြောင်းရာမှာ ဥရောပရဲ့ လူတန်းစားခွဲခြားမှု၊ ဘာသာရေးအမြင်ကျဉ်းမှု စတဲ့ အစဉ်အလာဓလေ့တွေကို စွန့်လွှတ်နိုင်ပါ့မလားလို့ ပြင်သစ်တော်လှန်ရေးမှာ ခေါင်းဆောင်တဦးဖြစ်လာမယ့် ပီရဲဘရီစို- Pierre Brissot (၁၇၅၄-၁၇၉၃) က ၁၇၈၃ မှာ မေးခွန်းထုတ်ခဲ့ပါတယ်။ အမေရိကန်တော်လှန်ရေးရဲ့ ဟာကွက်တွေကို သဘောပေါက်သူတွေလည်း ရှိပါတယ်။ ဥပမာ တော်လှန်ရေးဆင်နွှဲတဲ့ အမေရိကန်ကိုလိုနီ (၁၃) ခုဟာ ကျွန်တွေကို လွတ်မြောက်အောင် မလုပ်နိုင်ကြဘူး။ ကျွန်စနစ်ဖျက်သိမ်းဖို့ ၁၇၆၀ လောက်ကတည်းက စတင်လှုပ်ရှားတဲ့ Pennsylvania ပြည်နယ်ဟာ ၁၇၈၀ မှာ ကျွန်စနစ်ဖျက်သိမ်းတဲ့ ဥပဒေပြုတော့ အသက် (၂၈) နှစ်ကျော်တဲ့ ကျွန်သာ လွတ်လပ်နိုင်တယ်ဆိုတဲ့ ကန့်သတ်ချက် ထည့်ထားတယ်။

နယူးဂျာစီကောလိပ်ကျောင်းအုပ် ဒဿနပညာရှင် John Witherspoon (၁၇၂၃-၁၇၉၄) ဟာ လွတ်လပ်ရေး ကြေညာစာတမ်းကို လက်မှတ်ထိုးသူတွေထဲမှာ ပါဝင်ပေမယ့် ကျွန်တွေကို ချက်ချင်းလွှတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်။ ပထမဆုံး သမ္မတကြီး George Washington ကလည်း သူပိုင်တဲ့ကျွန်တွေကို သူသေမှပဲ လွတ်လပ်ခွင့်ပေးကြောင်း သေတမ်းစာရေးခဲ့တယ်။ အမေရိကန်တော်လှန်ရေးမှာ ကျွန်လွတ်လပ်ရေးမပါတာဟာ အလွန်ထင်ရှားတဲ့ ချို့ယွင်းချက်ဖြစ်တယ်လို့ တွမ်ပိန်း- Banjamin Rush နဲ့ အခြားတော်လှန်ရေးသမားတွေက မြင်ကြတယ်။

ဒါပေမယ့် အမေရိကန်အများစုကတော့ ၁၇၈၃ ခုနှစ်မှာ အမေရိကန်လွတ်လပ်ရေးကို အင်္ဂလိပ်က အသိအမှတ်ပြုလိုက်တာနဲ့ အမေရိကန်တော်လှန်ရေး ပြီးဆုံးသွားပြီလို့ ယူဆကြတယ်။ အသိဉာဏ်တော်လှန်နေသူတစုကသာ ချို့ယွင်းချက်တွေကို မြင်ကြတာပါ။ ဥရောပမှာခေတ်စားတဲ့ အထက်တန်းစား aristocracy စနစ် ပေါ်ပေါက်လာအောင် အားပေးတဲ့ အပြုအမူရှိလာတယ်။ လူတစုချမ်းသာပြီး လူများစု ဆင်းရဲတဲ့ ကွာဟမှုမျိုး မကြီးထွားဖို့လိုအပ်နေကြောင်း ပြင်သစ်ပညာရှင် ဒါနီးဒီဒါရိုး- Denis Diderot (၁၇၁၃-၁၇၈၄) က သတိပေးတယ်။ ဥရောပမှာခေတ်စားတဲ့ သူကောင်းမျိုး လူတန်းစားတည်ထောင်လိုတဲ့ လက္ခဏာကို အမေရိကန်နိုင်ငံသစ်မှာ တွေ့ရတဲ့အတွက် မြေယာပိုင်ဆိုင်မှုနဲ့ လူ့အဆင့်အတန်းကို ဆန်းဖြတ်တဲ့ ဥရောပဓလေ့ ရှင်သန်ခွင့်မပေးဖို့ အရေးကြီးကြောင်း ပြင်သစ်ပညာရှင် မီးအားဘူ- Mirabeau (၁၇၄၉-၉၁) က ထောက်ပြတယ်။ အင်္ဂလိပ်မြေရှင်စနစ်ရဲ့ အစဉ်အလာတွေကို အမေရိကန်မှာ လက်မခံသင့်ကြောင်း ပြင်သစ်တော်လှန်ရေးမတိုင်မီ (၅) နှစ်အလိုမှာ မီးအားဘူ က လေ့လာသုံးသပ်ခဲ့တာဖြစ်တယ်။

ဒီဒါရိုး၊ ဒေါလ်ဘတ်ရှ၊ မီးအားဘူ၊ ဘရီစို၊ ကိုးဒိုစေး၊ ဂျက်ဖာဆင်၊ တွမ်ပိန်းနဲ့ အခြား အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်ပညာရှင်တွေရဲ့ အရေးအသားမှာ အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ လွတ်လပ်ရေး၊ လူ့အခွင့်အရေး စတဲ့ ဒီမိုကရေစီသဘောတရားတွေကို တွေ့မြင်နိုင်တယ်။ အမေရိကန်တော်လှန်ရေး၊ ဒတ်ခ်ျတော်လှန်ရေးနဲ့ ပြင်သစ်တော်လှန်ရေးမှာ ဒီမိုကရေစီသဘောတရားကို သွတ်သွင်းပေးနိုင်တာဟာ ဒီပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်အရေးအသားပဲ ဖြစ်တယ်လို့ ဂျော်နသန်အစ္စရေးက ဆိုပါတယ်။ ခေတ်ကို ပြောင်းလဲအောင် လုပ်ရာမှာ တော်လှန်တဲ့ အတွေးအခေါ် အယူအဆဟာ အဓိကကျတယ်လို့ ဆိုတာပါပဲ။

ဥပဒေပြုရေး၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး၊ ကိုလိုနီအရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး စတာတွေနဲ့ ပတ်သက်တဲ့ အခြေခံအတွေးအခေါ် အယူအဆတွေကို အပြည့်အ၀ ပြောင်းလဲနိုင်မှသာ တော်လှန်ရေးဖြစ်ပေါ်နိုင်တယ်လို့ ပြင်သစ်ပညာရှင် ကိုးဒိုစေး (Condorcet) ၁၇၄၃-၉၄ က ဆိုတယ်။ ဒီအယူအဆဟာ ပြင်သစ်တော်လှန်ရေးဖြစ်ပွားချိန် ၁၇၈၉ ကစပြီး ၁၈၅၀ လောက်အထိ အနှစ် (၆၀) လောက် ခေတ်စားလာခဲ့တယ်။ လူ့အဖွဲ့အစည်းမှာ အခြေခံအပြောင်းအလဲဖြစ်မှ အတွေးအခေါ် ပြောင်းလဲနိုင်တယ်ဆိုတဲ့ မာစ်ဝါဒ Marxism ခေတ်စားလာတော့မှ အတွေးအခေါ် အယူအဆဟာ အခြေခံမကျဘူးဆိုတဲ့ သဘောတရားခေတ်စားလာတယ်။

အတွေးအခေါ် အယူအဆသစ်နဲ့ တော်လှန်ရေးဆင်နွှဲကြပေမယ့် ခေတ်ဟောင်းဓလေ့တွေဟာ နေရာအတော်များများမှာ ဆက်ပြီး သက်ဆိုးရှည်နေတာတွေ့ရတယ်။ ခေတ်ဟောင်းရဲ့ ဖိနှိပ်မှုနဲ့ အယူသီးမှုတွေကို နှစ်ပေါင်းများစွာ တိုက်ဖျက်ရပါတယ်။ တော်လှန်ရေးဆင်နွှဲပြီးတဲ့အခါမှာ အမေရိကန်တွေဟာ လွတ်လပ်မှု၊ ကြွယ်ဝမှုနဲ့ သိက္ခာရှိမှုတွေကို အနည်းအကျဉ်းခံစားရပြီး ဥရောပသားတွေကတော့ ဆင်းရဲစုတ်ပြတ်နေတယ်လို့ အမေရိကန်ကိုသွားလည်တဲ့ ပြင်သစ်ပညာရှင် ဘရီစိုက ဆိုပါတယ်။ ဒီလို မညီမမျှဖြစ်တာဟာ လူ့သဘာဝဖြစ်ကြောင်း၊ ချမ်းသာပြီး အာဏာရှိသူရှိသလို ဆင်းရဲပြီး နာခံရသူရှိတာဟာ သဘာဝဖြစ်ကြောင်း၊ ဒီဓလေ့ထုံးစံပျက်သွားရင်သာ မကျေမနပ်ဖြစ်ပြီး ပြဿနာပေါ်တာဖြစ်ကြောင်း၊ ဒါကြောင့်မို့ လူများစု အသိဉာဏ်ပွင့်လင်းအောင် မလုပ်သင့်ဘူးလို့ ဗော့တယ် Voltaire (၁၆၉၄-၁၇၇၈) က ဆိုတယ်။ ကမ္ဘာကြီးဟာ ဘုရားသခင် အလိုတော်အတိုင်း ဖြစ်နေတာဆိုတဲ့အမြင်ကို လူကြိုက်များတယ်။

ဒေါလ်ဘတ်ရှ d’Holbach (၁၇၂၃-၈၉) ကတော့ ဆင်းရဲဒုက္ခဖြစ်နေရတဲ့ လက်ရှိစနစ်ဆိုးက ဘယ်လိုရုန်းထွက်ရမလဲ ဆိုတာကိုသာ စဉ်းစားတယ်။ လက်ရှိအနိဋ္ဌာရုံကိုဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေ အများကြီးရှိနေတဲ့အတွက် ဖောက်ပြန်နေတဲ့ စနစ်တခုလုံးကို ဖျက်သိမ်းပြီး တရားမျှတတဲ့စနစ်နဲ့ အစားထိုးဖို့ပဲရှိတယ်လို့ ဒေါလ်ဘတ်ရှက ယူဆတယ်။ ဒီလိုလုပ်ရာမှာ အမှားကိုထောက်ပြီး အမှန်တရားကို ဖော်ထုတ်တဲ့နည်းလမ်းကို သုံးရမယ်လို့ ဆိုပါတယ်။ မှားယွင်းမှုတွေကြောင့် အနိဋ္ဌာရုံတွေနဲ့ ကြုံတွေ့နေရတယ်လို့ ယုံကြည်လာရင် ဒီအမှားတွေကို မဖြစ်မနေ သတ္တိရှိရှိနဲ့ ကိုယ်တွယ်ဖြေရှင်းရမယ်လို့ ဒေါလ်ဘတ်ရှကဆိုတယ်။ နှစ်ပေါင်း (၂၀၀) ကျော်က ဒေါလ်ဘတ်ရှပြောတဲ့နည်းကို အခုအထိ သုံးနေတုန်းပါပဲ။

တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှု စတာတွေကို တောင်းဆိုတဲ့ ပညာရှင်တွေအားလုံးဟာ လွတ်လပ်စွာတွေးခေါ်ခွင့်နဲ့ လွတ်လပ်စွာ အသိဉာဏ်ပြန့်ပွားခွင့်ရှိမှ လူ့အဖွဲ့အစည်းအကျိုးခံစားရမယ်လို့ ယူဆကြတယ်။ ပြည်သူ့ဆန္ဒမှာ အခြေခံတဲ့ နိုင်ငံရေးအာဏာကသာ တရားဝင်ကြောင်း ဒီဒါရိုးနဲ့ဒေါလ်ဘတ်ရှတို့က ၁၇၇၀ မှာ စာတမ်းထုတ်ဝေတယ်။ လူသားရဲ့ အခြေခံအခွင့်အရေး ဖောက်ဖျက်ခံနေရလို့ မင်းဆိုးမင်းညစ်ကို လက်နက်ကိုင်တော်လှန်တာဟာ တရားတဲ့လုပ်ရပ်လို့ဆိုတယ်။

အစိုးရဟာ အခြေခံဥပေဒအရ တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ ပြည်သူလူထုအကျိုးကို မသယ်ပိုးရတဲ့အစိုးရဟာ မင်းဆိုးမင်းညစ် (tyrant) ဖြစ်တယ်လို့ တော်လှန်တဲ့ (၁၈) ရာစု တွေးခေါ်ရှင်တွေက ယူဆပါတယ်။ အစဉ်အလာ အယူအဆအရဆိုရင် အမေရိကန်ကိုလိုနီတွေဟာ အင်္ဂလိပ်ဘုရင့်အစိုးရကို တော်လှန်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် အမေရိကန်ကိုလိုနီတွေကို အကျိုးမပြုတဲ့ ဘုရင့်အစိုးရလို့ ယူဆတဲ့အတွက် လက်နက်ကိုင်တော်လှန်ကြတာဖြစ်တယ်။ သဘောတရားအမြင်မပြောင်းရင် အမေရိကန်တော်လှန်ရေး ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ သဘောတရားအမြင်နဲ့ လက်တွေ့အခြေအနေကို ကိုက်ညီအောင် လုပ်နိုင်တဲ့အတွက် တော်လှန်ရေးအောင်မြင်သွားတယ်။ (၁၈) ရာစု ဒုတိယပိုင်းမှာ ဖြစ်ပေါ်တဲ့ အတွေးအခေါ်တော်လှန်ရေးဟာ လူ့သမိုင်းတခုလုံးကို ပြောင်းလဲစေတဲ့အတွက် ဒီကာလမှာ ပေါက်ဖွားလာတဲ့ အတွေးအခေါ် အယူအဆတွေကို မသိရင် ဒီတော်လှန်ရေးကို သဘောပေါက်နိုင်မှာမဟုတ်ဘူးလို့ ဂျော်နသန်အစ္စရေးက သုံးသပ်တင်ပြထားပါတယ်။

(၁၈) ရာစု ဒုတိယပိုင်းကာ မြန်မာပြည်မှာ ကုန်းဘောင်မင်းဆက် တည်ထောင်ချိန်ဖြစ်တယ်။ အလောင်းဘုရင်း ၁၇၅၂-၆၀၊ နောင်တော်ကြီးမင်း ၁၇၆၀-၆၃၊ ဆင်ဖြူရှင် ၁၇၆၃-၇၆၊ စဥ့်ကူမင်း ၁၇၇၆-၈၂ နဲ့ ဘိုးတော်ဘုရား ၁၇၈၂-၁၈၁၉ စတဲ့ အကြွင်းမဲ့ အာဏာရှင် ကုန်းဘောင်မင်းတွေ ကြီးစိုးချိန်ပါပဲ။ စဥ့်ကူမင်းကလွဲပြီး အားလုံး ယိုးဒယား (ထိုင်း) ကို ၀င်ရောက်တိုက်ခိုက်ကြသူတွေ ဖြစ်တယ်။ မြန်မာ့လူ့ဘောင်ဟာ ပြောင်းလဲတိုးတက်မှုမရှိဘဲ ရေသေလို ရပ်တန့်နေတဲ့အတွက် ဒီခေတ်မှာ အတွေးအခေါ်အသစ်အဆန်းတွေ၊ ကြံဆချက်တွေ မပေါ်ထွက်တာ ထင်ရှားတယ်လို့ ကွယ်လွန်သူ မြန်မာ့သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်က မှတ်ချက်ချပါတယ်။

အပိုင်း (၃) ဆက်လက်ဖော်ပြပါမည်။

source:ခေတ်ပြိုင်

Saturday, May 22, 2010

IDEA နှင့်စပ်လျဉ်းသည့် IDEA များ -


Idea ဟူသည်နှင့် စပ်လျဉ်း၍ ပညာရှင်တို့ ဝေဖန်သုံးသပ် ပြောဆိုခဲ့သော စကားများသို့မဟုတ် Idea နှင့်စပ်လျဉ်းသည့် ၄င်းတို့၏ idea ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို အနည်းငယ် ရှင်းလင်းထားဖို့ လိုမည် ထင်ပါသည်။ ယခု စာပိုဒ်ထဲတွင် ပါဝင်သည့် idea ဟူသော အသုံးအနှုန်းများသည် မြန်မာဘာသာ၌ အတွေးအမြင်၊ အယူအဆ၊ ယုံကြည်ချက်၊ မှတ်ယူချက်၊ စိတ်ကူးစိတ်သန်း၊ အထင်အမြင်စသည့် စကားလုံး များနှင့် အဓိပ္ပာယ်ချင်း နီးစပ်ဆင်တူသည်ဟု ယေဘုယျပြောလိုသည်။
Thursday, 18 March 2010 01:02 |

ယခု စာပိုဒ်တွင် ရေးသားသည့်အခါ ထိုစကားလုံးများထဲတွင် အလျဉ်းသင့်ရာကို လည်းကောင်း၊ တစ်ခါတစ်ရံ idea ဟူသော အင်္ဂလိပ်စကားလုံး အတိုင်းပင်လည်းကောင်း သုံးနှုန်းသွားမည် ဖြစ်ပါသည်။


* * ရှေးဦးစွာ idea ဘာကြောင့် အရေးကြီးသလဲ။ လူတွေ ကျောက်ခေတ်နှင့် အဲသည်မတိုင်မီခေတ်များမှသည် ယနေ့အခြေအနေအထိ ပြောင်းလဲ တိုးတက်လာခြင်းသည် idea များကြောင့် ဖြစ်သည်။ တိရစ္ဆာန်လောကမှာလည်း သဘာဝပတ်ဝန်းကျင် အနေအထားများပေါ် မူတည်ကာ တရွေ့ရွေ့ ပြောင်းလဲသည့် အီဗော်လူရှင်း (evolution) ဖြစ်စဉ်ရှိတာများ သိကြသည်။ သို့သော် လူသား၏ ပြောင်းလဲမှု နှင့်စာသော် တိရစ္ဆာန်တို့ အနေအထားက စတင်ဖြစ်ပေါ်ချိန်မှသည် မျိုးပြုတ်ပျောက်ကွယ်သွားချိန်ထိ သည် အတိုင်း သည်အတိုင်းပဲ ဟုဆိုရလောက်အောင် အပြောင်းအလဲ နည်းပါးလှသည်။ လူကော့ မှတ်ဉာဏ်၊ ကွန့်မြူးတတ်သောဉာဏ်နှင့် အကြောင်းအကျိုးကို သိမြင်တတ်သော ဉာဏ်တို့ကြောင့် စိတ်ကူးစိတ်သန်း (idea) အသစ်တွေမပြတ် တီထွင် ထုတ်လုပ်ခွင့်ရရှိကာ ယင်းစိတ်ကူးစိတ်သန်းတို့၏ ရှေ့ဆောင်မှုဖြင့် သဘာဝဘောင်ကိုကျော်ကာ မိမိခရီးလမ်းကို မိမိဘာသာ စီစဉ်လျှောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း အင်္ဂလိပ်စာရေး ဆရာကြီး အိပ်(ချ)၊ ဂျီ၊ ဝဲလ်(စ်) (H.G Well 1866-1946) က အနှစ်သာရသဘောပြောရသော် လူ့သမိုင်းဟူသည် အတွေးအမြင် အယူအဆတို့၏ သမိုင်းပင်တည်း၊ (Human history is, in essence, a history of ideas.) ဟု ဆိုခဲ့ခြင်းဖြစ်သည်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွား ရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုစသည့် လူ့အဖွဲ့အစည်း၏ မျက်နှာစုံ၌ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲတွေသည် ပြင်ပမှာ တကယ်မဖြစ်မီ လူတို့၏ ဦးခေါင်းထဲ၌ စိတ်ကူးစိတ်သန်းများ၊ အတွေးအကြံများ၊ ယုံကြည်ချက်များအဖြစ် စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်မူ၊ ယနေ့ ကမ္ဘာသည် ခေတ်အဆက်ဆက် ထွန်းကားပေါ်ပေါက်ခဲ့သည့် မြောက်မြားစွာသော လူ့အတွေ့အကြံ၊ အယူအဆတို့ သွန်းလောင်းပုံဖော်ခဲ့သည့် ကမ္ဘာဖြစ်သည်ဟု ဆိုနိုင် သည်။ အမေရိကန် သမ္မတတစ်ဦးဖြစ်သူ ဂျိမ်း(စ)ဂါးဖီးလ် (James A.Garfield 1831-81) ကမူ သွန်းလောင်း ပုံဖော်သည် ဆိုသလောက်နှင့် ကျေနပ်ပုံမရ။ အတွေးအမြင် အယူအဆများက ကမ္ဘာကို ထိန်းချုပ်စီမံလျက် ရှိသည်။ (Idea control the world) ဟူ၍ပင် ဆိုခဲ့သည်။
* * ခေတ်ကာလ အသီးသီးမှာပင် လူ့အဖွဲ့အစည်းက တောင်းဆိုလာသည့်အခါမျိုး၊ တစ်နည်းပြောသော် လူ့အဖွဲ့အစည်းအတွက် လိုအပ်လာသည့်အခါမျိုးတွင် အယူအဆသစ်တွေ ပေါ်ထွက် လာလေ့ရှိသည်။ သို့သော် အဲသည် အသစ်ဆိုတာတွေထဲတွင် တကယ်သစ်တာတွေလည်း ရှိသည်။ အဟောင်းထဲက ဆင့်ပွားဖြစ်ပေါ်တာတွေ ပါသလို၊ အဟောင်းတွေပင် အသွင်တစ်မျိုးနှင့် ပြန်လည်ပေါ်ပေါက်လာတာမျိုးလည်း ရှိတတ်သည်။ ထို့ကြောင့်လည်း idea အများစုတို့သည် အခြား idea များထဲမှ အဆင့်ဆင့်ပေါက်ဖွားလာသည့် သား သမီးများ ဖြစ်သည်။ (Most ideas are step-by-step children of other ideas) ဟူ၍ အေ၊ အက်(ဖ)၊ အော်စဘွန်း (A.f. Osbom) ကဆိုပြီး၊ အမေရိကန် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦးဖြစ်သူ အော်စတင် ဖဲ့လ်(ပ)(စ) (Austin Phelps 1820-90) ကလည်း အယူအဆ ကြီးကြီးမားမားများမှာ မူရင်းပိုင်ရှင် သို့မဟုတ် စတင်ထုတ်ဖော်သူ ရှိနေတတ်သည် (A great idea is usually original to more than one discoverer.) ဟူ၍ ဆိုခဲ့ခြင်း ဖြစ်သည်။ အသစ်ပြန်ပေါ်လာသော အယူအဆဟောင်းတွေ တန်ခိုးကြီးတတ်ကြောင်း ဖော်ပြသည့် ထင်ရှားသော စကားတစ်ခုလည်းရှိသည်။ 'There is nothing so powerful as an old idea whose time has come again'. (သူ့အချိန်အခါ ပြန်လည်ကျရောက်လာသည့် အယူအဆဟောင်း တစ်ခုလောက် တန်ခိုးစွမ်းအား ကြီးမားသောအရာ မရှိပေ) ဟူသော စကားဖြစ်သည်။ ပြောကြားသူက ဘင်ဝပ်တင်ဘာ့ဂ် (Ben Wattenberg 1933-) ဆိုသော ပုဂ္ဂိုလ်။ ကျွန်စနစ်တိုက်ဖျက်ရေး လှုံဆော်ရေးသားခြင်းဖြင့် ထင်ရှားခဲ့သည့် အမေရိကန် ဝတ္ထုရေး ဆရာမ ဟဲရိယက်ဘီးချာစတိုး (Harriet Beecher Stowe 1811-96) ကလည်း တစ်ကျော့ပြန် အယူအဆ ဟောင်းတို့ အရှိန်အဟုန်ကြီးတတ်ပုံကို တအံ့တသြ ပြောဖူးသည်။ သူက 'By what strange law of mind is it, that an idea long overlooked, and trodden under foot as a useless stone, suddenly sparkles out in new light as a discovered diamond? (ကာလရှည်ကြာ မေ့လျော့ပစ်ပယ်ကာ အသုံး မဝင်သော ကျောက်ခဲတစ်တုံးလို မလေးမစားတက်နင်းဖြတ်ကျော်သွားနေသည့် idea ဟောင်းတစ်ခု အမြင်သစ် အလင်းသစ် (အခြေအနေသစ်)အောက်မှာ ယခုမှ လတ်တလောတွေ့ရသည့် စိန်ပွင့်တစ်လုံးလို ရုတ်တရက်လင်းလက် ထွက်ပေါ်လာတတ်ခြင်းမှာ လူ့စိတ်၏မည်သို့ ဆန်းကြယ်သော သဘာဝမျိုးကြောင့် ပေလဲ) ဟု သူမက မေးခွန်းထုတ်သည်။
* * အရင်းမူလ ဘယ်ကစသည်ဖြစ်စေ၊ ကာလဒေသတစ်ခု၌ အသစ်ဖြစ်ပေါ်ပေါက်လာသည့် ထူးခြား သော အယူအဆတစ်ခုသည် အတိုက်အခိုက် အထိုးအနှက်တွေကြောင့် ၄င်းကိုင်တိုင်ရပ်တည်တွေကြောင့် ၄င်း၏ဂယက်က ရှိရင်းစွဲအယူအဆများနှင့် အသားကျနေသည့် လူအများစုတို့ အပေါ်သက်ရောက်မှု ပြင်းထန်လေ့ရှိသည်။ Civil disobedience (အနုနည်းအာဏာ ဖီဆန်ရေး) အယူအဆဖြင့် ထင်ရှားသည့် အမေရိကန် တွေးခေါ်ရှင် သောရိုး (Henny David Thoreau 1817-62) က အယူအဆသစ်များ ဤကမ္ဘာမြေသို့ ဝင်ရောက်လာပုံမှာ အလျှံညီးညီးပေါက်ကွဲ မြည်ဟည်းပြီး ဥက္ကာခဲများ ကျရောက်လာပုံနှင့် ဆင်တူလှသည်။ (New ideas come into this world somewhat like falling meteors, with a flash and an explosion.) ဟု ဆိုသည်။ Idea အသစ်ကို ဝိုင်းဝန်းဆန့်ကျင်တိုက်ခိုက်တတ်ပုံနှင့် စပ်လျဉ်း၍ အင်္ဂလိပ်တွေးခေါ်ရှင်ကြီး ဘာထရန်ရပ်ဆဲလ် (Bertrand Russell 1872-1970) က (The instinct of conventionally, horror of uncertainty and vested interest, all militate against the acceptance of a new idea) ဟူ၍ ရေးသားခဲ့ဖူးသည်။ အစဉ်အလာကို မူသေစွဲတတ်သော စိတ်၊ သေချာဂန မသိရသော အခြင်းအရာကို စိုးရိမ်ထိတ်လန့်တတ်သော သဘာဝနှင့် ပစ္စက္ခ အနေအထားတွင် အထူးအခွင့်အရေး ခံစားနေရမှုများ အားလုံး စုပေါင်းကာ အယူအဆသစ်တစ်ခု လက်မခံဖြစ်အောင် တွန်းလှန်တိုက်ခိုက်တတ်ကြသည် ဟူသော သဘောပင်။ လူသမိုင်း သို့မဟုတ် အယူအဆတို့၏ သမိုင်းကိုကြည့်လျှင် အယူအဆသစ်နှင့် အယူအဆသစ် သမားတို့အား ပြင်းထန်စွာဝေဖန်တိုက်ခိုက်ခြင်း၊ ရှုတ်ချခြင်း၊ ဖဲကြဉ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ မီးရှို့ ကွပ်မျက်ခြင်း၊ ကားစင်တင်စီရင်ခြင်း အပါအဝင် ကြမ်းကြုတ်စွာ နှိပ်ကွပ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ရပ်တွေ ပြည့်နှက် လျက်ရှိကြောင်း တွေ့ရနိုင်သည်။ စတင်ထွက်ပေါ်စဉ်ကာလ အယူအဆသစ် တစ်ရပ်သည် မွေးကင်းစကလေးသဖွယ် နုနယ်သော သဘောရှိသည်။ သည်အချိန်တွင် အင်အားတစ်စုံတရာက နှိပ်ကွပ်သော် ချက်ချင်းပင် ပျက်သုဉ်းကြေပြုန်း သွားမည်ဖြစ်သည်။ ထို့ကြောင့်လည်း အင်္ဂလိပ်စာရေးဆရာ ဆင်မြူရယ်ဘတ်တလာ (Samuel Butler 1835-1902) က၊ အယူအဆ သစ်တိုင်းမှာပင် ကလေးမွေးဖွားရခြင်းနှယ် ဝေဒနာနှင့် ဘေးအန္တရာယ်များ ရောယှက်ပါဝင် နေတတ်မြဲဖြစ်သည်။ (Every new idea has something of the pain and peril of children about it.) ဟူ၍ ဆိုခဲ့ခြင်း ဖြစ်သည်။ အယူအဆသစ်များကို တားဆီးချေဖျက်ရာ၌ အများဆုံး အသုံးပြုလေ့ရှိသည့် ဆင်ခြေတစ်ခုက လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေသည် ဟူသော အချက်ဖြစ်၏။ ထုံးစံအားဖြင့်မူ လက်ရှိ လူ့အဖွဲ့အစည်းအတွင်း လွှမ်းမိုးတွင်ကျယ်လျက်ရှိသည့်အယူအဆ(များ)နှင့် ဆန့်ကျင်သော အယူအဆသစ် သည် အန္တရာယ်တံဆပ်ခတ်နှိပ်ခြင်းခံရမြဲ ဖြစ်သည်။ နိုင်ငံရေး စီးပွားရေး တွေးခေါ်ရှင်ကြီး ကားလ်မာ့က်(စ) (Karl Marx 1818-83) ကမူ၊ ခေတ်ကာလတစ်ခုစီ၌ လွှမ်းမိုးတွင်ကျယ်နေတတ်သော အယူအဆများဟူသည် ၄င်းရှိအုပ်စိုးသူ လူတန်းစား၏ အတွေးအမြင် အယူအဆများသာ ဖြစ်ရိုးထုံးစံရှိ၏။ (The ruling ideas of each age have ever been the ideas of its ruling class.) ဟု ဆိုခဲ့ရာ ၄င်းအတိုင်းသာ မှန်က ခေတ်ကာလ အယူအဆနှင့်ဆန့်ကျင်ကွဲလွဲနေသော အယူအဆသစ်သည် အန္တရာယ်ပေးခြင်းခံရမှာ သေချာနေပေသည်။ အများနှင့်မတူသော အယူအဆအတွက် ပြဿနာတက်ခဲ့သူတစ်ဦး ဖြစ်သည့်အိုင်းရစ်စာရေး ဆရာ အော်စကာဝိုင်းလ်(ဒ) (Oscar Wilde 1854-1900) ကတော့၊ အန္တရာယ်မရှိသော အယူအဆ (အန္တရာယ်ရှိသည်ဟု သတ်မှတ်ခြင်း မခံရသော အယူအဆ) ဟူသည် အယူအဆဟူ၍ ခေါ်ဆိုခြင်းငှာပင် မထိုက်၊ (An idea that is not dangerous is unworthy of being called an idea at all.) ဟု ဆိုခဲ့သည်။ အယူအဆသစ်လို့ဆိုသေး၊ ဘယ်သူကမှလည်း ရှူးရှူးရှားရှား ပြဿနာမတက်၊ အားလုံး အေးအေးဆေးဆေး ဆိုလျှင် အလကား၊ ဘာတန်ဖိုးမှ မရှိသည့် အယူအဆဟု ဆိုလိုခြင်း ဖြစ်သည်။ သည်သဘောကိုပင် ဒေးဗစ်ယိုဟို (David Yoho) က အယူအဆ တစ်ရပ်၏ စွမ်းအား အနည်း အများကို ယင်းအားမည်သည့် အတိုင်းအတာထိ ခုခံဆန့်ကျင်ကြသလဲ ဟူသည်နှင့် တိုင်းတာနိုင်သည်။ (The power of an idea can be measured by the degree of resistance it attracts.) ဟူ၍ ဖော်ပြ ခဲ့သည်။ တစ်နည်းဆိုရသော် ပြောစမှတ် ပြုလောက်သော အယူအဆသစ်မှန်လျှင် တုံ့ပြန်သံတွေ ကျယ်လောင် ရမည်ဟူသော သဘောပင် ဖြစ်သည်။ ၁၉ ရာစု အမေရိကန် စာရေးဆရာတစ်ဦးဖြစ်သူ ဒလဗျူ၊ အမ်၊ ပက္က(စ)တန် (W.M. Paxton) က ကမ္ဘာလောကထဲအယူအဆတွေ ဖြတ်သန်းဝင်ရောက်လာသည့် အသံသည် အမြောက်သံထက် ကျယ် လောင်သည်။ (Idea go booming through the world louder than cannon.) ဟူ၍ ဆိုခဲ့သည်။ အဟောင်းများကို ထိုးဖောက် ဝင်ရောက် နိုင်စွမ်းရှိသည့် အယူအဆသစ်တို့၏ စွမ်းအားနှင့် ပတ်သက်၍လည်း (Thoughts are mightier than armies. (အတွေးအမြင် အယူအဆတို့သည် စစ်တပ်များထက်ပင် အင်အား ကြီးမားသည်။) ဟု ဆိုသည်။ သည် သဘောအတိုင်းပင် ပြင်သစ် စာရေးဆရာကြီး ဗစ်တာဟျူးဂိုး (Victor Hugo 1802-85) ကလည်း၊ စစ်တပ်များဖြင့် ကျူးကျော်ဝင်ရောက်လာသည်ကို ခုခံတားဆီးနိုင်၏။ အယူအဆများ ဝင်ရောက်လာခြင်းကိမူ ခုခံတားဆီးခြင်းမပြုနိုင်။ (One can resist the invasion of armies; one cannot resist the invasion of ideas.) ဟု ဆိုခဲ့သည်။
* * အယူအဆသစ်ဖော်ထုတ်တင်ပြသူ အများစုပင် အစကနဦး၌ အရူးတွေ၊ အတွေးခေါင်သူတွေ၊ လူကြောင်တွေ၊ တစ်ယူသန် တဇောက်ကန်း တွေဟု အထင်ခံရ တတ်သည်။ သာမန် လူအများစု အယူအဆသစ်ဆိုလျှင် ထိတ်လန့်ချင်ကြသည်။ အချို့လူများကျတော့လည်း အယူအဆဟောင်းဆိုလျှင် တစ်ဖက်စောင်းနင်းအစွဲအလမ်း (prejudice) တွေ၊ အသစ်တွေကျတော့လည်း စိတ်ရူးပေါက်ပြီး လျှောက်ပြောနေတာ (caprice) တွေဟု ထင်တတ်ကြသည်။ ဒါကြောင့်လည်း အယူအဆသစ် အတော်များများတွင် လူအများကြား အတော်ပြန့်သွားပြီးသည့် အခါသာ နေသားတကျ ဖြစ်သွားကြသော်လည်း ရုတ်တရက် အစမှာမူ မကြားဝံ့မနာသာတွေ၊ မကြံသင့် မကြံစည်ရာတွေ၊ ဘယ်လိုမှ မဖြစ်တန်ရာတွေ ဖြစ်နေတတ်ကြသည်။ ဥပမာ ... ဒါဝင်၏ အီဗော်လူးရှင်း သိအိုရီဆိုလျှင် အစပိုင်း၌ အငြင်းအခုံတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး၊ နောက်ပိုင်းကျမှသာ အများ လက်ခံသွားကြခြင်း ဖြစ်သည်။ သည်မှာပင်လျှင် ဒါဝင်အနေနှင့် သည်အယူအဆကို စတင်တွေ့သိစမှာပင် ထုတ်ဖော်တင်ပြခဲ့သည် မဟုတ်။ ဘာသာရေးအသိုင်းအ၀ိုင်းက ထွက်ပေါ်လာမည့် ကြီးမားသော ဂယက်ကို ကြောက်သဖြင့် ဆယ်စုနှစ်နှင့်ချီကာ သူအယူအဆကို သိမ်းဆည်း သိုဝှက်ထားခဲ့ရသေးသည်။ သည် သဘောကို ရုရှားစာရေးဆရာကြီး ဒေါ့စတိုယက်(ဗ)စတီး (Fyodor Dostoevsky 1821-81) က The Brothers Karamazov ဝတ္ထုတွင်၊ သူတို့အရင် ရှေ့ဘက် ၁၀နှစ်လောက်အဖို့မှာ ဘယ်လိုမှ စဉ်းစားဝံ့စရာ မရှိခဲ့တဲ့ အတွေးအခေါ် အယူအဆတွေလူ့သမိုင်း တစ်လျှောက် ဘယ်လောက် အမြောက်အမြား ပေါ်ပေါက်ခဲပြီလဲ၊ (How many ideas have there been in the history of man which are unthinkable ten years before they appeared?) ဟူ၍ ဇာတ်ကောင်တစ်ဦး၏ နှုတ်မှ တစ်ဆင့် ပြောကြားခဲ့ဖူးသည်။ စင်စစ် အစပိုင်း၌ အယူအဆသစ်တစ်ခုကို လက်မခံနိုင်၊ အကျိုးသင့် အကြောင်းသင့် စဉ်းစား ဆင်ခြင်မှုမပြုနိုင်ခြင်းသည် ယခင်လက်ခံထားခဲ့သော သို့မဟုတ် အမှတ်မထင် ခေါင်းထဲဝင်ရောက်စွဲကပ် နေသော အယူအဆများကြောင့် ဖြစ်သည်။ ဂျိုနသန် အက်ဒဝပ်(စ) (Jonathan Edwards 1703-58) က the ideas and images in men's minds are the invisible powers that constantly govern them; and to these they all pay universally a ready submission. (လူတို့ခေါင်းထဲတွင် ရောက်ရှိနေသည့် အယူအဆများ အာရုံပုံရိပ်များသည် မမြင်ရသော တန်ခိုးစွမ်းအားရှင်များအဖြစ် လူကို မပြတ်စိုးမိုးချုပ်ကိုင် လျက်ရှိ၏။ ထိုတန်ခိုးရှင်များ ရှေ့မှောက်၌ အခါခပ်သိမ်းပင် မဆိုင်းမတွ ရိုသေဝပ်တွားကြ၏။ ဟုဆိုခဲ့သည်။ ခေါင်းထဲမှာ စွဲကပ်နေသော အယူအဆတစ်ခုကို မတူသော အခြားအယူအဆတစ်ခုဖြင့် အလွယ် တကူတိုက်ထုတ်ပစ်၍ မရ။ မိမိ၏မူလ အယူအဆကို ဆန့်ကျင်ချေဖျက်နေသော သို့မဟုတ် မှားယွင်းကြောင်း သက်သေပြနေသော အရှိပကတိ အနေအထားတွေ မကြာခဏ တွေ့ရမြင်ရ ဖန်များတော့မှသာ ၄င်းအယူအဆသည် ယိုင်နဲ့၍လာ၏။ အဲသည် အချိန်တွင် အရှိပကတိနှင့် ညီညွတ်သော အယူအဆသစ်နှင့် တွေ့သောအခါ အသစ်ကို လက်ခံမိတတ်ကြသည်။ သို့သော်ချက်ချင်း မဟုတ်။ အစပထမတွင် ခုခံ တတ်သေးသည်။ အကြောင်းက မိမိကိုင်စွဲခဲ့သော အယူအဆတစ်ခု မှားယွင်းကြောင်း အသိအမှတ်ပြုရတာ မလွယ်ကူသောကြောင့် ဖြစ်သည်။ သည်အချက်ကို ဂျာမန် စာရေးဆရာကြီး တောမတ်(စ)မန်း (Thomas Mann 1875-1955) က We are most likely to get angry and excited in our opposition to some idea when we ourselves are not quite certain of our own position, and are inwardly tempted to take the other side. (အယူအဆ တစ်စုံတစ်ရာကို မိမိဆန့်ကျင်နေသည့် တစ်ပြိုင်တည်းမှာ မိမိရပ်တည်ချက် ကလည်း မသေချာ၊ အတွင်းစိတ်ကလည်း တစ်ဖက်သို့ ခပ်ပါပ် ဖြစ်လာသည့် အခါ ကျွန်တော်တို့ အထူးသဖြင့် စိတ်မသက်မသာ ဖြစ်တတ်၊ ဒေါသထွက်ချင်တတ်ကြသည်) ဟူ၍ ဖော်ပြခဲ့သည်။
* * အယူအဆသစ် တစ်ခုအမြစ်တွယ်သွား ပြန့်ပွားသွားပြီဆိုလျှင်ကား အလွယ်တကူ တားဆီး၍မရတော့။ သည်တွင် အဓိက်အချက်တစ်ရပ်က အယူအဆက လူတွေ၏ ဦးနှောက်ကို လွှမ်းမိုးချုပ်ကိုင် သွားတတ်ခြင်း ဖြစ်သည်။ လူတစ်ယောက် ခေါင်းထဲတွင် အခိုင်အမာ နေရာရသွားသော အယူအဆသည် ၄င်းလူ၏ ယုံကြည်ချက် ဖြစ်လာသည်။ ထိုအခါ အများပြောလေ့ရှိကြသည့် ယုံကြည်ချက်အတွက် ဆိုလျှင် အသက်ပေးရန်ပင် ဝန်မလေးဟူသော သဘောရှိလာသည်။ သည်ဖြစ်စဉ်သဘောကို ဂျာမန်ကဗျာစာဆို ဟိုင်းနရစ်(ချ) ဟိုင်းန် (Herinrich Heine 1797-1856) က ရှုထောင့်တစ်မျိုးမှ ယခုလို ပြောဆိုသည်။ You tak of having an idea; we do not have an idea. The idea has us, and drives us into the arena to fight and die for it, whether we want to or not. (လူတွေစကားပြောလျှင် ကျွန်တော်တို့မှာ ဘာအယူအဆရှိသည်ဆိုတာမျိုး ပြောလေ့ ရှိကြသည်။ သို့သော် တကယ်မှာ အယူအဆကို ကျွန်တော်တို့ ရထားသည်မဟုတ်။ အယူအဆက ကျွန်တော်တို့ကို ရရှိထားခြင်းသာ ဖြစ်သည်။ ပြီး .... ကျွန်တော်တို့ လိုလားသည် ဖြစ်စေမလိုလားသည် ဖြစ်စေ အဲသည်အယူအဆက ကျွန်တော်တို့ကို အာဇာနည်တွေဖြစ်အောင် ဖန်တီးသည်။ ကျွန်တော်တို့အား ကြီးစွာသော ဒုက္ခတွေ ပေးသည်။ ကျွန်တော်တို့ကို သတ်ကွင်းထဲ မောင်းထည့်ပြီး သူ့အတွက် တိုက်ပွဲဝင်ခိုင်း အသေခံခိုင်းသည်၊) ဟူ၍/ အယူအဆနှင့် ပတ်သက်လျှင် လူမျာ သတ္တိတွေ ဝင်လာတတ်ပုံနှင့် စပ်လျဉ်း၍လည်း အိုင်းရစ်(ရှ)ပြဇာတ်ရေးဆရာကြီး ဘာနာ့ဒ်ရှော (George Benard Shaw 1856-1950) က အဲဒီလူ ဆိုတဲ့ သတ္တ၀ါကလည်း သူ့အတ္တအကျိုးစီးပွား ကိစ္စမှာတောင် တုတ်တုတ်မှမလှုပ်ရဲအောင် သူရဲဘောကြောင်တဲ့ လူမျိုးဖြစ်နေစေဦးတော့ အယူအဆနဲ့ ပတ်သက်လာရင် သူရဲကောင်းတစ်ယောက်လို တိုက်ခိုက်တတ် တယ်ဗျ၊ (This creature Man, who in his own selfish affairs in is a cowared to the backbone, will fight for an idea like a hero) ဟူ၍ တအံ့တသြ လေသံနှင့် ဆိုဖူးသည်။ အယူအဆ တစ်ခုကို အမြစ်ဖြုတ်ရန် ခက်သည့်နောက်အကြောင်း တစ်ရပ်က အယူအဆဖြန့်ချိ သူတွေ၊ ဖြန့်ချိရာမှာ အသုံးပြုသည့် စာအုပ်စာတမ်းတွေကို ဖျက်ဆီးချေမှုန်းနိုင်သော်လည်း အယူအဆ ကိုယ်တိုင်ကိုကား ကြိုးပေးကွပ်မျက်ခြင်း၊ လူသတ်ကုန်းသို့ ထုတ်၍သုတ်သင်ခြင်း၊ ကားစင်တင်၍ မီးရှို့စီရင် ခြင်းများ မပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ယေးလ်တက္ကသိုလ် အဓိပတိအဖြစ်ဆောင်ရွက်ခဲ့သူ ဂရစ္စဝိုးလ်(ဒ) (Alferd Whitney Griswold 1906-63) က အယူအဆများကို ထောင်ချထား၍ မရ။ သမိုင်းထဲမှာကြည့်လျှင် ရေရှည်၌ ပိတ်ပင်ထားဆီး ရေးသမားနှင့် အယူအဆကို ခုံရုံးတင် စီရင်သူများသာ ရှုံးစမြဲဖြစ်သည်။ (Ideas won't go to jail. In the long run of history, the censor and the inquisitor have always lost.) ဟူ၍ ဆိုသည်။ သို့သော် သူက မိမိ မကြိုက်မနှစ်သက်သော အယူအဆ သို့မဟုတ် မကောင်းဘူးဟု ထင်မြင်သော အယူအဆကို ချေဖျက်နိုင်မည့် နည်းလမ်းကိုတော့လည်း ပေးခဲ့ပါသေးသည်။ အဲ့ဒါက မကောင်းသော အယူအဆများကို သေချာပေါက် တိုက်ဖျက်နိုင်မည့် တစ်ခုတည်းသော လက်နက်ကား ပိုကောင်းသော အယူအဆများသာ ဖြစ်ပါသည်။ (The only sure weapon against bad ideas is better ideas.) ဟူသတည်း။


ဖေမြင့်

အတွေးအခေါ် တော်လှန်ရေး (၁) A Revolution of The Mind by Jonathan Israel


အတွေးအခေါ် အယူအဆသစ်ကို နှစ်ပေါင်းရာချီပြီးကြာမှ လူ့အဖွဲ့အစည်းက လက်ခံတယ်။ အနောက်တိုင်းမှာ ဒီကနေ့ ကျင့်သုံးနေတဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ်ဟာ (၁၇) ရာစုမှာ မြစ်ဖျားခံတဲ့အတွက် သက်တမ်း အနှစ် (၃၀၀) ကျော်ရှိသွားပြီလို့ ပြောနိုင်တယ်။ ပြည်သူ့ကိုယ်စားလှယ်အစိုးရ၊ ညီမျှမှု၊ လွတ်လပ်မှု၊ ဥပဒေပြုရေးနဲ့ ပညာရေးမှာ ဘာသာရေးကင်းရှင်းမှု စတဲ့ အယူအဆတွေဟာ အခြေခံကျတဲ့ အသိဉာဏ်အမြင်ပွင့်လင်းမှု (radical enlightenment) ဖြစ်တယ်။ အာဏာရှင်ဘုရင်စနစ်နဲ့ ဘာသာရေးဂိုဏ်း ကြီးစိုးတဲ့ခေတ်မှာ ဒီလိုအတွေးအခေါ်အယူအဆတွေ ခေါင်းမထောင်နိုင်ဘူး။ လူတစုက လျှို့ဝှက်ဆွေးနွေးခဲ့တဲ့ သဘောတရား ကမ္ဘာက လက်ခံလာတဲ့ အထိ အောင်ပွဲခံလာပုံကို Princeton Institute of Advanced Study ဆိုတဲ့ သုတေသနဌာနက သမိုင်းပါမောက္ခ ဂျော်နသန်အစ္စရေး (Jonathan Israel) ရေးထားတဲ့ စာအုပ် ၂၀၁၀ နှစ်ဆန်းမှာ ထွက်လာတယ်။

ဒေါက်တာ အောင်ခင် / ၁၀ မေလ ၂၀၁၀

အမည်က A Revolution of The Mind အတွေးအခေါ် တော်လှန်ရေးဖြစ်တယ်။ ခေတ်သစ်ဒီမိုကရေစီကို အထောက်အကူပြုတဲ့ အတွေးအခေါ် အယူအဆတွေကြောင့် လူ့အဖွဲ့အစည်းတခုလုံး ပြောင်းလဲလာပုံကို ဖော်ပြထားတာပါပဲ။

အတွေးအခေါ်သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးရှိတယ်။ ဂန္ထ၀င်စာအုပ်တွေရှိသလို မျိုးဆက်သစ်တွေက အမြင်သစ်နဲ့ ရေးထားတာတွေလည်း ရှိတယ်။ ဒါပေမယ့် စနစ်ဟောင်း အကျင့်ဟောင်းကို တော်လှန်ပြီး လူ့စိတ်ဓာတ်ကို ပြောင်းလဲစေခဲ့တဲ့ ဒီမိုကရေစီအခြေခံသဘောတရားတွေကို သီးသန့်လေ့လာပြီး ရေးသားထားတဲ့ စာအုပ်က နည်းတယ်။ ဒီလိုအချိန်မှာ ဂျော်နသန်အစ္စရေးက အတွေးအခေါ် တော်လှန်ရေးအကြောင်း စာမျက်နှာ (၂၀၀) ကျော် ရေးလိုက်တာပါပဲ။ ရှားပါးတဲ့ အမျိုးအစားဖြစ်လို့ မြန်မာစာဖတ်ပရိသတ်အတွက် စာအုပ်ဝေဖန်ခန်းရေးဖို့ စိတ်ကူးမိတယ်။ ဝေဖန်တယ်ဆိုတာမှာ အဓိပ္ပာယ်နှစ်မျိုး ရှိတယ်လို့ မြန်မာစာအဖွဲ့ရဲ့ ၁၉၈၀ ထုတ် မြန်မာအဘိဓာန်အကျဉ်းချုပ်မှာ ဖော်ပြတယ်။ အကောင်းအဆိုးကို သုံးသပ်စိစစ်မှု သို့မဟုတ် ခွဲခြားညွှန်ပြပြောဆိုမှုလို့ အဓိပ္ပာယ်ရသလို၊ စိတ်ဖြာခွဲဝေပေးတာကိုလည်း ဝေဖန်တယ်လို့ ပြောနိုင်တယ်တဲ့။ ဒီအဓိပ္ပာယ်အားလုံး ခေတ်ပြိုင်စာအုပ်ဝေဖန်ခန်းမှာ တွေ့နိုင်မယ်။

မြန်မာက နွားလှည်းလောက်သာလုပ်တတ်ပြီး အမေရိကန်နဲ့အနောက်တိုင်းက အာကာသလောကမှာ သုတေသနလုပ်နေတဲ့ အဆင့်ဆိုတော့ သူတို့ရဲ့အရေးအသားကို သဘောပေါက်ရင်တောင် မြန်မာလိုပြန်ပြောဖို့ ဝေါဟာရ ခေါင်းပါးနေတာတွေ့ရတယ်။ စရိုက်ချင်း ကွဲပြားခြားနားတာရယ် မြန်မာပြည်မှာ လွတ်လပ်မှုဆိတ်သုဉ်းနေတာရယ်ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ပတ်သက်တဲ့ မြန်မာစာ အရေးအသား အလွန်နည်းတယ်။ အပေါ့အပါးစာပေ အရေးအသားတွေများပြီး လေးနက်တဲ့ အရေးအသားနည်းတယ်။ ဒါပေမယ့် ကျနော်တို့တာဝန်က ခက်တဲ့ကိစ္စကို လွယ်အောင်လုပ်ဖို့ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ရှင်းလင်းတင်ပြပါမယ်။ စာမျက်နှာ (၂၀၀) ကျော်ကို (၁၅) မျက်နှာနဲ့ ရှင်းပြရတာမို့ စာရေးသူရဲ့ ဆိုလိုချက်ကို ခြုံငုံမိဖို့ကလည်း အရေးကြီးပါတယ်။ နောက်အခက်အခဲတခုက စာဖတ်ပရိသတ်နဲ့ သက်ဆိုင်တယ်။ ပညာတတ် အင်္ဂလိပ် စာဖတ်ပရိသတ်အတွက် ရေးထားတဲ့စာအုပ်ကို မြန်မာစာတတ်သူတိုင်း နားလည်အောင် ပြန်လည်ရှင်းပြရတာဟာ အတော်လေးဦးနှောက်ခြောက်စရာပါပဲ။

လူအများစုရဲ့ အကျိုးစီးပွားကိုမြှင့်တင်ပြီး လူနည်းစုကြီးစိုးတာကို ဟန့်တားဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကို လက်ရှိမြန်မာစစ်အစိုးရ နားမလည်သလို ရှေးအာဏာရှင် ဥရောပဘုရင်တွေကလည်း လက်မခံနိုင်ကြဘူး။ လူသားရဲ့ အခြေခံလိုအပ်ချက်၊ အခွင့်ရေးနဲ့အဆင့်အတန်းဟာ အတူတူပဲဖြစ်တယ်ဆိုတဲ့ ညီမျှမှုသဘောကိုလည်း ဘုရင်ခေတ်က လက်မခံနိုင်ကြဘူး။ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်လိုအသားအရောင်ပဲဖြစ်ဖြစ် တရားဥပဒေအတိုင်း အားလုံးကို တပြေးတည်း ဆက်ဆံရမယ်ဆိုတဲ့ အယူအဆကို အာဏာရှင်တွေက လက်မခံနိုင်ဘူး။

ဒါကြောင့် အာဏာပိုင်ဘုရင်၊ မြေရှင်ပဒေသရာဇ်နဲ့ ဘာသာရေးခေါင်းဆောင် ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီဓလေ့ကို ပြုစုပျိုးထောင်တဲ့အယူအဆ အတွေးအခေါ်တွေ ပြန့်ပွားအောင်လုပ်ရတာ အလွန်ခက်ခဲတယ်။ Enlightenment (ခေါ်) ပွင့်လင်းတဲ့ အသိဉာဏ်ပညာက ပေါ်ထွက်လာတဲ့ အယူအဆတွေဟာ အနောက်တိုင်းရဲ့ လူမှုရေးနဲ့ နိုင်ငံရေး အခြေခံအတွေး အခေါ်တွေ ဖြစ်လာတယ်။ အစပိုင်းမှာတော့ အာဏာပိုင်အဖွဲ့အစည်းရဲ့ ဖိနှိပ်မှု၊ အာဃာတထားမှု၊ အယူသည်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒီအယူအဆတွေ ခေတ်မစားအောင် နှစ်ပေါင်းသုံးရာကျော် ဖိနှိပ်ဟန့်တားခဲ့ပေမယ့် နောက်ဆုံးမှာ အုပ်ချုပ်သူလူတန်းစားကပါ လက်ခံလိုက်ရတဲ့အတွက် လစ်ဘရယ်ဒီမိုကရေစီ ပေါ်ထွက်လာတာပါပဲ။

အသိဉာဏ်ကင်းမဲမှုနဲ့ ယုံလွယ်မှုကြောင့် လူသားတွေဟာ အဖိနှိပ်ခံ/အနှိမ်ခံနေရတာလို့ (၁၈) ရာစုပညာရှင်အချို့ ပြောတာဟာ အခုခေတ်အထိ မှန်နေတုန်းပါပဲတဲ့။ အသိဉာဏ်ကင်းမဲ့မှုနဲ့ ယုံလွယ်မှုဟာ ဒီမိုကရေစီနဲ့ ပုဂ္ဂလိကလွတ်လပ်မှုရဲ့ ရန်သူတွေဖြစ်ပါတယ်။ (၁၇) ရာစုပညာရှင် ဒေးကတ် (Descartes 1596-1650)၊ ဟော့ဗ်စ် (Hobbes 1588-1679)၊ စပင်နိုဇာ (Spinoza 1632-1677)၊ ဘာလ် (Bayle 1647-1706) စတဲ့ ပညာရှင် (၄) ဦးကို တော်လှန်ရေးအမြင်ရှိသူအဖြစ် ဖော်ပြထားတယ်။

လူ့ဘ၀တိုးတက်ကောင်းမွန်ရေးအတွက် လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ အယူအဆဟာ စာတွေ့မှာ ဖြစ်နိုင်ပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ (၁၇) ရာစုက ယူဆကြတယ်။ (၁၈) ရာစုရောက်လာတော့မှ တော်လှန်တဲ့ အတွေးအခေါ်အယူအဆကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ကုန်ထုတ်လုပ်မှု တိုးတက်အောင် အတတ်ပညာသစ်တီထွင်နိုင်မှု၊ တရားဥပဒေနဲ့ လူ့အဖွဲ့အစည်းတည်ငြိမ်မှု၊ ရောဂါကပ်ကွယ်ပျောက်မှု စတာတွေကြောင့် လူ့ဘ၀ကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ဆင်ခြင်တုံတရား အားထားရင် တိုးတက်လိမ့်မယ်လို့ ယုံကြည်လာကြတယ်။ ဘိုးဘွားတွေ လက်ထက်ကလို အသိဉာဏ်ခေါင်းပါးမှု နည်းပါးသွားတာဟာ တိုးတက်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းပဲလို့ ယူဆလာကြပါတယ်။

(၁၈) ရာစုနှောင်းပိုင်းမှာ စာနယ်ဇင်းလွတ်လပ်မှုနဲ့ သည်းခံနိုင်မှုတွေ ရှိလာတဲ့တွက် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးကို ဘက်ပေါင်းစုံမှာ မြင်တွေ့နေရပြီလို့ ဗောလ်တဲ (Voltaire 1694-1778) က သုံးသပ်တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားကို လူတစုကသာကျင့်သုံးပြီး လူများစုဟာ ခိုင်းတာကိုသာ လုပ်ချင်နေကြတဲ့အတွက် အဖြစ်မှန်ကို မြင်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ လူထုကိုယ်စားပြုတဲ့ ညီလာခံတွေ အဖွဲ့အစည်းနဲ့ဥပဒေတွေ များပြားလာတာကို ဂျာမန်ပညာရှင် ကန့် (Kant 1724-1804) မှတ်တမ်းတင်ထားပါတယ်။ လူ့အဖွဲ့အစည်းဟာ ဘုရင်စနစ်မှာ နိဂုံးမချုပ်ဘဲ ဆက်လက်တိုးတက်နိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံလာကြတယ်။ ဒီနေရာမှာ အယူအဆနှစ်မျိုးကွဲသွားပါတယ်။ စနစ်ဟောင်းကို ပြောင်းပစ်ချင်သူနဲ့ စနစ်ဟောင်းအတွင်းမှာပဲ ပြုပြင်ရေးလုပ်ချင်သူဆိုပြီး နှစ်စုကွဲသွားပါတယ်။

တနည်းဆိုရင်တော့ ဆင်ခြင်တုံတရားနဲ့ စနစ်ဟောင်းကို သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး လက်ရှိစနစ်အတွင်းမှာ ပြုပြင်ရေးလုပ်လိုသူတွေကတဖက်၊ စနစ်ဟောင်း အကျင့်ဟောင်းကို စွန့်လွှတ်ပြီး ဆင်ခြင်တုံတရားတခုတည်းကိုသာ ရှေ့ဆောင်လမ်းပြအဖြစ် အသုံးပြုလိုသူတွေကတဖက် အုပ်စုနှစ် ကွဲသွားပါတယ်။ ဆင်ခြင်တုံတရား (သို့မဟုတ်) စဉ်းစားဉာဏ်ကိုသာ အားကိုးတဲ့ အတွေးအခေါ်အယူအဆမှာ ကိုးကွယ်ယုံကြည်မှုအတွက် နေရာမရှိပါဘူး။ ဒါကြောင့် ခရစ်ယာန်ဘာသာရေးရာမှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုလာကြပါတယ်။ တချို့ကလည်း တော်လှန်တဲ့ အတွေးအခေါ်မှာ ကိုးကွယ်ယုံကြည်မှု (ဘာသာရေး) ဆိုတာမရှိဘူးလို့ ထောက်ပြကြတယ်။ ဒီလိုအတွေးအခေါ် အယူအဆသစ်ကို အပြင်းအထန် ဆန့်ကျင်သူတွေဟာ ဥရောပဘုရင်အစိုးရတွေနဲ့ အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်ပါတယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးကြီး ပေါ်ထွက်လာတဲ့နောက်မှာ ဥရောပအစိုးရတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာလည်း ပိုမိုပြင်းထန်လာတယ်။

အင်္ဂလိပ်ပညာရှင်တွေထဲမှာလည်း (၁၈) ရာစုပါလီမန်စနစ်ကို အကျင့်ပျက်နိုင်ငံရေးစနစ်လို့ ယူဆသူတွေရှိတယ် (Price, Priestly, Paine, Jebb, Thelwall)။ အတိုက်အခံလုပ်ပြီး ရုန်းကန်လှုပ်ရှားတာကို သမိုင်းဖြစ်စဉ်အဖြစ် Thomas Paine(1737-1809) ကမြင်တယ်။ လူတစုကောင်းစားရေးအတွက် အင်အားသုံးပြီး လိမ်ညာအုပ်ချုပ်တဲ့ အစိုးရစနစ်ကနေ လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံပြီး ဆင်ခြင်တုံတရားနဲ့ အုပ်ချုပ်တဲ့အစိုးရစနစ်ကို Tom Paine လိုလားတယ်။

ဒါတွေဟာ စိတ်ကူးယဉ်အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်နိုင်တဲ့အရာဖြစ်ကြောင်း၊ လွတ်လပ်တဲ့ လူ့ဘောင်မှာ ညီမျှမှုကို အခြေခံတဲ့ ကောင်းမွန်တဲ့ဘ၀ကို အစိုးရစနစ်ကတဆင့် တည်ဆောက်နိုင်တယ်လို့ ပြင်သစ်ပညာရှင် ဒေါလ်ဘတ်ရှ (d’Holbach) က ၁၇၇၀ မှာ ရေးတယ်။ မှားယွင်းမှု၊ မသိနားမလည်မှု၊ ဉာဏ်ပညာကင်းမဲ့မှုကြောင့် ပြည်သူတွေဟာ အဖိနှိပ်ခံနေကြရပြီး အစွဲအလမ်းကြောင့် အဖိနှိပ်ခံဘ၀ သက်ဆိုးရှည်နေမယ်ဆိုရင် ဆင်ခြင်တုံတရား၊ သိပ္ပံပညာနဲ့ အမှန်တရားက သူတို့ကို ကယ်တင်လိမ့်မယ်လို့ ဒေါလ်ဘတ်ရှက ဆိုပါတယ်။ လှပတဲ့ ရင်သပ်ရှုမောဖွယ် အတွေးအခေါ်ပါပဲလို့ ဂျော်နသန်အစ္စရေးက မှတ်ချက်ချလိုက်ပါတယ်။

(၁၇) ရာစု မြန်မာပြည်မှာ ဘုရင့်နောင်ရဲ့သားတဦးဖြစ်သူ ညောင်ရမ်းမင်းရဲ့ အဆက်အနွယ်တွေ ကြီးစိုးတဲ့အတွက် ညောင်ရမ်းခေတ် (၁၆၀၀-၁၇၀၀) လို့ ခေါ်ကြတယ်။ စကားပြေအရေးအသားနဲ့ ရဟန်းစာဆို ထွန်းကားတဲ့ခေတ်လို့ ပထမဆုံးသော မြန်မာစာပါမောက္ခ ဦးဘေမောင်တင်က မြန်မာစာပေသမိုင်းမှာ ရေးထားတယ်။ မြန်မာစာပေကို နန်းတော်က အားပေးချီးမြှင့်တဲ့ဓလေ့ကြောင့် မြန်မာစာပေမှာ ဘုန်းတော်ဘွဲ့တွေ များတယ်။ (၁၇) ရာစုမှာ ညောင်ရမ်းမင်း (၇) ဦး နန်းစံတဲ့အထဲမှာ သာလွန်မင်း (၁၆၂၆-၁၆၄၈) ဟာ စစ်မတိုက်ဘဲ ပြုပြင်ရေးလုပ်ငန်းကို အာရုံစိုက်တဲ့အတွက် ထင်ရှားတယ်။ သာလွန်မင်းဟာ မြို့တော်ကို ပဲခူးက အင်းဝကို ရွှေ့ပြောင်းလိုက်သူဖြစ်တယ်။ တိုင်းပြည်အေးချမ်းသာယာမှု မရှိတဲ့အခါမှာ ဗမာမင်းတွေဟာ မြို့တော်ကို ရွှေ့ပြောင်းလေ့ရှိတယ်လို့ မြန်မာပြည်ရောက် ဒတ်ရှကုန်သည်တို့ရဲ့ အစီရင်ခံစာမှာ တွေ့ရကြောင်း ပထမဆုံးသော မြန်မာ့သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်က ၁၉၆၂ ထုတ် မြန်မာနိုင်ငံသမိုင်းမှာ ရေးထားတယ်။ ဒါပေမယ့် နောက်တက်တဲ့မင်းတွေ ညံ့ဖျင်းတဲ့အတွက် သာလွန်မင်းရဲ့ ဆောင်ရွက်ချက်တွေ အချည်းနှီးအလဟဿ ဖြစ်ရတယ်လို့ ဆရာကျော်သက်က ဆိုပါတယ်။

ညောင်ရမ်းမင်းရဲ့သား အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈) လက်ထက်မှာ မြန်မာ-အင်္ဂလိပ် ဆက်ဆံရေးစတယ်။ မြန်မာတပ် ဇင်းမယ် (ချင်းမိုင်) ကို သိမ်းတဲ့အခါ အဲဒီမှာရောက်နေတဲ့ အင်္ဂလိပ်ကုန်သည်နှစ်ဦးနဲ့ တွေ့တယ်။ ဒီအင်္ဂလိပ်နှစ်ဦး မြန်မာပြည်နဲ့ ကုန်သွယ်ရင်း ပြည်နှင်ဒဏ်ပေးခံရတယ်။ ဗမာဘုရင်ဟာ အလွန်ဆိုးသွမ်းရက်စက်တဲ့အတွက် ပြည်သူ့သွေး တစက်မထွက်ရင် ထမင်းမစားနိုင်တဲ့ မင်းဆိုးမင်းညစ်သာဖြစ်တယ်လို့ အင်္ဂလိပ်ကုန်သည်နှစ်ဦးက ထွက်ဆိုတယ်တဲ့။ မြန်မာစာဆိုတွေကတော့ ဗမာမင်းရဲ့ ဘုန်းတော်ဘွဲ့ကိုသာ ရေးလေ့ရှိတယ်။

သာလွန်မင်းလက်ထက်မှာ ရဟန်းစာဆိုတွေ ခေတ်စားတယ်။ ၁၆၄၅ ခုနှစ်မှာ ထင်ရှားတဲ့ ရှင်ကရ၀ိက ဆိုသူ ရဟန်းစာဆိုဟာ `“တက်ထွန်းလျှံဝါ” အစချီတဲ့ ပိုဒ်စုံရတုသုံးပုဒ်ကို ဘုရင့်ရွှေနားတော် ဆက်သွင်းတယ်ဆိုပဲ။ ရှင်ကရ၀ိကရဲ့ ရတုကို သာလွန်မင်းက ကြိုက်နှစ်သက်လွန်းတဲ့အတွက် ရွှေကျည်တောက်ထဲသွင်းပြီး ခေါင်းရင်းမှာ အမြဲထားတယ်တဲ့။ ဒါတင်မကသေးဘဲ အလွတ်ကျက်မှတ်ပြီး အာဂုံဆောင်သေးတယ်တဲ့။ ရတုထဲမှာ “ဖြူရိပ်ဖြန့်လွှား၊ လူ့ဘုရားလျှင်၊ လေးပါးတန်ခိုး၊ နေ့တိုင်းတိုးလျက်…” စသဖြင့် ရှင်ဘုရင်ကို လူ့ဘုရားလို့ အမွှန်းတင်လိုက်တော့ သာလွန်မင်းကြီးလည်း အလွတ်ကျက်ရတဲ့အဖြစ်ကို ရောက်သွားတော့တာပေါ့။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်

Friday, March 19, 2010

ဗုဒ္ဓဘာသာတွေတဲ့လား

စိုးနေလင်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၂၀ မိနစ် .

(Bangkok Post သတင်းစာ လက်ထောက်အယ်ဒီတာ (Outlook) Sanitsuda Ekachai ရဲ့ ”And we still call ourselves Buddhists” ကို ဘာသာပြန်ဆိုပါတယ်။)

မခါဘူချာ (Makha Bucha) ဥပုသ်ကြီးနေ့လို နေ့မျိုးမှာ အစစဆင်းရဲနွမ်းပါးလှတဲ့ သန်းချီတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို မြန်မာနိုင်ငံမှာ ဆိုးဝါးပြင်းထန်တဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ရအောင် မြန်မာနိုင်ငံကို ပြန်မောင်းထုတ်ဖို့ ကျမတို့ရဲ့ ရွေးချယ်ဆုံးဖြတ်မှုကို လုပ်လိုက်တဲ့ အချိန်မှာတော့ ကျမတို့ တိုင်းပြည်ကို ပြောစရာ အများကြီး ရှိလာပါတယ်။

မခါဘူချာနေ့ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားက မကောင်းမှု အားလုံးကို ရှောင်ကြဉ်ပြီး ကောင်းမှုကို စိုက်ပျိုးပြုစု၊ စိတ်အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပစ်ဖို့ သူ့ရဲ့ အခြေခံဓမ္မ တရားတော်တွေကို စတင်ပို့ချခဲ့တဲ့ နေ့ဖြစ်ပါတယ်။ လူသားတွေဖြစ်တဲ့ ကျမတို့က အဲဒီလို မနေနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် မခါဘူချာနေ့လို နေ့မျိုးမှာတော့ ကျမတို့ဟာ အကြမ်းဖက်မှု ပုံသဏ္ဍာန်အားလုံးကို ရှောင်ရှား၊ လိုအပ်နေတဲ့ သူတွေကို စွန့်ကြဲပေးကမ်းပြီး ကျမတို့ရဲ့ အတ္တတွယ်ငြိမှုတွေကို ခွာချဖို့ အနိစ္စတရားကို အနည်းဆုံး ပွားများဆင်ခြင်ဖို့ ကြိုးစားသင့်ကြပါတယ်။ ကျမတို့ကိုယ် ကျမတို့ ဗုဒ္ဓဘာသာတွေလို့ စဉ်းစားနေကြသေးတယ် ဆိုရင်ပေါ့လေ။

ပထမဆုံး မခါဘူချာနေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားအဖြစ် ဥာဏ်အလင်းရပြီး ၉ လအကြာ၊ တတိယမြောက်လရဲ့ လပြည့်နေ့မှာ စခဲ့တာပါ။ ဒီနှစ်မှာတော့ အဲဒီနေ့ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျရောက်ပြီး အဲဒီနေ့မှာပဲ အစိုးရက မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ဖိစီးနှိပ်ကွပ်နဲ့ ကြမ်းတမ်းခက်ထန်တဲ့ ဆင်းရဲမွန်းကြပ်မှုကနေ ထွက်ပြေးလာကြတဲ့ အရူးအမူး အကူအညီ လိုအပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် သက်ညှာကင်းလွတ်ခွင့် ပေးထားတာကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။

ကျမပြောနေတာက ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်ခင်မှာ နိုင်ငံသား စီစစ်မှုကို ပြီးအောင် မလုပ်နိုင်ကြသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးကို ပြန်ပို့ပစ်မယ့် ထိုင်းနိုင်ငံရဲ့ အကြင်နာကင်းမဲ့ ရက်စက်တဲ့ မူဝါဒကို ပြောနေတာပါ။ ၂ သန်း၊ ၃ သန်းလောက်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အဲဒီသက်ရောက်မှုကို ခံကြရပါလိမ့်မယ်။ အဲဒီအလုပ်သမား အများစုဟာ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ပြင်းထန်တဲ့ ဖိစီးနှိပ်ကွပ်မှုကို ခံနေကြရတဲ့ မွန်၊ ကရင်နဲ့ ရှမ်း စတဲ့ လူနည်းစု တိုင်းရင်းသားတွေပဲ ဖြစ်ကြပါတယ်။ နောက် မြန်မာနိုင်ငံက နိုင်ငံသားအဖြစ်ကို စဉ်းစားပေးစရာ အခွင့်အလမ်း မရှိသလောက် ဖြစ်နေတဲ့ ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အနူးအညွတ် မေတ္တာရပ်ခံချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ကြီးချုပ် အက်ဘ်ဟီးဆစ်ရဲ့ အစိုးရအဖွဲ့က နိုင်ငံသား စီစစ်ရေးလုပ်ငန်းစဉ် ပြီးအောင်လုပ်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ သတ်မှတ်ထားရာကနေ နောက်ထပ် သက်တမ်း ၂ နှစ် ထပ်တိုးပေးလိုက်ပါတယ်။

အဲဒီလိုပျော့ပျော့ပျောင်းပျောင်း ဆောင်ရွက်လိုက်တာဟာလည်း နိုင်ငံခြား ရွှေ့ပြောင်းလုပ်အားနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ ရှင်းမရနိုင်တဲ့ ပြဿနာကို ပြေပျောက်သွားဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ မှားယွင်းတဲ့ ကောက်ချက်ချမှုတွေ အများကြီးပေါ်မှာ အခြေခံထားလို့ပါပဲ။

ဥပမာအားဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ နိုင်ငံသား စီစစ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒနဲ့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကောင်းကောင်း သိနေကြပြီဆိုတဲ့ ကောက်ချက်ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား အလုပ်အဖွဲ့ (Migrant working group) ရဲ့ စစ်တမ်းကောက်ယူမှုအရ ၂ဝ % က သူတို့ အဲဒါနဲ့ ပတ်သက်ပြီး တခါမှ မကြားဖူးသေးဘူးလို့ ဆိုပါတယ်။ ၅၄ % က သူတို့ တရားဝင် မဟုတ်တဲ့ နေရာတွေကရတဲ့ သတင်းတွေဟာ ရှင်းရှင်းလင်းလင်း မရှိပါဘူးလို့ ပြောပါတယ်။ ၂၅ % ကတော့ နိုင်ငံသား စီစစ်မှုဟာ မလုပ်မဖြစ် မဟုတ်ဘူးလို့ ယုံကြည်ထားကြပါတယ်။

အလုပ်သမားတွေဟာ နိုင်ငံသား စီစစ်မှုလုပ်ဖို့ ဆန္ဒရှိကြတယ်ဆိုတဲ့ အယူအဆဟာလည်း ပြောင်းလဲသွားပါပြီ။ စစ်တမ်းကို တုံ့ပြန်ဖြေကြားသူ ၅ဝ % က ဖမ်းဆီးခံရမှာကို ကြောက်နေကြပါတယ်။ ၅၇ % က အိမ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ အန္တရာယ်အပေးခံရမှာကို ကြောက်ကြပါတယ်။ ၄၈ % အဲဒီအတွက် ကုန်ကျစရိတ်ကို မတတ်နိုင်ကြပါဘူး။ ၄၆ % ကတော့ အဲဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိကြပါဘူး။ ၂၉ % က မြန်မာနိုင်ငံထဲမှာ ဘာတရားဝင် အထောက်အထားမှ မရှိပါဘူး။ ၂ဝ % ကတော့ နိုင်ငံရေးအရ ဖိစီးနှိပ်ကွပ်ခံရမှာကို ကြောက်ရွံ့နေကြတယ် ဆိုတာကို ပြဆိုနေပါတယ်။ ဒါပေမဲ့ သဘောတူ လက်ခံမှု ထောက်ခံမှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ၆၈ % ကတော့ အိမ်ကို ပြန်ကိုမပြန်ချင်ဘူးလို့ ပြောကြပါတယ်။

နောက်ကောက်ချက်တခုကတော့ ထိုင်းနဲ့ မြန်မာ ဗျူရိုကရေစီ ယန္တရားတွေဟာ တိုးချဲ့ပေးလိုက်တဲ့ သက်တမ်းအတွင်းမှာ နိုင်ငံသား စီစစ်ရေး လျှောက်လွှာ ၁ ဒဿမ ၄ သန်းလောက်ကို ပြီးအောင် ကိုင်တွယ်ဆောင်ရွက်ပေးနိုင်မယ်ဆိုတဲ့ အယူအဆပါ။ ဒါပေမဲ့ သူတို့ လုပ်နိုင်ပါ့မလား။

မနှစ်က ရွှေ့ပြောင်းအလုပ်သမား ၂ဝဝဝဝဝ ပဲ လျှောက်လွှာတင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လျှောက်လွှာ ၆ဝဝဝ လောက်ကိုပဲ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက သူတို့ ပိုပြီး မြန်အောင် လုပ်ပေးပါမယ်လို့ ကတိပေးထားပေမယ့် မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ ဒဿမ ၄ သန်းလုံးကို ၂ နှစ်တာ သက်တမ်းကာလအတွင်း နိုင်ငံသား စီစစ်ရေးလုပ်ငန်းနဲ့ ပတ်စ်ပို့ ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ပြီးအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြမယ်ဆိုရင်တော့ ကျမတို့ မိုက်မဲရူးနှမ်းတာပဲ ဖြစ်ပါလိမ့်မယ်။

ဒါဆို နောက်ထပ်သက်တမ်းတခု၊ နောက်ထပ်သက်တမ်းတခု၊ နောက်ထပ်သက်တမ်းတခု မျှော်လင့်ကြည့်လိုက်ပါ။

မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေက မရေရာတဲ့ မူဝါဒနဲ့ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရတဲ့ အချိန်မှာ သေချာတာ တခုကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ပိုင်းမှာ တရားမဝင် နေထိုင်နေကြတဲ့ အလုပ်သမား ၂ သန်းလောက်ရဲ့ ဘဝတွေကတော့ ပိုပြီး ပြင်းထန်ဆိုးဝါးတဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ပြန်ပို့ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုက သူတို့ကို ကျေးကျွန်ဘဝထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တွန်းသွင်းပေးပါလိမ့်မယ်။

ဒါကို ရင်ဆိုင်လိုက်ပါ။ ပြဿနာက ကြိုးနီစနစ်တခုထဲရဲ့ ပြဿနာ မဟုတ်ပါဘူး။ နှလုံးသားကင်းမဲ့မှု အကြင်နာတရား ကင်းမဲ့မှု ပြဿနာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဆိုးဝါးခက်ခဲတဲ့ အခြေအနေကို ကျမတို့ မသိလို့လည်း မဟုတ်ပါဘူး။ ကျမတို့က ဂရုကို မစိုက်ကြလို့ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ ဒီလူမဆန်တဲ့ လုပ်ရပ်ကနေ လူအတော်များများဟာ ငွေရအောင် ရှာနေကြတာပဲ ဖြစ်ပါတယ်။

ကျမတို့ဟာ ဘယ်လိုလူတွေဆိုတာကို ကြီးကြီးမားမား ပြဋ္ဌာန်းဆုံးဖြတ်မှာက ကျမတို့က တခြားသူတွေကို ဘယ်လိုဆက်ဆံသလဲ။ ကျမတို့ရဲ့ တွေးမြင်ယုံကြည်မှုက ဘာလဲဆိုတာပါပဲ။ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တွေမှာတောင် အားနည်းသူတွေကို ဒုက္ခပေးနေတာနဲ့ ပတ်သက်ပြီး ကျမတို့မှာ ဒုတိယ စိတ်ကူးတွေးမြင်မှု မရှိဆိုရင်တော့ နောက်လာမယ့် မခါဘူချာနေ့ (ဥပုသ်ကြီးနေ့) ကို ကျမတို့ကိုယ် ကျမတို့ ဗုဒ္ဓဘာသာဝင်တွေလို့ ခေါ်လို့ရနိုင်ပါဦးမလားဆိုတာ အလေးအနက် စဉ်းစားဖို့ အသုံးပြုသင့်တယ် ထင်ပါတယ်။ ။
http://www.mizzimaburmese.com

Monday, January 18, 2010

နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်

နိဒါန်း

ယခုစာစုကို ရေးသားခဲ့သူ ရစ်ချတ်စတင်းဂဲလ် (Richard Stengel)သည် တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားနှင့်အတူ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် မင်ဒဲလား၏ အထ္ထုပ္ပတ္တိဖြစ်သော လွတ်လပ်ရေးသို့ ခရီးရှည် (Long Walk to Freedom) စာအုပ်ကို ပြုစုရာတွင်လည်း အဓိကပံ့ပိုး ကူညီခဲ့သူဖြစ်သည်။ မင်ဒဲလား၏ အသက် (၉ဝ) ပြည့်မွေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် နှောင်းလူတို့ စံပြုလေ့လာအပ်သော မင်ဒဲလား၏ ခေါင်းဆောင်မှုစံနမူနာအင်္ဂဂါရပ်များကို ဖော်ထုတ်ရေးသားလိုက်ခြင်းဖြစ်ရာ နှိုင်းယှဉ်ဆက်စပ်လေ့လာနိုင်ရန် ဘာသာပြန်ဆို တင်ပြလိုက်ခြင်းဖြစ်ပါသည်။



၁။ ရဲစွမ်းသတ္တိဆိုတာ အကြောက်တရားကင်းစင်ခြင်းမဟုတ်၊ အကြောက်တရားကို ကျော်လွန်လုပ်ဆောင်ဖို့ စေ့ဆော်အားမွေးပေးခြင်းဖြစ်သည်။

၉၉၄ ခုနှစ် တောင်အာဖရိက နိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု ကာလအတွင်းက လေယာဉ်ဆင်းသက်နိုင်ရုံသာရှိသော နာတာ(Natal)လေယာဉ်ကွင်း အနီးရှိ သူ့ကိုထောက်ခံသူ ဇူးလူးလူမျိုးစု (Zulu)တွေကို မိန့်ခွန်းစကားပြောကြားရန် မင်ဒဲလားဟာ ပန်ကာနှစ်လုံးတပ် လေယဉ်ကလေးပေါ် စီးနင်းလိုက်ပါလာခဲ့ပါတယ်။ အဲဒီမှာ သူမိန့်ခွန်းပြောပြီးတဲ့အခါ ဆက်လက်လုပ်ဆောင်စရာ ကိစ္စတွေရှိတာကြောင့် ကျနော် လေယဉ်ကွင်းကို ရောက်ရှိသွားပါတယ်။ လေယဉ်ဆင်းသက်နေစဉ် မိနစ် (၂ဝ) အကြာမှာ အင်ဂျင်တလုံးဟာ ရုတ်တရက် ထိုးရပ်သွားတာကြောင့် လေယဉ်ပေါ်လိုက်ပါလာသူတွေ အထိတ်တလန့် ဖြစ်ကုန်ကြရပါတယ်။ အဲဒီ့အချိန်မှာ မင်ဒဲလားတယာက်ကတော့ နံက်ခင်းရထားစီးပြီး ပုံမှန်အလုပ်သွားနေသလိုမျိုး မလှုပ်မရှား ငြိမ်ချက်သားကောင်းလို့ သတင်းစာ ဖတ်မပျက်ပါ။ ဒီတော့မှ ကျန်လူတွေလည်း စိတ်လှုပ်ရှားမှု သက်သာရာရပြီး တည်ငြိမ်မှုရှိလာပါတယ်။ လေယဉ်ကွင်းက အရေးပေါ် ဆင်းသက်မှုအတွက်သာပြင်ဆင်ထားတာဖြစ်ပြီး၊ လေယဉ်မှူး ကျွမ်းကျင်လို့ ဘေးမသီရန်မခ ဆင်းသက်နိုင်ခဲ့တာပါ။ လေယဉ်ပေါ်ကဆင်းပြီးနောက် လူထုစည်းဝေးပွဲရှိရာကို သွားဖို့အသင့်စောင့် ကြိုနေသော ကျည်ကာမှန်တပ် ကားရဲ့နောက်ခန်း ထိုင်ခုံပေါ်ထိုင်မိပြီးမှ ကျနော့်ဘက်ကို စောင့်ငဲ့ပြီး မင်ဒဲလားပြောလိုက်တာက “ကိုယ့်လူရေ စောစောတုံးက ကျနော်ဖြင့် ကြောက်လိုက်တာ တကိုယ်လုံးတုန်သွားတာပဲ” တဲ့။

မြေအောက်နိုင်ငံရေး လှုပ်ရှားမှုကာလ၊ ရီဗွန်နီးယားတရားရုံး (Rivonia)မှာ အမှုစစ်ဆေးခံနေရစဉ်ကာလနဲ့ရော်ဘင်ကျွန်းပေါ်မှာ (Robben) အကျဉ်းကျခံနေရစဉ်ကာလတွေအတွင်းမှာ လူသားတဦးဖြစ်တဲ့ မင်ဒဲလားတယောက် မကြာခဏ ကြောက်စိတ်တွေ ဝင်ခဲ့ဘူးကြောင်း နောက်ပိုင်းမှာ သူကိုယ်တိုင် ကျနော့်ကိုပြန်ပြောပြတတ်ပါတယ်။ လူမှန်ရင် ကြောက်တတ်တာ သဘာဝကျပါတယ်လို့ သူကအဆိုပြုပါတယ်။ “ငါဟာ ရဲရင့်သူဖြစ်တယ်။ ကမ္ဘာကြီးကိုအောင်နိုင်သူဖြစ်တယ်လို့ ကျနော်ဟန်မဆောင်တတ်ပါဘူး။ ဒါပေမယ့် ခေါင်းဆောင်တယောက် အနေနဲ့ ကိုယ်ကြောက်တတ်တာကို အခြားသူတွေ မသိစေနဲ့ပေါ့” “လူထုရှေ့မှာ မားမားမတ်မတ် အစွမ်းပြနိုင်ရမယ်” စသည်ဖြင့် သူကပြောတတ်ပါတယ်။အခြားသူတွေရှေ့မှာ ကိုယ်ကမကြောက်တဲ့အသွင် ဆောင်ထားနိုင်ရင် သူတို့ကိုပါရဲရင့်စိတ် နိုးကြွှလာစေတယ်ဆိုတာကို နားလည်သဘောပေါက်ထားပုံရပါတယ်။ ကြောက်ရွံ့စရာတွေ တင်းကြမ်းပြည့်နေတဲ့ ရော်ဘင်ကျွန်းပေါ်မှာ သူဒီအတိုင်းကျင့် ကြံနေထိုင်ပါတယ်။ အမှုစစ်ဆေးစဉ်ကာလမှာ တရားရုံးဝင်းအတွင်းခေါင်းမော့ ရင်ကော့ပြီး မော်မော်ကြွှားကြွှား လမ်းလျှောက်နေသော မင်ဒဲလားကိုတွေ့မြင်လိုက်ရတဲ့ ဘဝတူအကျဉ်းသားတွေက သူတို့ရဲ့အမြင်အာရုံမှာ အဲဒီ မြင်ကွင်းသဏ္ဍာန်ကို ရက်ပေါင်းအတော်ကြာအောင် လွှမ်းမိုးငြိတွယ်နေတယ်လို့ ပြန်ပြောပြကြပါတယ်။ သူဟာအခြားသူတွေအတွက် စံနမူနာကောင်းဖြစ်ရမယ်လို့ မင်ဒဲလားကခံယူထားပါတယ်။ အဲဒီ့စိတ်ဓါတ်နဲ့ သူကိုယ်တိုင် ကြောက်စိတ်တွေကို ကျော်လွှားအောင်မြင်ပြီး လူထုရဲ့ သူရဲကောင်းဖြစ်လာတာပါ။



၂။ ရှေ့တန်းမှဦးဆောင်ပါ။ ကိုယ့်အုပ်စုကိုလည်း နောက်တန်းမှာ ချန်မထားပါနဲ့။



မင်ဒဲလားဟာလျှို့ဝှက်ပြီး သိုသိုသိပ်သိပ် နေထိုင်တတ်သူဖြစ်ပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်မှာ ပရိုစတိတ်အကျိတ် ခွဲစိတ် ကုသခံခဲ့ရပါတယ်။ ဆေးရုံကဆင်းလို့ အကျဉ်းထောင်တွင်းပြန်ရောက်တဲ့အခါ ထောင်သက် (၂၁)နှစ် အတွင်း သူ့ရဲဘော်များ၊ မိတ်ဆွေများနဲ့ ပထမဦးဆုံးအကြိမ်ခွဲခြားထားတာကို ခံလိုက်ရပါတယ်။ ထောင်အာဏာပိုင်များ ဒီလိုလုပ်တာကို သူ့ရဲဘော်တွေက ကန့်ကွက်ဆန္ဒပြ ကြပါတယ်။ မင်ဒဲလားက သူတို့ကို “ခဏလေးသည်းခံပြီး စောင့်ပါ ရဲဘော်တို့၊ မကြာခင်မှာ အခြေအနေကောင်းတွေ ထွက်ပေါ်လာမှာပါ” လို့ ပြောဆိုနှစ်သိမ့်ကြောင်း သူ့မိတ်ဆွေရင်း အာမက်ကက်သ်ရာဒါ(Ahmed Kathrada) က အမှတ်တရ ပြန်ပြောပါတယ်။ မကြာမတင်ကာလမှာပဲ မင်ဒဲလားနဲ့ အသားအရောင်ခွဲခြားမှု စနစ်ကျင့်သုံးခဲ့တဲ့ ဒီကလပ်အစိုးရတို့ တွေ့ဆုံးဆွေးနွေးရေးတွေ စတင်ပါတော့တယ်။ တောင်အာဖရိက အမျိုးသားကွန်ကရက် (ANC) ကတော့ ယခုလို ဆွေးနွေးတာကို ဘဝင်မကျပါဘူး။ အကျဉ်းသားဘဝနဲ့ အစိုးရကိုတွေ့ဆုံဆွေးနွေးရေးမလုပ်နိုင်ဘူး၊ လူဖြူအစိုးရ ဒူးထောက်အရှုံးပေးသွားအောင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရမယ်လို့ ဆယ်စုနှစ်များစွာလှုံ့ဆော်ခဲ့တဲ့ မင်ဒဲလားက ယခုအချိန်မှာ ဖိနှိပ်သူအစိုးရနဲ့ စကားပြောချိန်တန်ပြီဆိုတာကို သိမြင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာပါ။

၁၉၈၅ ခုနှစ် ဆွေးနွေးမှုစတင်နေချိန်မှာပဲ မင်ဒဲလားတယောက် လမ်းကြောင်းပျောက်သွားပြီလား ဆိုပြီး တွေးတောနေသူတွေ မနည်းမနောရှိပါတယ်။ “သူက ကျနော်တို့ အပေါ်သစ္စာဖောက်သွားပြီလို့ ခံစားမိတယ်။ ကျနော်တို့ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ပြောပြဖို့သူ့ကို သွားတွေ့ခဲ့တယ်။ ခုလိုဆွေးနွေးမှုဟာ ယုံရခက်တဲ့ ပမာဏခြေလှမ်းပဲ။ သူသိပ်ပြီး စွန့်စားလွန်းတယ်။” လို့ အဲဒီ့အချိန်က သတ္ထုတွင်း အလုပ်သမားသမဂ္ဂရဲ့ ဒေါင်ဒေါင်မြည် ရဲရဲတောက်ခေါင်းဆောင် စီရီလ်ရာမာဖော်ဆာ (Cyril Ramaphosa) ကဆိုပါတယ်။ ဒါကြောင့် မင်ဒဲလားဟာ သူ့လုပ်ဆောင်ချက်တွေ မှန်ကန်ကြောင်း သူ့လုပ်ဖော်ကိုင်ဖက်များကို ရှင်းလင်းပြောဆို နားချပါတော့တယ်။ သူ့ဂုဏ်သတင်း ဟာလည်း ဆွေးနွေးပွဲ အောင်မြင်မှု ရှိ၊ မရှိပေါ်မှာ မူတည်နေပါတော့တယ်။

အကျဉ်းထောင်အတွင်းမှာ ရှိနေတဲ့ ရဲဘော်တဦးချင်းဆီသွားပြီး မင်ဒဲလားကသူ့လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြနေတာကို ကက်သ်ရာဒါးက အမှတ်တရရှိနေပါတယ်။ ဖြည်းဖြည်းမှန်မှန် ဇွဲရှိရှိနဲ့ သူ့သဘောထားကို ရဲဘော်တွေ လက်ခံလာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ “မိမိရဲ့ဆောင်ရွက်ချက်တွေကို လုပ်ဖော်ကိုင်ဖက်တွေက ထောက်ခံလာအောင် လုပ်ဆောင်ပါ။ မိမိမှာ တိုက်ပွဲဝင်ဖို့ ခြေကုပ်စခန်း အခိုင်အမာရှိပြီဆိုရင်တော့ လူထုလှုပ်ရှားမှုကို ရှေ့တိုးလုပ်ဆောင်ပါ။ မင်ဒဲလားဟာပြောပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့ လူစားမျိုးပါ။” (ANC) ရဲ့အတွင်းရေးမှူးချုပ်ဖြစ်ပြီး ယခုအခါ အထင်ကရ စီးပွားရေးလုပ်ငန်းရှင် ရာမာဖော်ဆာကပြောတာပါ။ မင်ဒဲလားအနေနဲ့လူဖြူအစိုးရကို ဆွေးနွေးဖို့ ငြင်းဆန်ခဲ့တာဟာ နည်းပရိယာယ်အရ လုပ်ဆောင်ခဲ့တာသာ ဖြစ်ပါတယ်။ “သူဟာသမိုင်းလိုအပ်ချက်အရ ပေါ်ထွက်လာတဲ့လက်တွေ့ အကျဆုံးသော အတွေးအမြင်အမားတဦးဖြစ်ပြီး ရှေ့ဆက်ကျနော်တို့ လုပ်ဆောင်ရမဲ့ နည်းလမ်းတွေကို သူအမြဲတမ်း စဉ်းစားနေတတ်ပါတယ်။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် နောက်မျိုးဆက်တွေက ဘယ်လိုသဘောထားမလဲဆိုတဲ့ အနာဂတ်ကြိုတင်တွက်ဆချက် သူ့မှာ ရှိပါတယ်။” လို့ ရာမာဖော်ဆာကဆိုပါတယ်။ ရေရှည်အတွက်မျှော်တွေးစဉ်းစားနိုင်တဲ့ အရည်အချင်းကိုထောင်ထဲမှာ နေ့စဉ်လေ့ကျင့်လာတာပါ။ ရက်တွေ၊ လတွေသာမက ဆယ်စုနှစ်နဲ့ တိုင်အောင်တိုင်းပြည် အနာဂတ်ရေးကိုသူစဉ်းစား ခဲ့ပါတယ်။ သမိုင်းက သူ့ဖက်ဆီကို ဦးညွတ်လာပြီဆိုတာကို သူသိထားပြီးဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေလည်းထွက်ပေါ်လာမှာ ဖြစ်ပြီး အချိန်ဘယ်လောက်ကြာကြာမှာ ဘယ်လိုနည်းနဲ့ ထွက်ပေါ်လာမှာလဲဆိုတဲ့ အမေးပုစ္ဆာပဲရှိပါတော့တယ်။ “ရေရှည်ကာလမှာ အကောင်းဘက်ကိုဦးတည်ပြောင်းလဲလာမှာပါ” လို့ ပြောလေ့ရှိသလို သူ့လုပ်ဆောင်ချက်တွေကိုလည်း ရေရှည်သဘော ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။



၃။ နောက်တန်းမှဦးဆောင်မှုပေးပါ။ အခြားသူတွေကို ရှေကတန်းမှာ ခိုင်ခိုင်မာမာ ရပ်တည်ပါစေ။



မင်ဒဲလားကသူ့ရဲ့လုလင်ပျိုဘဝမှာ နွားကျောင်းခဲ့ရတဲ့ ပျင်းရိစရာနေ့လည်ခင်းကို တမ်းတမ်းတတ ပြောပြတတ်ပါတယ်။ “သိတယ်မဟုတ်လား။ နွားအုပ်ကိုကိုယ်လိုရာရောက်အောင် နောက်ကနေ ထိန်းကျောင်းပေးရတယ်ဗျ။” သည်လိုပြောပြီး သူ့စကားကို ကျနော်သဘောတူ၊ မတူ စူးစမ်းတဲ့သဘောနဲ့ မျက်ခုံးပင့်ပြီးကြည့်လိုက်သေးတယ်။ ငယ်ရွယ်စဉ်က သူ့ကိုမြေတောင် မြှောက်ပေးတဲ့ လူမျိုးစုဘုရင် ဂျန်ဂျင်တဘာ (Jangintaba) ရဲ့အရိပ် လွှမ်းမိုးမှုက သူ့အပေါ်မှာ အတော်ကလေးကြီးမားပါတယ်။ ဂျန်ဂျင်တဘာက သူ့ရုံးတော်မှာ အစည်းအဝေးကျင်းပတဲ့အခါ တက်ရောက်လာသူတွေကို စက်ဝိုင်းပုံစုရုံးစေပါတယ်။ တက်ရောက်သူအားလုံးက တယောက်တလှည့်စီ ပြောဆိုဆွေးနွေးပြီးတဲ့ အခါမှ ဘုရင်ကြီးက စတင်ဆွေးနွေးပါတယ်။ အကြီးအကဲတွေရဲ့ အလုပ်က လူတွေကိုသြဇာပေးစေခိုင်းဖို့ထက် လူတွေရဲ့ သဘောဆန္ဒတွေကို စုစည်းစုဖွဲ့ပြီးလုပ်ငန်း အကောင်အထည်ဖော်တတ်ဖို့ ပိုအရေးကြီးပါတယ်လို့ မင်ဒဲလားကဆိုပါတယ်။ သူပြောလေ့ရှိတဲ့စကားက “ဆွေးနွေးငြင်းခုံပွဲတွေမှာ ကိုယ်ကအစောကြီး ဝင်မဆွေးနွေးနဲ့” ကျနော် မင်ဒဲလားနဲ့ လက်တွဲလုပ်ကိုင်နေစဉ်အတွင်း ဂျိုဟန်နစ္စဘတ်မြို့(Johannasbug) ရဲ့ သာယာလှပသော ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်တဲ့ ဟူတန် (Houghton) ရပ်ကွက်မှာ တည်ဆောက်ထားတဲ့ သူ့အိမ်ကလေးမှာ မကြာခဏဆိုသလို ရာမာဖော်ဆာ၊ သာဘိုမစ်ကီ (Thabo Mbeki) 'ယခုတောင်အာဖရိက သမ္မတ' နဲ့ အခြားသူများပါဝင်တဲ့ လူ (၆) ဦးဟာ ထမင်းစားပွဲပတ်လည် (သို့မဟုတ်) အိမ်အဝင်ကားလမ်းလေးပေါ်မှာ စက်ဝိုင်းပုံနေရာယူပြီး ဆွေးနွေးကြတာပါ။ သူ့ရဲဘော်အချို့က လုပ်ငန်းတွေကို သွက်သွက်မြန်မြန်လှုပ်ရှား လုပ်ဆောင်ဖို့၊ ယခုထက် ပိုပြီးတက်တက်ကြွှကြွှလုပ်ကိုင်ဖို့ ဒေါနဲ့မောနဲ့ အော်ဟစ်ပြောဆိုဆွေးနွေးနေချိန်မှာ မင်ဒဲလားကရိုးရိုးကုပ်ကုပ်လေး နားထောင်နေတတ်ပါတယ်။ နောက်ဆုံးသူ့အလှည့်ကျတော့မှ တယောက်တပေါက်ပြန့်ကျဲနေတဲ့ အမြင်သဘောတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ စနစ်တကျ အနှစ်ချုပ်လိုက်ပါတယ်။ နောက်တော့မှ သူ့ကိုယ်ပိုင်အတွေးအမြင်တွေကို ထုတ်ဖော်ဆွေးနွေးတင်ပြပြီး အများသဘောနဲ့လည်း မဆန့်ကျင်၊ သူ့လိုလားချက်နဲ့လည်းအနီးယိုးစွဲရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်သည်အထိ ဆွေးနွေးပွဲကိုပဲ့ကိုင် ဦးဆောင်သွားပါတယ်။ ကိုယ်ကိုတိုင်ခေါင်းဆောင်မှုကို ခံယူခြင်းဟာလိမ္မာပါးနပ်တဲ့ ခေါင်းဆောင်မှုဖြစ်ပါတယ်။ မင်ဒဲလားပြောတာက “ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း လူတွေလိုက်ပါ ဆောင်ရွက်လာအောင် ဆွဲဆောင်စည်းရုံးတဲ့နေရာမှာ ကိုယ့်အတွေးအမြင်ကို သူတို့ အတွေးအမြင်ဖြစ်သွားအောင် ပြောင်းလဲပြစ်နိုင်ခြင်းဟာ ထက်မြက်တဲ့ခေါင်းဆောင်မှုအင်္ဂါရပ်ဖြစ်တယ်” ဆိုတာပါပဲ။



၎။ ပြိုင်ဘက်ရန်သူအကြောင်းကိုသိအောင်လုပ်ပါ။ သူနှစ်သက်တဲ့ အားကစားအကြောင်းလေ့လာ သင်ယူပါ။



၁၉၆ဝ ခုနှစ်များလောက်မှာ အသားအရောင်ခွဲခြားဆက်ဆံသူ အာဖရိကန်လူဖြူတွေရဲ့ ဘာသာစကားကို စတင်လေ့လာပါတယ်။ (ANC) အဖွဲ့ထဲမှာရှိတဲ့ ရဲဘော်တွေက အဲဒီ့အတွက်သူ့ကိုလှောင်ပြောင် ကျီစယ်ကြပေမယ့် သူကတော့ လူဖြူတွေရဲ့ ကမ္ဘာ့အမြင်ကို သိချင်လို့လေ့လာတာပါ။ တနေ့ကျရင် သူဟာ လူဖြူအစိုးရကို တနည်းနည်းနဲ့ ပတ်သတ်ဆက်ဆံရမှာ ဖြစ်တယ်ဆိုတာသိထားပါတယ်။ လူဖြူတွေနဲ့ စကားပြောဆိုရင်းနဲ့ သူတို့ ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိမြင်လာမယ်။ အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ ချမှတ်လုပ်ဆောင်နိုင်မယ် စတဲ့ အကျိုးရလဒ် နှစ်ခုကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါတယ်။ သို့ပေမယ့် လူဖြူအသိုင်းအဝိုင်း အတွင်းမှာ ဝင်ဆံ့အောင်တော့ အလိုက်သင့် အလျားသင့်နေတတ်ရပါမယ်။ သာမန်ထောင်ဝန်ထမ်း တွေကစလို့ သမ္မတ ပက်ထရစ်ဘိုသာ (P.W.Botha) အထိ အာဖရိကန်လူဖြူတွေက မင်ဒဲလား၏ လူဖြူဘာသာစကား ကျွမ်းကျင်ပုံနဲ့ လူဖြူတွေရဲ့ သမိုင်းနှံ့စပ်ပုံတွေကို အထင်ကြီးလေးစားကြရပါတယ်။ မင်ဒဲလားဟာ လူဖြူတွေရဲ့ အသဲစွဲအားကစားဖြစ်တဲ့ ရတ်ဘီ ဘောလုံးကစားနည်းကို တစ်သင်းချင်းအလိုက်၊ အားကစားသမားတဦး ချင်းအလိုက်နှိုင်းယှဉ်သုံးသပ် နိုင်တဲ့ အထိ အားဖြည့် လေ့လာထားပါတယ်။

အာဖရိကန်လူဖြူတွေနဲ့ လူမည်းအာဖရိက လူမျိုးတွေကြားမှာ ဘုံတူညီမှုအခြေခံတွေ ချမှတ်တာကို မင်ဒဲလားနားလည်သဘောပေါက်ပါတယ်။ အာဖရိကန်လူဖြူတွေက သူတို့ဟာလည်း လူမည်းတွေလိုပဲ အာဖရိက တိုက်သားတွေ ဖြစ်တယ်ဆိုတာကို နက်နက် ရှိုင်းရှိုင်းယုံကြည်ထားပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း ရက်စက်ကြမ်းကြုတ်မှုရဲ့ သားကောင်တွေ ဖြစ်နေပါတယ်။ ဗြိတိသျှအစိုးရနဲ့ တောင်အာဖရိကမှာ အခြေချနေထိုင်တဲ့ အင်္ဂလိပ် လူဖြူတွေက သူတို့ကို အထင်သေးနှိမ့်ချဆက်ဆံတာ ခံကြရပါတယ်။ တောင်အာဖရိက လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်စွဲမြဲနေတဲ့ ရှုပ်ထွေးနိမ့်ကျသိမ်ငယ်စရာ ယဉ်ကျေးမှုရဲ့ဒဏ်ရာ ဒဏ်ချက်တွေကို လူမည်းများနည်းတူ လူဖြူတွေလည်း ခံစားကြရပါတယ်။ ရှေ့နေတဦး ဖြစ်တဲ့ မင်ဒဲလားဟာ ပြဿနာကြုံတွေ့နေရသော ထောင်ဝါဒါ (လူဖြူဝန်ထမ်း)များကို ဥပဒေဆိုင်ရာ အကူအညီပေးပါတယ်။ ထောင်ဝန်ထမ်းတွေက မင်ဒဲလားနဲ့ စာရင် များစွားပညာရည် နိမ့်ပါးသူတွေဖြစ်ပြီး လူမည်းတဦးကသူတို့အပေါ် အကူအညီပေးနိုင် ခြင်းဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့ဘဲ အံ့ဘွယ်ဘနန်းထူးဆန်းမှုကြီး ဖြစ်နေပါတော့တယ်။ “ဒါတွေဟာ အကြင်နာတရားမဲ့ပြီး ရက်စက်တဲ့ အသားအရောင်ခွဲခြားမှု စနစ်ဆိုးရဲ့ သရုပ်သကန်တွေဖြစ်ပြီး အဲဒီ့လို အဆိုးဆုံး ယုတ်မာရက်စက်ဆုံးသော အာဏာရှင်အစိုးရမျိုးနဲ့တောင် မင်ဒဲလားက စေ့စပ်ဆွေးနွေးနိုင်ခဲ့ပါတယ်” လို့ တောင်အာဖရိက သမိုင်းဆရာအကျော်အမော် အလစ်စတာ စပါ့ခ် (Alister Sparks) ကဆိုပါတယ်။



၅။ မိတ်ဆွေရဲဘော်များနဲ့ လက်ပွန်းတတီးရှိပါစေ။ မိမိပြိုင်ဘက်များကိုပင် ရင်းနှီးမှု ရအောင်ယူပါ။



မင်ဒဲလားသည် ကူနူ (Qunu) မှာ ရှိတဲ့ သူ့အိမ်ကို ဖိတ်ကြားတွေ့ဆုံသော ဧည့်သည်အများစုအပေါ်သူ့အနေနဲ့ အပြည့်အဝယုံကြည်မှုမရှိကြောင်း ကျနော်သိအောင် ပြောပြထားပါတယ်။ သူတို့ကို မင်ဒဲလားက ညစာတည်ခင်းဧည့်ခံတယ်။ သူတို့နဲ့ တိုင်ပင်ဆွေးနွေးတယ်။ သူတို့အကြိုက်လေချိုသွေးပြီး လက်ဆောင်တွေလည်း ပေးလိုက်သေးတယ်။ မင်ဒဲလားဟာ တပါးသူအပေါ်ညှို့ယူဖမ်းစားနိုင်စွမ်းရှိသူဖြစ်ပြီး အဲဒီ့စွမ်းအားကို သူ့ပြိုင်ဘက်တွေနဲ့ ဆက်ဆံရာမှာ ပိုပြီး အသုံးပြုလေ့ရှိတယ်။ ရော်ဘင်ကျွန်းပေါ်မှာ အကျဉ်းကျခံနေရစဉ်အတွင်း မင်ဒဲလားက သူမနှစ်သက် မယုံကြည်တဲ့လူတွေကိုပင် သူ့ရဲ့နိုင်ငံရေးဆွေးနွေးဖော် ဆွေးနွေးဖက်စာရင်း မှာ ထည့်သွင်း ပါဝင်စေပါတယ်။

မင်ဒဲလားကို နီးနီးကပ်ကပ် ဆက်ဆံခဲ့သူတဦးကတော့ (ANC) ရဲ့ ရဲရဲ တောက်စစ်ခေါင်းဆောင် ခရစ်ဟာနီ (Chris Hani) ဖြစ်ပြီး သူဟာမင်ဒဲလားကိုဆန့်ကျင်ဖို့ လျှို့ဝှက်ကြံစည်နေသူအဖြစ် သတင်းကြီးပါတယ်။ ဒါပေမယ့် မင်ဒဲလားက သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။ “ဟာနီမှ မဟုတ်ဘူး စက်မှုလုပ်ငန်းရှင်ကြီးတွေ၊ သတ္ထုတွင်းပိုင်ရှင်ကြီးတွေ၊ သူနဲ့ အတိုက်အခံဖြစ် သူတွေကိုလည်း မင်ဒဲလားက ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။” လို့ ရာမာဖော်ဆာကဆိုပါတယ်။ မင်ဒဲလားက အဲဒီ့လူတွေရဲ့ မွေးနေ့တွေမှာ ဖုန်းဆက်ပြီး ဆုတောင်းပေးလေ့ရှိသလို သူတို့ မိသားစု နာရေးကိစ္စတွေကိုလည်း သွားရောက်တတ်ပါတယ်။ ဒါတွေဟာ သူ့ရည်မှန်းချက်အတွက်အခွင့်အရေး တခုအနေနဲ့သူကမြင်ပါတယ်။ “သူအကျဉ်းထောင်ကလွတ်မြောက်လာပြီး လူထုခေါင်းဆောင်အဖြစ် ရောက်ရှိသွားချိန်မှာ သူ့မိတ်ဆွေ အကျဉ်းထောင်ဝန်ထမ်းတွေကို သူနဲ့အတူလက်တွဲလုပ်ကိုင်စေပြီး သူ့ကိုအကျဉ်းချခဲ့သူ အာဏာပိုင်တွေကိုပင် သူရဲ့ ပထမဆုံးသော ဝန်ကြီးအဖွဲ့မှာ ထည့်သွင်းဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအထဲက အချို့သူတွေကို မင်ဒဲလားက ပုဂ္ဂိုလ်ရေးအရ အထင်သေးရွံ့မုန်းတာကျနော်သိပါတယ်။

မင်ဒဲလားရဲ့နေ့ရက်တွေမှာ လူထုနဲ့ တထပ်တည်းမကျတဲ့ ကာလတွေ ရှိပါတယ်။ အဲဒီလိုအခါမျိုးမျာ ဆွဲဆောင်မှု စွမ်းအားကြီးမားသူတို့ရဲ့ထုံးစံအတိုင်း သူဟာလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေပါတယ်ဆိုတဲ့ အသိနဲ့ လူထုအာရုံကို ညှို့ယူဖမ်းစားနိုင်သူဖြစ်ပါတယ်။ သမ္မတ ဒီဂလပ်က သူ့ကို လူသိရှင်ကြားထိုးနှက်ဝေဖန် တိုက်ခိုက်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တဦးက သစ္စာဖောက်တာခံလိုက်ရသလို ယူကျုံးမရဖြစ်မိကြောင်း သူကဦးစွားသတင်း ထုတ်ပြန်ပါတယ်။ မိမိရဲ့ပြိုင်ဘက်တွေအပေါ်မှာ နွေးနွေးထွေးထွေး ဆက်ဆံခြင်းဖြင့် သူတို့ အနေနဲ့ ကိုယ့်အသိုင်းအဝိုင်းကို ယုံကြည်စိတ်ချ အာရုံညွှတ်လာအောင် လွှမ်းမိုးထိန်းချုပ်ထားနိုင်တဲ့ အချက်ကို မင်ဒဲလားသိမြင်ယုံကြည်ထားပါတယ်။ သူကသစ္စာရှိမှုကို ယုယမြတ်နိုးပေမယ့် တရားသေအစွဲအလမ်းတရပ်အနေနဲ့ ခံယူမထားပါဘူး။ နောက်ပိုင်းမှာ သူပြောလေ့ရှိတာက “လူတွေဟာ ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့တန်းတင် လုပ်ဆောင်တတ်ကြတယ်။ ဒါဟာတကယ့်လူ့သဘာဝဖြစ်ပြီး လူတွေရဲ့ပျော့ကွက် ဟာကွက် အားနည်းချက် မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ အကောင်းမြင်သမားတဦးဖြစ်တဲ့ မင်ဒဲလားက လူတွေကို သိပ်ပြီး ယုံကြည်နေတာကလည်း သဘာဝယုတ္တိတန်ပါတယ်။ ဒီလိုနည်းနဲ့ ကိုယ် မယုံကြည်ရတဲ့ လူတွေရဲ့ အမုန်းတရားကို အာနိသင်ပြယ်စေကြောင်း သူကသိမြင်ထားပါတယ်။



၆။ ခေါင်းဆောင်မှုအင်္ဂါရပ်မှာ ပြုမူလှုပ်ရှားမှုအသွင်သဏ္ဍာန်က အရေးကြီးပါတယ်။ အမြဲပြုံးနေတတ်ပါစေ။



အမွှေးတုံးနေသော ကတ္တီပါဝတ်စုံကို ဝတ်ဆင်ထားသော ဂျိုဟန်နစ္စဘတ်မြို့က နုံချာချာ ဥပဒေကျောင်းသာလေးဘဝမှာ မင်ဒဲလားကို အဲဒီ့အချိန်က အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်လည်းဖြစ် (ANC) ရဲ့ လူငယ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဝေါလ်တာ စီစူလူ(Walter Sisulu) က ခေါ်ယူတွေ့ဆုံပါတယ်။ စီစူလူဟာ တောင်အာဖရိက လူဂုဏ်တန် အသိုင်းအဝိုင်းမှာ နောကျေဝင်ဆံ့ပြီး အောင်မြင်မှုရနေသူတယောက်ဖြစ်တာကြောင့် အတုယူစရာ လူမည်း တဦး အဖြစ် မင်ဒဲလားက အမှတ်ပေးထားပါတယ်။ ဒါ့အပြင် စီစူလူက အနာဂတ်ကိုမြင်တတ်သူတဦးပါ။ ၁၉၅ဝ ခုနှစ် ဝန်းကျင်လောက်က သူ့ရဲ့ မဟာကြိုးပမ်းလုပ်ဆောင်မှုက (ANC) ကို လူထုလှုပ်ရှားမှုဆီသို့ဦးလှည့်ပေးရေးဖြစ်တယ်လို့ တခါက သူပြောဖူးပါတယ်။ ဒီလိုနဲ့ တနေ့တော့ “လူထုခေါင်းဆောင် (မင်ဒဲလား) တယောက် သူ့ရုံးခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပေါက်ချလာပါတော့တယ်။” လို့ပြုံးပြီးအမှတ်တရပြောပါတယ်။ မင်ဒဲလားဟာ အရပ်မြင့်မြင့် လူရည်ချောချော လူငယ်တဦးဖြစ်ပြီး တော်ဝင် ဘုရင့်လေတပ်မတော်အကြီးအကဲ တဦး ရဲ့သားဖြစ်သူနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အပျော်တမ်း လက်ဝှေ့ကစားသမားတဦးလည်းဖြစ်ပါတယ်။ ပြီးတော့ သူဟာ တိမ်ဖုံးတဲ့ နေ့အချိန်မှာ ထွက်ပေါ်လာတဲ့နေတစင်းလို တလောကလုံးကို ကြည်လင်တောက်ပစေတဲ့အပြုံးမျိုးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ကျနော်တို့ဟာတခါတရံမှာ လူတယောက်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအာရုံနိုးကြွှမှုတို့အကြား သမိုင်းရေးအရ ဆက်စပ်မှုသဘောကိုသတိမေ့လျော့ နေတတ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတကြီး ဂျော့ရှ်ဝါရှင်တန်ဟာ ရောက်လေရာရာမှာ အရပ်အရှည်ဆုံးနဲ့ ခွန်အားအကြီးမားဆုံးလူဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ ခွန်အားကြံ့ခိုင်သန်စွမ်းမှုဟာ ခေါင်းဆောင်မှု စံထက်စာလျှင် (ANC) နဲ့ ပိုပြီးသက်ဆိုင်မှုရှိတယ်လို့ ဆိုကြပေမယ့် မင်ဒဲလားကတော့ သူ့ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းရာဝယ် ဖြတ်သန်းကျင်လည်ရသော ဘဝဇာတ်လမ်း၊ ဇာတ်ကွက် အထွေထွေကို နောက်ခံတေးသွားနှင့်အညီ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူတဦးပါ။ (ANC) ပါတီရဲ့ မြေအောက်လှုပ်ရှားမှု စစ်ရေးခေါင်းဆောင်ဘဝမှာ မုတ်ဆိတ်မွှေးထူလပြစ်နှင့် စစ်ဝတ်စုံကို အခန့်သားဝတ်ဆင်တတ်ပေမယ့် ရှေ့နေကြီးမင်ဒဲလားဘဝမှာတော့ ပညာတတ်အလွှာရဲ့ လူနေမှုစတိုင်နဲ့ လျော်ညီအောင် ခန့်ခန့်ညားညားဝတ်ဆင်လေ့ရှိပါတယ်။ “ ကျနော်ဖြင့် တွေ့မြင်ဖူးသမျှ လူမည်းတွေထဲမှာ မင်ဒဲလားဟာ ဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဖြစ်အောင် ဝတ်ဆင်တတ်ဆုံး သူပါပဲ ” လို့ တခါက အိန္ဒိယ အပ်ချုပ်ဆိုင်တခုမှ သူနဲ့ တွေ့ဆုံခဲ့ဖူးသူ ရှေ့နေ ဂျော့ဘီဇိုစ် (George Bizos) ကပြောပါတယ်။ ခုနေအခါမှာတော့ မင်ဒဲလားရုပ်ပုံရိုက်နှိပ်ထားတဲ့ ရှပ်အင်္ကျီတွေ တသီကြီးပေါ်ထွက်လာပြီး သူ့ကို ခေတ်သစ်တောင်အာဖရိကရဲ့ ဂုဏ်ယူဖွယ် ကြည်နူးရွှင်မြူးဖွယ် ဖိုးဖိုးကြီး တဦးအဖြစ် မော်ကွန်းထိုးလိုက်ပါပြီ။

၁၉၉၄ခုနှစ်သမ္မတရွေးကောက်ပွဲအတွက်စည်းရုံးမဲဆွယ်ရာမှာ သင်္ကေတအမှတ်တံဆိပ်သည်လည်း အရေးကြီးကြောင်း မင်ဒဲလားကသဘောပေါက်ထားပါတယ်။ သူဟာ ပရိသတ်ရှေ့မှာ အဟောအပြောကောင်းသူ မဟုတ်ပါဘူး။ သူစကားပြောလို့ မိနစ်အနည်းငယ်ကြာသွားတဲ့အခါ သူပြောနေတာတွေကို ပရိသတ်က နားလည်တချက် မလည်တချက်ဖြစ်နေတတ်ပါတယ်။ ထိုအချက်သည်ပင် ပရိသတ်ကြားမှာ အများနှင့် မတူသော သူ့ရဲ့ မူပိုင်သင်္ကေတ ဖြစ်သွားပါတယ်။ တရားဟောစင်မြင့်ပေါ်ရောက်တဲ့အခါ မင်ဒဲလားက သူတို့ မြို့ရဲ့ လှုပ်ရှားမှု သင်္ကေတဖြစ်တဲ့ TOYIXTOYI ကကွက်ကို စည်းချက်နှင့်အညီ လှပစွာ လှုပ်ရှားသရုပ်ဖော်တတ်ပါတယ်။ ဒီ့ထက်ပိုပြီး ဆွဲဆောင်မှုကတော့ လူတကာကို ဆွဲဆောင်နိုင်တဲ့ ပီတိရွှန်းသော သူ့ရဲ့အပြုံးပါဘဲ။ လူဖြူ အာဖရိကန်တွေအတွက်တော့ သူ့အပြုံးက လူဖြူတွေအပေါ်ခါသီးနာကျင်မှု ကင်းစင်သူ လူဖြူတွေကို စာနာတရားထားနိုင်သူအဖြစ် သရုပ်ပေါ်လွင်စေပါတယ်။ မဲဆန္ဒရှင် လူမည်းတွေကိုတော့ “ကျနော်ဟာ ခင်ဗျားတို့ ယုံကြည်ထိုက်တဲ့ ခေါင်းဆောင်ပါ၊ ကျနော်တို့ အတူတကွလက်တွဲ ပြီး အောင်ပန်းဆွတ်ဖို့ ကြိုးပမ်းကြမယ်။” လို့ ဖော်ပြနေပါတယ်။ နေရာတိုင်းမှာ တွေ့နေရတဲ့ (ANC) ရွေးကောက်ပွဲအောင်နိုင်ရေးပိုစတာကတော့ မင်ဒဲလားရဲ့ ပြုံးနေတဲ့ မျက်နှာထားဖြစ်ပါတယ်။ “သူ့အပြုံးက လူထုကို သတင်းစကားလက်ဆောင်ပါးနေတယ်” လို့ ရာမာဖော်ဆာကဆိုပါတယ်။ သူ ထောင်ထဲက ထွက်လာပြီးနောက် ဖိနှိပ်သူတွေအပေါ် နာကျည်းမှု အရိပ်လက္ခဏာ မတွေ့ ရတာဟာ အတော့်ကိုအံ့သြစရာကောင်းနေတယ် လို့ လူတွေက တဖွဖွပြောဆိုနေကြပါတယ်။

အမှန်တကယ်လည်း မင်ဒဲလားဟာ လူဖြူတွေနဲ့ ပတ်သက်ပြီး နာကျည်းစရာတွေ များစွာရှိသော်လည်း ထိုခံစားချက်တွေကို မေ့ပျောက်ပစ်ဖို့ ပိုပြီးအရေးကြီးတာကို သူသိမြင်ထားပါတယ်။ “အတိတ်ကိုမေ့ပစ်လိုက်စမ်းပါလို့” သူ ပြောလေ့ရှိပေမယ့် သူ့နှလုံးသားထဲမှာ နာကျည်းစရာ အတိတ်ဇာတ်ကြောင်းတွေ ကျန်နေဆဲဆိုတာကို ကျနော်ခံစားနားလည်းနိုင်ပါတယ်။



၇။ အသားအရောင်များ အဓိကမထား



ကျနော်တို့ မေးမြန်းခန်းစတဲ့ အခါ “ခင်ဗျားလက်နက်ကိုင် တိုက်ပွဲကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာဟာ ခင်ဗျားတို့မှာ လူဖြူအစိုးရကို ဖြုတ်ချဖို့ အင်အားအလုံအလောက်မရှိဘူး ဆိုတာကို သဘောပေါက်ထားလို့လား၊ (သို့) အကြမ်းမဖက်တဲ့နည်းကို ရွေးချယ်လိုက်ခြင်းဖြင့် နိုင်ငံတကာရဲ့အားပေး ထောက်ခံမှုတွေ ခင်ဗျားတို့ဘက်ကို တိမ်းညွှတ်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်တွေ မြင်နေရလို့လား။” ဆိုတဲ့ မေးခွန်းမျိုးကို မင်ဒဲလားကို ကျနော် မကြာခဏ မေးတတ်ပါတယ်။ ထိုအခါ သူက စူးစမ်းတဲ့ သဘောနဲ့ ဖျတ်ခနဲတချက်ကြည့်လိုက်ပြီး “နှစ်ခုစလုံးဘဲ” လို့ ဖြေတတ်ပါတယ်။ကျနော်မေးတဲ့မေးခွန်းတွေက ခပ်ဆန်းဆန်းဖြစ်နေပေမယ့် ဆိုလိုရင်းကတော့ ရှင်းပါတယ်။ လူ့ဘဝဆိုတာ ရွေးချယ်လို့ ရကောင်းတာမဟုတ်၊ ဖြစ်ရပ်တွေမှာ ဘက်ပြိုင်ပြုနေတဲ့ အကြောင်းခံတရားတွေ ရှိနေတဲ့အခါ ဆုံးဖြတ်ချက်တွေဟာ ရှုပ်ထွေးလှပါတယ်။ ဘက်တိုက်တတ်တာ လူ့သဘာဝလို့ ဆိုလိုတာဟာ ယေဘူယျဆန်လွန်းပြီး လက်တွေ့ ဖြစ်ရပ် အခြေအနေတွေနဲ့ ကိုက်ညီမှု မရှိတတ်ပါဘူး။ အမြဲတမ်းစင်းလုံးချောဖြစ်တဲ့ အရာဆိုတာမရှိပါဘူး။ စသည် ... စသည်ဖြင့်

မင်ဒဲလားဟာ ကွဲလွဲမှု ကမ္ဘာထဲမှာ အသားကျနေသူပါ။ လက်တွေ့ ကျတဲ့နိုင်ငံရေးသမားတဦးအနေနဲ့ သူဟာကမ္ဘာကြီးကိုကြည့်မြင်ရာမှာ မရေမတွက်နိုင်လောက်အောင် အရောင်အသွေး၊ အယူဝါဒတွေ ရှုပ်ထွေးနေတဲ့ ကမ္ဘာကြီးအဖြစ်နားလည်ထားပါတယ်။ ဒီအမြင်တွေဟာ အသားအရောင် ခွဲခြားမှု စနစ်အောက်မှာ အလုပ်တစ်ခုရဖို့ အတွက်နဲ့ အလုပ်ရပြီးရင်လည်း မညှာမတာ အခိုင်းမခံရအောင်လူဖြူအလုပ်ရှင်ကို ခယဝပ်တွားဆက်ဆံရတာ၊ ဒီလိုမှမဟုတ်ရင် အမိမြေကထွက်သွားဖို့သာရှိတဲ့ ရွေးချယ်စရာဘောင်ကျဉ်းပြီး မွန်းကျပ်လွန်းသောနေ့စဉ်ဘဝမှာ ရှင်သန်ရုန်းကန်ခဲ့ရသော လူမည်းတဦးထံမှ ပွင့်အံထွက်လာသော အတွေးတွေလို့ ကျနော်ယူဆပါတယ်။ မင်ဒဲလားက လစ်ဗျားခေါင်းဆောင် ကဒါဖီ နှင့် ကျူးဘားခေါင်းဆောင် ဖီဒယ်ကပ်စထရိုတို့ ကို အထူးတလည် သစ္စာစောင့်သိပါတယ်။ အမေရိကန်အစိုးရက မင်ဒဲလားကို အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ထားချိန်မှာ ကပ်စထရိုနဲ့ ကဒါဖီက သူ့ကို ကူညီပေးခဲ့ပါတယ်။ ကဒါဖီနဲ့ ကပ်စထရိုအပေါ်မှာ ဘယ်လိုသဘောရလဲလို့ ကျနော်မေးကြည့်တဲ့အခါမှာ အမေရိကန်အစိုးရက တောင်အာဖရိကကို စိတ်ဝင်စားကြောင်း အရိပ်အမြွက်ပြောဆိုပြီး အလိုက်မသိ အူကြောင်ကြောင် နိုင်လှတဲ့ ကျနော့်ကို ပြစ်တင်ဝေဖန်ပါတော့တယ်။ ပြဿနာတိုင်းမှာ အကြောင်းခံတွေ များစွာရှိပါတယ်။ သူပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ အသားအရောင်ခွဲခြားမှုစနစ်မှာ သမိုင်းအရ လူမှုရေးအခြေခံအရ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အကြောင်းခံတရားတွေ များစွာအမြစ်တွယ်နေပါတယ်။ ဒီအခြေအနေတွေအောက်မှာ မင်ဒဲလားကတော့ သူ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် လက်တွေ့အကျဆုံးနည်းလမ်းကို အမြဲတမ်းစဉ်းစားနေတတ်ပါတယ်။



၈။ လက်တွေ့အလုပ်မဖြစ်နိုင်တဲ့ အတွေးအခေါ်၊ လုပ်ဆောင်ချက်တွေကို စွန့်လွှတ်ခြင်းသည်လည်း ခေါင်းဆောင်မှု အရည်အချင်းကောင်းဖြစ်ပါတယ်။



၉၃ ခုနှစ်မှာ မင်ဒဲလားက ကျနော့်ကို ကမ္ဘာပေါ်မှာ (၁၈) နှစ်အောက် မဲပေးပိုင်ခွင့် ရှိတဲ့နိုင်ငံရှိလားလို့မေးပါတယ်။ ကျနော် သုသေသနပြုလေ့လာမိသမျှထဲက “ အင်ဒိုနီးရှား၊ ကျူးဘား၊ မြောက်ကိုရီးယားနဲ့ အီရန်” တို့ကိုတင်ပြလိုက်တဲ့အခါ သူကနှစ်ထောင်းအားရ ခေါင်းညိမ့်ပြီး “ကောင်းတယ်၊ကောင်းတယ်” လို့ ချီးမွမ်းပါတယ်။ နောက်ရက်သတ္တနှစ်ပတ်ကြာတော့ တောင်အာဖရိက ရုပ်မြင်သံကြားအစီအစဉ်မှာ မင်ဒဲလားရဲ့ မဲပေးနိုင်တဲ့ အသက်ကန့်သက်ချက်ကို (၁၄) နှစ် အထိလျှော့ချရေး အဆိုပြုတင်ပြချက်ထွက်ပေါ်လာပါတယ်။ “သူတယောက်တည်းသာ လိုလားထောက်ခံတဲ့ အဆိုပြုချက်ကိုထောက်ခံပေးကြဖို့ သူကကျနော့်ကို တိုက်တွန်းနားချပါတယ်။ ဒါပေမယ့် သူ့အဆိုပြုချက်ကို အများကထောက်ခံမှု မရှိတဲ့အတွက် မအောင်မြင်မဲ့အခြေအနေနဲ့ ရင်ဆိုင်ရပေမယ့် သူကလိုလိုလားလားပဲ လက်ခံ အသိအမှတ်ပြုပါတယ်။ ဒါဟာလည်းစံထားအပ်တဲ့ ခေါင်းဆောင်မှုစံနမူနာပါပဲ” လို့ ရာမာဖော်ဆာကပြောပါတယ်။ ခေါင်းဆောင်တဦးအနေနဲ့ အလုပ်မဖြစ် မအောင်မြင်တော့ တဲ့ အတွေးအမြင်၊ လုပ်ဆောင်ချက်၊ ဆက်ဆံရေးတွေကို အဆက်ဖြတ်စွန့်လွှတ်ရေး အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်လုပ်ဆောင်ရပါတယ်။ သူ့ကို လူထုရွေးကောက်ခံသမ္မတဖြစ်နေစဉ်မှာ သူလုပ်ဆောင်ပေးခဲ့တဲ့ အရာတွေအတွက်၊ ထောင်ထဲမှာ ဆယ်စုနှစ် သုံးခုစာနီးပါးဖြတ်သန်းခဲ့ရတာတွေသည် တသက်တာ သမ္မတရာထူးအတွက် နေရာယူဖို့ အခွင့်အရေးများစွာ ပေးနေပေမယ့်လည်း မင်ဒဲလားကကျောခိုင်းခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့အသားအရောင် ခွဲခြားမှုစနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး လူမျိုးရေးလွှမ်းမိုးမှုကင်းတဲ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံထူထောင်ခဲ့သူပါ။ ဖိနှိပ်ခံပြည်သူတွေဘက်မှာ သူအမြဲရှိပါတယ်။ ယနေ့တိုင် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဝေဖန်ရှုတ်ချနေဆဲပါ။ သူထားခဲ့တဲ့ ခေါင်းဆောင်မှု အစဉ်အလာကောင်းတွေဟာ တောင်အာဖရိကအတွက်သာမက အာဖရိကတိုက်တလွှားမှာ ရှိတဲ့ နောက်မျိုးဆက်တွေအတွက် အတုယူစရာစံနမူနာကောင်းတွေပါ။ ရာမာဖော်ဆာက “ မင်ဒဲလားဟာ သင်္ဘောမောင်းနှင် သူတယောက်မဟုတ်ဘဲ ရေကြောင်း လမ်းညွှန်သူတယောက်ဖြစ်တယ်” လို့ပြောပါတယ်။ ခေါင်းဆောင်ဆိုတာ နှလုံးသားနဲ့ ဦးနှောက်ကို ချိန်ညှိပြီး ဦးဆောင်မှုပေးရတယ်ဆိုတာကို မင်ဒဲလားကအလေးအနက် သိမြင်ထားပါတယ်။ ဒီအချက်ကို သူ့ရဲ့ထောင်တွင်းကာလ (၂၇) နှစ်က မှတ်ကျောက်ပြုပေးလိုက်တာပါ။ ၁၉၆၄ ခုနှစ်မှာ အကျဉ်းသားဘဝနဲ့ ရော်ဘင်ကျွန်းပေါ်မှာ စတင်ခြေချချိန်က သူဟာ ထိခိုက်ခံစားလွယ် စူးရှပေါက်ကွဲလွယ်တဲ့ လူရွယ်တဦးပါ။ အကျဉ်းထောင်မှ ပြန်လည်လွန်မြောက်လာချိန်မှာ တော့ နှိုင်းနှိုင်းချိန်ချိန် သုခမိန်တဦး ဖြစ်နေပါပြီ ဒါ့အပြင် သူဟာခံစားမှုကို အရောင်တင်တတ်သူတဦးမဟုတ်ပါ။ ထောင်ထဲဝင်သွားတုန်းက လူရွယ်တဦးဘဝနဲ့ ထောင်ကပြန်လွတ်လာချိန် အခြေအနေ ဘယ်လိုကွာခြားလဲလို့ ကျနော်မေးတတ်တာကို သူဘဝင်ကျပုံမပေါ်ပါဘူး။ ဒီလိုနဲ့ မတတ်သာတဲ့ နောက်ဆုံးတနေ့မှာ တော့ သူစိတ်ပေါက်ပေါက်နဲ့ အဖြေပေးလိုက်ပုံက “ရင့်ကျက်လာတယ်” တဲ့။

အမှန်ပါဘဲ၊ အတွေ့အကြုံရော အတွေးအခေါ်ပါ တည်ငြိမ်ရင့်ကျက်သူတဦးအနေနဲ့ လောကမှာ ရှာမတွေ့နိုင်လောက်အောင် ရှားပါးတဲ့အရာ၊ မစွန့်လွှတ်နိုင်လောက်အောင် တန်ဖိုးကြီးမားတဲ့အရာရယ်လို့ မရှိနိုင်တော့ပါဘူးဗျာ။ ။



ဝေမော်


http://www.linyaungchi.org/article/

Thursday, January 14, 2010

“နိုင်ငံရေး ခေါင်းဆောင်(ရ)ပါး။ အရပ်ပြဇာတ်”

---မောင်စူးစမ်း-


ပြဇာတ်အညွှန်း

နိုင်ငံရေးခေါင်ေးဆာင်နှင့် စီးပွါးရေး(ဘိဇနက်) ခေါင်ေးဆာင်တို့ အကြား ခြားနားချက်တွေ ရှိသည်။ ခေါင်းဆောင်ချင်းတူသည့် တိုင်အောင် ဘ၀ခြင်း မတူသည့်အတွက် ဂုဏ်ပုဒ် ခြားနားကြ၏။ စီးပွါးရေးခေါင်းးဆောင်တို့ အတွက် စီမံခန့် ခွဲ ပညာရှင်တို့က အမျိုးမျိုးသီအိုရီတွေ ထုတ်ကြသည်။ အထူးသဖြင့် ရှိတ်စပီးယာညးပြဇာတ် As you like it ထဲမှ ခေါင်ေးဆာင် အရွယ်ဖွဲ့  စည်းပုံ (ရ)ပါး ကို ကိုးကား၍ ဘိဇနက်ခေါင်ေးဆာင်အရွယ်ကို ခုနှစ်ပိုင်း ပိုင်းဆစ်ကြည့်သည်.



ဤအရွယ် ခုနှစ်ပါးမှာ---

(၁) ကလေးအရွယ်

(၂) ကျောင်းသားအရွယ်

(၃) ချစ်သူအရွယ်

(၄) စစ်သားအရွယ်

(၅) ဗိုလ်ချုပ်အရွယ်

(၆)အမြှော်အမြင်ကြီးသော နိုင်ငံရေးခေါင်းဆောင်(စတိတ်မင်း) အရွယ်

(၇) ပညာရှိပဏ္ဍိတ အရွယ်တို့ ဟူ၍ဖြစ်သည်။

စီမံခန့် ခွဲမှု ပညာကျောင်းသားတို့ သည် ခေါင်းဆောင်မှုကိုအရေးကြီးသောအကြောင်းအရာတရပ်အနေဖြင့်သာ သင်ကြားပို့ ချ နေသည်။ ၄င်းတို့ ၏သင်ရိုးတွင် ရှိတ်စပီးယား ပြဇာတ်လာ ခေါင်ေးဆာင်အရွယ် ခုနှစ်ပါးကို ဘိဇနက်ခေါင်းဆောင် သဘော သဘာဝ အဖြစ်ရည်ညွှန်းသည်။



ဘိဇနက်နှင့် နိုင်ငံရေး

ဘိဇနက်ခေါင်းဆောင်တို့ သည် ဆိုခဲ့သည့်အတိုင်း အရွယ် ခုနှစ်ပါးကို ဖြတ်သန်းရသကဲ့သို့  နိုင်ငံရေးခေါင်ေးဆာင်တို့ သည် လည်း ဤအရွယ်ကို ဖြတ်သန်းရပါသလောဟု မေးစရာပေါ်သည်။ တနည်းပြောလျှင် ဘိဇနက်ခေါင်ေးဆာင်အရွယ်နှင့် နိုင်ငံရေး ခေါင်းဆောင်အရွယ်တို့ သည် ဆီလျှော်ဆက်စပ်မှု ရှိ၊မရှိမေးစရာ ဖြစ်သည်။ အခြားစီလား၊ သို့ တည်းမဟုတ် ဘိဇနက် လော ကအတွက် ခေါင်ေးဆာင်အရွယ်သည် နိုင်ငံရေးလောကအတွက် ဘယ်လောက်အသုံးဝင်သလဲဟု မေးမြန်းရန် ဖြစ်သည်။



စင်စစ်ပြောရလျှင် မြန်မာ တို့ သည် ရှုပ်ထွေး ခက်ထန်သော နိုင်ငံရေးဖြစ်စဉ် အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြရပြီဖြစ်သည်။ထို့  ကြောင့် နိုင်ငံရေးခေါင်းဆောင်အရွယ်ကို ပြဇာတ်တပုဒ်ဖြင့် ရည်ညွှန်းရန်မလိုဟု တွေးမိသည်။ မြန်မာ့ရိုးရာလည်းဖြစ်၊ဇီဝဗေဒ အမြင်လည်းဖြစ်သော အရွယ်သုံးပါးအမြင်ကို နိုင်ငံရေးခေါင်းဆောင်အရွယ်အဖြစ် ပိုင်းခြားကြည့်လို့ လည်း မလုံလောက်ဟု ထင်မိသည်။

အရွယ်ခုနှစ်ပါးနှင့် အရပ်ဇာတ်

စာရေးသူ အမြင်အရပြောရလျှင် မြန်မာ နိုင်ငံအဖို့ ခေါင်ေးဆာင်အရွယ်သည် ခုနှစ်ပါး ရှိလိမ့်မည်ဟု တွက်ဆမိသည်။ ၄င်းတို့ မှာ

(၁) နိုင်ငံရေး အသံကြားသည့်အရွယ်၊ နိုင်ငံရေးစာပေတို့ တွင် စိတ်ဝင်စားသည့်အရွယ်

(၂) နိုင်ငံရေးကို စိတ်ဝင်စားသည့်အရွယ်

(၃) နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ချင်သည့်အရွယ်

(၄) နိုင်ငံရေးအဖွဲ့ အစည်း သို့ မဟုတ် ပါတီတရပ်ရပ်တွင် ပါတီဝင်ဖြစ်လာသောအရွယ်

(၅) နိုင်ငံရေး လှုပ်ရှားမှုတို့ တွင် တက်ကြွစွာ ပါဝင်သူ ဖြစ်လာသောအရွယ်

(၆) နိုင်ငံရေးခေါင်းဆောင် ဖြစ်လာသောအရွယ်နှင့်

(၇) နိုင်ငံရေးအကြောင်း ပြောပြသော ပဏ္ဍိတ အရွယ်တို့ ဆိုပြီး ဖြစ်ကြပါလိမ့်မည်။



အဓိက ဆိုလိုသည်မှာ မြန်မာ နိုင်ငံအတွက် နိုင်ငံရေးခေါင်းဆောင် အရွယ်ကို အသက်ဖြင့် မပိုင်းခြား၊ ပြဇာတ်ဖြင့်မရည်ညွှန်းပဲ မြန်မာ့ နိုင်ငံရေးရာ အတွေ့ အကြုံနှင့် နိုင်ငံရေး ဖြစ်စဉ်တို့ ဖြင့် တိုင်းတာလို့ ရနိုင်မည်ဟု ထင်ခြင်းဖြစ်ရာ တနည်းပြောရလျှင် မြန်မာ့ နိုင်ငံရေးခေါင်းဆောင် အရွယ်အကြောင်းသည် ကိုယ့်အရပ် ကိုယ့်ဇာတ်နှင့် Local Narrative အကြောင်းသာဖြစ်ပါ လိမ့်မည်။



ရှော့ခ် နှင့် အပြတ်အတောက်

နိုင်ငံရေးခေါင်ေးဆာင်အရွယ်အကြောင်းပြောလျှင် မြန်မာ့ နိုင်ငံရေး သမိုင်းဖြစ်စဉ်၏ သဘာဝအကြောင်းကိုလည်း ပြောသင့် သည်ဟု ယူဆသည်။ မြန်မာ့နိုင်ငံရေးသမိုင်းသည် အစဉ်အဆက်ဆီးရီး မရှိ။ အပြတ်အတောက်ရှော့ခ်တို့ ဖြင့် ပြည့်နှက်နေ သည်။ Historical process with breaks and shocks ဟုဆိုရမည်။ ဤဖြစ်စဉ်ကိုရည်ညွှန်း၍ နိုင်ငံရေးခေါင်းဆောင်တို့ ၏ အ ရွယ်ကို ခန့် မှန်း ပိုင်းခြားအပ်သည်။

သမိုင်းဖြစ်စဉ် အပြတ်အတောက်တို့ ကို အခြေခံ၍ နိုင်ငံရေဒခေါင်းဆောင်းအရွယ်ကို ခန့် မှန်း ကြည့်သောအခါ အရွယ်သည် လည်း ကမောက်ကမ ဖြစ်နိုင်သည်၊ နိုင်ငံရေး ဇာတ်ခုံပေါ်၌ ဇာတ်ကောင်အဖြစ် ရေရှည်ကပြနိုင်ရန် ခဲယဉ်းသောကြောင့် ဖြစ် သည်။ မဟာ အိုင်ဒိုလိုဂျီတို့ ကျဆုံးခန်း ၊မဟာခေါင်းဆောင်ကြီးတို့ ၏ ကဏ္ဍ မှေးမှိန်သွားပုံတို့ ကို ထောက်ရှု ကြည့်လျှင်ခေါင်းေ ဆောင်၏အရွယ်ကောင်း အရွယ်ရွှေခေတ်သည် ရှားပါးကုန် ဖြစ်နေဖွယ်ရှိသည်။

သို့ မဟုတ် မသေချာ မရေရာမှု နှင့် ကြုံသလို ဖြစ်မှုတို့ က လွှမ်းမိုးဖွယ်ရှိသည်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ သည် သေချာရေရာမှု တပါးပါးဆီသို့  ရှေ့ ရှု သွားလိမ့်မည်ဟု မျှော်လင့်ရသည်။



အညွှန်း---Havard Business Reviev

မောင်စူးစမ်း

The Voice 6,1 ----

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ

Sunday, January 10, 2010

ခေါင်းဆောင်မှု

-အောင်ခက်-

၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်း ကို ထဲထဲဝင်ဝင် လွန်စွာအလေးထား လာခဲ့ကျပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၄င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်းပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညွှန်ပြကြခြင်းပဲဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။



၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်း ကို ထဲထဲဝင်ဝင် လွန်စွာအလေးထား လာခဲ့ကျပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၄င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်းပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညွှန်ပြကြခြင်းပဲဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။

ခေါင်းဆောင်မှု အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ အမျိုးမျိုးရှိသလိုပဲ ခေါင်းဆောင်မှု သဘောတရားကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းသူ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင် ၏ အောင်မြင်သော သြဇာသက်ရောက်မှု နှင့် နောက်လိုက်များ၏ ရည်မှန်းချက်ပန်းတိုင် ဆွတ်ခူးရရှိတဲ့ အောင်မြင်မှု နှစ်ရပ် ပါဝင်တယ်ဆိုသော အချက်ကို အ‌ခြေခံအားဖြင့် လက်ခံ ထားရှိကြပါသည်။ ခေါင်းဆောင်မှုဟူသည် တစ်စုံတစ်ခုသော ပန်းတိုင်တစ်ရပ် (သို့) ပန်းတိုင်အချို့ ဆွတ်ခူး ရရှိအောင်မြင်ရေး၌ ပါဝင်သက်ဆိုင်သူတို့၏ လုံးလစိုက်ထုတ် ကြိုးပမ်း အားထုတ် ချက်များကို သြဇာပေးလမ်းညွှန်ပြတဲ့ နည်းစဉ် အဖြစ် အဓိပ္ပါယ်ဖွင့် ဆိုနိုင်တယ် လို့ဆိုပါတယ်။

(Barnard Bass. Stogdill’s Handbook of Leadership)

ဂျော့အက်ဖ်ကင်နန် ( George F.Kennan 1954 )ကတော့ “ ကိုယ့်ကိုယ်ကို ဧကန်အမှန် ပိုင်စိုးထိန်းနိုင်သူသည်သာ အခြားတစ်ပါးသူတွေအပေါ် ခေါင်းဆောင်မှု ပေးစွမ်းနိုင်သည်” ဟုဆိုပါတယ်။

စီမံခန့်ခွဲရေးမှူးတစ်ဦး၏ ရှေ့တန်းအကျဆုံး နဲ့ အရေးပါဆုံး အရည်အချင်းတစ်ရပ် ကတော့ “ ခေါင်းဆောင်တတ်ရေး” ပဲဖြစ်ပါတယ်။ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှု သည် လူတစ်ဦးချင်းအောင်မြင်မှုအတွက်ရော အဖွဲ့အစည်းအောင်မြင်မှု အတွက်ပါ အဓိကကျပါတယ်။

စီမံခန့်ခွဲရေးမှူးတွေဟာ တစ်ဦးနှင့်တစ်ဦးသည် သြဇာပေးနည်းစနစ်ခြင်း မတူညီ ကျပါဘူး။

ဥပမာ -

စီမံခန့်ခွဲရေးမှူးအချို့ဟာ လက်အောက်ငယ်သားများအတွက် ရည်မှန်းချက်များ ဖော်ပေးခြင်း၊ လုပ်ရမည့်အရာများကို အသေးစိတ်စာရင်းချပေးခြင်း နှင့် လုပ်ငန်းစဉ်ဇယား အတိုင်း လုပ်ဖြစ် /မဖြစ် သေချာအောင် ထပ်ကြပ်မကွာ အနီးကပ်စစ်ဆေး ကြည့်ရှု့ခြင်းဖြင့် အချိန်အများကြီးသုံးစွဲခဲ့ကျပါတယ်။ ဒီလိုစီမံခန့်ခွဲးရေးမှူးမျိုးကိုတော့ လက်အောက်ငယ် သားများအား လုပ်ပိုင်ခွင့်အာဏာကို မဖြစ်ညစ်ကျယ် မဆိုစလောက်သာ လွှဲအပ်ပေးသည့် လူမျိုးလို့ဆိုရမှာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ လက်အောက်ငယ်သားများကို ကိုယ်လုပ်နည်းကိုင်နည်း အား ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်စေခြင်း၊ အကူအညီထပ်မံလိုသူတွေကို တံခါးဖွင့်မူဝါဒ ထားပေးခြင်းဖြင့် ယေဘုယျ ရည်မှန်းချက်များ ချမှတ်ပေးရတာကို ပိုလိုလားကျတယ်။ ဒီလို စီမံခန့်ခွဲရေးမှူးများကတော့ လက်အောက်ငယ်သားများအား မျှတတဲ့အလုပ်တာဝန်ကို လွှဲအပ်ပေးတဲ့သူမျိုးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

တချို့စီမံခန့်ခွဲသူတွေကတော့ လက်အောက်ငယ်သားတွေကို ဖြစ်နိုင်သမျှ အနည်းဆုံးလမ်းညွှန်မှုပေးတယ်၊ လက်အောက်ငယ်သားတွေက ပြဿနာအချို့ကိုရင်ဆိုင် နေရပါက သူတို့ဘာသာအဖြေရှာပြီးဖြေရှင်းစေတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးမျိုးကတော့ အလုပ်တာဝန်ခပ်သိမ်းကို လုံးလုံးလွှဲအပ်ပေးထားတဲ့သူမျိုးတွေဖြစ်ပါတယ်။
အဲ့ဒီနည်းလမ်း သုံးမျိုးထဲမှာ ဘယ်နည်းလမ်းကအကောင်းဆုံးလဲလို့မေးလာခဲ့လျှင် တော့ နည်းဟန်သုံးမျိုးစလုံးဟာ တစ်မျိုးစီထိရောက်နိုင်ပါတယ်။ အကောင်းဆုံး ခေါင်းဆောင်မှုနည်းဟန် တစ်မျိုးတည်းဟူ၍ မရှိဘူးဆိုတာကို သိသာထင်ရှားစေပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ ခေါင်းဆောင်မှုဆိုတာဟာ အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်း လာပါတယ်။

အဓိကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချက်ကတော့ ခေါင်းဆောင် တွေမှာ ရှိတတ်ကျတဲ့ ဓလေ့စရိုက်များ နဲ့ အရည်အချင်း စွမ်းရည်များ ( traits & abilities ) ပဲဖြစ်ပါတယ်။

၁၉၂၀ နှင့် ၁၉၅၀ ပြည့်နှစ်အတွင်း ခေါင်းဆောင်မှု ထိရောက် အကျိုးဖြစ်ထွန်းချက် အား အထောက်အကူပြုသော အင်အားစုများကို ပိုင်းခြားပြရန် အားထုတ်သည့်အနေဖြင့် ဓလေ့စရိုက်သီအိုရီ ( traits & abilities ) သုတေသနပြုမှုတွေကို အများကြီးပြုလုပ်ခဲ့ကျ ပါတယ်။ စူးစမ်းလေ့လာသူ ပညာရှင်များက အများလက်ခံနိုင်သော ယေဘုယျစာရင်း တစ်ခု မဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ကံဆိုးသည့် အကြီးမားဆုံးပြဿနာပဲဖြစ်ပါတယ်။ဒါပေမဲ့ အများစုတင်ပြခဲ့တဲ့ ယေဘုယျတွေ့ရှိချက်အချို့ကို တော့ရရှိခဲ့ပါတယ်။

သာဓကအားဖြင့် အဲ့ဒီခေတ်က ရေးသားတင်ပြချက်တွေကို ဆန်းစစ်သုံးသပ်ပြီး နောက် ဘက်စ် (Bass )ဆိုသူက အောက်ပါကောက်ချက်များ ဆွဲယူရန် စူးစမ်း လေ့လာချက် ၁၅ခုကျော်မှ တစ်‌ပြေးညီ ခိုင်မာအားကောင်းသော အထောက်အထားများကို တွေ့ရှိခဲ့ပါတယ်။

ခေါင်းဆောင်မှု အနေအထားတစ်ရပ်ရရှိထားသူဟာ ၄င်းရဲ့ အုပ်စု သာမန်အဖွဲ့ဝင် များထက် အောက်ပါအချက်တွေဟာသာလွန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်-
(၁) ဉာဏ်အမြော်အမြင် ( Intelligence )
(၂) ပညာအရည်အချင်း ( Scholarship )
(၃) တာဝန်များထမ်းဆောင်ရာ၌ မှီခိုအားထားနိုင်မှု ( Depend-ability in exercising responsibilities )
(၄) လှုပ်ရှားထကြွရှိမှု နှင့် လူမှုရေးပါဝင်ပူပေါင်းဆောင်ရွက်မှု ( Activity & Social Participation )
(၅) လူမှုစီးပွါးရေးဘဝအဆင့်အတန်း ( Socioeconomic Status ) တို့ပဲဖြစ်ပါတယ်။

အဲ့ဒီအချက်တွေအပြင် အောက်ပါတွေ့ရှိချက်များကို အထောက်အကူပြုစေတဲ့ စူးစမ်းလေ့လာမှု (၁၀)ခုကျော်ကိုလဲ ဘက်စ် (Bass )က ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။
(က) ခေါင်းဆောင်တစ်ဦးမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ စရိုက်လက္ခဏာတွေနဲ့ ကျွမ်းကျင်တပ်မြောက်မှုတွေကို ခေါင်းဆောင်တစ်ဦးအဖြစ် ရင်ဆိုင်ကိုင်တွယ်ရာမှာ အ‌ခြေအနေတွေရဲ့ တောင်းဆိုချက်များက အဓိကအားဖြင့် ပိုင်းဖြတ်တယ်လို့ဆိုပါတယ်။
(ခ) ခေါင်းဆောင်မှုအနေအထားတစ်ရပ် ရရှိထားတဲ့သူဟာ သူ့ရဲ့သာမန်အဖွဲ့ဝင်တွေ ထက် အောက်ပါအချက်တစ်ခုစီ၌ အတိုင်းအတာတစ်စုံတစ်ခုအထိ သာလွန်နေတာကိုတွေ့ ရမှာဖြစ်တယ်လို့ဆိုပါတယ်-
(၁) လူမှုရေးနားလည်မှု ( Sociability )
(၂) ပင်ကိုအစွမ်းအစ ( Initiative )
(၃) ဇွဲနပဲကြီးမှု ( Persistence )
(၄) အလုပ်တွင်ကျယ်မည့် လုပ်နည်းကိုင်နည်းများ သိရှိနားလည်မှု ( Knowing how to get things done )
(၅) ကိုယ့်ကိုယ်ကိုယုံကြည်မှု ( Self-Confidence )
(၆) အ‌ခြေအနေများကို နိုးကြားထွင်းဖောက်မြင်သိမှု ( alertness to, and insight into, situations )
(၇) အများနဲ့လက်တွဲပူးပေါင်းလုပ်ဆောင်မှု ( Cooperativeness )
(၈) ရေပန်းစားမှု ( Popularity )
(၉) အ‌ခြေအနေနှင့်လိုက်လျောညီထွေပြုတတ်မှု ( Adaptability )
(၁၀) နှုတ်ရေးတတ်ကျွမ်းမှု ( Verbal facility ) တို့ပဲဖြစ်ပါတယ်။
သည်လို ယေဘုယျ ခေါင်းဆောင်မှုဓလေ့စရိုက်တွေကို စူစမ်းရှာဖွေရာမှာ အလိုအလျောက် စေ့ဆော်ဆွဲဆောင်မှု ရှိခြင်းကြောင့် ဒီချဉ်းကပ်နည်းတွေဟာ မျက်မှောက်ခေတ် စီမံခန့်ခွဲရေးဆိုင်ရာ စာပေတွေမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။

ဥပမာ စိတ္တဗေဒပညာရှင် ဟာရီလီဗင်ဆင် က ခေါင်းဆောင်ကိုယ်ရည်ကိုယ်သွေး ဥပတိအတိုင်းအတာ အချက် (၂၀)ကို ဆွဲထုတ်ပြခဲ့ပါတယ်။ အဲ့ဒီအတိုင်းအတာတွေဟာ ထိပ်တန်းစီမံခန့်ခွဲရေး အခွင့်အာဏာရှိသူတစ်ဦးကို စီစစ်ရွေးချယ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေကတော့-
(၁) အချက်အလက်အမျိုးမျိုးကို ရှေ့နောက်ညီညွတ်သော ရည်မှန်းချက်ဘောင် တစ်ခုရအောင် တွေးဆသိမြင်ဖွဲ့စည်းပေါင်းစပ်တည်ဆောက်တတ်ခြင်း
( The capacity to abstract, to conceptualize, to organize, and to integrate different data into a coherent frame of reference )
(၂) ဒွိဟသံသယဝိဝါဒကို သဘောထားကြီးခြင်း
( A tolerance for ambiguity)
(၃) ဉာဏ်အမြော်အမြင်ရှိခြင်း
( Intelligence )
(၄) ကောင်းကောင်းပိုင်းဖြတ်ခြင်း
( Good Judgment )
(၅) တာဝန်ယူတတ်ခြင်း
( Ability to take charge )
(၆) ပြဿနာများကို အားတက်သရော မဟာဗြူဟာမြောက် ရင်ဆိုင်‌ဖြေရှင်း တတ်ခြင်း
( A Capacity for Attacking Problems Both Vigorously and Strategically )
(၇) ထမြောက်အောင်မြင်ရေးအလေးပေးခြင်း
( An Achievement Oriented-ness )
(၈) အခြားသူများ၏ စိတ်ခံစားချက်ကို သိလွယ်တုံ့ပြန်တတ်ခြင်း
( A Sensitivity to the Feelings of Others )
(၉) အဖွဲ့အစည်းဝင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်တတ်ခြင်း
( Participation as a Member of the Organization )
(၁၀) ရင့်ကျက်ပြည့်ဝခြင်း
( Maturity )
(၁၁) အခြားသူများထံမှသတင်းစကား၊ ‌ဝေဖန်ချက်နှင့် ပါဝင်ပူပေါင်းမှုရသည့်တိုင် ကိုယ်ဒူးကိုယ်ချွန်တတ်ခြင်း
( Ability to Stand on his or her Own while accepting information, criticism, and cooperation from others. )
(၁၂) ပီပြင်ရှင်းလင်းပြောဆိုတတ်ခြင်း
( Ability to Articulate )
(၁၃) ရုပ်ပိုင်းစိတ်ပိုင်းသက်လုံကောင်းခြင်း
( High Physical and Mental Stamina )
(၁၄) ဖိစီးမှုကိုအလိုက်သင့်စီမံထိန်းတတ်ခြင်း
( Ability to adapt and to manage stress )
(၁၅) ဟာသဉာဏ်ရှိခြင်း
( A Sense of Humor )
(၁၆) အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ရှင်းလင်းပြတ်သားသည့် ကိုယ်ပိုင်ပန်းတိုင်များရှိခြင်း
( Well-defined personal goals that are consistent with organizational needs )
(၁၇) လုံးလဝီရိယကြီးခြင်း
( High perseverance )
(၁၈) အချိန်ကိုစံနစ်တကျစုစည်းအသုံးချတတ်ခြင်း
( The ability to organize time well )
(၁၉) လေးနက်တည်ကြည်ခြင်း
( High integrity )
(၂၀) လူမှုတာဝန်နှင့်ခေါင်းဆောင်မှုတာဝန်ယူဖို့လိုအပ်ပုံကို နားလည်တန်ဖိုးထားခြင်း ( An appreciation for the need to assume social responsibility and leadership.)

လီဗင်ဆင်သည် သူရဲ့အတိုင်းအတာတွေဟာ စာရင်းအင်းဗေဒအရ ခိုင်လုံတယ်လို့ တော့ အာမဝန်တာမခံပေ။ ထိပ်ပိုင်ဆိုင်ရာ စိမံခန့်ခွဲရေး ထိရောက်အောင်မြင်မှု နှင့် စပ်လျဉ်းသော သဘောလက္ခဏာများကို အလေးပေးစဉ်းစားနိုင်ရုံသာ သူဟာတင်ပြခဲ့ခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
သူ ဘယ်လိုပဲ‌ပြော‌ပြော ဖော်ပြပါ ဓလေ့စရိုက်များဟာ ခေါင်းဆောင်မှု သဘော သဘာဝကို နားလည်သဘောပေါက် အောင်မြင်အောင်ပြုလုပ်ရာမှာ အလွန်အရေးပါတယ် ဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။ သူတင်ပြခဲ့တဲ့ ဓလေ့စရိုက်များ နဲ့ စွမ်းရည်များကို ဆန်းစစ်ကြည့်တဲ့အခါမှာ စီမံခန့်ခွဲရေး ခေါင်းဆောင်တစ်ဦးမှာ အမှန်တကယ်လိုအပ်တဲ့ ယေဘုယျပုံရိပ်တစ်ခုကို မီးမောင်းထိုးပြနေသည်မှာ ထင်ရှားတာကို တွေ့မြင်ကျရမှာဖြစ် ပါတယ်။
( Ref: Richard M.Hodgetts. Management)

နောက် အရေးပါသော ခေါင်းဆောင်မှု လေ့လာစူးစမ်းနည်းမှာ ခေါင်းဆောင်တွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို စစ်ဆေးအကဲဖြတ်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ထွန်းပေါက်အောင်မြင်သော ခေါင်းဆောင်မှုအမူအရာတစ်မျိုးကို အတုယူကျင့်သုံးခြင်း အားဖြင့် ပိုတော်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာနိုင်တယ်လို့ သုတေသီပညာရှင် အများအပြားက ယုံကြည်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဒီအယူအဆဟာ အငြင်းပွါးနိုင်စရာတွေ ရှိပါတယ်။ မျက်မှောက်ခေတ်မှာ ခေါင်းဆောင်မှုအမူအရာကို ပိုပြီးနက်နက်နဲနဲ ထဲထဲဝင်ဝင် စိတ်ဝင်တစားရှိလာကြပါတယ်။ စိတ်ဝင်တစားကြည့်လာကြတာနဲ့အမျှ ခေါင်းဆောင်တွေ နဲ့ လက်အောက်ငယ်သားတွေ အပြန်အလှန်ချိတ်ဆက် အကြိုးပြုနေကျပုံကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။

စီမံခန့်ခွဲမှူးတွေ အများဆုံးလက်ခံကျင့်သုံးပြီး အလွန်အမင်း ပြုလုပ်တတ်ကြတာ ကတော့ အာဏာရှင်ဆန်သော ခေါင်းဆောင်မှု ( Autocratic Leadership )ပဲဖြစ်ပါတယ်။ သူတို့တွေဟာ အလုပ်တာဝန်ပြီးမြောက်အောင်မြင်ရေးကိုပဲ အဓိကထားအာရုံစိုက်ကြပြီးတော့ လူသားတွေအပေါ်မှာတော့ အလေးမထားကျပေ။ ဒီလိုခေါင်းဆောင်တွေကတော့ ရှေးရိုးစီမံခန့် ခွဲရေးပုံစံနဲ့သာ သင့်မြတ်ကိုက်ညီပါတယ်။ အဲ့ဒီပုံစံအရ အလုပ်သမားတွေကို ကုန်ထုတ် အင်အားစုများ ( Factors of Production )အဖြစ် ရှုမြင်သဘောထားကျတယ်။ မည်သို့ ပင်ဆိုစေ ခေါင်းဆောင်တွေမစွမ်း၊ မထိရောက်ဟု တစ်ဖက်သတ်တော့ မမှတ်ယူ သင့်ပါဘူး။ တစ်ခါတစ်ရံမှာ သူတို့ဟာ ကြောက်ခမန်းလိလိ စွမ်းဆောင်အောင် မြင်တတ် ကြပါတယ်။ ဥပမာ အကျပ်အတည်းဆိုက်တဲ့အ‌ခြေအနေတွေမှာဆိုရင် ခေါင်းမာပြင်း ထန်သော စီမံခန့်ခွဲရေးမှူး တွေလိုအပ်ပါတယ်။ တစ်ချို့သောအဖွဲ့အစည်းတွေမှာဆိုရင် ကုန်ထုတ်လုပ်မှု စွမ်းအား တိုးမြင့်ရေး၊ စရိတ်ထိန်းသိမ်းရေးပြဿနာများ (သို့) အရည်အသွးညံ့ဖျင်းမှု ပြဿနာများနှင့် ရင်ဆိုင် ကျရတဲ့အခါတွေမှာဆိုရင် အ‌ခြေအနေတည့် မတ်အောင် ဖြေရှင်းရန် အာဏာရှင်ဆန်တဲ့ ခေါင်ဆောင်တွေကို အာကိုးအားထားပြုကျရပါတယ်။

ဘာလို့လဲဆိုတော့ အာဏာရှင်ဆန်တဲ့ခေါင်းဆောင်တွေရဲ့ အမူအရာကို အမူအရာကို အနီးကပ် ကွပ်ကဲထိန်းချုပ်မှုအပေါ် အလေးထားခြင်း နဲ့ လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ပေးရန် မလိုခြင်း ဆိုတဲ့လက္ခဏာ နှစ်ရပ်အရ အကဲဖြတ်နိုင်ပါတယ်။ သူတို့ဟာဆိုရင် အရေးပါ သောအကြောင်းကိစ္စအားလုံးအပေါ် ဆုံးဖြတ်ချက်ချမှတ်တဲ့အခွင့်အာဏာကို ထိန်းချုပ်ထား ကျပါတယ်။ နောက်ဆုံးအပြီးသတ်အတည်ပြုချက်ကို သူတို့ သေချာပေါက်ရယူလိုသော ကြောင့်ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှု ( Paternalistic Leadership ) ပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှုစတိုင်ကတော့ အလုပ်ကိုအလွန်အမင်း ဗဟိုပြုထားသော်လည်း လူသားအမြုတေဖြစ်တဲ့ ဝန်ထမ်းလုပ်သားများကိုလည်း အလေးထား ထည့်တွက်ကျပါတယ်။ တစ်ခါတစ်ရံမှာသူတို့ကို ဒီမိုခရေစီဆန်သော/မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်တွေနဲ့ ရောထွေးမြင်တတ်ကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အလုပ် ကိုရော လူတွေကိုပါ တစ်ပြိုင်နက် အလေးထားကျသောကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထူးခြားသောသွင်ပြင်လက္ခဏာတစ်ရပ်က သူတို့ဟာ ဒီမိုကရေစီဆန်သော ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြပါတယ်။ “ ငါ‌ပြောသလိုလုပ်၊ အဖွဲ့အစည်းက မင်းကို တာဝန်ယူ စောင်မလိမ့်မယ်” ဆိုသောအတွေးအခေါ်ကို သူတို့ယုံကြည်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေကတော့ သားသမီးတွေကိုအုပ်ချုပ်တဲ့ မိဘတွေနဲ့ တစ်ထေရာထဲ တူလိုဟန် ရှိကျပါတယ်။

စီးမံခန့်ခွဲရေးမှူးအများအပြားဟာ ဖခင်အသွင်ဆန်သော ခေါင်းဆောင်သူတွေဖြစ်ကြ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက်အောက်ငယ်သားတွေဟာ သူတို့ကို ကြည့်ရှုစောင့် ရှောက်ပေးမဲ့ တစ်စုံတစ်ဦးကို အမြဲတမ်းလိုလားတောင့်တနေတယ်လို့ ထင်နေသောကြောင့် ဖြစ်ပါတယ်။ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှုပုံစံသည် ဘဝမှာလုံခြုံမှုမရှိသောသူများ၊ မိမိတို့ရဲ့အလုပ်အကိုင်ကိုသာ သင်ယူနေကျရှာပြီး အကြံဉာဏ်၊ အကူအညီနဲ့ အကာအကွယ်ကို ငံ့လင့်နေကျတဲ့ လက်အောက်ငယ်သားများကို ကိုင်တွယ်‌ဖြေရှင်းတဲ့အခါမျိုးမှာ အထိရောက် ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး ဖြစ်တတ်ကျပါတယ်။

( Ref: Richard M.Hodgetts. Management)

ဒီမိုကရေစီဆန်သော/မျှ‌ဝေတာဝန်ယူသောခေါင်းဆောင်မှု ( Democratic/ Participative Leadership) ဆိုတာကတော့ လူနှင့်အလုပ် နှစ်မျိုးစလုံးကို လွန်စွာအလေး ထားခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာ လက်အောက်ငယ်သားတွေအကြား တစိုက်မတ်မတ် သတင်းအချက်အလက် အပြန်အလှန် စီးဆင်းမှုကိုအားပေးတယ်၊ ကူညီပံ့ပိုးပေးတယ် လုပ်ပိုင် ခွင့်အာဏာအများအပြားကိုလဲ လက်အောက်ငယ်သားများအား လွှဲအပ်ပေးထားပါတယ်။ လုပ်သားများ တက်တက်ကြွကြွပါဝင်လုပ်ဆောင် အောင်လဲ နှိုးဆော်အားပေးပါတယ်။ ဒီ‌ခေါင်းဆောင်မှုနည်းဟန်ရဲ့ အားသာချက်ကတော့ လူတစ်ဦးချင်းစီ တာဝန်ယူမှု၊ အချင်းချင်း ယိုင်းပင်းကူညီမှု၊ တစ်ဦးရဲ့အားနည်းချက်ကို တစ်ဦးကဖြည့်ဆည်းအားပေးမှု၊ အပြန်အလှန် နားလည်မှု၊ မိမိတာဝန် နှင့်အပြစ်ကို တစ်ပါးသူအပေါ်ပုံမချမှု၊ တစ်ဦး၏ စွမ်းဆောင် အောင်မြင်မှုကို တစ်ဦးကမုဒိတာပွါးမှု၊ စေ့စပ်ညှိနှိုင်းအ‌ဖြေရှာမှု နှင့် ပျော့ပျောင်း သောဆက်ဆံ ရေးဘဝဖြစ်တည်မှု စတာတွေပဲဖြစ်ပါတယ်။ သည်လို လူကိုရောအလုပ်ကိုပါ အလွန်အမင်း တန်ဖိုးထားခြင်းကြောင့် ဒီခေါင်းဆောင်မှုနည်းဟန်မှာ အကျိုးကျေးဇူး‌မြောက်များစွာဖြစ်ထွန်း ပါသည်။ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေကတော့-

(၁) အပြီးသတ်ဆုံးဖြတ်ချက်မချမီ လိုအပ်တဲ့သတင်းအချက်အလက်တွေနဲ့ အထောက်အကူရရှိရေးအတွက် တခြားသက်ဆိုင်သူတွေအပေါ် ခေါင်းဆောင် က အားကိုးအားထားပြုနိုင်သောကြောင့် ဆုံးဖြတ်ချက်ချမှတ်ပုံ တိုးတက် ကောင်းမွန်လာမှာဖြစ်ပါတယ်။
(၂) လုပ်အောက်ငယ်သားတွေဟာ သူတို့လုပ်ငန်းခွင်ဝန်းကျင်မှာ အဆင်ပြေ ပွင့်လင်းလွတ်လပ်မှုကို နှစ်သက်သဘောကျသောကြောင့် စိတ်ဓါတ်တက်ကြွ အားကောင်းလာမှာဖြစ်ပါတယ်။
(၃) လက်အောက်ငယ်သားတွေဟာ သူတို့ရည်မှန်းချက်ကိုသိရှိပြီး အဲ့ဒီရည်မှန်းချက် ကို မဖြစ်မနေဆွတ်ခူးရရှိရန် လိုအပ်တဲ့လုပ်ပိုင်ခွင့် လွပ်လပ်မှု အပြည့်အဝရရှိ သောကြောင့် အကြီးအကျယ် ထမြောက်အောင်မြင်ရေး မောင်းနှင်အားကို ပျိုးထောင် ရှင်သန်ကြီးထွားလာစေမှာဖြစ်ပါတယ်။
(၄) အပြောင်းအလဲများပြုလုပ်ခဲ့ပါလျှင်လဲ ဝန်ထမ်းများဟာ ဆန့်ကျင်သွေဖီခြင်း မရှိပဲ ၄င်းတို့ကိုယ်တိုင် ပါဝင် တာဝန်ယူလုပ်ဆောင်ကျမှာဖြစ်ပါတယ်။

အဓိကအားဖြင့် မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်မှုနည်းဟန်ကို ဒီမိုကရေစီကျင့်သုံး သော တိုင်းပြည်တွေမှာ အများဆုံးလက်ခံကျင့်သုံးကျပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံမှာ လက်ခံကျင့်သုံးပါတယ်။ သို့သော် ဒီခေါင်းဆောင်မှုနည်းဟန်သည် အဖွဲ့အစည်း တိုင်းအတွက်တော့ ခြွင်းချက်မရှိ အလုပ်ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ချို့အဖွဲ့အစည်းတွေဟာ မျှ‌ဝေတာဝန်ယူမှု အလွန်အားကောင်းတဲ့ ပတ်ဝန်းကျင် ဓလေ့ စရိုက်နဲ့ ဟန်ကျပန်ကျ လည်ပတ်အောင် မစွမ်းဆောင်နိုင်တတ်ကျလို့ပဲ ဖြစ်ပါတယ်။

နောက် လွပ်လပ်သော/အထိန်းအချုပ်ကင်းသောခေါင်းဆောင်မှု ( Laissez-faire/Free-rein Leadership) ဆိုတာကတော့ လုပ်ငန်းဌာနရဲ့ဆောင်ရွက်ချက်တွေကို အ‌ခြေခံအားဖြင့် ကိုယ်တိုင်ပါဝင် တာဝန်ယူခြင်းမရှိတဲ့ စီမံခန့်ခွဲရေးမှူး(ခေါင်းဆောင်)တွေက ကိုင်စွဲကျင့်သုံးကျပါတယ်။ ဒီစီမံခန့်ခွဲရေးမှူးတွေဟာ လုပ်ငန်းတာဝန်တွေကို လက်အောက် ငယ်သားတွေအပေါ် ပုံအောပြီး ပခုံးလွှဲပေးလိုကျတယ်။ သူတို့ကိုယ်တိုင်ကျတော့ ဘာတာဝန်ကိုမှ မယ်မယ်ရရမယူခြင်ကျဘူး၊ အလုပ်တာဝန်တွေကို သူတို့နဲ့မဆိုင်သလိုပဲ သဘောထားကျတယ်။

သူတို့ဟာ လုပ်ငန်းခွင်ထဲကို ကိုယ်ရောင်ပြသာလာကြပြီး လုပ်ငန်းအခြေအနေဘယ်လို ရှိတယ် ဘယ်လိုစခန်းသွားနေတယ်ဆိုတာကို ကြည့်ရှုစစ်ဆေးရန်လောက်သာ စိတ်ဝင်စားမှုရှိ ပါတယ်။ ခေါင်းဆောင်တာဝန်ယူ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းမျိုးမရှိပေ။
သို့ဆိုလျှင် လွပ်လပ်သော/အထိန်းအချုပ်ကင်းသော ခေါင်းဆောင်မှုနည်းဟန်ဟာ ကောင်းစွာအလုပ်ဖြစ်ပါသလားဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ အ‌ဖြေကတော့ အလုပ်ဖြစ်နိုင်ပါတယ်လို့ပဲ ‌ဖြေဆိုရပါမယ်။ ဘယ်လိုနေရာတွေမှာအလုပ်ဖြစ်နိုင်သလဲဆိုတော့ သုတေသနနဲ့ဖွံဖြိုးရေး လက်တွေ့စမ်းသပ်ခန်းတွေမှာ တာဝန်ယူရတဲ့ စီမံခန့်ခွဲရေးမှူးရဲ့ စွမ်းဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ သူရဲ့လက်ထောက်တွေအားလုံးဟာ အများအားဖြင့် အထူးကျွမ်းကျင်နှံ့စပ် တတ်သိလိမ်မာ
ကြတယ်၊ အလုပ်တာဝန်ကို ပိုင်နိုင်ကျွမ်းကျင်သော အတတ်ပညာရှင်တွေဖြစ်ကျတဲ့ အတွက်ကြောင့် စီမံခန့်ခွဲရေးမှူးဟာ အလုပ်ပြီးမြောက် အောင်မြင်ရေးအတွက် လိုအပ်တဲ့ လက်နက်ကရိယာတွေနဲ့ အထောက်အကူကိုဖြည့်ဆည်း ပေးရန်သာဖြစ်တယ် ဘာတွေလုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတာကို အထူးတိုက်တွန်း‌ပြောဆိုဖို့ လုံးလုံးမလိုအပ်ပါဘူး။ အားကြိုးမာန်တက် စွမ်းစွမ်းတမံလုပ်ဆောင်ကြသည်မှာ လုံးဝစိတ်ချရ သောကြောင့် စီမံခန့်ခွဲးရေးမှူးတွေအဖို့ ထူးခြား‌ပြောင်မြောက်တဲ့ ရလာဘ်ကောင်းတွေရရှိနိုင် မှာဖြစ်ပါတယ်။

သို့သော် ဒီလိုအခြေအနေမျိုးတွေဟာ တွေ့ရခဲပါတယ်။ ဖြစ်မြဲသဘောရဲ့ ချွင်းချက် တစ်ခုသာဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးတွေဟာ စည်းမျဉ်းစည်းကမ်း လွန်စွာလျော့နည်း တတ်ကျပါတယ်။ အများအားဖြင့်တော့ သူတို့ဟာ စာဖွဲ့ရလောက်အောင် ဘာတစ်ခုမှ ဟုတ္ထိပတ္ထိ ထိရောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိကျပါဘူး။ သည်လိုဖြစ်ရြခင်းရဲ့အဓိက အကြောင်းရင်းကတော့ ခေါင်းဆောင်တစ်ဦးရဲ့ အရေးကြီး ဆုံးဖြစ်တဲ့ ဦးစီးခေါင်ဆောင် မှုတာဝန်ကို လစ်ဟင်းကြသောကြောင့်ဖြစ်ပါတယ်။

ဘယ်သူတွေဘာတွေ‌ပြော‌ပြော နောက်ဆုံးမှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့တာဝန်မှာ-
(က) လက်အောက်ငယ်သားတွေလုပ်ဆောင်ရမဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နားလည်အောင်ရှင်ပြနိုင်ရမယ်။
(ခ) ပန်းတိုင်ပေါက်မြောက် အောင်မြင်ရေးကိုဟန့်တားထားတဲ့ လမ်းပိတ်ဆို့မှု တားဆီးမှုအခက်အခဲတွေကို ရှင်းလင်းဖယ်ရှားပေးရမယ်။
(ဂ) ကိုယ်ပိုင်ဆန္ဒပြည့်ဝ ကျေနပ်မှုရရှိအောင် လက်အောက်ငယ်သားတွေအတွက် အခွင့်အလမ်းကိုတိုးမြှင့်ဖွင့်ပေးနိုင်ရပါမယ်။

ဒါတွေဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့အခြေခံလိုအပ်ချက်တွေပဲဖြစ် ပါတယ်။
နောက်တစ်ခု ကတော့ John C.Maxwell ရေးသားတဲ့ The 21 Irrefutable Laws Of Leadership ကို မောင်မြင့်ကြွယ်ဘာသာပြန်ဆို ထားတဲ့ မှတ်သားထားတာလေး တစ်ချို့ ကို‌ပြောပြချင်ပါတယ်။
ဒါကတော့ တစ်ချို့သောသူများဟာ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု သည် တစ်မျိုးတည်း ဖြစ်တယ်ဆိုသော ယူဆချက်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒါဟာမှားယွင်းတဲ့အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ‘ခေါင်းဆောင်မှု’ဆိုသည်မှာ လူအများအပြားအား လိုက်ပါလာ အောင် သြဇာသက်ရောက်စေမှုဖြစ်ပြီး ‘စီမံခန့်ခွဲမှု’ကတော့ နည်းစနစ်များနှင့်လုပ်ငန်းစဉ်များ တသမတ်တည်းရှိနေစေရေးကို အာရုံစိုက်မှုပင်ဖြစ်တယ်လို့ဆိုပါတယ်။

ခရိုက်စလာ မော်တော်ကားကုမ္ပဏီရဲ့ ရှယ်ယာမင် နှင့် အမှုဆောင်အရာရှိချုပ်ဟောင်း လီအိုင်ယာကော့ကာ ကတော့ “တစ်ခါတစ်ရံမှာတော့ အတော်ဆုံးမန်နေဂျာတွေတောင် ခွေးအကြီးကြီးတစ်ကောင်ရဲ့ကြိုးကို ကိုင်ထားရတဲ့ ချာတိတ်လေးတစ်ယောက်နဲ့တူတယ်တဲ့ ခွေးကြီးကဘယ်ကိုသွားချင်သလဲဆိုတာကို စောင့်ကြည့်ပြီးမှ လိုက်ပို့တတ်တာမျိုးပေါ့” ဆိုပြီး လှောင်တောင်တောင်ခနဲ့တဲ့တဲ့‌ပြောဖူးပါသေးတယ်။
ပုဂ္ဂိုလ်တစ်ယောက်အား ထိုပုဂ္ဂိုလ်သည် စီမံခန့်ခွဲမှုသက်သက်ထက် ခေါင်းဆောင်မှု ပေးနိုင်သူဟုတ်မဟုတ် စမ်းသပ်ကြည့်နိုင်တဲ့ အကောင်ဆုံးနည်းလမ်းကတော့ ၄င်းအား အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို ဖန်တီးပေးရန် စေခိုင်းဖို့ပဲဖြစ်ပါတယ်။ မန်နေဂျာများသည် ဦးတည်ချက်ကို မပြောင်းလဲအောင် ထိန်းထာနိုင်သော်လည်း ပြောင်းလဲသွားအောင်မူ မပြုလုပ်နိုင်ကျပေ။ လူပုဂ္ဂိုလ်များကို ဦးတည်ချက် အသစ်ဆီသို့ ပြောင်းရွှေ့ဆောင်ရွက်စေရန်ဆိုတဲ့ ကိစ္စရပ်တွေမှာ သြဇာသက်ရောက်မှုရှိစေရန်လည်း လိုအပ်မှာဖြစ်ပါတယ်။

ခေါင်းဆောင်ကြီးများက မည်သည့်အခါ၌ ဦးဆောင်ရမည်ကိုသိခြင်းသည် မည်သည့်ကိစ္စ အားဆောင်ရွက်ရမည်နှင့် မည်သည့်နေရာသို့ သွားရမည်တို့အား သိရှိသကဲ့သို့ပင် အရေးကြီး ကြောင်းကိုတွေ့မြင်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ ခေါင်းဆောင်တစ်ဦးက လှုပ်ရှားမှုတစ်ရပ် ကို ပြုလုပ်သည့်အခါတိုင်း ဖြစ်ပေါ်လာနိုင်သည့် ရလဒ် လေးမျိုးရှိပါသည်။

(၁) မှားယွင်းသောအချိန်တွင် မှားယွင်းသောလုပ်ရပ်က ဘေးဒုက္ခနှင့် ကြုံတွေ့ရရှိလိမ့်မည်။
(၂) မှန်ကန်သောအပြုအမူအား မှားယွင်းသည့်အချိန်ကာလတွင် ပြုလုပ်မိပါက ခုခံငြင်းဆန်မှုကို ဖြစ်စေ၏။
(၃) မှားယွင်းသောလုပ်ရပ်ကို မှန်ကန်သည့်အချိန်အခါတွင် ဆောင်ရွက်ပါကလဲ မှားယွင်းမှုဖြစ်၏။
(၄) မှန်ကန်သောအချိန်တွင်ရှိ မှန်ကန်သောလုပ်ရပ်က အောင်မြင်မှုများကို ရရှိစေ၏။
အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသော ဝင်စတန်ချာချီက “လူတစ်ယောက်ရဲ့ဘဝမှာ မွေးဖွားလာကတည်းက သူကြုံတွေ့ရမဲ့ အထူးအချိန်ကာလလေးတစ်ခုရှိနေပါတယ်။ အဲ့ဒီအထူးအခွင့်အရေးလေးကို အမိအရဖမ်းယူပြီး သူဆောင်ရွက်ရမဲ့လုပ်ငန်းတာဝန် -အဲ့ဒါကလဲ သူနဲ့အထူးတလည် သင့်လျော်တဲ့လုပ်ငန်းတာဝန် တစ်ခုကိုသူဆောင်ရွက်လိမ့်မယ်။ အဲ့ဒီအချိန်ကာလကလေးမှာ သူဟာဂုဏ်သတင်းကြီးခြင်းကိုရရှိလိမ့်မယ် နောက်အဲ့ဒီအချိန်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်ပဲဖြစ်တယ်”လို့ဆိုပါတယ်။

အချုပ်ဆိုရသော် ခေါင်းဆောင်တစ်ယောက်သည် မည်မျှပင်ထူးချွန်သူဖြစ်ပါစေ ၄င်းတစ်ဦးတည်းဆောင်ရွက်နိုင်စွမ်း မရှိကြပါ။ အားကစားလောကတွင် အောင်မြင်မှုရရှိစေရန် နည်းပြဆရာတစ်ယောက်သည် အားကစားသမားကောင်းများကို စုစည်းထာရန်လို အပ်ပေသည်။ အဖွဲ့အစည်းတစ်ခုသည်လည်း အောင်မြင်မှုရရှိစေရန်အတွက် ခေါင်းဆောင် ကောင်းများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ရှိရန် လိုအပ်ပေသည်။ အဖွဲ့အစည်း၏ ပမာဏက ပို၍ ကြီးမားလေလေ ပို၍ခွန်အားပြည့်ဝသော ပို၍လေးနက်သော ခေါင်းဆောင်ကောင်းကို လိုအပ်လေလေဖြစ်ပါသည်။

ဤ Post ဖြစ်လာအောင် အစစအရာရာ ကူညီပေးတဲ့ ဒေါ်သီတာအေး(လက်ထောက်ညွှန်ကြားရေးမှူး,အမှတ်(၂)စက်မှုဝန်ကြီးဌာန) အား အထူးကျေးဇူးတင်ပါသည်။

ဤဆောင်းပါးကို Creative Space Design ဘလော့ခ်မှ ကူးယူဖော်ပြသည်။